Pearl ( ပုလဲ )

in #myanmar8 years ago

Pearl ( ပုလဲ ) အကြောင်း

Hello ,

IMG_20180611_124904.png
ပုလဲ သည် နဝရတ်ကိုးပါးဝင် ရတနာတစ်မျိုးလည်း ဖြစ်တဲ့အပြင် ဝတ်ဆင်တဲ့အခါမှာလည်း လှပ တင့်တယ်ပြီး ကျက်သရေရှိလှပါတယ်။

ပုလဲရတနာ ရဲ့ အာနိသင်ကတော့ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်ပါတယ်။

ပုလဲ ကို ကမာကောင် (သို့) မုတ်ကောင်ရဲ့ ကိုယ်တွင်းက ရရှိ ပါတယ်။

တွင်းထွက် ကျောက်မျက်ရတနာ မဟုတ်သော်လည်း ပုလဲရတနာကို မြန်မာလူမျိုးများသည် နဝရတ်ကိုးပါးမှာ ပါဝင်တဲ့ ရတနာတစ်ပါး အဖြစ်နဲ့ အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်လေ့ရှိကြပါတယ်။

ပုလဲရတနာရဲ့ အားသာချက်ကတော့ ကျောက်မျက်တွေလို ခွဲဖြတ်ခြင်း သွေးယူခြင်းတွေ လုပ်စရာ မလိုဘဲ ကမာကေင် အတွင်းမှ ဖော်ယူ ပြီးလျှင် ပြီးခြင်း လှပနှစ်လို ဖွယ်ရာအသွင်အပြင်နဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။

ပုလဲတွင် သဘာဝပုလဲနဲ့ မွေးပုလဲလို့ နှစ်မျိုးနှစ်စား ရှိနေပါတယ်။

သဘာဝပုလဲဟာ မုတ်ကောင် ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ တွေနဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။

မွေးပုလဲဆိုတာကတော့ သဘာဝပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတွေက ပြုပြင် ဖန်တီးထားတာဖြစ်ပါတယ်

IMG_20180611_124738.png

ပုလဲ ရတနာ ကို ကျက်သရေ အချစ် အိမ်ထောင်သာယာရေး တို့အတွက် အမျိုး သမီးများအဆောင် အဖြစ် ဝတ်ဆင်ကြပါတယ်

ပုလဲရတနာသည် နှလုံးရောဂါ ကို ပျောက်ကင်းသက်သာစေပါတယ်

@tintinnyo

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.081
BTC 61162.31
ETH 1630.20
USDT 1.00
SBD 0.42