သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၂)

in #myanmar6 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၂)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ဝန်နဲ့အား၊လေးနဲ့ မြား။
image
ကျွန်တော်တို့အလုပ်ခွင်တွေမှာ အများဆုံးကြုံတတ်တဲ့ အရာလေးပေါ့။ကျွန်တော်တို့ စာဖတ်သူ စာရေးသူတွေထဲမှာ ရာထူးကြီးသူတွေရှိသလို လက်အောက်ငယ်သားဘဝနဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေကြသူတွေလည်း ရှိပါလိမ့်မည်။ဒါကြောင့် မိမိတို့ရဲ့လက်အောက်ငယ်သားတွေအပေါ် ဝန်နဲ့အား မျှအောင် ခိုင်းကြပါ။ကိုယ်ချင်စားတရားထားပေးကြပါ။တစ်ချို့သူတွေက အလုပ်ကို လူတစ်ယောက်ထဲမနိင်တဲ့ဝန်တွေကို တစ်ယောက်ထဲ ခိုင်းတတ်ကြသည်။မိမိခိုင်းလိုက်တဲ့သူနဲ့ ပစ္စည်းတစ်ခုရဲ့ဝန် မျှတမှုရှိ မရှိ မခိုင်းခင် စီစစ်ရပါလိမ့်မည်။ထိုသို့မစီစစ်ဘဲ အထက်လူတွေရဲ့ မျက်နှာရမှုရအောင် အောက်လက်ငယ်သားကို ဝန်နဲ့အား မမျှတအောင် ခိုင်းတတ်ကြသည်။ထိုသူတွေဟာ အထက်ဖား အောက်ဖိသောသူများဖြစ်သည်။လုပ်ငန်းတစ်ခု မိမိမခိုင်းခင် မိမိဘာသာ ဝင်လုပ်ကြည့်ပါ။မိမိတစ်ယောက်ထဲမရပါက ခိုင်းသူကိုလည်း တစ်ယောက်ထဲ မခိုင်းပါနဲ့။ဒါက အလေးချိန်နဲ့ဆိုင်တဲ့ အလုပ်ကိုပြောတာနော်။ပညာရပ်နဲ့ဆိုင်တဲ့အလုပ်ကို ပြောခြင်းမဟုတ်ပါ။ပညာရပ်နဲ့ဆိုင်တဲ့အလုပ်က သူပညာနဲ့သူ လုပ်တတ်ကြသူတွေပါ။သို့ဖြစ်ပါသော်ကြောင့် ဝန်နဲ့အားကို မျှတအောင် လူကြီးတွေခိုင်းသင့်ကြောင်း ပြောပါရစေ။

#ငါးပိနဲ့လောက် ရွှေနဲ့ကျောက်။
image
ကျွန်တော်တို့ လူတွေထဲမှာ ခုလိုမျိုး ငါးပိနဲ့လောက် ရွှေနဲ့ကျောက် လိုမျိုးသူတွေရှိကြပါသည်။ဒါကို ရည်ရွယ်ပြီး ပြောလိုခြင်းဖြစ်ပါသည်။မိမိတို့နေအိမ်မှာ ငါးပိ မစားသူဆိုတာ အရမ်းနည်းပါလိမ်မည်။ဘာကြောင့်ဆို ငါးပိဆိုတာ မြန်မာဓလေ့ အစားစားတွေထဲက တစ်ခုအပါအဝင်ပါနော်။တစ်ခါတစ်လေ ငါးပိထဲမှာ လောက်ကောင်လေးတွေရှိသလို မိမိတို့လူအဖွဲ့အစည်း မိသားစုထဲမှာလည်း စုန်းပြူးတွေပါတတ်သည်။ဒါဟာ လောကနိယာမ သဘောသဘာဝတွေပါဘဲ။ရွှေလိုချင်ရင် ကျောက်ထဲမှာ သဲတို့နဲ့ အင်ဝိုင်းနဲ့ကျင်ယူပြီး စစ်ယူရတယ်။ထိုအတူ မိမိတို့လူဘောင်အဖွဲ့မှာလည်း လူတော် လူကောင်းဆိုပြီး ပညာဥာဏ်နဲ့စစ်ယူရတယ်။ဒါကြောင့် ငါးပိနဲ့လောက် ရွှေနဲ့ကျောက် စသော စကားလေးတွေနဲ့ ခိုင်းနှိုင်းပြောဆို ရခြင်းဖြစ်ကြောင်း ဥပမာပေးရခြင်းဖြစ်ပါသည်။

