လေ့လာမှတ်သား အောင်မြင်ခြင်းတရားစာစု(၂)

in #myanmar7 years ago (edited)

လေ့လာမှတ်သား အောင်မြင်ခြင်းတရားစာစု(၂)

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ခါ ဆောင်းပါးလေးရဲ့ခေါင်းစဉ်ကို လေ့လာမှတ်သား အောင်မြင်ခြင်းတရား အပိုင်း(၂)လို့ ပေးထားပါတယ်။နောက်လည်းခုလို အောင်မြင်မှုအကြောင်းကို ကျွန်တော် လေ့လာမှတ်သားမိသမျှ ရေးသားသွားပါမယ်။အောင်မြင်ရေးအတွက် နည်းလမ်းတွေအများကြီး ရှိသောကြောင့် မိမိနဲ့ အံဝင်ခွင်ကျ နည်းလမ်းများကို လေ့လာမှတ်သားပါ။အကုန်လုံးမှတ်သားရမယ်လို့ မဆိုလိုပါဘူး။မိမိအဆင်ပြေရာ လိုက်နာဖို့ဘဲ လိုပါတယ်။

ဒီနေ့ အယ်လီဇဘက်တေလာရဲ့ စကားလေးတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။အယ်လီဇဘက်တေလာဟာ ကမ္ဘာကျော်မင်းသမီးတစ်ယောက်ဖြစ်တယ်။ဒါကြောင့် သူပြောခဲ့တဲ့ စကားလေးကို ကျွန်တော် သိသလောက်ဖွင့်ဆိုချင်ပါတယ်။

SUCCESS IS GETTING WHAT YOU WANT:
(အောင်မြင်မှုဆိုတာ လိုချင်တာကို ရတာပြောခြင်းဖြစ်ပါတယ်)

တေလာပြောတဲ့စကားလေးက အရမ်းမှန်ပြီး တွေးကြည့်ရင် မိမိတို့အတွက် အသုံးဝင်တာကို တွေ့ရှိရပေသည်။လူတိုင်း မိမိတို့လိုချင်ကြတဲ့ အရာတွေရှိကြပါတယ်။ကျွန်တော်လည်း လိုချင်တာတွေရှိသလို စာဖတ်သူတို့လည်း လိုချင်တာတွေ ရှိကြလိမ့်မယ်။ဒါဆို မိမိတို့လိုချင်တဲ့အရာတစ်ခုကို ရအောင်မယူချင်ကြဘူးလား။စဉ်းစားကြည့်ရင် ကျွန်တော်လည်း လိုချင်တာကို ရအောင်ယူချင်ပါတယ်။ဒါဆို များများမစဉ်းစားတော့နဲ့ လိုချင်တာကို ရအောင်ယူလိုက်ပါ။မိမိလိုချင်တာ ရအောင်ယူခြင်းဟာ အောင်မြင်မှု ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့လိုချင်တာ ရအောင်ယူဖို့ ကျွန်တော်တို့အလုပ်ဖြစ်ပါတယ်။တစ်နေကုန် ထိုင်နေပြီး ငါ ဒီအရာလေး လိုချင်လိုက်တာလို့ မပြောပါနဲ့။မိမိလိုချင်တာကို ရအောင်လုပ်ယူပါ။ဒါဟာ အောင်မြင်ခြင်း အစစ်အမှန်ဘဲဖြစ်တယ်။ဒီအောင်မြင်ခြင်းဟာ မိမိရဲ့ပိုင်ဆိုင်တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်။တကယ်လုပ်ရင် အဟုတ်ဖြစ်ရမယ်။တကယ်လုပ်ပါ။ဒါဟာ မိမိအတွေ့အကြုံရင့်ကျက်စေပြီး ဘဝရဲ့ သင်ခန်းစာတွေလည်း ရရှိစေပါတယ်။

ထိုင်မနေပါနဲ့။ထပြီးလုပ်ပါ။လူကိုအနား ပေးပါ။ပစ္စည်းကို အနားမပေးနဲ့။ခုလို စကားလေးတွေဟာ အရမ်းတိုပြီး ထိရောက်တဲ့စကားလေးတွေဖြစ်ပါတယ်။ထိုင်နေရင် ဘာမှမရပါ။တစ်ခုခုကို လုပ်နေမှ မိမိအတွက်လည်း အကျိုးရှိပြီး အခွင့်အလမ်းတွေ ပေါ်လာမယ်။ပစ္စည်းကို အနားမပေးနဲ့ဆိုတာ မိမိအလုပ်နဲ့ဆိုင်တဲ့ ပစ္စည်းကို ဥာဏ်နဲ့ခိုင်းတတ်ဖို့လိုပါတယ်။လူကတော့အနားယူပါ၊အနားယူတဲ့ဆိုတာ ဘာမှမလုပ်ဘဲ နေခိုင်းတာမဟုတ်ဘူးနော်။မိမိရဲ့ခေါင်းကတော့ ခဏတာ နားခိုင်းခြင်းဖြစ်တယ်။ခုလို ခဏတာ အနားပေးမှ အကြံကောင်း ဥာဏ်ကောင်းတွေပေါ်လာပြီး အလုပ်လုပ်ကိုင်ရာတွင် စိတ်ကြည်လင်ကာ အဆင်ပြေလိမ့်မည်။

