သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၉)

in #myanmar6 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၁၉)

image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ဆရာမပြ နည်းမကျ။
image
ဒီစကားလေးကို လူတိုင်းကြားဖူးကြပါလိမ့်မည်။ကျွန်တော်ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့စာသားလေးပေါ့နော်။ဒီစာသားလေးက နက်နက်နဲနဲတွေးလေး မိမိအတွက်အကျိုးပိုရှိလေလေဘဲဗျ။ဒါကြောင့်ခုချိန်ထိ ကိုယ်မသိတာ မရှင်းတာရှိရင် မေးနေတုန်းဘဲ။ဘယ်ပညာရပ်ဖြစ်ဖြစ် ဘယ်အလုပ်ဖြစ်ဖြစ် မိမိအနေနဲ့တစ်ခါမှမလုပ်ဖူးရင် လုပ်ဖူးသောသူတွေရဲ့ လမ်းညွန်မှုတွေကို ယူရတယ်နော်။မိမိသိသလို တတ်သလိုမလုပ်ပါနဲ့။ဘယ်အရာဖြစ်ဖြစ်လေ့လာရင် ကလေးတစ်ယောက်လို့လေ့လာပါ။လူကြီးတစ်ယောက်လို လေ့လာရင် အတတ်နှေးကာ အချိန်ကုန်ပြီး အကျိုးမရှိပါဘူး။အချိန်ကုန် လူပင်ပန်းဘဲဖြစ်တတ်သည်။ဒါကြောင့် မိမိမလုပ်တတ်သောအလုပ်ကို သိသူတွေဆီက နည်းနာယူပြီး ဆရာတစ်ယောက်လိုသတ်မှတ်ကား သင်ယူပါလို့ပြောပါရစေ။ဆရာမပြ နည်းမကျပါ။ငါးပိဖုတ်တောင် ဆရာမပြရင် နည်းမှန်လမ်းမှန်နဲ့မဖုတ်တတ်ပါ။ထိုသာဓကကို အခြေခံပြီး အတုယူကာ လေ့လာမှတ်သားကြပါလို့ ထပ်ဆင့် အသိပေးပြောပါရစေဗျာ။

#မသိရင်မေး။
image
လောကအလယ်မှာ မိမိတို့မသိသော အကြောင်းအရာ အမှုကိစ္စတွေက အတော်များများရှိကြပါသည်။ဒါတွေ အကုန်လုံးကို သိနိင် တတ်နိင်မည်တော့မဟုတ်။ထိုအများကြီး အကြောင်းအရာတွေထဲက မိမိတို့သိတာ နည်းပါးလှပါသည်။မိမိတို့မသိတာရှိတာ မေးဖို့ဝန်မလေးပါနဲ့။မိမိတို့မသိတာတွေကို မေးမှ မိမိတို့သိရှိလာလိမ့်မည်။သိသလို တတ်သလိုပုံစံမလုပ်ဘဲ မသိတာကို မြန်မြန်ဆန်ဆန်မေးဖို့ လိုအပ်ပါတယ်။ထိုသို့မေးမှသာ မိမိအတွက် သိရှိလာကာ မိမိအတွက်လည်း အကျိုးကျေးဇူးတွေ ရလာပါလိမ့်မည်။မိမိတို့သိရှိတဲ့အတွက် မိမိတို့လက်အောက်ငယ်သားများက မေးသောအခါ ဖြေနိင်ပါလိမ့်မည်။တကယ်လို့ မိမိတို့ သိရှိထားခြင်းမရှိပါက တစ်ချိန် နောင်တရပါလိမ့်မည်။ထိုသို့ နောင်မှာတ တဲ့နောင်တမျိုးမရချင်ရင် မိမိတို့မသိမရှိသော အရာ အကြောင်ကိစ္စတွေကို ရဲရဲတင်းတင်းမေးပါလို့ပြောပါရစေ။

