ဘဝအတွက်ငွေစုနည်း

in #myanmar7 years ago

ဒီဆောင်းပါးလေးကတော့ ငွေစုနည်းအကြောင်းကိုရေးထားတာဖြစ်တယ်။ငွေဘယ်လိုစုမလဲ။ငွေတိုးအောင် ဘယ်လိုလုပ်မလဲဆိုတာ သိစေချင်တဲ့ စေတနာ မေတ္တာနဲ့ ရေးလိုက်ပါတယ်။ဒီဆောင်းပါးကို ဆုံးအောင်ဖတ်စေချင်တယ်။
image
ခုပြောတဲ့ငွေစုနည်းတွေကရိုးရှင်း၍ အလွန်​မြန်​ဆန်​လွယ်​ကူ​သောနည်းလည်းဖြစ်​သည်​။
မိမိတို့ရဲ့ အလုပ်လုပ်လို့ရတဲ့ငွေကို ​နေ့တိုင်းတိုးပွား​အောင်​လုပ်​ပါ။စဉ်းစားပါ။အခွင့်အလမ်းကောင်းတွေရှာပြီးငွေကိုတိုးပွားအောင်လုပ်ပါ။အချိန်​ဆွဲမ​နေ့ပါနှင့်​ ယ​နေ့ပင်​စတင်​လုပ်​ပါ။သို့​သော်​ ရင်းနှီးမှုငွေပိုများ​လေပို​ကောင်း​လေဖြစ်သည်။ငွေစုခြင်းကို လူတိုင်းလုပ်ဆောင်နိင်ပါတယ်။ဒါပေ့မဲ့ ငွေစုချင်တဲ့ စိတ်ရှိဖို့လိုပါတယ်။ငွေစုရင်လည်း စနစ်တကျစုတတ်ရမယ်။လူအများကတော့ ငွေစုခြင်းဆိုတဲ့အလုပ်ကိုလုပ်နိင်ပေ့မဲ့ တိုးပွားအောင်လုပ်ဖို့ခက်ပါတယ်။အခွင့်အလမ်းတွေ မရှာတတ်လို့လည်း တိုးတတ်အောင်မြင်တဲ့လမ်း မတွေ့တာပါ။
နောက်တိုးပွား အောင်မိမိစုတဲ့​ငွေထဲမှ အဘယ်​ချိန်​မဆို လုံးဝယူမသုံးရ ဟူ​သော စည်းကမ်းကို တိကျစွာလိုက်​နာပါ။ဘယ်လိုအကြောင်မျိုးဘဲဖြစ်ဖြစ် ဘယ်လောက်ပင် အရေးကြီးကြီး မယူသုံးပါနဲ့။ဒါက အဓိက အရေးကြီးတဲ့အချက်ပါ။လူတိုင်းငွေစုတတ်တယ် ဒါပေ့မဲ့ မိမိစုထားတဲ့ငွေကို ကြာရှည်မထိန်းတတ်တဲ့အတွက် စုငွေဟာ တိုးပွားမလာဘဲ စုတတ်တယ်ဆိုတဲ့ အပြောဘဲခံရတာပါ။အမှန်တကယ် စုထားတဲ့ငွေကို ဘယ်လောက်အရေးကြီးကြီး ယူမသုံးဘူးဆိုရင် ငွေဟာ တစ်ဖြည်းဖြည်းနဲ့ နည်းနည်းခြင်း စုမိလာပြီး တိုးပွားလာမှာအမှန်ပါ။ထိုအပြင် တိုးပွားအရင်း​ငွေကို သီးခြား စာရင်းဖွင့်​ထားပါ ။ထိုအရင်းမှ ဘယ်​​တော့မှ ယူမသုံးရ ၊ မ​ချေးယူရ။ဘယ်​အ​ကြောင်း​ကြောင့်​မှ ယူမသုံးရ ​ချေးမယူရ။ လွယ်​လွယ်​ကူကူ ယူသုံး​ငွေသည်​ အလဟာသ ကုန်​သွားလိမ့်​မည်​။

