မေတ္တာသက်၍ ရန်ဖတ်မမှု

in #myanmar7 years ago

မေတ္တာသက်၍ ရန်ဖတ်မမှု

image

မေတ္တာဆိုတာ အသွားအပြန်ရှိသလို သစ္စာဆိုတာလည်း ခိုင်မြဲမှုရှိရမယ်။ကျွန်တော်တို့ပတ်ဝန်ကျင်တွေမှာကြည့်လျင် မေတ္တာကို ရှေ့ဆောင်ပြီး လုပ်နေကြတာရှိသလို့ ပတ်ဝန်းကျင်ကောင်းကျိုးတွေကို ရှေ့ရှုကာ လုပ်နေကြတဲ့သူတွေဆို အများကြီးရှိပါတယ်။ကဲဒါဆို ထိုပတ်ဝန်းကျင်ကလူတွေကို မိမိက မေတ္တာထားကြည့်ရင် လူချစ်လူခင်ပေါလာမယ်။ပတ်ဝန်းကျင်၏ချစ်ခင်ခြင်း နတ်ဒေဝါများချစ်ခင်မှုကို ရလာစေမယ်။နတ်များချစ်ခင် လူများချစ်ခင်စေသော ဆေးဟာ မေတ္တာဆိုတဲ့ ဆေးကိုပြောတာပါ။မေတ္တာသည် သူတစ်ပါးအတွက်အေးချမ်းမှုပေးသလို မိမိအတွက်ရော ငြိမ်းချမ်းမှုဖြစ်စေပါသည်။

ထိုလိုအေးချမ်းမှုပေးစေသော မေတ္တာမျိုးကို လူတိုင်းထားသင့်ပြီး လူတိုင်းရဲ့စိတ်ထဲမှာ ဆမတ္တာဆိုတဲ့တရားလေးတွေဟာ ကိန်းအောင်းနေပါတယ်။ဒါကို ထွက်ပေါ်လာအောင် ပြုလုပ်ပေးဖို့ မိမိက လုပ်ရပါမည်။သူတစ်ပါး ဘာလုပ်လုပ် မေတ္တာ စေတနာတွေနဲ့ ကြည့်ပေးပါ။အစ ပထမမှာ အရမ်းခက်ခဲသောလည်း ကာလကြာရှည်လာသောအခါ ပျော်ရွှင်စေပါသည်။ကိုယ်ဘက်ကမေတ္တာထားလျင် တစ်နေ့နေ့တစ်ချိန်ချိန်မှာလည်း မိမိရဲ့ မေတ္တာကို နားလည်လာလိမ့်မည်။မေတ္တာသည် ရန်သူအပေါင်းကို အောင်နိင်စေပြီး မေတ္တာဆိုတဲ့ လက်နက်ကို လူတိုင်း ကိုင်ဆောင်စေချင်တယ်။ရန်အပေါင်းရဲ့ မေတ္တာနဲ့သာ အောင်နိင်သည်။ဒါကြောင့် မေတ္တာ လူတိုင်းကို ထားပေးကြပါလို့ ပြောစေလိုပါသည်။

စာဖတ်သူအားလုံးအသိတစ်ခုရရင် ကျေနပ်ပါတယ်။အားလုံးဘဲကျန်းမာရွှင်လန်းကြပါစေ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
11.2.2018/6:50

Sort:  

Right.I agree.

Hello dear STEEMIAN......... You have received this message as a follower of @lightingmacsteem.

I would like to invite you to come visit the JOULESTEEM circuit posts, it may interest you to learn methods of harnessing atmospheric energy and create your own low-power off-the-grid energy source regardless of your location.

SBD author rewards sharing is also started to ptomote such approach, your support can greatly help in this goodwill good-for-our-Earth endevor.

Regards.