သူများယောင်လို့ ယောင်ရတယ်(Tin Myo Aung)

in #myanmar7 years ago

image
ကျွန်​​တော်​ လူပျိုပေါက်အရွယ်ကပေါ့ ။ နွေရာသီ ကာလကြီး ။ အဲ့ဒီနှစ်က အပူလှိုင်းဖြတ်တာဆိုလား ၊ အင်မတန် ပူတဲ့ အချိန်ကြီးပေါ့ ။ ရာသီဥတုက ပူတော့ အင်္ကျီလည်း မကပ်နိုင်ဘူး ။ ဘောင်းဘီတိုလေးနဲ့ အပေါ်ပိုင်း ကိုယ်ဗလာ နဲ့ နေရတယ် ။ မျက်နှာမှာလည်း လူပျိုပေါက်အရွယ်ဆိုတော့ ၀က်ခြံတွေက ထူလပျစ်ကြီး ၊ အဲဒါနဲ့ သနပ်ခါးကို ထူပိန်းနေအောင် လိမ်းထားတာပေါ့ ။
အချိန်ကတော့ ည (၁၀) နာရီသာသာလောက်ဘဲ ရှိဦးမယ် ထင်ပါ့ ။ ကျွန်​​တော်​က အိမ်ရှေ့က ကွပ်ပျစ်ပေါ်မှာ မှောက်လျက်ကြီး ။ စိတ်ကူးတွေ ယဉ်နေတာ ။ တစ်ခြားမတွေးနဲ့ ၀တ္ထုစာအုပ်ဖတ်ပြီး ဇာတ်လမ်းကို ဈာန်ဝင်စား နေတာ ။ ကျွန်​​တော်​ အစ်ကိုကြီး က အိမ်ရှေ့ ကပြင် မှာ ပက်လက်ကုလားထိုင်ပေါ်မယ် ၊ သူကလည်း အိင်္ကျီချွတ် ကြီး နဲ့ ။ သူက အိမ်ပေါ်က ကျွန်​​တော်​က အိမ်အောက်က ကွပ်ပျစ်ပေါ်မှာ ။

" ကျွန်​​တော်​ကို … ညီလေး … မင်းက ဒီနေ့ည အဲ့ဒီ ကွပ်ပျစ်ပေါ် အိပ်မှာလား "

" အင်း "

" အေးလေ .. မင့် အိပ်ချင်အိပ်ပေါ့ … မနေ့ညက ငါ အဲ့ဒီကွပ်ပျစ်ပေါ်အိပ်နေတာ … သရဲခြောက်ခံရတယ် ဆရာ့ "

" အပိုတွေ … မင်း အိပ်ချင်လို့ ငါ့လာခြောက်နေတာ .. မသိဘူးများ ထင်နေလား …ခါတိုင်းက မင်းက အရင် ဦး ဦး သွားလို့ … ဒီနေ့တော့ မရဘူး .. သရဲမကလို့ သဘက်ကြီး ခြောက်ခြောက် ဒီနေ့ည ဒီပေါ် ငါ အိပ်မှာ "

" မယုံလည်း နေပေါ့ဟ … ညဥ့်နက်မှ ထ ပြေး လာနေရမယ်နော် "

" တာ့တာဘဲ "

ညီအစ်ကို နှစ်ယောက် ကွပ်ပျစ် လု နေတုန်း ခပ်လှမ်းလှမ်း ဆီကနေ သူခိုး ၊ သူခိုး ဆိုပြီး အသံတွေ ကြားလိုက်ရပါတယ် ။

" သူခိုး ဗျို့ … သူခိုး … သူခိုး "
" ဟေ့ကောင် .. ကြားလား … သူခိုးတဲ့ … သူခိုးတဲ့ "
" ကြားတယ်လေ … ဘာဖြစ်လို့တုန်း "
" ဟာ … ထ လိုက်ပါတော့လား ဟ … ညီ​လေးရ "
" ဘာလို့ လိုက် ရမှာ တုန်း … ငါ ထ လိုက်ရင် မင်းက ငါ့ကွပ်ပျစ် လု မှာ .. မင့်ဟာမင်း ထ လိုက် "
" ဟာ … ဒီကောင် သူခိုးပါတဲ့ဆိုမှ … လာ လိုက်ကြရအောင် .. နှစ်ယောက်လုံး လိုက်မယ် … လာ "
" အလကား ကွာ … အခုမှ ည (၁၀) နာရီကျော်ရှိတယ်သေး … ဘယ်က သူခိုးက လာမှာတဲ့တုန်း … လိုက်မနေ နဲ့ သူခိုးက အိမ်ရှေ့ကနေ ဖြတ်ပြေးမှ ထွက်ရိုက်ရအောင် "

