စကားပြောခြင်းအတတ်ပညာ စာစု

in #myanmar6 years ago

စကားပြောခြင်းအတတ်ပညာ စာစု

IMG_20180421_193545.jpg
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ခါ ဆောင်းပါးအမည်ကို စကားပြောခြင်းအတတ်ပညာ စာစု လို့ခေါင်းစဉ်တပ်ထားပါသည်။ထိုခေါင်းစဉ်လေးနဲ့ လူတို့နေ့စဉ် စကားပြောပုံ ပြောနည်း အကြောင်းလေးကို သာဓက ပုံပြင်များနှင့်သရုပ်ဖော်ရေးသားထားပါသည်။စကားကို လူတိုင်းနေ့စဉ်အမျှ ပြောဆိုကြသည်။သို့သော် စကားပြောသောအခါလည်း အမျိုးမျိုးရှိသည်။တစ်ချို့က စကားပြောချိုသာသည်။တစ်ချို့က စကားပြောကြမ်းသည်။ဒါကြောင့် စကားကို ပြောပုံပြောနည်း ဥပမာ ၂ ခုလောက်ပေးချင်ပါသည်။

ဟိုရှေ့ရှေ့တုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်ကြီးတစ်ပါး အုပ်ချုပ်ပြီး နန်းတတ်စိုးစံခဲ့သည်။မင်းအုပ်ချုပ်ပြီး တစ်နှစ်ခန့် နန်သက်ကြာသော ညတညအချိန်မှာ ထူးဆန်သော အိမ်မက်မက်လေသည်။ဒါကြောင့် ဘုရင်က နန်းတော်မှာ မှုးမတ် ပညာရှိ ပုဏ္ဏားတွေကိုခေါ်ပြီး အစည်းအဝေးခေါ်လိုက်ယူကာ ထူးဆန်းသော အိမ်မက်အကြောင်းကို ပြောကြားလေသည်။

ထိုအခါ ပညာရှိပုဏ္ဏားတစ်ယောက်က အရင်တွက်ချက်ပြီး မင်းကြီးကို လျောက်တင်လိုက်လေသည်။အရှင်မင်းကြီး အရှင်မင်းကြီးရဲ့အိမ်မက်အရ ကျွန်တော်မျိုး တွက်ချက်မှုအဖြေကို ပြောရမယ်ဆိုရင် အရှင်မင်ကြီးရဲ့ဆွေမျိုးအကုန် သေကြေ ပျက်စီးရပါမည် လို့လျောက်ထားလေသည်။နောက်ပညာရှိ ပုဏ္ဏားတစ်ယောက်ကတော့အရှင်မင်းကြီး အရှင်မင်းကြီးရဲ့အိမ်မက်အရ ကျွန်တော်မျိုး တွက်ချက်မှုအဖြေကို ပြောရမယ်ဆိုရင် အရှင်မင်ကြီးသာလျင် အသက်ရှင် ကျန်ပါလိမ့်မည် လို့ လျောက်တင်လိုက်လေသည်။

ထိုသို့ ပုဏ္ဏားပညာရှိနှစ်ယောက်ရဲ့လျောက်တင်ချက်တွေကို ဘုရင်ကြီးကြားလေသောအခါ ပထမပုဏ္ဏားပညာရှိကို မှုးမတ်တို့အား ကြိမ်ဒဏ် အချက် ၅၀ ဒဏ်ပေးလိုက်သည်။ဒုတိယ ပညာရှိကိုတော့ ဘုရင်ကြီးက ဆုငွေလက်ဆောင်များ ချီးမြင့်လိုက်လေသည်။ဒီပုံပြင် သာဓကလေးမှာ စကားပြောနည်းလေးကို တွေ့ရှိရပေသည်။အပြောကောင်းတော့ အထောင်းသက်သာဆိုသလို ဒုတိယ ပညာရှိက ဆုလာဒ်တွေရရှိပြီး ပထမ ပညာရှိကတော့ ဒဏ်ရလေသည်။ဒါတွေက စကားမပြောတတ်လို့ ဖြစ်ပြီး စကားပြောတတ်သူက အခွင့်အလမ်းဖြစ်စေပါသည်။

ဒုတိယ ဥပမာပုံပြင်လေးက ဟိုတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး ဘုန်းကြီးမှာလည်း ဝိနည်းသိက္ခာကို အရမ်းလေးစားတဲ့ဘုန်းကြီးဖြစ်ပါ၏။တစ်နေ့တော့ ဘုန်းကြီးကို အမြဲကိုးကွယ်ဆည်းကပ်တဲ့ ဒါယကာ ဒါယကာမတို့လည်း ရှိကြသည်။ထိုဒါယကာ လင်မယားနှစ်ယောက်မှာ သမီးလေးတစ်ယောက်ရှိသည်။တစ်နေ့တော့ ကျောင်းဒါယကာတို့လင်မယား မအားတော့ သူတို့သမီးလေးကို ဆွမ်းကပ်ဖို့ ဘုန်းကြီးကျောင်းကို လွတ်လိုက်လေ၏။

