သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂)

in #myanmar6 years ago (edited)

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂)

image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အစိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

များများနားထောင်ပါ။

image
ကျွန်တော်တို့အများစု လူတွေဟာ သူတစ်ပါးစကားပြောသောအခါ စကားလုပြီးပြောတတ် ဆိုတတ်ကြသည်။တကယ်ဆို တစ်ဖတ်လူစကားပြောဆိုပြီးမှသာ မိမိပြောချင်သောစကားကို ပြောဆိုရပါမည်။စကားကိုလုမပြောဘဲ တစ်ဖတ်ကပြောတဲ့စကားကို အာရုဏ်စူးစိုက်ပြီး သူစကားကို နားထောင်ပေးပါ။ထိုအခါ တစ်ဖတ်လူက သူစကားကိုစိတ်ဝင်တစားနားထောင်နေပါလားဆိုပြီး ပြောအားရှိပြီး ခင်မင်မှုမိမိအပေါ် ဖြစ်လာပါလိမ့်မယ်။ထိုသို့မဟုတ်ဘဲ စကားလုပြီးပြောပါက ထိုသူဟာ ဘယ်လိုလူလဲ။စိတ်ထဲတွင် စနိုးစနောက်ဖြစ်ကာ စိတ်ခုသွားတတ်ပါသည်။ဒါကြောင့် သူတစ်ပါးပြောသောစကားကို များများနားထောင်ပေးပါလို့ အသိပေးပါရစေ။နားသည် များများနားထောင်ဖို့ နားရွက်နှစ်ဖတ်ပေးထားပြီး စကားကို နည်းနည်းပြောဆိုစေချင်သောကြောင့် ပါးစပ်ပေါက်တစ်ပေါက်သာပေးထားကြောင်း သတိပြုကြပါ။လူတိုင်း ဘဝမှာ အသွားမတော်တစ်လှမ်း အပြောမတော်တစ်ခွန်း အစားမတော်တစ်လုတ်စသော စကားလေးတွေအမှတ်ရပါ။စကားကိုနည်းနည်းပြောပြီး များများနားထောင်တတ်ကြပါစေ။နောက်တစ်ဖတ်သူစကားကို ခေါင်းညိတ်ပြီးနားထောင်ပေးပါ။ဒါဟာ တစ်ဖတ်သူကိုလေးစားရာရောက်သလို ဖြစ်ပါသည်။လူတိုင်းဟာ ငလျင်လှုပ်တာ သူကိစ္စမဟုတ်ပါ။သွားကိုက်တာက သူကိစ္စလို့မှတ်ယူတတ်ကြသောကြောင့် သူပြဿနာကိုသာ သူကြည့်တတ်ပါတယ်။သူအကြောင်းကိုသာ ပြောတတ်ပါတယ်။ဒါကိုနားလည်နိင်ပါစေ။

သူတစ်ပါးရဲ့ကျွမ်းကျင်မှုကိုရှာပါ။

image

လူတိုင်းမှာ ကျွမ်းကျင်သော ပညာရပ်တစ်ခုစီရှိကြပါလိမ့်မည်။သတိထားပြီးကြည့်တတ်ဖို့တော့လိုပါတယ်။တစ်ချို့ဆို မိမိက ဘာကျွမ်းကျင်လည်း မသိကြပါဘူး။မိမိကိုယ်ကိုလည်းမလေ့လာသလို သူတစ်ပါရဲ့ကျွမ်းကျင်မှုကိုလည်း မလေ့လာကြပါဘူး။ဒါဟာ ကောင်းသောအကျင့်တော့မဟုတ်ပါဘူး။လူတိုင်းမှာ အားနည်းချက် အားသာချက်ကိုယ်စီရှိကြပါသည်။ထိုအထဲက အားနည်းချက်ကိုပြုပြင်ပြီး အားသာချက်ကို ပိုပြီးတော့ အားကောင်းလာအောင်ပြုလုပ်ဖို့ ကြံစပါ။သူတစ်ပါးရဲ့ကျွမ်းကျင်မှုကို အမိအရယူပြီး လက်တွေ့မှာ မိမိနဲ့အံ့ဝင်ခွင်ကြဖြစ်မဖြစ် လုပ်ဆောင်ပါ။ကောင်းတာကိုယူ မကောင်းဘူးဆို စွန့် ပါ။ဒါကြောင့် သူတစ်ပါးရဲ့ကျွမ်းကျင်မှုကို သိနိင်ပြီးအသိပညာဗဟုသုတယူနိင်ပါစေ။