#သူငယ်ချင်းကောင်း။
image
သူငယ်ချင်းကောင်းဆိုတာ ဘယ်လိုမျိုးကို ခေါ်ဆိုသလဲ။ကောင်းသော သူငယ်ချင်းဆိုတာ အရမ်းရှားတယ်။ခုခေတ်ဆို ပိုလို့တောင် ရှားသေးတယ်။ဘာကြောင့်ဆို အပြိုင်အဆိုင် မလိုမုန်းထား သူထက်သာ မနာလို စသောသူတွေများလာသောကြောင့် ဖြစ်သည်။ကျွန်တော်သိသော သူငယ်ချင်းကောင်းဆိုတာ မိမိကောင်းကြောင်းတွေကို နောက်ကွယ်မှာပြောသောသူကို သူငယ်ချင်းကောင်းလို့သတ်မှတ်ပါတယ်။အရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုး စသောစကားပြောသောသူသည် သူငယ်ချင်းကောင်းမဖြစ်နိင်။မိမိရဲ့နောက်ကွယ်မှာသာ ချီးကျူးသူသည်သာ သူငယ်ချင်းကောင်းလို့သတ်မှတ်ပါတယ်။စာဖတ်သူတွေလည်း မိမိမှာ နောက်ကွယ်ကနေ ကောင်းကြောင်းပြောသော သူငယ်ချင်းကောင်းတွေရှိကြပြီးလား။မရှိသေးရင် ထိုသို့သောသူတွေကို ရှာပါ။သူငယ်းချင်းကောင်းနဲ့ပတ်သတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေ တူချင်မှတူလိမ့်မည်။နောက်ပြီး သူငယ်းချင်းကောင်းလက္ခဏာ အများရှိရှိပါလိမ့်မည်။ခုပြောသောအရာသည် မိမိကြိုက်သောအရာကို ပြောပြခြင်းဖြစ်သည်။မိမိစိတ်ကြိုက်သူငယ်ချင်းကောင်းရှာနိင်ပါသည်။နောက်မိမိကလည်း ခုလို သူငယ်ချင်းကောင်း ပီသအောင် ပြုမှုနေထိုင်ပါလို့ ပြောပါရစေ။

(စကားလက်ဆောင်)

ဝန်နဲ့အား၊လေးနဲ့ မြား။

ငါးပိနဲ့လောက် ရွှေနဲ့ကျောက်။

သူငယ်ချင်းကောင်း။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

လူလောကမှာကျင်လည်ရင်
လူ့အကြောင်းတွေသိရတာပ

ဟုတ်တယ်အကိုရေ

တန်ဖိုးရှိသောစကားလက်ဆောင်ပါ

ငပိဆိုတာလဲ ​လောက်​က​လေးနဲ့မှ
ရွှေဆိုတာလဲ ​ကျောက်​က​လေးနဲ့မှ
တင့်​တယ်​တာတဲ့

မှတ်သားစရာပါဗျာ

သူငယ်ချင်းကောင်း ကိုယ့်မှာရှိတယ်ကြွားတာဘာ😁

ကြွားနိင်သူတွေ ကြွားကြပါ ကြွားကြပါ

အတော်နှံ့စပ်တာပဲဗျ

ဟုတ်ရပါဘူးဗျာ။လူကြီးသူမ စကားတွေ ရှေ့ထုံးစကားတွေ အကျယ်ချဲ့လိုက်တာပါကိုစော

bro အရေးအသားတွေက တော်တန် အတွေးအခေါ်နဲ့ ရေးလို့ မရလောက်ဘူးGood writing ပါဗျာ

ခုလိုအားပေးတဲ့အတွက် ကျေးဇူးဘဲနော်။

မှတ်သားစရာကောင်းလှပါတယ်။ကြိုးစားလိုက်နာကျင့်ကြံပါ့မယ်အစ်ကို။လေးစားလျက်

အစဉ်အမြဲကြိုးစားလျက်ပါ

ဝန်နှင့်အား လေးနှင့်မြား မမျှရင် ပြဿနာ ဖြစ်ရော

မှန်ပ

ဝန်နဲ့အားမမျှဘူးဖြစ်နေတယ် vote နားထားအုံးမှပါ

နားမှပေါ့အကိုရေ။နောက်လည်းvotပေးရအုံးမယ်ဆိုတော့ အားများများရှိမှအဆင်ပြေမယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61153.73
ETH 3403.85
USDT 1.00
SBD 2.51