သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၃)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၃)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#သေမှရမည့်ပစ္စည်း စောင့်စားမနေနဲ့။
image
ဒီခေါင်းစဉ်လေးကိုတော့ ညတုန်းက ကျော်ဟိန်းတို့ ဇာတ်ကားလေးကြည့်ပြီး အတွေးတစ်ခုရလို့ ရေးသားလိုက်ခြင်းဖြစ်သည်။သားသမီးတွေ အလိုချင်သော အမွေဆိုတဲ့အကြောင်းလေးကို ပြောချင်လွန်းလို့ရေးလိုက်ခြင်းဖြစ်သည်။အမွေဆိုတာ သားသမီးတိုင်း မရပါဘူး။မွေခံထိုက်သော သူ မွေခံထိုက်တဲ့သားသမီး စသောသူတွေ ရကြခြင်းဖြစ်သည်။တစ်ချို့ကြတော့ မွေခံမထိုက်ဘဲ ရရှိသောသူတွေ အများကြီးရှိကြပြန်တယ်။သို့သော် အမွေကို မထိန်းသိမ်းတတ်ရင်တော့ မိမိတို့လက်ထဲမှာ ခဏတာဘဲ ရှိပါလိမ့်မည်။ဒီနေရာမှာ တစ်ခုပြောချင်တာက သေမှရမည့်ပစ္စည်း စောင့်စားမနေနဲ့ လို့ပြောချင်ပါတယ်။မိမိဘာသာ ကြိုးစားပြီး ရရှိလာသော အမွေကိုဘဲ အားကိုးပါ။မိဘသေမှ အမွေကို မျော်နေရင် မိမိဟာ မိဘကိုအမြန်သေစေလိုသော အဓိပ္ပာယ်ဆောင်နေပါလိမ့်မည်။အမွေဆိုတာ သေမှရမည့်ပစ္စည်းဖြစ်တဲ့အတွက် စောင့်စားမနေပါနဲ့။မိမိဘာသာ ကြိုးစားပြီး မိမိကဘဲ မိဘကိုလုပ်ကျွေးတဲ့သားသမီးတွေ ဖြစ်အောင်ကြိုးစားပါလို့ပြောပါရစေ။

#ပစ္စည်းမစုံ အလုပ်မပြီး။
image
မိမိတို့လုပ်ငန်းခွင်တွေ မိမိတို့အိမ်တွေ စသောနေရာတွေမှာ အများကြီးကြုံရတတ်တယ်။ဘယ်လိုအရာတွေကြုံရတတ်သလဲ?.လုပ်ငန်းခွင် အများဆုံးကြုံရတာက ပစ္စည်းမစုံခြင်း ပြဿနာဘဲဖြစ်သည်။မိမိတို့က ဒီနေ့အပြီးလုပ်ချင်ပါသောလည်း ပစ္စည်းမစုံတဲ့အတွက် ကြန့်ကြာနေတတ်တယ်။တစ်ခါတစ်လေ ပစ္စည်းမစုံတဲ့ပြဿနာကြောင့် ကျွန်တော်တို့ဆို OT ဆင်းနေရပြန်တယ်။မိမိနားရက်တွေ အချိန်တွေပေးနေရတာ မတန်ပါဘူး။ဒါကြောင့် လုပ်ငန်းတစ်ခု လုပ်တော့မည်ဆို မိမိတို့လုပ်ငန်းနဲ့ သက်ဆိုင်သော ပစ္စည်းတွေ စုံစုံလင်လင်ရှိအောင် အရင်ဆုံး ရှာဖွေစုဆောင်းထားသင့်သည်။ဒါဆို ပစ္စည်းစုံ အလုပ်ပြီး OTမဆင်းဘဲ မိမိတို့အားလပ်ချိန်တွင် အပြည့်အဝနားနိင်ကြောင်း ပြောပါရစေ။