ပါးစပ်ပေါက်ကို နည်းနည်းဘဲသုံးပါ။

image
စကားပြောတာက ပါးစပ်ဖြစ်သောကြောင့် စကားပြောလျင် အမြဲတမ်းသတိထားပြီးတော့ ပြောသင့်ပါသည်။ဒါမှ လူတစ်ယောက်ဟာ တစ်နေ့တာမှ စကားကြောင့်အမှားနည်းပါလိမ့်မည်။စကားပြောရင် သတိယှဉ်ဖို့ အရမ်းလိုအပ်ပါသည်။စကားဟာ လက်နက်ဖြစ်ပါတယ်။ခုခေတ်မှာဆို စကားနဲ့စစ်တိုက်နေကြသည်။မိမိစကားသူတစ်ပါးကိုသေစေနိင်ပါသည်။ါကြောင့် စကားပြောရာတွင် သတိယှဉ်ကြပါ။စကားစကားပြောပါများ စကားထဲက ဇာတိပြသလို ပြောတိုင်းမကောင်းတာ စကားပါဘဲ။ပြောပါများပြန်ရင်လည်း မိမိဇာတိကို ပြသလိုဖြစ်နေပြန်တယ်။ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုသလိုဖြစ်နေတတ်ပါသည်။စကားပြောနည်း သုံးမျိုးရှိပါသည်။
(၁)သူတစ်ပါးအတွက်အကျိုးရှိပြီး မိမိအတွက်အကျိုးမရှိသော စကား။
(၂)သူတစ်ပါးအတွက်အကျိုးရှိပြီး မိမိအတွက်လည်း အကျိုးရှိသောစကား။
(၃)သူတစ်ပါးအတွက်အကျိုးမရှိဘဲ မိမိအတွက် အကျိုးရှိသောစကား။
ထိုသုံးမျိုးမှာ နံပါတ်နှစ်ကိုများများပြောသင့်ပါသည်။ကိုယ်စကားပြောတော့မယ်ဆိုရင် သူတစ်ပါးအတွက်အကျိုးရှိပြီး မိမိအတွက်လည်း အကျိုးရှိသောစကားကိုပြောကြပါလို့ အသိပညာပေးရပါစေ။

မိမိအပြောကိုတတ်နိင်သလောက်လျော့ပါ။

image
ကိုယ်က စကားစပြောတော့မယ်ဆို အရင်ဆုံး တစ်ဖတ်သူ နားထောင်သူရဲ့ စိတ်ဝင်စားမှုရှိ မရှိကြည့်ပါ။တစ်ဖတ်သား စိတ်ဝင်စားမည့် အကြောင်းအရာကိုပြောပါ။သူတစ်ပါး ဘာမြတ်နိုးလဲ။ဘာစိတ်ဝင်စားလဲ။ဘာကြိုက်တတ်သလဲ။ဘာဝါသနာပါလဲ ။အမေးတွေကို အရင်စဉ်းစားပြီးပြောပါ။များများနားထောင်မဲ့အကြောင်းအရာတွေကိုပြောပါ။ဆန့်ကျင့်ဘက်မပြောဖို့ အထူးဂရုပြုကြပါ။စာဖတ်သူတိုင်း သူတစ်ပါး၏အလိုကိုကြည့်၍ပြောကြပါ။

(စကားလက်ဆောင်)

*နားသည် များများနားထောင်ဖို့ နားရွက်နှစ်ဖတ်ပေးထားပြီး စကားကို နည်းနည်းပြောဆိုစေချင်သောကြောင့် ပါးစပ်ပေါက်တစ်ပေါက်သာပေးထားကြောင်း သတိပြုကြပါ။

*သူတစ်ပါးရဲ့ကျွမ်းကျင်မှုကိုရှာပါ။လူတိုင်းဟာ တစ်ခုခုတစ်နေရာရာမှာတော့ ကျွမ်းကျင်မည်။ထိုအရာကို အမိအရနှိုက်ပါ။

*ပါးစပ်ပေါက်ကို နည်းနည်းဘဲသုံးပါ။သူတစ်ပါးအတွက်အကျိုးရှိပြီး မိမိအတွက်လည်း အကျိုးရှိသောစကားကိုပြောဆိုပါ။

*မိမိအပြောကိုတတ်နိင်သလောက်လျော့ပါ။

အစဉ်ကြိုးစားလျကါ
Author tunnaingwin
Msc.100

Sort:  

တန်ဖိုးရှိတဲ့ပို့စ်လေးပါ လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်အစ်ကို

စကားပြောခြင်းက အဓိက ကျတယ်နော်

မှတ်သားဖွယ်ရာများစွာနဲ့ ကောင်းသောpostတစ်ခုပါ

ဟုတ်ကဲ့ပါ

တန်‌ဘိုးရှိ‌သော စာသား‌တွေပါ။လိုက်‌နာနိုင်‌‌အောင်‌ကြိုးစားပါ့မယ်‌။

ခုလိုစကားလေးကြားရတာ ကျေးဇူးပါ

စကားကို များများနားထောင်ဖို့ နဲ့ သတိထားပြီးထိန်းထိန်းသိမ်းသိမ်းပြောဆိုဖို့ ပြောထားတာလေး မှတ်သားစရာကောင်းလှပါတယ်။ကျွန်တော်တို့ အားလုံးအတွက် တန်ဖိုးရှိပြီး ဗဟုသုတလည်းတိုးစေပါတယ်ခင်ဗျာ

ဟဟုတ်ကဲ့မှတ်ထားပါ။

မှတ်သားလိုက်နာစရာတွေပါအကို

ကျေးဇူးပါညီ

ကျွန်တော်က လုပြောတတ်တဲ့အကျင့်ရှိပါတယ်အစ်ကို ပြန်ပြင်ပါ့မယ်ဗျ

သူတစ်ပါးစကားပြီးအောင်နားထောင်ပေးပါ

ခုလို ဆုံးမ သွန်သင်ပေးလို့ ကျေးဇူးပါ အကိုရေ 😊😊

မှတ်သားစရာတွေအပြည့်နဲ့ လိုက်နာသင်ယူဖို့ ကောင်းတဲ့ post ပါပဲ

အစ်ကိုတင်ပြသွားသလို စကားအပြောအဆိုကလည်း အရမ်းအရေးကြီးပါတယ်
အထူးသဖြင့် ဘယ်သူ့အတွက်အကျိုးမရှိတဲ့စကားတွေကိုလည်း ရှောင်ရှားသင့်ပါတယ်
တစ်ဖတ်လူလို့ရေးထားတာ ဖတ်နေရာမှာ ဖက်လို့ရေးရမယ်ထင်တယ်အစ်ကို

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 60937.94
ETH 3381.82
USDT 1.00
SBD 2.48