သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၄)

in #myanmar6 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၄)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ခြေကောင်းတဲ့ နွား ကြိမ်တို့စရာမလို။
image
လူအမျိုးမျိုး စိတ်အထွေထွေရှိကြသော်လည်း တစ်ယောက်နဲ့တစ်ယောက် ခံယူချက် အတွေးအခေါ် မတူကြပါ။ထိုအတူ လူချင်းတူသော်ငြားလည်း အသက်ရှုပုံနည်း မတူကြပေ။သို့ဖြစ်ပါသော်ကြောင့် မိမိတို့ဟာ လူအမျိုးမျိုးရှိတဲ့အထဲက ကောင်းသောသူ မှန်ကန်သောအသက်ရှုတတ်ဖို့လို့ပါသည်။မိမိတို့မိသားစုထဲမှာ ညီအကို မောင်နှမအရင်းဖြစ်သောလည်း စိတ်ဓာတ် အကျင့် စိတ်နေစိတ်ထား တူနိင်မည်မဟုတ်။အလားတူပင် တစ်ချို့သောသူတွေက မိမိကို ပြောတာကို မခံနိင်ကြပါ။ထိုသို့မခံနိင်သောကြောင့် မိမိကို မပြောနိင်အောင် လူပြောမခံရအောင် ပြုမှုနေထိုင်ကြသည်။အယ် နောက်လူတစ်ချို့ကတော့ ငါအေးဆေးနေရရင် ပြီးရော သူတို့ငါအပေါ်ဘယ်လိုပြောပြော ငါ့အသားပဲ့ပါသွားတာမဟုတ်ဟု မှတ်ယူတတ်ကြသည်။ဒအကြောင့် ခြေကောင်းတဲ့နွားဟာ မိမိကို ကြိမ်တို့တာ မခံ မိမိတာဝန်ကို မိမိအသိစိတ်ဓာတ်နဲ့ထိန်းကာ ပြုမှုနေထိုင်တတ်သည်။သို့ဖြစ်ပါသောကြောင့် မိမိတို့အနေနဲ့လည်း နွားလိုပမာထားကား အသိဝင်ကြပါလို့ပြောပါရစေ။

#ရွက်လှသီးခါး။
image
ရှေ့လူကြီးသူမတွေအမြဲတမ်းပြောတတ်တဲ့စကားတစ်ခုရှိပါတယ်။ရွက်လှသီးခါး ဆိုတဲ့စကားလေးပါ။စာဖတ်သူတို့ရော ကြားဖူးမလား။ဒီစကားလေးကတော့ အပြောနည်းပြီး အရမ်းထိရောက်တဲ့ စကားလေးပါ။မကြားဖူးသေးတဲ့ စာဖတ်သူတွေရော ကြားဖူးထားသော စာဖတ်သူတွေပါ ထပ်ကြားထပ်သိပြီး အသိပညာတိုးစေကြရအောင် ရေးသားခြင်းဖြစ်သည်။ဒီရွက်လှသီးခါး စကားဟာ ရုပ်လှပြီး စိတ်ထားမကောင်းသူတွေ အကြောင်းကို ခိုင်းနှိုင်းထားခြင်းဖြစ်သည်။အများကတော့ ကျီးအာသီးနဲ့ဥပမာပေးတတ်ကြသည်။စာဖတ်သူအများစုဟာ ကျီးအာသီးနဲ့အများဆုံးသိတတ်ကြသည်။ရုပ်လှခြင်းသည် အပေါ်ယံအရေပြား တစ်ထောက်သာ လှပါပြီး စိတ်မလှသူဟာ သံသရာတစ်လျောက် ဆိုးကျိုးပေးတတ်ပါသည်။ဒါကြောင့် ရုပ်လှ စိတ်လှသူတွေ ဖြစ်ရင် မကောင်းဘူးလား။ရုပ်လှသူတွေဟာ မိမိတို့ရုပ်လှသည်ဆိုပြီး မာနမထားပါနဲ့။စိတ်ထားလေးကောင်းအောင်း ပြုလုပ်ပါ။စိတ်ထားကောင်းသူတွေဟာ ငါ့တို့ရုပ်မလှပါလား မတွေ့နဲ့ စိတ်လှသူဟာ ရုပ်လှသူဖြစ်ကြောင်း အားငယ်စိတ်ကို ဖျောက်ပါ။အပေါ်ယံ ရွှေမှုံကြဲ ၊အထဲက နှောက်ချေးလို မဖြစ်ပါစေနဲ့။နောက်ပေါက်ပန်းဖြူလို့လည်း မနေပါနဲ့။အဆင်းသာရှိ အချင်းမရှိသူမဖြစ်ရလေးအောင် သတိပြုပါ။သို့ဖြစ်ပါသော်ကြောင့် ရွက်လှသီးခါးတွေကို အတုယူပြီး သတိပြုကြပါလို့ ပြောပါရစေ။