" ဟာ … ဒီကောင် ဒုံးပေ ကပ်သပ် နဲ့ … ဦးမောင်မြင့်တို့ အိမ်ဘက်က ကြားတာကွ … မင်းမလိုက်ချင်နေ … ငါတော့ လိုက်မယ် "
အဲ့သလိုပြောပြီး ကျွန်​​တော်အစ်ကိုလည်း သူခိုးနောက် လိုက်သွားပါလေရော ။ ကျွန်​​တော်ကတော့ အေးဆေးဘဲ ။ ကိုယ့်အိမ်လာခိုးတာလည်း မဟုတ်ဘူးလေ ။ သူများအိမ်ခိုးတာ လေ ခိုးခိုးပေါ့ ။ ဘာဖြစ်တုန်း ။ ကျွန်​​တော်​ကတော့ နေသာသပါ့ လေညာ က ။ ငယ်ငယ်တုန်းကတော့ ဒီလို စိတ်မျိုးကိုး ။ ကိုယ့်စာအုပ် ကို သဲကြီးမဲကြီးဖတ်နေတုန်း … အိမ်ရှေ့ကနေ လူ (၁၀) ယောက် (၁၅)ယောက်လောက် ဒရောသောပါး ပြေးသွားကြတယ် ။ ပါးစပ်ကလည်း မလွတ်စေနဲ့ ။ မလွတ်စေနဲ့ ။ မိရင် မှတ်လောက် သားလောက်အောင် ရိုက်ပစ် ဆိုပြီး အော်သွားသေးတယ် ။

ဟော်ဗျာ ။ ဘယ်နှယ့်လူတွေတုန်းဟ ။ သူ့ခမျာ မရှိလို့ ခိုးစားပါတယ်ဆိုမှ မိရင် မှတ်လောက်အောင် အရိုက်ခံ ရဦးမယ် ဆိုပါ့လား ။ အယ်ကွာ ။ တော်တော် အကြင်နာတရားကင်းမဲ့တဲ့ လူတွေဘဲ ပေါ့ ။ ကိုယ်ကတော့ ဒီလို တွေးတာကိုး ။
ငယ်ငယ်တုန်းကတော့ ငယ်သေးတာကိုး ။ ဘယ်သိပါ့မလဲ ။ အခုတော့ ကြီးပါပြီ ။ အမေကလည်း ပြောပါတယ်။ ငါ့သား မင်းကြီးနေပြီတဲ့ အရင်လို ပေါတောတောတွေ မလုပ်နဲ့ တဲ့ ။ကျွန်​​တော်​ကလည်း ကိုယ့်အောက်ကို ငုံ့ကြည့်တော့မှ သိရတယ် ။ သြော် .. ငါ တောင် တော်တော် ကြီးနေပြီ ကိုး ။ ကိုယ့်အောက်က ကလေးတွေ အရွယ်ရောက်လာတာကို ကြည့်မှ ကိုယ့်အသက်ကြီးမှန်း သိရတာကိုး ဗျ ။

အဲ့ဒီလိုနဲ့ ကျွန်​​တော်တို့အိမ်ရဲ့ အနောက်ဘက်လမ်းထိပ်မှာ သူခိုးဖမ်းပွဲကြီးကလည်း အုံးအုံးထ ၊ ၀က်ဝက်ကွဲ ကျင်းပနေတယ်ဗျ ။ မိပြီလားဟေ့ ၊ အဲဒီခြုံတွေဘက် ၀င်သွားတာ မြင်လိုက်တယ်ဟေ့ ၊ လိုက်ဟေ့ လိုက်ဟေ့ နဲ့ … အို … ဆူညံလို့ ။ကျွန်​​တော်​လည်း စာထဲ ဈာန်မ၀င်နိုင်တော့ဘူး ။ အဲ့ဒါနဲ့ သူခိုးဖမ်းတဲ့နေရာ ထ လိုက်သွားလိုက်တယ် ။

