History ink letters

in #myanmar7 years ago

သမိုင်းမှတ်တမ်း မင်စာများ
လူသားများသည် ဂူများအတွင်းနေထိုင်ခဲ့ကြသည့် ကျောက်ခေတ်ကာလများမှာပင် မိမိတို့နေထိုင်ရာ ဂူနံရံများတွင် ရုပ်ပုံများကို ရေး ဆွဲခဲ့ ကြရာ မြန်မာနိုင်ငံရှိ ပြဒါးလင်းဂူအပါအ၀င် ကျောက်ခေတ် ထွန်းကားခဲ့သည့် နိုင်ငံဒေသများမှ ကျောက်ဂူအချို့တွင် ကျောက်ခေတ် လူ သားများရေးဆွဲခဲ့ကြသည့် ရုပ်ပုံများကိုတွေ့ ရှိကြရပေသည်။
စာအရေးအသား ပေါ်ပေါက်လာချိန်တွင် လူသားများသည် မိမိတို့သုံးစွဲသည့် အက္ခရာ သင်္ကေတများအလျောက် ကျောက်တုံး များ၊အိုးများ၊ဒင်္ဂါးများ စသည့် အမာထည်ပစ္စည်းများပေါ်တွင် စာများရေးသားခဲ့ကြသည်။ ထို့ကြောင့် ခေတ်ဟောင်းသမိုင်းကို လေ့လာကြ ရာတွင် ကျောက်စာ များသည် ခိုင်မ သော အထောက်အထားများ ဖြစ်လာခဲ့သည်။နောက်ပိုင်း တွင် စာပေ အမှတ်အသားများကို ပေရွက်၊ ထန်းရွက်များပေါ်တွင် ရေးသားခဲ့ကြပြီး စက္ကူပေါ်ပေါက်လာချိန်တွင် စာအရေးအသားသည်များစွာ ဖွံ့ဖြိုးလာခဲ့ သည်။

မင်နှင့် မင်စာ
မင်စာဟူသည် မင်ဖြင့် ရေးသားထားသည့် စာဖြစ်ပြီး မြန်မာအဘိဓာန်တွင် မင်ကို ရေးခြစ်၊ပုံနှိပ်ထိုးနှံရာတွင် သုံး သော အရောင် ရှိအရည်၊ အစေးဟု အနက်ဖွင့်ဆိုပြီး မင်စာကို မင်ဖြင့်ရေးသားထားသည့် စာ၊ ဘုရား ပုထိုးနံရံ စသည်တို့တွင် ကြာရှည်ခံမင်ဖြင့် ရေးသား ထားသည့်စာဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။ မင်သည် ပါဠိဝေါဟာရ မသိ မှ ဆင်းသက်လာကြောင်းလည်းဖော်ပြထားသည်။
ကမ္ဘာပေါ်တွင် စာရေးသားမှု ပေါ်ပေါက်လာချိန်မှစ၍ လူများသည် စာရေးရမည့် ပစ္စည်းများနှင့်တစ်ခါရေး ထားလျှင် ကြာ ရှည် ခံမည့် ပစ္စည်းများကို တီထွင်ရန်ကြိုးပမ်းခဲ့ကြသည်။တရုတ်နိုင်ငံတွင် စက္ကူ တီထွင်ပြီးချိန်တွင် စက္ကူပေါ်တွင်ရေးသားရ မည့် မင်ကို တီထွင်ခဲ့ရာ မည်သည့် အချိန်တွင် မင်ကို တီထွင်ခဲ့သည်ဟု အတိအကျမပြောနိုင်သော်လည်း လွန်ခဲ့သော နှစ် ၄၀၀၀ က မင် ဖြင့် ရေးသားခဲ့သည့် လက်ရေးစာမူတစ်ခုကို အီဂျစ်နိုင်ငံတွင် တွေ့ရှိခဲ့ရကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ရေးသားထားသည်။