#အလှဆိုတာ ပန်းပမာ။
image
လူတို့ သူသူ ငါငါ လှချင်ကြခြင်းသည် မဆန်းပါ။သို့သော် မိမိတို့ရဲ့အလှ အကြောင်းကို သိရှိထားဖို့လိုမည်။ ဘာကြောင့်ဆို အလှကို ပန်းလေးတွေနဲ့ ဥပမာပြုထားတယ်။တကယ်လည်း ပန်းကလေးတွေနဲ့ ခိုင်းနှိုင်းထားခြင်းသည် သင့်မြတ်လှသည်။ပန်းဆိုတာ သူအချိန်သူအရွယ်မှာ အစွမ်းကုန်လှပနေသောလည်း တစ်နေ့ထက်တစ်နေ့ အချိန်တွေပြောင်းလာရင် တစ်ဖြည်းဖြည်း ကြွေချတတ်ကာ လှသောပန်းကလေးဟာ ခဏတာအတွင်း ပျောက်ကွယ်သွားပါသည်။ထိုအတူ လှသော လူတွေဟာလည်း ထိုအလှသည်မမြဲသောကြောင့် သူလည်း အသက်အရွယ်ရလာသည်နှင့် တစ်ဖြည်းဖြည်း ပရေနရေတွေတွန့်ကား ဇရာဆိုတဲ့အရွယ်ရောက်လာသည်။ထိုအချိန် တစ်ချိန်က မိမိအလှဟာ တည်းမြဲပါသလား။မတည်မြဲပါ။မတည်မြဲခြင်းသဘောကို နားလည်ကြပါ။သို့ဖြစ်သောကြောင့် အလှဆိုတာ ပန်းပမာဥပမာပြုပြီး ရေးသားလိုက်ပါသည်။

(စကားလက်ဆောင်)

ခြေကောင်းတဲ့ နွား ကြိမ်တို့စရာမလို။

ရွက်လှသီးခါး။

အလှဆိုတာ ပန်းပမာ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

မှတ်သားသင့်သော စာများပါ

ကျေးကျေး

ကျီးအာသီး ဥပမာ ပဲကြားဖူးတာ
ရွက်လှသီးခါး ခုမှသိ 😁😁😁

ခုလိုကြားရတာ ငျေနပ်ပါတယ်

သံပရာသီးကြီး​လေချဉ်​​လေတဲ့
လူလဲကြီး​လေ မိုက်​​လေ

ဟုတ်မှတ်ထားလိုက်ပြီးနောက်ကျရင် ရေးပါအုံးမယ်

proverb တွေနှံ့စပ်တယ်ဗျာ

ဟုတ်။ရှေ့လူကြီးသူမတွေနဲ့ စကားပုံတွေလေ့လာလို့ပါအကို

သိမှတ်​ဖွယ်​ရာများဖတ်​ရတာဗဟုသုတရသလိုလိုက်​နာကျင့်​သုံးသင့်​ပါတယ်​...

ဟုဟု။ကြိုးစားပြီးရေးသားလျက်ပါ

အရွက်လှပေမယ်အသီးကျခါး။အသီးလှပေမယ့် အတွင်းသားမလှတာရောရှိဘူလား

ကျီးအာသီးက အသီလှပြီး အတွက်မကောင်းပါအကို

ရွက်လှသီးတော့ မြင်ဖူးဘူးရယ်

ဟီးဟီး ကျော်လည်းကြားဖူးဘူး။

အခုအစ်‌ကို‌ရေးထားတာ‌တွေ မကြားဘူးဖူး။သိခွင့်‌ရလို့ ‌ကျေးဇူးပါအစ်‌ကို။

ဟုတ်ကဲ့။ကြိုးစားလျင်ပါ

ဗဟုသုတများ တိုးပွားစေပါသည်လေ

ဟုတ်ကဲ့

အဆို အမိန့် အသစ်တွေ ကြားရသိရတာ ကျေးဇူးပါဗျာ

ဟုတ်ကဲ့။ဆက်လက်ကြိုးစားလျက်ပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60003.48
ETH 2309.22
USDT 1.00
SBD 2.49