ကားတိုက်မှု

in #myanmar6 years ago

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်၍ ခြောက်ဦးသေဆုံး

ကော့ကရိတ်၊ မတ်၂၃

ကော့ကရိတ်-မြ၀တီသွား အာရှလမ်းမကြီး ကီလိုမီတာ၁၃၉နှင့်၁၄၁အကြားတွင် ယာဉ်တိုက်မှုကြောင့် (၆)ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာ မတ်၂၃ရက် ည ၈ နာရီခွဲခန့်က ကော့ကရိတ်-မြ၀တီသွားကားလမ်း ကီလိုမီတာ ၁၃၉နှင့် ၁၄၁အကြား ဒေါနအလင်းကုမ္ပဏီအနီး ယင်းနေ့ ၈ နာရီခန့်က မြ၀တီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ အာရှလမ်းမကြီးအတိုင်း ယာဉ်မောင်း မှုံကြီး(ခ)ငွေလင်းအောင်(၃၆)နှစ် ထုံးအိုင်ကျေးရွာ ၊ ဘားအံမြို့နေသူမောင်းနှင်ပြီး ခရီးသည်ကိုးဦးတင်ဆောင်လာသော ယာဉ်အမှတ် 9G----- Honda Odysseyယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်နားထားသည့် ကုန်တင်ယာဉ်ကို နောက်မှဝင်ရောက်တိုက်မိရာ Odysseyယာဉ်မှာ ပျက်စီးသွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း မှုံကြီး(ခ)ငွေလင်းအောင်၊ (၃၆)နှစ် ထုံးအိုင်ကျေးရွာ၊ ဘားအံမြို့နေသူ အပါအ၀င် ယာဉ်ပေါ်ပါသူ ခြောက်ဦးသေဆုံးကာ ဒေါ်သိန်းငွေ၊(၆၁)နှစ်အပါအ၀င်သုံးဦး (စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရလူနာများနှင့် သေဆုံးလူနာများအား ကော့ကရိတ်မြို့၊ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ယာဉ်များဖြင့် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ကြောင်းနှင့် ဒဏ်ရာရရှိခဲ့သည့် ဒေါ်သိန်းငွေ၊(၆၁)နှစ် အား ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဘားအံခရိုင်ပြည်သူ့ဆေးရုံသို့ ညတွင်းချင်းဆက်လက် လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း မှုံကြီး(ခ)ငွေလင်းအောင်(သေဆုံး)အား ကော့ကရိတ်မြို့မရဲစခန်းက အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

#နိုင်ငံတော်မှုတ်ကြီး
Ye Yint Tun image

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63749.66
ETH 3419.02
USDT 1.00
SBD 2.48