ဦးမောင်မြင့်တို့ ခြံဝန်းကြီးက အကျယ်ကြီးဗျ ။ ခြံထဲမှာက ဂွေးပင်တွေနဲ့ ။ သူ့ခြံအနောက်ဘက်က ခြုံတောကြီး ၊ ခြုံတွေကလည်း လူ့ခါးသာသာ လောက်ရှိတယ် ။ ကျွန်​​တော်​ရောက်တော့ သူခိုးဖမ်းတဲ့ လူတွေက အယောက် (၅၀) ၊ (၁၀၀) ယောက်ရှိတယ် ။ နွေရာသီဗျာ ၊ ည(၁၀)နာရီသာသာလောက်ရှိသေးတာ ။ ဘယ်သူမှ မအိပ်ကြသေးတော့ ယောင်္ကျား ၊ မိန်းမ ၊ ကလေး ၊ လူကြီး ၊ အိုကြီး အိုမ မကျန် ရှိသမျှအကုန် သူခိုး လိုက်ဖမ်း ကြတာကိုး ။
ကျွန်​​တော်​လည်း ယောင်တောင်တောင်နဲ့ သူခိုးဖမ်းနေတဲ့ လူတွေနား ရောက်သွားတာပေါ့ ။ အဲ့ဒါနဲ့ အနားမှာ ကုန်းကုန်းကွကွနဲ့ သူခိုးရှာနေတဲ့လူကို မေးကြည့်လိုက်တယ် ။

" မိပြီလားဗျ … သူခိုးက "

"မမိသေးဘူး "

" ဂွေးပင်ပေါ်တွေ တက်ပုန်းနေဦးမယ်နော် "

ကျွန်​​တော်က အဲ့သလိုလေး အကြံပေးရုံ ရှိသေး ။ သကောင့်သား က -

" ဂွေးပင်ပေါ်မှာတဲ့ ဟေ့ …. ရှာကြ .. ရှာကြ " ဆိုပြီး ထ အော်ပါလေရော ဗျာ ။ ရော် …. ဘယ်လိုလူတုန်းဟ … ငါလည်း ဂွေးပင်ပေါ်မှာလို့ မပြောမိပါဘူးဟ … ဘယ့်နှယ့် ..
သူက အဲ့သလို ထ အော်လိုက်တယ် ဆိုရင်ဘဲ … သူခိုးလိုက်ရှာနေကြတဲ့လူတွေ အကုန်လုံး ဂွေးပင်တွေရောက် အလုအယက် ရောက်လာကြတယ် …. ပြီးတော့ ဓါတ်မီးတွေ နဲ့ ထိုးကြ ၊ ရှာကြ ။ ဂွေးပင်အကုန်လုံး စတိတ်ရှိုး ထွက်နေသလား အောက်မေ့ရတယ် ။ မီးတ၀င်းဝင်းနဲ့ ။ ဒီလောက် ဓါတ်မီးရောင်တွေ ဖွေးနေတာကို ဘေးနားက သကောင့်သားက မပြောမဆို ဂွေးပင် တစ်ပင်ပေါ်ကို ကောက်ကာ ငင်ကာ တက်သွားပါလေရော ။

" ဟေ့လူ … အပင်ပေါ်တက်ပြီး ဘာလုပ်မှာတုန်း "

" အောက်ကနေကြည့်တာ … မမြင်ရလို့ .. အပင်ပေါ်တက်ကြည့်မလို့ "

" ဟာ … အတော်ခက်တဲ့လူ … သူခိုးဆီမှာက ဘာလက်နက် ပါလို့ ပါမှန်းမသိဘဲနဲ့ … တစ်ကယ်လို့ တက်သွားပြီး အပေါ်ရောက်မှ သူခိုးက ဓါးပါလို့ ဓါးနဲ့ အထိုးခံနေရဦးမယ် "

အဲ့ဒီလိုပြောလိုက်ကာမှ ကြောက်လန့်ပြီး အပင်ပေါ်ကနေ ပြန် ခုန် ချ လာတယ် ။ အတော်ခက်တဲ့လူတွေ … ဘာမှ မဟုတ်ဘူး .. ဒီလို လူထူထူမှာ သူက သူခိုးအရင်ဖမ်းနိုင်တယ်ဆိုရင် ပေါ်ပြူလာဖြစ်မှာ ဆိုတဲ့ အတွေးနဲ့ ။ ခက်ပါ့ ။

" ခင်ဗျား ဓါတ်မီး ခဏ ပေးစမ်းပါဗျ … အခုနတုန်းက အပင်ပေါ်က အသံတစ်ခု ကြားလိုက်မိသလားလို့ "
ကျွန်​​တော်လည်း သူ့ဆီက ဓါတ်မီးငှားပြီး အပင်ပေါ်ကို တောင်ထိုး မြောက်ထိုး ထိုးကြည့်လိုက်တယ် ။
" ဟာ … ဟိုမှာ … ဟိုမှာ … "
" ဟမ် … ဘာတုန်း … သူခိုးလား .. သူခိုးလား "
" မဟုတ်ဘူးဗျ … ဂွေးသီး နှစ်လုံး အတွဲလိုက်ကလေး …. တွေ့လား … တွေ့လား "
" ဟာ … ဂွေးပင်ပေါ်မှာ ဂွေးသီး မတွေ့လို့ …. နင့်ဂျီးဒေါ်ရီး တွေ့ရမှာလား ဟ "
" သေချာကြည့် စမ်းပါ … အဲ့ဒီဂွေးသီး နှစ်လုံးက တစ်ခြား ဂွေးသီးတွေနဲ့ မတူဘူးဗျ … တစ်ခြား ဂွေးသီးတွေက စိမ်းဖန် နေတာ … အဲ့ဒီနှစ်လုံးက ဖြူဖတ် ဖြူယော်ကြီးတွေ "