ဒါယကာသမီးလေးက ဘုန်းကြီးကိုဆွမ်းကပ်ပြီး အရှင်ဘုရား တပည့်တော်မ ပြန်ကြွပါတော့မယ်ဘုရားလို့ လျောက်ထားပြီး ပြန်သွားလေသည်။ဘုန်းကြီးလည်း စိတ်ထဲမှာ မလိမ်မာသောကလေးဟုမှတ်ယူပြီး ဒါယကာမ လာမှတိုင်ပြောအုံးမယ်လို့ စိတ်ထဲမှတ်ထားလေသည်။ဒါယကာမကျောင်းလာတော့ တိုင်ပြောသောအခါ အရှင်ဘုရားကို ခုလိုပြောသွားလားဟု ထပ်မေးတော့ ဘုန်းကြီး အရမ်းစိတ်ဆိုးသွားသည်။ဒါကြောင့်ီသားအမိနှစ်ယောက်ကို ဒါယကာနဲ့တိုင်ပြောအုံးမယ်လို့ စိတ်ထဲထပ်ပြီး မှတ်သားလေသည်။

ဒါယကာကြီးလာတော့ ဘုန်းကြီးက ဖြစ်ကြောင်းကုန်စင်ပြောပြီးတိုင်လေသည်။ဒါယကာကြီးလည်း မိမိရဲ့ မယားနဲ့သမီးကို အရမ်းစိတ်ဆိုးလေပြီး နောက်အခါ မယားနဲ့သမီးကို ဘုန်းကြီးကျောင်းမလွတ်တော့ဘဲနေလေသည်။ဒါတွေကို ကြည့်လျှင် စာဖတ်သူတို့အနေနဲ့ သိမြင်ပါလိမ့်မည်။

ထိုပုံပြင်လေးကို ဖတ်ရှုပြီး အသိပညာတွေတိုးကာ စကားပြောတတ်ပါစေ။

(စကားလက်ဆောင်)

စကားပြောတတ်သူသည် လူတွေရဲ့စိတ်တွေကို ဖမ်းစားနိင်သည်။

စကားပြောတတ်ဖို့လိုသလို လူမှုဆက်ဆံရေးလည်း ကျွမ်းဖို့ လို၏။

ပျားရည်တစက်သည် အခါးရည်တစ်ခွက်ထက် ယင်ကောင်များကို ဖမ်းနိင်သလို စကားပြောကောင်းသူသည် လူများကို ဖမ်းစားနိင်ပါသည်။

အလျှောက်ကောင်းတော့ အထောင်းသက်သာဆိုသလို စကားပြောကောင်းသူသည်လူတိုင်းကို အသာစီးရစေသည်။

လူတိုင်း စကားပြောခြင်းအတတ်ပညာကို သင်ဖို့လိုတယ်။

အစဉ်ကြိုးစားလျှက်
Author tunnaingwin
21/4/2018
19:25pm

Sort:  

ချိုသာစွာ ပြောဆိုတတ်ခြင်းက လုပ်ငန်းကို လျှင်မြန်စွာပြီးမြောက်စေပါတယ် ချိုသာစွာ စကားပြောတတ်ခြင်းက အရာရာကို အောင်မြင်စေတယ်လို့ ထင်မြင်မိပါတယ်😊

နှုတ်ချိုသျှိတစ်ပါးလေမကြည်

ဟုတ်​တယ်​ အစ်​ကို အ​ပြောမတတ်​​တော့ ဆဲသလို ဆိုသည့်​တိုင်းဖြစ်​​နေမယ်​။ ညီတို့လည်းစကားကို ဆင်​ချင်​​ပြောရ​မယ်​။

ဟုတ်တယ်ညီ။စကားကပြောတတ်မှာဖြစ်မယ်

စကားပြောတတ်လို့ကတော့ လောကကြီးမှာ တစ်ကွက်သာပြီပေါ့ အစ်ကိုရယ်

rightမှန်တယ်ညီ

စိတ်​ထဲမည်​သိုပင်​ရှိ​စေ
လော​လောဆယ်​ မုန်း​အောင်​​ပြောတာလဲဒိပါးစပ်
ချစ်​​အောင်​​ပြောတာလဲဒီပါးစပ်​ပါဘဲ

ဟုတ်တာပေါ့။အဓိကအရေးကြီးတာက စိတ်နဲ့ပါးစပ်ဘဲ

စကားပြောအတတ်ပညာ သိပ်ကိုအရေးကြီးပါတယ်။မိမိစကားကို သူတစ်ပါးစိတ်ဝင်စားပြီး ဖမ်းစားထားနိုင်သည်အထိ ပြောဆိုနိုင်အောင် ကြိုးစားကြရမည်။မှတ်သားစရာpostကောင်းတစ်ခုပါခင်ဗျ

ဟုတ်တယ်ညီ။ဒါကြောင့် မိမိစကားပြောတော့မယ်ဆိုရင် အရင်စဉ်းစားပြီးမှပြောသင့်တယ်

ပါစပ်ကမုန့်ချားတဲ့နေရာပဲအသုးပြုတာသင့်တော်ဆုးံ စကားဆိုတာ ပြောသင့်တဲ့နေရာမှာပြောရင်အုးရှိမယ် 😂

ဟဲ အစားမတော်တစ်လုပ် အသွားမတော်တစ်လှမ်းဆိုတာ ရှိပါတယ်

အရမ်းကောင်းပါတယ်

ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ညီ

ဟုတ်တယ်အကိုရေ
အပြောချိုတော့လူချစ်လူခင်ပေါများတယ်
အပြောသာချိုလို့ကတော့
လူတွေကယုံကြပေါင်းကြတယ်
လာကနိယာမတစ်ခုဘဲပေါ့

မှန်ပညီ

ဥပမာပုံပြင်​နှင့်​​ပြောပြသွားတာ​ကောင်းပါတယ်​...

ကျေးဇူးပါaster

နှုတ်ချို လျှိုတပါး

ဟုတ်တယ်မသက်ရေ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 68804.78
ETH 3766.46
USDT 1.00
SBD 3.49