ရှေးအခါက မင်ကို မီးသွေးမှုန့်နှင့်ကော်ကို ရောစပ်ပြုလုပ်ခဲ့ကြောင်းယူဆခဲ့သည်။ခရစ်တော်မပေါ်မီ နှစ် ၁၂၀၀ က တရုတ် နိုင်ငံတွင် တီထွင်ဖော်စပ်ခဲ့သည့် မင်တစ်မျိုးသည် ဆီမှိုင်းကို နွားသားရေ၊မြည်းသားရေတို့မှ ရရှိသောကော်နှင့်ရောစပ်၍ ပျစ်ပျစ် နယ်ကာ အခဲများ အတောင့်များပြုလုပ်၍ သုံးစွဲခဲ့သည်။ယင်းမင်တောင့်များသည် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင်ယခုတိုင် ပန်းချီဆရာ အချို့ သုံးစွဲနေသည့် ပုံဆွဲမင်နက်ဖြစ်ပေသည်။
နေရောင်ထိသော်လည်း အရောင်မှိန်သွားခြင်းမရှိသည့် မင်ကို ရာစုနှစ်ပေါင်းများစွာကပင် သစ်ဖုများမှ ထုတ်လုပ်ခဲ့ကြသည်။
အကောင်းစား မင်ရည်ကို ဆူနေသည့် ရေ တစ်ဂါလံတွင် သစ်ဖုမှုန့်တစ်ပေါင်ထည့်၍ ၂၄ နာရီကြာ စိမ်ထားပြီး ယင်းအရည်ထဲသို့ ဒုတ္ထာစိမ်း(ဖဲရပ်စ် ဆာလဖိတ်) ငါးအောင်စ၊ထနောင်းစေးရည် သုံးအောင်စနှင့်ကာဗိုလစ်အက်ဆစ် အနည်းငယ်ထည့် ခြင်းဖြင့် ရရှိနိုင် ကြောင်း ဖတ်ရှုရပေသည်။

မြန်မာနိုင်ငံနှင့် မင်စာ
မြန်မာနိုင်ငံရှိ ရှေးခေတ် စေတီ၊ပုထိုး၊ဥမင်၊ဂူ၊တန်ဆောင်း၊ကုလားကျောင်း နံရံများပေါ်တွင် ဗုဒ္ဓ၀င် ဇာတ်နိပါတ်များကို ပန်းချီ သရုပ်ဖေါ်ပုံများနှင့် အတူမူလ ကုသိုလ် ရှင်၏ဆုတောင်းများကို မင်ဖြင့် ရေးသားလေ့ရှိခဲ့သည်။ထို့ကြောင့် ပုဂံခေတ်မှစ၍ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် များ အတွင်း မင်ဖြင့် ရေးသားခဲ့သည့် စာများကို မြန်မာနိုင်ငံ နေရာအနှံ့တွင်တွေ့ရှိနိုင်ကြပေ သည်။
မင်စာ သည် ဘုရား၊ဂူ၊ကျောင်းနံရံများတွင် ရေးဆွဲထားသည့် ဇာတ်နိပါတ်တော်များ၊ဇာတာခွင်များ၊အကြောင်းအရာ မှတ်တမ်း များကို မင်ဖြင့် ရေးသားထားသည့် စာများ၊ ဆွဲပုံများဖြစ်သည်။မင်စာများကို ပုဂံ၊စလေ၊ပခန်းငယ်၊စစ်ကိုင်း၊ပခုက္ကူ၊အင်းဝ၊ တံတားဦး၊ အမရပူရ၊ မုံရွာ၊ချောင်းဦးစသည့် ဒေသများရှိ ဘုရားတန်ဆောင်းကျောင်းကန်များတွင် အများဆုံးတွေ့ရှိနိုင်သည်။ပုဂံတွင် လောက ထိပ် ပန်၊ဂူပြောက်ငယ်၊လေးမျက်နှာ၊ဓမ္မရံကြီး၊ သမ္ဗူလ၊စူဠာမဏိ အစရှိသည့် ဂူဘုရားများတွင် မင်စာများကို အများအပြားတွေ့ ရှိကြရသည်။ မင်စာများကို မြန်မာ ဘာသာဖြင့်သာမက ပါဠိဘာသာ၊ မွန်ဘာသာများဖြင့်လည်း ရေးသားခဲ့ကြသည်။
ကျောက်စာ၊မင်စာ၊ ပေ၊ပုရပိုက်များသည် မြန်မာနိုင်ငံ၏သမိုင်း အထောက် အထားများဖြစ်ကြပေရာ တက္ကသိုလ်များ သမိုင်း သုတေသနဦးစီးဌာန က မြန်မာနိုင်ငံအတွင်းရှိ မင်စာများကိုကူးယူစုဆောင်း၍ စာ အုပ်များ ပုံနှိပ် ထုတ်ဝေခဲ့သည်။
