အမေဆိုသောမိန်းမသား

in #myanmar6 years ago

#အမေဆိုသောမိန်းမသား image


** အတိတ်ဆီသာ ပြန်ရောက်ပြီမို့
မိတ္ထီလာ ကန်အောက်နားဆီးက
ဖားကောက်ခဲ့ တေးသီဆို။

** အခေါင်ထုပ်မာလ
စောင်စုတ်ကိုပုခက်ဆင်ပါလို့
သက်သခင် ပုတ္တာအထွေးရယ်က
စက်မရွှင် အဟုတ်သာမှေးပါတော့
ဆိုတေးမှာကွဲ့ အေ့အေ့အို။

** နို့ရေ(ရည်)ချို လာလာနှိုက်တာမို့
စို့စေလို မာတာတိုက်ပြန်ပေါ့
ခါခါကြိုက်ပါလို့ အချစ်ရယ်ပို
အပြစ်ဘယ်မဆိုတဲ့ မိန်းမသား။

** သူ့အရွယ်
မနုနယ် တကယ်ရင့်ပေမင့်
ပြုစဖွယ် မပြယ်လင့်ပါဘု
ကြွယ်တင့်ရာ မေတ္တာသွေးရယ်နှင့်
မပစ်ခွာ ချစ်သဒ္ဒါပေးတာကြောင့်
(အမေ့ဘဝကို နော်ဗျာ...... )
တွေးလို့ သနား ။ ။

                        မောင်လွယ်အိပ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58241.28
ETH 2648.33
USDT 1.00
SBD 2.45