သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၅)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၅)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ချမ်းသာချင် အပင်ပန်းခံ။
image
မိမိလိုချင်တဲ့ ဘယ်အရာမဆို အားစိုက်မှုလေးတော့ ရှိကြရမည်။ဘာမှအားမစိုက်ဘဲ လိုချင်နေရင်တော့ ဘယ်တော့မှ မိမိလိုချင်သောအရာတွေရမည့်မဟုတ်ပါ။အပင်ပန်းခံ အားစိုက်မှ မိမိလိုချင်သော ပန်းတိုင်ရမည်။ဆိုရိုးစကားတစ်ခုရှိပါတယ်။အရိပ်လိုချင်ရင် နေပူကစောင့် ဆိုသလို မိမိတို့က ချမ်းသာချင်တာဖြစ်ဖြစ် လိုချင်တဲ့အရာတစ်ခုရှိသည်ဖြစ်စေ အပင်ပန်းတော့ခံရမည်။အရိပ်လိုချင်တယ်ဆိုပြီး အမြဲတမ်းအရိပ်က မစောင့်နေပါနဲ့။နေပူကစောင့်သင့်တဲ့အချိန်အခါတွေလည်း ရှိပါတယ်။ဒါကြောင့် မိမိဟာ ဘဝမှချမ်းသာချင်တယ်ဆို သူများထက် အလုပ်ပိုလုပ်ကာ အပင်ပန်းခံပါလို့ စာဖတ်သူများကို ပြောပါရစေ။

#အလကားရတဲ့နွား၊သွားမဖြဲမနေနဲ့။
image
တစ်ချို့အရာတွေ မိမိက အလကားရတာကို ချေးမများနေနဲ့နော်။ဒါကြောင့် မိမိကို အလကားပေးတဲ့သူရဲ့ စိတ်စေတနာကို စော်ကားရာလည်း ကြပါတယ်။အလကားရတဲ့နွား၊သွားမဖြဲမနေနဲ့ဆိုသလို ဖြစ်နေရင် မကောင်းဘူးနော်။နောက် ဥပမာတစ်ခုပေးချင်ပါသေးတယ်။သူတောင်းစားတွေကို ကြည့်ပါ။သူတောင်းစားတွေ မိမိတို့တောင်းရမ်းတဲ့အခါ စေတနာရှိပြီး စနားသောသူတွေ ဘာလာပေးပေး ယူကြတယ်။ငွေအနည်းအများ ဘာမှမကြည့်ဘဲ စေတနာရှင်များရဲ့ အလှူကို လက်ခံတယ်။နောက် ဘုန်းကြီးတွေ အလှူခံရင် တကာမကြီး ဒါမလိုချင်ဘူး ဒီဟာလေးတော့ လိုချင်တယ်ဆိုပြီး ချေးမများပါ။ထိုသို့ဥပမာလေးကိုကြည့်ပြီး မိမိတို့လည်း နေရာတကာ ချေးမများနဲ့နော်။စေတနာရှိလို့ပေးတာကို စေတနာပျက်အောင်မလုပ်ပါနဲ့။
သို့ဖြစ်ပါသောကြောင့်အလကားရတဲ့နွား၊သွားမဖြဲမနေနဲ့လို့ပြောပါရစေ။

#ခစားလို ပျို ၊တောင်းစားလို အို။
image
အရင်က နန်းတော်တွေမှာ ခစားကြသော မိန်းကလေးတွေဆို အပျိုချောလေးတွေဖြစ်မှာ ခစားတတ်ကြသည်။ခုခေတ်မှာတော့ ဘဏ်အလုပ်တွေမှာ နောက်အလုပ်အတော်များများမှာဆို အိမ်ထောင်ရှိ မရှိအရင်မေးကာ အလုပ်ခန့်တတ်ကြသည်။အများအားဖြင့် အလုပ်တွေမှာ အပျိုချောလေးတွေနဲ့ ဝန်ဆောင်မှု လုပ်တတ်ကြသည်။ထိုအတူ သူတောင်းစားတွေမှာဆို အသက်အရွယ်ကြီးသောသူများ တောင်းရမ်းစားသောက်မှသာ လူအများ၏ပေးကမ်းမှုကိုရစေတတ်ပါသည်။ဒါကြောင်း ခစားလို ပျို ၊တောင်းစားလို အို လို့ ဥပမာလေးပေးပြီး ပြောပါရစေ။

(စကားလက်ဆောင်)

ချမ်းသာချင် အပင်ပန်းခံ။

အလကားရတဲ့နွား၊သွားမဖြဲမနေနဲ့။

ခစားလို ပျို ၊တောင်းစားလို အို။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

မှတ်သားစရာ စကာပုံတွေပါဗျာ

ဟုတ်ကဲ့ကျေးဇူးပါ

မှတ်သားထားပါ့မယ်

ဟုတ်ကျေးဇူးပ့နော်

ချမ်းသာချင် အပင်ပန်းခံ ဆို ...
ဆိုက်ကားသမား၊ ကူလီ၊ စသူတွေ သူဋ္ဌေး ဖြစ်နေမှာပါ😁😁😁

ဟိဟိ ဥာဏ်လေးလည်းကူရမယ်နော်

မှတ်သားစရာ. ကောင်းသောပိုစ့်ပါ ဥဥအေး😊😊😊😍

အေးကွယ်ကလေးရယ်

မှတ်ထားလိုက်ပါပြီ ဒါပေမယ့်လည်း လက်တွေ့မှာတော့ အပင်ပန်းခံတိုင်း မချမ်းသာပါဘူး အပင်ပန်းမခံတဲ့သူတွေကပဲ ချမ်းသာနေကြတယ်ဗျ တနည်းပြောရမယ်ဆို ခေတ်အဆက်ဆက်မှာ ကိုယ်ခန္ဓာကြီးကို ခိုင်းစားတဲ့သူက ချမ်းသာရေးနဲ့ အတော်ဝေးတယ် ဥာဏ်ပညာကို အသုံးချတဲ့သူတွေပဲ ချမ်းသာကြတာမြင်နေရပါတယ်ဗျာ

ဟုတ်ပါတယ်။ကာယတင်မပြီးပါဘူး။ဥာဏလေးလည်းကူပေးရပါတယ်

ဗဟုသုတရပါပေ့ဗျာ

မှတ်သားစရာကောင်းသော သိမှတ်ဖွယ်ရာ လူမှုဥပဒေသလေးတွေဖြစ်ပါတယ်ခင်ဗျာ။ကြိုးစားမှတ်သားထားပါ့မယ်အစ်ကို။

ခုလိုအားပေးလို့လည်းကျေးဇူးပါ

မိမိ ဆန္ဒရှိတာကို လေ့လာသင်ယူရပါမယ်။ အဆင်မပြေချိန် သည်းခံနိုင်ရပါမယ်လို့ထင်ပါတယ်ဗျ

မှန်တယ်အကို

ချမ်းသာချင်တယ် ပင်ပန်းကျ ခံချင်းဝူး အဟီး😁😁

ဗဟုသုတရပြီးအသိတိုး​စေတဲ့​ကောင်း​သောပိုစ့်​ပါ....

ငျေးဇူပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74