အမှန်က သူ အားကြိုးမာန်တက် သူခိုးလိုက်ဖမ်းနေတာကို ကလိ ချင်တာနဲ့ … ကျွန်​​တော်​လည်း လျှောက်ပြီး စ ၊ နောက် နေတာ ရယ် ။

" ဟ … အဲ့ဒါ ဂွေးသီး ဂျွတ် တက် နေတာ ဟ … ဂျွတ်တက်နေလို့ ဖြူနေတာ .. ဘယ်လိုကောင်တုန်းဟ "

ဆိုပြီး ပြောလည်းပြော ၊ လူကလည်း ကျွန်​​တော်ကို လှည့်ကြည့်လိုက်တယ် ။

" ဟင် "

" ဟ … ဘာတုန်း "

" မင်း … မင်း …. မင်းက ဘယ်သူတုန်း … ဘယ်ရပ်ကွက်ကလဲ … ဟမ် … အင်္ကျီ ကိုယ်တုံးလုံးကြီးနဲ့ …. ဟေ့ကောင် … မင်း ဘယ်သူတုန်း .. . လာကြပါဦးဗျို့ … ဟော့ဒီမှာ … ဘယ်သူမှန်း မသိလို့ .. . လာကြပါဦး "

" ဟာ . . ဟာ ဟေ့လူ … ဘာလို့ အော်တာတုန်း … "

သူက စွတ်အော်တော့ သူခိုးလိုက်တဲ့ လူတွေ အကုန်လုံး ကျွန်​​တော်​တို့နား ၀ိုင်း အုံ လာတယ် ။ ဟာ ၊ ဒုက္ခဘဲ ဒီလူ အော်တာနဲ့ ဘုမသိ ၊ ဘမသိ သူခိုးပါဆိုပြီး ၀ိုင်းရိုက် ကြ ရင်တော့ သေပြီ ။ အမှန်က သူက ကိုယ့်ရပ်ကွက်ကလူပါဘဲ ။ သူနဲ့ကိုယ်နဲ့ကလည်း သိပါတယ် ။ ကျွန်​​တော်​ မျက်နှာမှာက သနပ်ခါးတွေ ထူလပျစ်ကြီး ပိန်းနေအောင် လိမ်းထား ၊ အင်္ကျီကလည်း မပါ ၊ ညကလည်း မှောင်မှောင် စမ်းစမ်းဆိုတော့ သူက ကိုယ့်ကို မမှတ်မိဘူး ဖြစ်နေတာ ။ပြဿ
နာပဲ ဒီလူနဲ့တော့ ။ ဒီလောက် သူနဲ့ ကိုယ်နဲ့ စကားတစ်ပြောပြောနဲ့ အကြာကြီး သူခိုးလိုက်ရှာပြီးတော့ ၊ အခုအချိန်ကျမှ ကောက်ကာ ငင်ကာ ထပြီး ကိုယ့်ကို ဘယ်သူမှန်းမသိလို့ ဆိုပြီး ကုန်း အော် နေတာ ။

လူတွေကလည်း တစ်ဖြည်းဖြည်း ကိုယ့်အနားကို ၀ိုင်းအုံလာတယ် ။ အစကတည်းက ရိုက်မယ် နှက်မယ် ပုတ်မယ် ၊ ခတ်မယ် ဆိုပြီး မောင်းတင် ထားကြတဲ့ လူတွေ ချည်းဘဲ ။ ကျွန်​​တော်​လည်း လန့်လွန်းလို့ သေးတောင် ထွက်ကျ ချင်သလိုလို ၊ မျက်နှာကြီးက သနပ်ခါးဖွေးဖွေးကြီးနဲ့ ကိုယ့်အနား ၀ိုင်းလာတဲ့ လူတွေကို ကြောင် ကြည့်နေမိတယ် ။ လူက ကြောင်ပြီး ဘာသံမှကို မထွက်နိုင်ဘူး ။ ချေးယို ချင်တာလိုလို ၊ သေးပေါက်ချင်တာလိုလို ကြီး ခံစားနေရတဲ့ ဝေဒနာကလည်း ဆိုးချက် ဗျာ ။