မိမိငွေများလာတဲ့အခါတိုးပွားရင်း​ငွေ လုံလုံ​လောက်​​လောက်​ စု​ဆောင်းမိ​သောအချိန် တိုးပွား​နေ​သော ကုမ္ပဏီတစ်​ခုခု သို့မဟုတ်​ စီးပွား​ရေးတစ်​ခုခုတွင်​ အစုရှယ်​ယာဝင်​၍ အရင်းနှီးမြှုပ်​နှံပါ။နောက်ပြီးအလုပ်​တစ်​ခုတည်းလုပ်​ပြီး ထိုင်​​စောင့်​မ​နေပါနှင့်​ တစ်​ခြားအလုပ်​များကိုလည်းလုပ်​နိုင်​​အောင်​ကြိုးစားပါ ၊ အရင်းအနှီးမြှုပ်​နှံ​ရေးလုပ်​ငန်း ကျွမ်းကျင်​သူ၏ အကြံဥာဏ်​ကို ပထမဦးစွာ ရယူပြီးမှ ရင်းနှီးမြှုပ်​နှံခြင်းသည်​ အ​ကောင်းဆုံးဖြစ်​၏
နေ့စဉ်​ အရင်း​ငွေစာရင်းတွင်​ ​နေ့စဉ်​မပျက်​မကွက်​ ဖြည့်​စွက်​စု​ဆောင်းသွားပါ။နှစ်တွေကြာလာတဲ့အချိန်တွေမှာ ငွေကတိုးပွားလာလိမ့်မယ်။တိုးပွားလာတဲ့ငွေထဲက တစ်ချို့တစ်ဝက်ကိုလှူ ပါ။အလှူအတန်လုပ်ခြင်းဟာ မိမိဘဝအတွက် အာမခံချက်တစ်ခုဖြစ်တယ်။
နေ့စဉ်​ အရင်း​ငွေစု​ဆောင်းခြင်းသည်​ ​ချွေတာစု​ဆောင်းခြင်းသက်​သက်​မဟုတ်​ ​ငွေ​ရေး​ကြေး​ရေးအတွက်​ တစ်​သက်​တာ စိတ်​​အေးရ​အောင်​ ကြိုတင်​​ဆောင်​ရွက်​ခြင်းဖြစ်​၏။ဒါကြောင့် ငွေစုခြင်းကို လူတိုင်းလုပ်ကြပါ။အသက်အရွယ်ရလာချိန်မှာ မိမိအတွက် အရမ်းအကျိုးဖြစ်လာပါလိမ့်မယ်။
ငွေကိုအနည်းဆုံး တစ်​ပတ်​တစ်​ကြိမ်​ တစ်​လတစ်​ကြိမ်​ မိမိအရင်း​ငွေနဲ့ မိမိဝင်​​ငွေကိုစစ်​​ဆေးပါ စာရင်းပြုပါ။ငွေအဝင်အထွက်ကို သေချာစာရင်းပြုစုပါ။ဖြစ်နိင်မယ်ဆို ​နေ့တိုင်းလုပ်​နိုင်​ရင်​ပို​ကောင်းပါသည်​။ဒါဆိုစာဖတ်သူတို့သည်​ ​နေ့စဉ်​ အရင်း​ငွေ စု​ဆောင်းခြင်းကို ပြုလုပ်​ခြင်းဖြင့်​ ​ငွေတန်​ဖိုးကို ပိုသိလာမည်​။လူတော်လူကောင်းလေးတွေဖြစ်လာပြီး အဖိုးတန်တဲ့ အမျိုးကောင်း အမျိုးသမီးကောင်းလေးတွေ ဖြစ်လာပါမယ်။

ဆောင်းပါးလေးရှည်သွားရင် စိတ်ရှည်ရှည်ထားပြီးဖတ်ပါလို့ပြောခဲ့ပါရစေ။steemitmyanmarအဖွဲ့သားများ စိတ်လက်ကျန်းမာပြီး ကိုယ်စိတ်နှလုံး အေးမြကြပါစေ။
အမြဲကြိုးစားလျက်
author tunnaingwin
29.11.2017/24:30am
Msc 100

Sort:  

ကိုယ်​စုထားတဲ့​ငွေကိုလုံးဝယူမသုံးရဆိုတဲ့စည်းကမ်းကိုအရင်​ဆုံးပြုလုပ်​ရမယ်​။

မှန်​တယ်

ဒါကတော့ အဓိကအရေးကြီးဆုံးပါ

ငွေကိုခွဲစုရမယ် မက်တပ်စာပဲရှိပီး တုံးလုံးစာမရှိလို့မဖြစ်ပါဘူး

ငွေကိုစုရင် ၅ ပုံထားပြီးစုပါ။အရင်ဆောင်းပါးတွေမှာရေးထားပါတယ်

စုမယ်​ စုမယ်​နဲ့ ​ငွေက ထွက်​ထွက်​သွားတယ်​။

စုစု များရင်

စုတော့စုချင်သား ဒါပေမယ့် စာဖို့တောင်မလောက်ဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲ ကျေးဇူးတင်ပါတယ်

ခွဲပြီးစုပါအကို

Thanks for sharing.

စုတော့ခါ စုဖူးပါတယ်ဗျာ သို့သော် ပြန်ယူသုံးတဲ့ အလေ့အထ အပျောက်ဘူးဖြစ်နေတယ်။

တတ်နိင်သလောက်တော့ စုကြပါ။

Congratulations @tunnaingwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

စုလိုက်ကုန်လိုက်ပဲ
မတက်နိုင်တဲ့အကြောင်းတရားလေးတွေပေါ်လာတော့လည်း

ဘာကြောင့် မတတ်နိင်တဲ့အကြောင်းအရာဖြစ်ရလည်းဆိုတာ ဆန်းစစ်ပါ

ငွေ မစုဖြစ်တာကြာပီ
ဝါသနာတော့ပါတယ်

ဆက်စုပါအကို။အလေ့အကျင့်က အ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62835.77
ETH 3392.04
USDT 1.00
SBD 2.50