#ဟောင်လွန်းတဲ့ခွေး လူမလေး။
image
ဒီစကားပုံလေးကိုတော့ လူတိုင်း ကြားဖူးသူရှိသလို မကြားဖူးသူတွေလည်း ရှိရင် ရှိမှာပေါ့နော်။ခွေးဆိုတာ ဘာမြင်မြင် သူတို့က ဟောင်ကြလိမ့်မည်။ထိုအတူ လူတွေမှာလည်း အရမ်းစကားများတဲ့သူ စကားကြီးစကားကျယ် လေအလကားရတိုင်း ကြွားလုံးထုတ်သူတွေ အစရှိသောသူတွေရှိကြလိမ့်မည်။ခွေးကဟောင်လွန်းတော့ လူတွေစိတ်မှာ ဒီခွေးက မကိုက်ရဲပါဘူး။ဟောင်ဘဲဟောင်တတ်တယ်ဆိုပြီး လူမလေးတော့ပါ။ထိုအတူ ကြွားလုံး လေကျယ်သူတွေကို ကလေးသူငယ်အစ မည်သူကမှ မရိုသေ မလေးစားဘဲ လူပေါကြီးလို့ ထင်တတ်ကြသည်။ဒါကြောင့် မိမိတို့လည်း စကားကျယ် ကြွားလုံးမထုတ်ဘဲ နေထိုင်ပါ။တကယ်လို့ ကြွားလုံးထုတ်ကာ စကားအရမ်းပြောမည်ဆို မိမိတို့ဟာ ဟောင်လွန်းတဲ့ခွေး လူ မလေးဖြစ်တတ်ကြောင်း ပြောချင်ပါတယ်။

(စကားလက်ဆောင်)

သေမှရမည့်ပစ္စည်း စောင့်စားမနေနဲ့။

ပစ္စည်းမစုံ အလုပ်မပြီး။

ဟောင်လွန်းတဲ့ခွေး လူမလေး။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

တကယ့်တန်ဖိုးရှိတဲ့ လက်ဆောင်တွေပါ သိပြီးသားပေမဲ့လည်း ပြန်ဖတ်တော့ ပြန်ဆင်ခြင်မိတာပေါ့ အနှစ်သာရအပြည့်ပါပဲ

ငျေးဇူးပါ။ခုလိုစကားကြားရတာ အားဖြစ်စေပါတယ်

ကောင်းသောစကားလက်ဆောင်များပါ

ကျေးဇူးပါနော်

အမွေကတော့ မမျှော်ပါ မိဘက ပညာအမွေ မသေမချင်းတွက် ပေး ပြီးသားပဲလေ 😊

ဟုတ်ပမကြည်။အဲတာရေးဖို့မေ့သွားတယ်

စကားလက်​​ဆောင်​များပုံမှန်​ဖတ်​ရတာတကယ့်​ကိုအသိ၊ဗဟုသုတတိုး​စေပါတယ်​...

ဟုတိကဲ့ 1aster

စကားပုံတွေကတော့တကယ်ပါ၊သေမှရမယ့်အမွေစောင်းနေသူရှိသလိုပြောပါများလို့အလေးမထားသူလည်းရှိကြတာပါပဲ

ဟုတ်တယ်အကိုရေ။ဒါလေးတွေမေ့နေမှာစိုးလို့ အလင့်းပတာပါ

ဟောင်လွန်းတဲ့ခွေးကို လူတွေ မလေးစားသလို နေရာဒေသမရွေး ဘောင်မဝင်တဲ့စကားတွေ ပြောလွန်းတဲ့သူကိုလည်း လူတွေမလေးစားကျဘူး

ဟုတ်တယ်မစု။ဒါကြောင့်ဘာအလုပ်လုပ်အမြဲသတိယှဉ်ပြီး လုပ်ရမည်

သုံးချက်လုံးက တကယ်ကို သတိထားရမယ့် အချက်တွေပါပဲ... အချောင်လိုချင်စိတ်တွေမရှိဖို့ ... အရာရာကြိုတင်ပြင်ဆင်ပြီး စနစ်တကျ အလုပ်လုပ်ဖို့ နဲ့ နေရာတကာ ဟောင်ဖွာဟောင်ဖွာ မလုပ်ဖို့ သတိပေးလိုက်တဲ့ ပို့စ်လေးမို့ တန်ဖိုးရှိပါတယ်..။

ဟုတ်ကဲ့။ခုလိုကေိာ်ရေးတဲ့အကြောင်းလေးတွေကို အားပေးခွန်းအားပေးတဲ့အတွက် ကျေးဇူးပါ

အမွေဆိုသည်က ထိုက်မှရကြတာပ

ဟုတ်တယ်အကို

ဒုတိယစကားလေးနဲ့ဆက်စပ်လို့
သတိရသွားတာရှိတယ်
ယောက္ခမသေမယ်မှန်းသိရင် မြင်းဝယ်စီးတာပေါ့

*** $$$$$$$$$$$$$$$%$%%$%%$

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64512.68
ETH 2615.54
USDT 1.00
SBD 2.82