" ဟ … ဟ … နေကြပါဦး ဟ … ဒါ င့ါညီ အငယ်ကောင် ပါဟ " ဆိုပြီး ကျွန်​​တော်​ အစ်ကိုကြီး ရောက်လာကာမှ လူက သတိပြန်ဝင်လာတော့တယ် ။

" ဟား .. ဟား … ဟား … ဟား …. ဟာ.. ဟား …. ဟား … ဟား …. ဟား … ဟား … ဟား "

ကျွန်​​တော်လည်း ကိုယ့်အဖြစ်ကို တွေးမိပြီး … ဘယ်လိုမှ မအောင့်နိုင်တာနဲ့ အော် ဟစ် ရယ်လိုက်မိတယ် ။ ၀ိုင်းထားတဲ့ လူတွေကတော့ ဒီကောင် ရူးများသွားသလား ဆိုပြီး ကြောင် ကြည့်ကြလို့ ။ ဒီတစ်ခါ သူတို့ကြောင်တဲ့ အလှည့်လေ ။

" ခင်ဗျားတို့ဗျာ … အချက် မသိတော့ ကျွန်​​တော့်ကို … ဂျိုး ထင် …. ထင် .. (အဲလေ) သူခိုးထင် ဆိုသလိုဘဲ … ဟမ် … ဒီပုံစံမျိုးနဲ့သာ ရှာ တစ်ညလုံး ရှာ ဒီသူခိုးကို မိမှာမဟုတ်ဘူး … ဘယ့်နှယ့် ဒီလောက် လူ(၅၀) ၊ (၁၀၀) လောက်ရှိတာ ၊ သူခိုးက … သူခိုးဘ၀ကနေ သူခိုးပြန်ရှာနေတဲ့ ဘ၀ ရောက်သွားပြီပေါ့ဗျ … သူကိုယ်တိုင်က သူခိုးပြန်ရှာနေတဲ့ အဖြစ် ရောက်သွားပြီလေ … ဟုတ်တယ်မလား … ဒီတော့ ခင်ဗျားတို့ဘာသာ ရှာချင်ရှာ မရှာချင်နေ ၊ လူယောင်ဆောင်ထားတဲ့ သူခိုးတော့ ကျွန်​​တော်​တို့က အိပ်ရေးပျက်ခံပြီး မရှာနိုင်ဘူး … ပြန်မယ် "

ကျွန်​​တော် အဲ့ဒီလို ပြောလိုက်ကာမှ … အေး … ဟုတ်သားဘဲ ဟ .. ဆိုပြီး ကိုယ့်အိမ်ကို အသီးသီး ပြန်သွားကြတော့တယ် ။

လူတွေများ … တစ်ခါတစ်ခါ သိပ်ရယ်ရတယ် ။ သူများယောင်လို့သာ ယောင်ကြတာ ၊ အမောင် တောင်မှန်း မြောက်မှန်းမသိတွေ က များတယ် ။
Myanmar Steemit Community
Author @TinMyoAung
MSC(002)

Sort:  

Good post bro

Thanks for yours support

Thanks for your support

နေ့မှာခိုးတဲ့သူခိုးဘယ်လိုဖမ်းရမလဲ

အဲသူခိုးက အကိုအန်​စိုး ပဲ😂😂

Thnx @tinmyoaung for putting this info all together.

သူများ ယောင်လို့ ယောင်တာမဟုတ်ဘူး ။steem dollar ရလို့ ယောင်တာ အဟီး၊ သူရေးတဲ့ ဟားဟားဟားဖတ်ရတာ ဟိုဇတ်လမ်းတစ်ခုလုံး တစ်ကလုပ်တစ်ကလုပ်ရေးထားတာသွားသတိယတယ်

ဘယ်​လို ​ယောင်​​ယောင်​ dollar ရတယ်​​လေ

Good writing

Thanks for yours support

Nice post!

လူ​တွေ လူ​တွေ ...ခက်​ပ.....😂😂

ခက်​တာ လွယ်​​အောင်​လုပ်​ရမယ်

စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သူခိုးဖမ်းမည့်သူများ အတွက် သတိပြုဆင်ခြင်စရာ အတွေ့အကြုံတစ်ခုပေါ့။

ဟုတ်​ကဲ့ ​ကျေးဇူးပါပဲ ခင်​​ဗျာ

Good post ပါ

Thanks for yours support

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66740.62
ETH 3336.11
USDT 1.00
SBD 2.72