သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၆)

in #myanmar6 years ago

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၆)

image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အစိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါ

image

လူတစ်ယောက်ဟာ သူတစ်ပါးကို ကောင်းအောင်ပြောဖို့ထက် မိမိကိုယ်၌ ကောင်းဖို့လိုအပ်ပါသည်။သူတစ်ပါးကို လက်ညိုးထိုးမဲ့အစား မိမိကိုယ် ထိုးနေတဲ့ လက်ချောင်းလေးတွေကို သတိပြုပါ။ဒါကြောင့် သူတစ်ပါးမကောင်းကြောင်း မတတ် မတော်စသောအကြောင်းအရာတွေကို တတ်နိင်သလောက် သတိထားကာ ပြောဆိုမှုပြုပါ။လူတိုင်းအပေါ် ကောင်းသောအတွေး ကောင်သောအကြံတွေ ပေးပါ။သူတစ်ပါး ဒုက္ခရောက်စေသော အကြံတွေမပေးပါနဲ့။နောက်အမြဲတမ်း မိမိရဲ့တစ်နေ့တာ ဘာတွေတိုးတတ်သလဲ စမ်းစစ်ကြည့်ပါ။မိမိရဲ့ဘဝကို အကောင်းဆုံးတည်ဆောက်ပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိင်ပါစေ။လူတိုင်းလူတိုင်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါလို့ ပြောခဲ့ပါရစေ။

စိတ်ထားကောင်းကောင်း မွေးမြူပါ

image
စိတ်ဆိုတာ စက္ကန့်တိုင်း အကြိမ်ရေ မရေမတွက်နိင်လောက်အောင် ပြောင်လဲစေသော နာမ်တစ်ခုဖြစ်သည်။ဒီစိတ်ကြောင့် လောဘ ဒေါသ မောဟ စသော ကိလေသာအမှောင်များဖြစ်လာရသည်။ထိုစိတ်ကို မိမိတို့အနေနဲ့ဖြစ်ပျက်သမျှအရာတွေကို ထိန်းတတ်ရမည်။စိတ်အစဉ်ကို ထိန်းချုပ်နိင်သောသူသည် စိတ်ထားကောင်းသူဖြစ်သည်။သူတော်စင် သူတော်ကောင်းတို့ဟာ စိတ်ကို ထိန်းသောသူများဖြစ်သည်။ဒါကြောင့် စိတ်ထားကောင်းဖို့ မိမိရဲ့စိတ်ကို ထိန်းပါ။စိတ်၏စေခိုင်းသော မကောင်းသောအရာများကို မပြုလုပ်ပါနဲ့။စိတ်ကို အလိုမလိုက်ပါနဲ့။စိတ်သည် ကောင်းသောနေရာမှာ အသုံးချရင် အရမ်းတန်းခိုးတွေဖြစ်ပေါ်လာပြီး အဆိုးဘက်အသုံးချရင်တော့ အရမ်း အန္တာရာယ်ဖြစ်စေပါ၏။ဒါကြောင့် မိမိဟာ စိတ်ကိုထိန်းနိင်သော သူ စိတ်ထားကောင်းကောင်းထားသူဖြစ်ဖို့ မိမိတို့ရဲ့စိတ်ကို အလိုမလိုက်ပါနဲ့လို့ ပြောပါရစေ။

လျိုဝှက်သောအရာများကို လျိုဝှက်ပါ

image
ဒီစာသားလေးကတော့ မြန်မာအမျိုးသမီးငယ်လေးများအတွက် ဖြစ်ပေါ်လာသော ဒဿနလေးပါ။ခုခေတ် မိန်းကလေးငယ်တွေဟာ အသက်ငယ်ငယ်နဲ့စိတ်ကစားတတ်လာကြသည်။ထိုသို့ စိတ်ကစားတတ်လာသောကြောင့် မမှားသင့်သောအမှားတွေ မှားခဲ့ကြပြီး ဘဝရေတိမ်နစ်ကြသည်။ထိုသို့ အဖြစ်မျိုးမဖြစ်ရလေအောင် စာလေးကိုရေးသာလိုက်ခြင်းဖြစ်သည်။ဥပမာ ပုံပြင်လေးနဲ့ပြောချင်ပါတယ်။ဒီပုံပြင်ကို လူတိုင်းလည်း ဖတ်ဖူး ကြားဖူးသောလည်း သေသေချာချာတွေးပြီး မိမိတို့ဘဝကို ထိုပုံပြင်လေးလို့ သာဓက ယူစေချင်ပါတယ်။

"ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ မျက်လှည့်ပြစားသော အဘိုးအိုနဲ့မြေးမလေးနေထိုင်ကြသည်။ထိုအဘိုးအိုနဲ့မြေးမလေးတို့ဟာ မျက်လှည့်ပြခြင်းအတတ်ပညာနဲ့ အသက်မွေးဝမ်းချောင်းပြုသည်။တစ်နေ့တော့ အဘိုးအိုဟာ မြို့တစ်မြို့မှာ မျက်လှည့်ပြရင် မျက်လှည့်ရဲ့ လျိုဝှက်ချက်ကို ပြောပြလိုက်တယ်။ထိုအခါ ပရိတ်သတ်တွေက မျက်လှည့်ရဲ့သဘောတရားတွေလျိုဝှက်ချက်တွေကို သိပြီး တန်းဖိုမထားတော့ပေ။နောက်တစ်နေ့ အဘိုးအိုဟာ မြို့ထဲမှာဘဲ ထပ်ပြီးမျက်လှည့်ပြသောအချိန် မည်သည့်ပရိတ်သတ်မှ ရောက်လာခြင်းမရှိပေ။ထိုအခါ မြေးကို အဘိုးအိုက ငါ့မြေး ဒီမျက်လှည့်ပညာသည် အဘိုးတို့အတွက် အသက်မွေးလမ်းချောင်းပညာရပ်ဖြစ်သလို အဘို့တို့အတွက်လည်း တန်းဖိုးရှိသည်။ထိုတန်းဖိုးရှိသောအရာရဲ့ လျိုဝှက်ချက်ကို ပြောပြလိုက်တော့ ဘယ်သူမှာ အဘိုးတိုးကို တန်းဖိုးမထားတော့ဘူး။ဒါကြောင့် ငါ့မြေး မိန်းကလေးဆိုတာ မိမိတို့ရဲ့ လျိုဝှက်ချက်ဖြစ်သော အပျိုစင်တန်းဖိုးကို တန်းဖိုးထားပါ။လျိုဝှက်ပါလို့ ဘဝသင်ခန်းစာပေးလိုက်ပါသည်။ထိုကြောင့် မြန်မာမိန်းကလေးငယ်များလည်း မိမိတို့ရဲ့တန်းဖိုးရှိသော အရာတွေကို ထိန်းသိမ်းပါ။အဝတ်အစား ဝတ်သောအခါတွင် ဒူး ပေါင်း ချက် လက်ပေါ်တွေ မပြုလုပ်ဘဲ မိမိတို့ရဲ့မြန်မာရိုးရာနဲ့မြန်မာ့ဓလေ့ကို လေးစားပြီး မိမိတို့တန်းဖိုးကို သိပါလို့ ပြောပါရစေ။"