#မစင်ရင်ဆေး။
image

မိမိတို့နေအိမ် မိသားစုထဲတွေမှာ အများဆုံးကြုံရတတ်ပါသည်။မိသားစု ထမင်းဝိုင်းတွေမှာ စုံစုံညီညီနဲ့ စားသောက်ကြပြီး ထမင်းစားပြီးသောအခါ ပုဂံကို ဖြစ်သလို ဆေးပြီးထားသွားတာရှိသလို လက်ကိုလည်း ရေစွတ်ယုံ စွတ်ပြီး ထသွားကြတာ မြင်တွေ့ရပါတယ်။ခုလို ပြုလုပ်သွားတဲ့အကျိုးက ညနေထမင်းစားတာဖြစ်ဖြစ် ညဘက်အိပ်ယာဝင်တာဖြစ်ဖြစ် ဆိုးကျိုးများပေးတတ်ပါသည်။ဘယ်လိုဆိုးကျိုးလည်းဆိုတော့ လက်ပြောင်အောင်မဆေးတော့ အငြီအဟောက်ရကာ ကြွက်လားပြီး ကိုက်တတ်သလို ပုဂံပြောင်အောင်မဆေးတဲ့အတွက် ညနေစာစားတဲ့အချိန် ပုရွက်ဆိတ်တွေနဲ့တိုးတတ်သည်။ဒါကြောင့် ဒီဥပမာလေးကို သာဓကယူပြီး အသိပညာတိုးကြပါစေလို့ပြောပါရစေ။

(စကားလက်ဆောင်)

ဆရာမပြ နည်းမကျ။

မသိရင် မေး။

မစင်ရင်ဆေး။

အစဉ်းကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

စကားလေးတွေ မှတ်သားရပါတယ်ဗျာ

ဟုတ်။နောက်လည်းအများကြီးရေးသားလျက်ပါ

တန်ဖိုးရှိသောစကားလက်ဆောင်များပါ

ဟုတ်ကဲ့။အစဉ်ကြိုးစားလျက်ပါ

မသိလို့ အေးလိုက်ရင် ခဏပဲ အောက်ကျတယ်လို့ ထင်ရမယ်
မမေးရင်တော့ တဘဝလုံး အောက်ကျနေနိုင်တယ်

ဟုတ်တယ်ဗျာ

ပညာတစ်ခုကိုမဆိုထားနဲ့ အသိလေးတစ်ခုလင်းလက်သွားဖို့တောင် ဒီအချက်တွေက တအားလိုအပ်ပါတယ်။ ဆရာတွေသေချာရှင်းပြချင်စိတ်ရှိအောင်လည်း မေးတဲ့အခါမှာ ကိုယ်မသိတဲ့အကြောင်းပွင့်၂လင်းလင်းပြောပီးမေးဖို့လည်း လိုအပ်မယ်နော်။

ဟုတ်တယ်။မသိရင်မေးသင့်ပါတယ်။သိသလိုလိုမနေပါနဲ့

တစ်ကယ်တော့ စကားပုံတွေဆိုတာ ဖြစ်တတ်တဲ့အမှားလေးတွေမမှားရအောင် ဖော်ဆောင်ပေးနေတာပဲနော်

ဟုတ်တယ်။စကားပုံဆိုတာ စကားတိုတိနဲ့ထိရောက်သောစာသားပါဘဲ

လူတစ်‌‌ယောက်‌ကို တစ်‌ပည့်‌ခံရင်‌ လူအများကို ဆရာလုပ်‌လို့ရပါတယ်‌။

တစ်ခါတပည့်ခံရင် ဆရာအခါတစ်ရာဖြစ်တယ်

ဘယ်ပညာရပ်မဆို ပါရမီရှင်တွေ မဟုတ်ရင် ဆရာနဲ့ စနစ်တကျ တက်အောင်သင်မှ တက်ပါတယ်

တချို့လူတွေ အထူးသဖြင့် ရာထူးရထားသူတွေပေါ့ မတက်ရင် မတက်ဘူးပေါ့ ငယ်သားကို မေးရမှာ ရှက်တာနဲ့ တက်ရောင်ဝါးတော့ ကွယ်ရာမှာ ကဲ့ရဲ့စရာ ဖြစ်ရတယ်

ဟုတ်တယ်မစု။သူတို့တွေက ရှက်တတ်လိုနေမယ်

ဆရာမပြ နည်းမကျဆိုတာ မှန်ပါတယ် မသိရင်လဲ မေးကိုမေးတယ် မစ်ရင်တော့ ဆေးပီးသားဖဲ😁😁 ဒီတစ်ခါ အကိုက်ဖဲ ကိုအေး

ဟီးဟီး

အရမ်းကောင်းပြီး ဖြစ်တတ်တဲ့ သဘာဝတွေကို ထောက်ပြထားတာပါ။ကြိုးစားလိုက်နာ မှတ်သားထားပါ့မယ်အစ်ကို။

ခုလိုအားဖြစ်စေတဲ့စကားကြားရတာ ကျေးဇူးပါ

သိမှတ်​ဖွယ်​ရာများဖတ်​ရတာအသိပညာတိုးပွား​စေပါတယ်​....​ကျေးဇူးပါ...

ဟုတ်။ခုလိုအားပေးတာလည်း ကျေးဇူးပါဘဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62827.81
ETH 2583.62
USDT 1.00
SBD 2.73