လေ့လာမှတ်သား အောင်မြင်ခြင်းတရားစာစု(၃)

in #myanmar6 years ago

လေ့လာမှတ်သား အောင်မြင်ခြင်းတရားစာစု(၃)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ခါ ဆောင်းပါးလေးရဲ့ခေါင်းစဉ်ကို လေ့လာမှတ်သား အောင်မြင်ခြင်းတရား အပိုင်း(၃)လို့ ပေးထားပါတယ်။နောက်လည်းခုလို အောင်မြင်မှုအကြောင်းကို ကျွန်တော် လေ့လာမှတ်သားမိသမျှ ရေးသားသွားပါမယ်။အောင်မြင်ရေးအတွက် နည်းလမ်းတွေအများကြီး ရှိသောကြောင့် မိမိနဲ့ အံဝင်ခွင်ကျ နည်းလမ်းများကို လေ့လာမှတ်သားပါ။အကုန်လုံးမှတ်သားရမယ်လို့ မဆိုလိုပါဘူး။မိမိအဆင်ပြေရာ လိုက်နာဖို့ဘဲ လိုပါတယ်။

Becoming number one is easier than remaining number one.
(ပထမရသူဖြစ်လာဖို့က ပထမနေရာမှာဆက်ဖြစ်နေဖို့ထက် လွယ်ပါတယ်)

ဒီစာသားလေးလည်း အောင်မြင်မှုအတွက် မှတ်သားသင့်တဲ့ စာသားပါ။Bill bredley ပညာရှင်က မိန့်ကြားဖူးတဲ့စာလေးပေါ့။

ပထမဆိုတာ သူများထက်တော်သူ ကျွမ်းကျင်သူ ထူးချွန်သူတွေကို ပေးတဲ့နေရာပါ။ဒါဆို ပထမရဖို့ လူတိုင်းကြိုးစားသင့်တယ်။ကြိုးစားသူတိုင်း ရပါတယ်။အဓိကလိုတာ ကြိုးစားချင်တဲ့စိတ်ဘဲ အရေးကြီးတယ်။တစ်ချို့က ပထမရချင်ကြပြီး ကြိုးစားမှုက မရှိပါ။ကြိုးစားမှုမရှိဘဲ ပထမ မရနိင်သလို အောင်မြင်မှုလည်း မရရှိနိင်ပါ။တစ်ချို့ချမ်းသားတဲ့သူတွေရှိပါတယ်။နောက်အောင်မြင်တဲ့သူတွေလည်း ရှိပါတယ်။ထိုသူတွေကို မေးကြည့်တော့ သူတို့က အောင်မြင်မှုဆိုတာ အခက်အခဲ မရှိဘဲ မရနိင်ဘူးတဲ့။တစ်ချို့ကတော့ ဒီလိုဘဲ အောင်မြင်လာတာပါလို့ဖြေကြတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာ ရှိပါတယ်။ဒီလိုဘဲ အခက်အခဲမရှိပါဘူး။ထောက်ပံ့သူတွေရှိကြတော့ အောင်မြင်လာတာပါလို့ပြောဆိုတတ်ကြတယ်။သူတို့ပြောတာ မှန်ပါတယ်။သူတို့တွေမှာ နောက်ခံကောင်းတဲ့အတွက် အလိုက်သင့်လေး အောင်မြင်မှုကိုရကြတယ်။သို့သော် ထိုအောင်မြင်မှုဟာ အမှန်တကယ် အောင်မြင်ခြင်းမဟုတ်ပါ။သူတို့တွေဟာ လောကဓံတစ်ခုခု ကြုံလာရင် ခံနိင်စွမ်းအားမရှိဘဲ ပြိုလဲကာ ကျရှုံးတတ်ပါတယ်။သူတို့ကိုယ်တိုင် ကိုယ်ထူကိုယ်ထမလုပ်ခဲ့သောကြောင့် အောက်သက်မကျေဘဲ အောင်မြင်မှုကို ဆက်မထိန်းနိင်ပါ။

