ကိုယ်နှုတ်နှလုံး (၃)ပါးလုံး အမြဲသတိယှဉ်

in #myanmar7 years ago

image
ခုဆောင်းပါးခေါင်းစဉ်လေးကတော့"ကိုယ်နှုတ်နှလုံး သုံးပါလုံး အမြဲသတိယှဉ်"ဆောင်းပါးဖြစ်ပါတယ်။ဒီဆောင်းပါးလေးတွေမှာ ယူတတ်ရင် ပညာ အသိ သတိတွေရကြပါတယ်။
steemitmyanmarအဖွဲ့သားများ အောင်မြင်မှုပန်းတိုင်ရောက်ကြပါစေ။
ပထမဆုံးလုပ်ရမဲ့အလုပ်ဟာ မိမိရဲ့အတွေးတွေကို
အမြဲတမ်း ကောင်းတဲ့သဘောကို ဆောင်နေရမယ်။အတွေးတစ်ခုကောင်းရင် အလုပ်လုပ်ရတာအဆင်ပြေတယ်။အလုပ်လုပ်ရတာအဆင်ပြေတော့ မိမိရဲ့အနာဂတ်တွေမှာ ကောင်းမွန်လာတယ်။ဘာကြောင့်လဲဆိုရင်မိမိရဲ့အတွေးတွေကနေ
ကိုယ်ပြောမယ့်စကားလုံးတွေ ဖြစ်လာလို့ပဲ ဖြစ်တယ်။စကားလုံးလေးတွေဟာ ချိုသာလာတယ်။တစ်ဦးနဲ့တစ်ဦးပြောဆိုရာတွင် စကားပြောကောင်းဖို့လိုပါတယ်။စကားပြောကောင်းတဲ့အတွက် လူမှုဆက်ဆံရေးကောင်းမွန်လာပြီး လူတောတိုးနိင် လူဝင်ဆန့်နိင်လာတယ်။ဒါကြောင့် အတွေးကောင်းတွေကိုများများတွေးပါ။မိမိပြောမယ့်စကားလုံးတွေဟာ အမြဲတမ်း ကောင်းတဲ့သဘောကိုဆောင်နေပါစေ။ကောင်းသောစကားဆိုတဲ့အတွက် လူတိုင်းဟာ မိမိကို ခင်မင်လာမယ်။နှစ်သက်လာမယ်။ချင်မင်နှစ်သက်တဲ့အတွက် လူချစ်လူခင်ပေါလာပါတယ်။စကားကောင်းတော့ မိမိရဲ့ အပြုအမှုကောင်းလေးတွေဖြစ်လာမှာပါ။ဒါကြောင့်မိမိပြောတဲ့စကားလုံးတွေကနေမိမိရဲ့အပြုအမူတွေဖြစ်လာလို့ပဲ ဖြစ်တယ်။

ဒုတိယအနေနဲ့ပြောချင်တာကတော့မိမိရဲ့အပြုအမူတွေဟာအမြဲတမ်း ကောင်းတဲ့သဘောကိုဆောင်နေပါစေ။လူအများစုဟာ လူကောင်းတစ်ယောက်ဟုတ် မဟုတ် ကြည့်တဲ့အခါ သူတို့ကြည့်တဲ့လူဟာ အပြောအဆို နဲ့အမှုအကျင့် အပြုအမှုတွေကို အရင်ကြည့်ပြီး ဆုံးဖြတ်တတ်ပါတယ်။ဘာကြောင့်လဲဆိုရင်မိမိတို့ရဲ့အပြုအမူတွေကနေမိမိတို့ရဲ့ပင်ကိုယ်စရိုက်တွေဖြစ်လာလို့ပဲ ဖြစ်တယ်။စရိုက်ဆိုးတွေနဲ့ ကြီးလာရင်တော့ လူကောင်းလို့ သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။ကောင်းသောစရိုက်နဲ့အပြုအမှုရှိတဲ့သူတွေကိုဘဲ လူကောင်းလို့ သတ်မှတ်ကြပါလိမ့်မယ်။ဒါကြောင့်မိမိဟာ လူဆိုးအဖြစ်ခံမလား။လူကောင်းအဖြစ်ခံမလားဆိုတာ ကိုယ်ဘာသာကိုယ်ဘဲ စဉ်းစားကြည့်ပါ။

တတိယအနေနဲ့ပြောချင်တာကတော့မိမိရဲ့ပင်ကိုယ်စရိုက်တွေဟာ ကောင်းဖို့လိုတယ်။အကုန်ပြောရရင် အမြဲတမ်း ကောင်းတဲ့နေပါရမယ်။ဘာကြောင့်လဲဆိုရင်မိမိရဲ့ပင်ကိုယ်စရိုက်တွေကနေမိမိတို့ရဲ့ပင်ကိုယ်အရည်အသွေးတွေဖြစ်လာလို့ပဲ ဖြစ်တယ်။အရည်အချင်းဟာ လူတိုင်းမှာ ရှိပါတယ်။ဒါပေ့မဲ့ အသုံးမချတတ်တဲ့အတွက် ကိုယ်အရည်အချင်းဘယ်လောက်ရှိလည်းဆိုမသိတာပါ။ကိုယ်အရည်အချင်းကိုအမြဲတမ်းဆန်းစစ်ပါ။အရည်အသွေးတိုးအောင် လုပ်ဆောင်ပါ။မိမိရဲ့ပင်ကိုယ်အရည်အသွေးတွေဟာအမြဲတမ်း ကောင်းတဲ့သဘောကိုဆောင်နေပါစေ။ဘာကြောင့်လဲဆိုရင်မိမိ့်ရဲ့ပင်ကိုယ်အရည်အသွေးကနေမိမိဘဝရဲ့ကံကြမ္မာတွေဖြစ်လာလို့ပဲ ဖြစ်တယ်။

ကောင်းသော ကံကြမ္မာတွေ ပိုင်ဆိုင်နိင်အောင် ကောင်းကောင်းတွေးပြီး စကားကောင်းလေးတွေပြောနိင်ပါစေ။စကားကောင်းတဲ့အတွက် မိမိရဲ့အမြင်အမှုလေးတွေ ကောင်းလားပြီး အကျင့်စရိုက်ဆိုးများ ပြင်နိင်ပါစေ။မိမိမှာစရိုက်ကောင်းလေးတွေရှိတဲ့အတွက် အရည်အချင်းဖြစ်လာပြီး လူတော် လူကောင်းဖြစ်ကြပါစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
30.11.2017/13:30pm
Msc -100

Sort:  

ဟုတ်​ကဲ့...ပို့စ်​အတွက်​​ကျေးဇူးပါ...ဗဟုသုတရပါတယ်

ကြိုးစားလျက်ပါ sis

ဟုဟု ကျွှန်တော်လူဂေါင်းပါ😂😂😂

ဟုဟု ကျော်က လူဆိုးထင်လို့ပါ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59139.97
ETH 2676.50
USDT 1.00
SBD 2.44