ကိုယ်ချင်းစာတရားထားပါ။

image
ဒါကတော့ ယောကျာ်းလေးတွေအတွက် ဒဿနလေးဖြစ်ပါတယ်။မိန်းကလေးများလည်း လိုက်နာနိင်ပါသည်။ယောကျာ်းလေးအများစုဟာ အရွယ်ရောက်လာရင် မသိသေးသောအရာတွေကို အတတ်စမ်းချင်ကြသည်။အတတ်စမ်းချင်တယ်ဆိုရင် သူတစ်ပါးကို မထိခိုက်သောအရာတွေနဲ့ မိမိကိုယ်ကိုမထိခိုက်စေသောအရာတွေကို လေ့လာပြီး အတတ်စမ်းပါ။ခုခေတ် ယောကျာ်းလေးမိန်းမကလေးငယ်တွေဟာ online ဆိုတဲ့ လေလှိုင်းပေါ်မှာ ချစ်သူဖြစ်ကြသည်။ထိုသို့ ချစ်သူဖြစ်ကြသော ယောကျာ်းလေးတွေအနေနဲ့ မိမိတို့ချစ်သူအပေါ် စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားနဲ့သစ္စာကို မပျက်စေပါနဲ့။မိန်းကလေးဘဝကို စာနာနားလည်းပေးပါ။တကယ်လို့ ကိုယ်တကယ်မချစ်ရင် အမြန်ဆုံး အကျိုးအကြောင်းပြော တောင်းပန်ပြီး နောက်ဆုတ်ပေးပါ။ဒါဆို သူဘဝလည်းမထိခိုက်သလို မိမိအနေနဲ့လည်း အမှားနည်းပါတယ်။မိမိအတွက် တစ်ဘဝလုံး လက်မတွဲနိင်ရင် ချစ်တယ်ဆိုတဲ့စကားကို လွယ်လွယ်မပြောမိပါစေနဲ့။ထိုအတူ မိန်းကလေးတွေဘက်ကလည်း မိမိလည်း တစ်ဘဝလုံး လက်မတွဲနိင်ရင် ချစ်တယ်ဆိုတဲ့ စကားကို မပေးပါနဲ့။ဒါတွေကို သိရှိရင် မိမိတို့ဘဝဟာတန်းဖိုးရှိလာပါလိမ့်မည်။ထိုအတူ ယောကျာ်းလေးတွေအနေကလည်း အသည်းကွဲခဲ့မည်ဆိုရင် မိမိရဲ့နှလုံးသားဒဏ်ရာကို အရက်နဲ့မကုစားဘဲ စာဖတ်ခြင်း အလုပ်ကို ပိုလုပ်ခြင်းစသောအရာတွေနဲ့ကုစားပါ။မိန်းကလေးတွေအနေနဲ့အသည်းကွဲရင် သေကြောင်းကြံစည်တတ်သောအရာတွေနဲ့မကုစားဘဲ စာဖတ် တရားထိုင် အလုပ်အပေါ်စိတ်နစ်ပြီးကုစားပါလို့ အကြံပေးပါရစေ။ယောကျာ်းလေးတွေအနေက မိမိချစ်သူအပေါ်တန်းဖိုးထားပြီး စည်းမကျော်ပါစေနဲ့။နောက်မိမိရဲ့ဂုဏ်သိက္ခာကိုတန်းဖိုးထားပါ။မိန်းကလေးဘက်ကလည်း ချစ်သူအပေါ် အလိုမလိုက်ဘဲ မိမိဘဝကိုတန်းဖိုးထားပါ။သို့ဖြစ်ပါသောကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ဘဝလက်တွဲဖော်အဖြစ်ရွေးထားသောကြောင့် မိမိချစ်သူအပေါ် တန်းဖိုးထားပါ။ကိုယ်ချင်းစာတရားရှိပါ။တစ်ယောက်အမှားတစ်ယောက် နားလည်းခွင့်လွတ်ပြီး သာယာသောဘဝကို တည်ဆောက်ပါလို့ပြောပါရစေ။

(စကားလက်ဆောင်)

*မိမိကိုယ်ကို ကောင်းအောင်ကြိုးစားပါ

*စိတ်ထားကောင်းကောင်း မွေးမြူပါ

*လျိုဝှက်သောအရာများကို လျိုဝှက်ပါ

*ကိုယ်ချင်းစာတရားထားပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

စကားလက်ဆောင်ကောင်းမွန်ပါသည်

ကျေးဇူးပါ

အစ်ကို့ရဲ့ သိမှတ်ဖွယ်ရာ လူမှု ဥပဒေသတွေကို အရမ်းကြိုက်နှစ်သက်ပါတယ်။မှတ်သားစရာတွေလည်း အများကြီးရရှိပါတယ်။အဘိုးအိုနဲ့မြေးမလေး ပုံပြင်ကိုဖတ်ဖူးသော်လည်း အစ်ကိုကဒီလို ဟန်ချက်လေးနဲ့ ဥပမာပေးထားတာ ပိုပြီးမှတ်မိလွယ်စေပါတယ်ခင်ဗျာ

အတော်ကို ဗဟုသုတ ရစေပါတယ်
ကိုယ်ချင်းစာတရားထားပါ ဆိုတာကိုလည်းနှစ်သက်ပါတယ်ရှင်

ဟုတ်ကဲ့ပါအန်တီ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62907.89
ETH 3379.73
USDT 1.00
SBD 2.50