မင်စာများကို အကြမ်းအားဖြင့် မူလထိုးမင်စာနှင့် နောက်ထိုးမင်စာဟု နှစ်မျိုး ခွဲခြားနိုင်သည်။သာသနိက အဆောက်အအုံများ မူလ စတင်တည်ဆောက်ခဲ့စဉ်က အလှူရှင်များသည် အဆောက်အအုံများအတွင်း နှစ်ကျိပ် ရှစ်ဆူ၊ ၅၅၀ ဇာတ်တော် မှ ဇာတ်ကွက်များ၊ ဇာတ်ကြီး ၁၀ ဘွဲ့၊ အောင်ခြင်း ရှစ်ပါး၊ အစရှိသည့် ဗုဒ္ဓသာသနာဆိုင်ရာ ဗုဒ္ဓ၀င်၊မဟာဝင် ပန်းချီသရုပ်ဖော်မှုများကို လှပတင့်တယ်စွာ ရေးဆွဲ ခဲ့ကြ သည်။သရုပ်ဖော် ပန်းချီကားများ၏ အောက်တွင်လည်း ရုပ်ပုံနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မင်ဖြင့် ရေးသား လေ့ရှိခဲ့သည်။
ထိုသို့ ရေးသားခဲ့ကြသည့် စာသားများ၊ စာတန်းများသည် မူလ သာသနိက အဆောက်အအုံ တည်ထားစဉ်က ရေးထိုးခဲ့သည့် မင်စာများဖြစ်သောကြောင့် မူလထိုးမင်စာဟု ခေါ်ဆိုသည်။မူလ အဆောက်အအုံကို နောင်အချိန် တွင် ပြင် ဆင်မွမ်းမံမှုများ ရှိခဲ့ရာ ပျက် စီး ယိုယွင်းသော ဗုဒ္ဓရုပ်ပွားတော်များ၊ ဘုရား၊ဂူကျောင်းကို ပြုပြင်မှုများလည်း ရှိခဲ့ပေသည်။ နောက်ပိုင်း ပြင်ဆင် မွမ်းမံသူများ အတွင်း ရေးထိုးခဲ့သည့် မှတ်တမ်းမှတ်ရာများကို နောက်ထိုးမင်စာ အဖြစ် ပညာရှင်များက သတ်မှတ်ခဲ့သည်။
ထို့အတူ မူလ မင်စာများရှိသည့် ဘုရား၊ဂူ၊ကျောင်းအနီးဝန်းကျင်တွင် နေထိုင်ကြသူများနှင့် အခြားသူများက ရည်ရွယ်ချက် မျိုး စုံဖြင့် ရေးသားခဲ့ကြသည့် ကဗျာ လင်္ကာများ၊ဂါထာ မန္တရားများ၊ဆေးမြီးတိုများ၊မွေးနေ့ဇာတာများနှင့် ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် မင်စာများသည် နောက်ထိုးမင်စာ များဖြစ်ကြပေသည်။
မူလထိုးမင်စာများသည် မူလ အဆောက်အအုံတည်စဉ်က ရေးထိုးခဲ့သည့် မှတ်တမ်းများဖြစ်ပြီး နောက်တိုး မင်စာများသည်
ယင်းတို့ ရေးထိုးခဲ့သည့် ခေတ်များ၏ ခေတ်ပြိုင် မှတ်တမ်းများဖြစ်ကြသည်။ အချို့မင်စာများတွင် ရေးထိုးသည့် ခုနှစ် သက္ကရာဇ်များကို ထည့်သွင်းရေးထိုးထားသဖြင့် ခိုင်မာသော သမိုင်း အထောက်အထားများဖြစ်လာခဲ့ပေသည်။
မင်စာများကို ရေးထိုးခဲ့သည့် သက္ကရာဇ် အစဉ်အတိုင်း မင်စာပါ အကြောင်းအရာများ၊ မင်စာသုံးအရေးအသားများကို လေ့ လာ နိုင်ကာ တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာနက ထုတ်ဝေခဲ့သည့် နှစ်အမည်ပါသော မြန်မာရှေးဟောင်းမင်စာများစာအုပ် တွင် မင်စာ အချို့ကို ခေတ်သုံးအရေးအသားဖြင့် ရှင်းလင်းဖော်ပြထားသည်။
