Nikon D3400 DSLR Camera with 18-55 Lens Kit-Black

in #myanmar7 years ago (edited)

မိမိမှာcamera ဝယ်မည်ဟုစဉ်းစားခဲ့ သည်မှာ လွန်ခဲ့ သော2017ကတည်းကပင်။Camera ကိုဈေးကြီးပေးမဝယ်လိုပေ။ ဈေးအသင့်လောက်ကဝယ်ချင်သည် ဒီလိုနဲ့ ရှာဖွေရင်း အခုတော့ Nikon ရဲ့ D3400 လေးတော့စိတ်တိုင်းကျမိပီ။ Singapore မှာတော့ Harvey Norman မှာရောင်းချတဲ့ ဈေးမှာ SGD 749 ဖြစ်ပီး စလုံးရဲ့ လူသုံးအများဆုံးonline shopping Lazada မှာတော့ SGD 539ကျပ်ဖြင့်ဖော်ပြရောင်းချလျှက်ရှိပါသည်။Specifications တွေကအတူတူပင် အဘယ်ကြောင့်online shopping မှဈေးသက်သာသည်မသိပေ။Online မှာဝယ်ယူတာနဲ့ အပြင်သွားရောက်ပီးဝယ်ယူခြင်းသည်ခြားနားပါသည်။အပြင်သွားရောက်ဝယ်ယူလျှင်မျက်မြင်ကိုယ်တွေ့ မိမိဝယ်ယူလိုသောပစ္စည်းအားတွေ့ မြင်ရပီး မသိတာရှိလျှင်လည်းဝန်ထမ်းများအားမေးမြန်းနိုင်ပါသည်။Online တွင်ဝယ်ယူရသည်မှာကား ဓါတ်ပုံမျှသာမြင်ရသည့်အတွက် မိမိမှာကား ခတ်မမှီဟုဆိုရမလား online shopping ကို လုံးလုံးပင်မနှိက်သက်မိ။
D3400 1.png
D3400ရဲ့  Features အကျည်းကတော့

Lens model- 18-55mm

Megapixels- 24.2

Optical Zoom - 10.0

Size - 124 x 98 x 76mm

Weight - 395

Type Of Battery - Removable Rechargeable Battery

အပိုပစ္စည်းအနေဖြင့် 16 GB memory card နဲ့ Camera Bag ကိုထည့်ပေးထားပါတယ်။

မိမိလိုပင် Camera ကို၆သိန်း ၇သိန်းဖြင့်ရှာဖွေနေသူများကိုမျှဝေပါရစေ။

Steemit အဖွဲ့သားအပေါင်း အောင်မြင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက်........Than Than Soe(Steemit)
Photo Credit By Nikon Google Image

Sort:  

ဝယ်ဦးမှပါ တလုံးလောက်

ဝယ်မယ်ဆိုD3400ဝယ်ပါ👍🏻

All right Sir

နော်က 3100ပေါ်ခါစကဝယ်ထားတယ်ဗျ

အိုဟို

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59527.28
ETH 2462.24
USDT 1.00
SBD 2.49