ဒီလိုဘဲ ပထမရဖို့လွယ်ပြီး ပထမနေရာမှာ တည်မြဲဖို့က ခက်လှပါ၏။အောင်မြင်ခြင်းလည်း ထိုနည်းအတိုင်း အတူတူပါဘဲ။ကိုယ်ထူးကိုယ်ချွန်သမားများသည် လောကဓံဆိုတဲ့ ဏ်ကိုလည်း ခံနိင်ပြီး အခက်အခဲမှန်သမျှကိုလည်း ကျော်ဖြတ်နိင်သူများဖြစ်သည်။ထိုသို့ ကျော်ဖြတ်ရင် အတွေ့အကြုံတွေ ရလာကာ နောက်ဆုံးတွင် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိကြလေသည်။အောင်မြင်မှုနေရာ ပထမနေရာကိုရသောကြောင့် တာဝန်တစ်ခု ပိုလာကြောင်းသတိပြုမိသူနည်းသည်။

အောင်မြင်မှုရလာရင် အများအားဖြင့် ခဏလေးနဲ့ ကျဆုံးတတ်တယ်။အမှန်တကယ်အောင်မြင်သူဟာ အရမ်းနည်းတယ်။ထိုအောင်မြင်သူများသည် မိမိတို့ရဲ့တာဝန်ကို သိပြီး တည်တန့်အောင် ထိန်းသိမ်းနိင်လို့ ဖြစ်ပါတယ်။ထိုသို့ ထိန်းသိမ်းနိင်သောကြောင့် တာဝန်သိတတ်သူ တာဝန်ကျေသူလို့ သတ်မှတ်နိင်တယ်။ဒါကြောင့် အောင်မြင်လာရင်လည်း မိမိရေရှည် တည်တန့်နိင်အောင် ထိန်းသိမ်းပြီး တာဝန်ကိုသိပါ။လူတိုင်းအောင်မြင်မှုကို ထိန်းသိမ်းနိင်ပြီး ဘဝရည်မှန်းချက်ပြည့်စုံကြပါစေ။

(စကားလက်ဆောင်)

*အောင်မြင်ကိုရချင်ရင် အခက်အခဲဆိုတာ ကြုံတွေ့ရမယ်။

*အခက်အခဲများမှ အတွေ့အကြုံကောင်းတွေများမယ်။

*အခက်အခဲမှန်သမျှကို ဖြေရှင်းနိင်သူသည် အောင်မြင်မည်။

*အောင်မြင်ဖို့အတွက် ရေရှည်တည်မြဲအောင် ထိန်းသိမ်းဖို့ လိုအပ်တယ်။

*အောင်မြင်ချင်ရင် အတွေ့အကြုံများများယူပါ။
IMG_20180316_103810.jpg
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
15/3/2018
11:50am

Sort:  

အောင်မြင်မှုရယူနိုင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲဖို့ အောက်သက်ကြေဖို့တော့ လိုတာပေါ့နော် အစ်ကို

ဟုတ်တယ်ညီ။လူတိုင်းအောင်မြင်ချင်ရင်တော့ ဒီအချက်တွေလိုပါတယ်

အားပေးပါမယ်ဗျ

ကေိးဇူးပါ။ဒီထက်မက ကြိုးစားပါမယ်

post ကောင်းတစ်ခုပါ bro

ဟုတ်။ခုလိုကြားရတာ အားဖြစ်စေပါတယ်။

အားပေးလျက်ပါ

ကေိးဇူးပါ။နောက်လည်း ခုလိုအားပေးပါနော်။

မှန်​ပါတယ်​ဗျာ

ကေိးဇူးပါနော်

အ​ရေးသား​ကောင်းပြီးဗဟုသုတရပါတယ်​။

ဟုတ်။ခုလိုအားပေးတာ ကျေးဇူးပါနော်။

ဆက်​လက်​အား​ပေးလျှက်​ပါ

ဟုတ်။ဆက်လက်ပြီး ဒီထက်မက ကြိုးစားသွားပါမယ်

Thanks sharing bro😁

အားပေးလျှက်ပါဗျာ

စိတ်ဓာတ်ခွန်အား ပေးတဲ့ စာတစ်ပုဒ် ပါ။ ကောင်းပါတယ် bro ။ ဆက်ရေးပါဦး။

ဟုတ်​တယ်​ဗျ။ စိတ်ဓာတ်​ အားအင်​​တွေပါဗျာ။

ခုလိုကြားရတော့ ဝမ်းသာပါတယ်။နောက်လည်းဒီထက်မက ကြိုးစားပါမယ်

Thank you။ခုလိုအားပေးတဲ့အတွက် အားဖြစ်စေပါတယ်။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62349.28
ETH 3026.88
USDT 1.00
SBD 3.67