ဒါကြောင့် လိုချင်တာကို ရအောင်ယူတာ အောင်မြင်းခြင်းပါ။မိမိတို့အနေနဲ့လည်း လိုချင်တာကို ထိုင်ပြီး ငြီးမနေဘဲ ဖြစ်အောင်လုပ်ပြီး ရယူပါ။ဒါဆို အောင်မြင်မှုဟာ မိမိနဲ့ သိပ်မဝေးတော့ပါ။လူတိုင်း အောင်မြင်ချင်ရင် မိမိလိုချင်တာကို နည်းလမ်းမှန်မှန်နဲ့ ရအောင် မဖြစ်မနေ ယူကြပါ။စာဖတ်သူအပေါင်းတို့ အောင်မြင်တဲ့သူများဖြစ်ကြပြီး ဒီစာလေးဖတ်မိပြီးသကာလ အသိပညာတိုးကာ ဘဝမှာ အောင်မြင်ကြပါစေ။

(စကားလက်ဆောင်)

*အောင်မြင်ခြင်းဆိုတာ လိုချင်တာကို ရအောင်ယူခြင်းဖြစ်တယ်။

*ပျော်ရွှင်ခြင်းဆိုတာ ရတာကို လိုအပ်ခြင်းဖြစ်သည်။

*အောင်မြင်ချင်ရင် တကယ်လုပ်ပါ။ဒါဆိုအဟုတ်ဖြစ်ရမည်။တကယ်လုပ် အဟုတ်ဖြစ်စကားအတိုင်းပေါ့နော်။

*အောင်မြင်ဖို့ ထိုင်မနေပါနဲ့။ထပြီးလုပ်ပါ။

*အောင်မြင်ခြင်းကို လူသားတိုင်း လိုချင်ကြတယ်။ဒါကြောင့် လိုချင်တာ ရအောင်ယူ တကယ်လုပ်သူသည် အဟုတ်ဖြစ်ရမယ်။
image
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
15/3/2018
10:26am

Sort:  

အမှန်ပါပဲဗျာ ကြိုးစားနေပါတယ်

thank you။ကျေးဇူးတင်ပါတယ်။နောက်လည်း အားပေးအကြံပြု ဝေဖန်ပေးပါနော်

လိုချင်တာကို ရအောင်ယူနိုင်ဖို့ကြိုးစားပြင်ဆင်ပါတော့မည်

ကြိုးစားပါ။ကြိုးစားသူတိုင်းအတွက်သာ အောင်မြင်ခြင်း ဆုလာဘ်တစ်ခုပါ

ဟုတ်​တာ​ပေါ့​အောင်​မြင်​​အောင်​ကြိုးစာပြီး ကိုယ့်​ဘဝတိုတက်​​အောင်​ လုပ်​​ဆောင်​သွားမှာ လိုချင်​တဲ့ ပန်းတိုင်​ကို အ​ရောက်​သွားနိင်​မှာ ဖြစ်​ပါတယ်​ ဆက်​လက်​​ရေသားတင်​ပြပါ​နော်​ အား​ပေး​နေမည်​ ညီ​လေး​ရေ Good post

ဟုတ်‌ကဲ့ပါ Bro .ကြိုးစားပါ့မယ်‌။

ဟုတ်ကဲ့ပါ။ခုလိုကြားရတာ အရမ်းဝမ်းသာမိပါတယ်

တစ်ကယ်ဖြစ်ချင် တစ်ကယ်လုပ် ..
အဟုတ်ဖြစ်ရမည် ..

right မနန်း

့ကြိုးစားပြင်ဆင်ပါတော့မည်

ကြိုးစားသူတိုင်း အောင်မြင်ကြမှာပါ

လိုချင်​တ​တွေက များ​နေတယ်​😁😁

ဒါဆိုပိုပြီး ကြိုးစားရမှာပေါ့

လိုချင်တာကို နည်းမှန်လမ်းမှန်နဲ့ ရအောင်ယူနိုင်ဖို့ ကြိုးစားဆောင်ရွက်ခိုင်းတာပါ။ထိုင်နေမှတော့ ဘာမှ အခွင့်အလမ်းပေါ်မှာမဟုတ်ပါဘူး။ကောင်းပါတယ်အစ်ကို ။အားပေးနေပါတယ်ခင်ဗျာ

ဟုတ်ကဲ့ပါနော်

အရမ်းကောင်းတဲ့postလေးပါကြိုးစားပါ့မယ်ရှင်

ခုလိုအားပေးတဲ့အတွက်ကေိးဇူးပါ

ကြိုးစားပါ့မယ်လေ😁😁

ဒါအမှန်ဘဲလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63126.02
ETH 2553.49
USDT 1.00
SBD 2.78