သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၃)

in #myanmar6 years ago

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၃)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ရေကူးညာတင်။
image
ဒီစကားလေးက လူမှုလောကမှာဖြစ်စေ စီးပွားရေးလောကမှာဖြစ်စေ နေရာတော်တော်များများမှာ အသုံးဝင်ပါသည်။စကားပြောဆိုရာမှာ စကားကြီး(၁၀)မျိုးထဲက တစ်ခုအပါအဝင်လည်း ဖြစ်ပါသည်။စီးပွားရေးလောကမှာဆို မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းကို အနည်းငယ်လောက်ဈေးတင်ထားသင့်ပါသည်။ဘာကြောင့်ဆို စေိးဝယ်သူအများစုဟာ ဈေးဆစ်တတ်လို့ဖြစ်ပါသည်။ထိုအခါ မိမိရောင်းကုန်ဈေးတင်ထားမှာ သူတို့ဈေးဆစ်တာနဲ့ မိမိရောင်းချင်သောဈေးလောက်မှာ အရောင်းအဝယ်ဖြစ်ပါလိမ့်မည်။ထိုသို့ အရောင်းအဝယ်ဖြစ်တော့ ထိုဈေးဝယ်သူရဲ့အပေါင်းအဖော်တွေလည်း နောက်မိမိဆီ လာဝယ်လိမ့်မည်။ဘာကြောင့်ဆိုဒ့်ီဆိုင်က ဈေးဆစ်တိုင်းရရှိသောကြောင့် ဖြစ်သည်။ရေကူးညာတင်စကားဆိုတာ မိမိလိုရာရောက်ဖို့အတွက် တင်ပြီးကူးခြင်း ဖြစ်ပါကြောင့်ပြောပါရစေ။

#ကောက်ပင်ရိတ်လှီး။
image
စကားကြီး (၁၀)မျိုးထဲက တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောပါရစေ။တစ်ယောက်နဲ့တစ်ယောက် စကားနိင်လုရာတွင်ဖြစ်စေ၊စီးပွားရေး အပြိုင်အဆိုင်ဖြစ်စေ၊တရားဥပဒေနဲ့ရင်ဆိုင်ရာတွင်ဖြစ်စေ စသောနေရာအများစုမှာ သုံးလို့ရပါသည်။မိမိအနေနဲ့ တစ်ဘက်လူ ဘာဘဲလုပ်လုပ် ဘာဘဲပြောပြော သူပြောတာ သူလုပ်တာကို ကြည့်ပြီး မိမိက သူရဲ့အားနည်းချက်ကို အပိုင်ဖမ်းကာ အနိင်ယူတတ်ရမည်။ဒါမှာသာ ထိုလူက ဘာမှမတတ်နိင်ဘဲ ဖြစ်နေပါလိမ့်မည်။သူစကား သူအလုပ်နဲ့ မိမိက အနိင်ယူတတ်ရမည်။ကောက်ပင်ရိတ်လှီးဆိုသည်မှာ မိမိရဲ့လက်တစ်ဖတ်က ကောက်ပင်ကို မြဲစွာ ဆုပ်ကိုင်ပြီး မိမိပိုင်ပြီး ဆုပ်ကိုင်ပြီး ဆိုမှာ အရင်းကနေ တံစဉ်းနဲ့ရိတ်ခြင်း ဖြစ်ပါသည်။သို့ဖြစ်ပါသောကြောင့် စာဖတ်သူများလည်း ကောက်ပင်ရိတ်လှီးသလို ပြောဆိုတတ်ပါစေ။

#ရေစီးဖောင်ဆန်။
image
ရေစီးဖောင်ဆန်ကတော့ ရိုးရှင်းလှပါသည်။မိမိတို့အလိုရှိရာအရပ်က ရေဆန်ဖြစ်သောကြောင့် မိမိတို့ဖောင်ကို ရေဆန်တတ်ရမည်ဖြစ်သောကြောင့် ပစ္စည်းများစုံလင်စွာယူမှ မိမိသွားလိုရာအရပ်ရောက်မည်။ထိုအတူ စကားပြောဆိုရာတွင် မိမိတို့အနေနဲ့ ဖောင်ရဲ့ပစ္စည်းများလိုသလို စကားပြောဆိုရာတွင် စကားအဆင်တန်ဆာဖြစ်သွားအောင် ဥပမာ နဲ့အလှဆင်ကာ ပြောဆိုတတ်ဖို့လိုကြောင်းပြောပါရစေ။

(စကားလက်ဆောင်)

ရေကူးညာတင်။

ကောက်ပင်ရိတ်လှီး။

ရေစီးဖောင်ဆန်။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

မှတ်သားလိုက်နာစရာ စကားဥပဒေသများပါ။

Posted using Partiko Android

ဟုတ်ကဲ့ကျေးဇူးပါ

မှတ်​သားထိုက်​​သော ဆိုဆုံးမမူ့​လေး​တွေမို့
လေးစားလိုက်​နာသင့်​ပါတယ်

ဟုတ်ကဲ့ သိသမျှရေးသားခြင်းဖြစ်ပါ၏

စကားကြီးဆယ်မျိုး အကြောင်း စပြီလား

Posted using Partiko Android

ဟုတ်ကဲ့။စကားကြီး(၁၀)မျိုးကို ရေးသားနေဆဲပါ

မြန်မာပြည်မှာပဲ ဈေးဆစ်လို့ရမယ်ထင်တယ် ☺

ဟုတ်တယ်အကို။ဈေးဝယ်ထွက်ရင် ဈေးဆစ်တာ မြန်မာတွေ ထုံးစံလေ

ကောက်ပင်ရိတ်လှီးပြောပြောနေလို့ သူများတွေက သိပ်မကြီုက်ချင်တော့ဘူး

ဟီးဟီး ဆက်ပြောသင့်ပါ၏

အိမ်း မှတ်သားစရာများပါ😁

Posted using Partiko Android

Posted using Partiko Androidက ဘာကောင့်ရေးထားတာလဲမကြည်

ဒီစကားလေးတွေက သိသလိုလိုနဲ့ တိတိကျကျ မသိပါ။အခုအစ်ကိုရှင်းပြမှပဲ သေသေချာချာ သိသွားတာပါခင်ဗျာ။

ဟုတ်ကဲ့ခုလိုကြားရတာဝမ်းသားပါတယ်

အရင်‌သိသလိုလိုနဲ့ အစ်‌ကို့စာဖတ်‌မှပိုရှင်းတာ‌ကျေးဇူးပါအစ်‌ကို‌ရေ။

ဟုတ်။ဆက်လက်ကြိုးစားလျက်ပါအကို

စကားပြောနည်းတွေက မှတ်သားစရာပါ ကိုအေးရေ

Posted using Partiko Android

You got a 29.67% upvote from @joeparys! Thank you for your support of our services. To continue your support, please follow and delegate Steem power to @joeparys for daily steem and steem dollar payouts!

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63161.84
ETH 3061.57
USDT 1.00
SBD 3.97