မူလထိုးနှင့် နောက်ထိုးမင်စာများတွင် သုံးစွဲထားသည့် ဝေါဟာရ အသုံးအနှုန်းများသည် ခေတ်သုံးဝေါဟာရ အသုံးအနှုန်းများနှင့် မတူညီသဖြင့် ကျောက်စာနှင့် မင်စာသုံး အသုံးအနှုန်းများကို သိရှိရန် လိုအပ်သည်။သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ နိုင်ငံ သုံးအက္ခရာများသည်တောင်ပိုင်း အိန္ဒိယ၏ လေးရာစု ရေးနည်းများမှ ဆင်းသက်လာသည်ဟု အချုပ်အားဖြင့် မှတ်ယူရပါ မည်ဟု ခေတ် ဟောင်းရာဇ၀င် စာအုပ်တွင် ရေးသားခဲ့ရာ မင်စာနှင့် ကျောက်စာပါ အရေးအသားများကို နားလည် တတ်ကျွမ်းသော ပညာရှင်များနှင့် သုတေသီများကသာ ကောင်းစွာ ဖတ်ရှုနိုင်ကြပေသည်။
မင်စာပါ အရေးအသားများသည် ခေတ်အဆက်ဆက် အက္ခရာ စာလုံးများဖြင့် ရေးသားခဲ့သဖြင့်သုတေသီများသည် သမိုင်း စဉ် ဆက် အက္ခရာ သုံးစွဲမှု၊ပြောင်းလဲခဲ့မှုများကို လေ့လာနိုင်ကြသည်။

ပုဂံခေတ် မင်စာများ
ပုဂံခေတ်ဦး၊ခေတ်လယ်၊ခေတ်နှောင်းတွင် တည်ထားခဲ့သည့် စေတီပုထိုးဂူကျောင်းများစွာတွင် မင်စာများကို တွေ့ရှိနိုင်သည်။
ယင်းတို့အနက် ရပ်စောက်ဂူ ဘုရား(ဘုရားအမှတ် ၁၅၅/၁၂၄) တွင် ရေးထိုးထားသည့် မင်စာသည် စာကြောင်းရေ ၄၇ ကြောင်း ပါရှိ သည့် ရှည်လျားသော မင်စာ တစ်ခုဖြစ်သည်။
ရပ်စောက်ဂူ ဘုရားသည် ညောင်ဦး မြို့ အရှေ့ဘက်၊ကျောက်ဂူဥမင်အနီးတွင်တည်ရှိသည်။ကျောက်ဂူဥမင်၏ အနောက် ဘက်ဘေးတွင် ရှိသည့် နောက်ပိုင်းလက်ရာ လှေကားမှ ကုန်းထိပ်ပေါ်သို့ တက်သွားပြီး အနည်းငယ်သွား လိုက်လျှင် ရပ် စောက် ဂူ ဘုရားသို့ ရောက်ရှိသည်။ဂူဘုရားအတွင်းတွင် ၅၅၀ ဇာတ်တော်လာ ဇာတ်ကွက်များရေးဆွဲထားသည့် နံရံပန်းချီများနှင့် ကမ္ဗည်းစာ များရှိသည်။
ပုဂံခေတ် လက်ရာ ရပ်စောက်ဂူ ဘုရားသည် ဂူအတွင်းဘက်၊ အရှေ့ အာရုံခံ၊ အရှေ့နံရံ၏ မြောက်ဘက်ခြမ်းတွင် ရှိသည့် ကမ္ဗည်း မင်စာကြောင့် အထူးထင်ရှားခဲ့သည်။ မင်စာ ပထမနှင့် ဒုတိယ စာကြောင်းများတွင် ရေးသား ထားချက်အရ ရပ်စောက်ဂူ ဘုရားကို သက္ကရာဇ် ၅၈၂ ခုနှစ် ၀ါဆိုလဆန်း ၇ ရက်၊ တနင်္ဂနွေနေ့တွင် တည်ခဲ့ကြောင်းသိရှိကြရသည်။ သက္ကရာဇ် ဖလှယ် ပါက ထိုနေ့ သည် ခရစ်နှစ် ၁၂၂၈ ခုနှစ်၊ဇွန်လ ၇ ရက်ဖြစ်ပေသည်။
ရပ်စောက်ဂူဘုရားမင်စာ ၄၇ ကြောင်းကို အနက်ရောင်မင်ဖြင့်ရေးသားထားပြီး အချို့နေရာများတွင် စာသားများ ပျက်စီးနေ သည်။ မင်စာများကို ပုဂံခေတ်သုံး မြန်မာစာဖြင့် ရေးသားထားကာ မင်စာပါ အကြောင်းအရာ အကျဉ်းချုပ်မှာ သက္ကရာဇ် ၅၈၂ ခုနှစ်တွင် ဂူ ဘုရား ပြီးစီးကြောင်း၊သုဝဏ္ဏပစ္စည်း မြောင်းတူးကြောင်း၊ ကျောင်းကြီးတွင်နေသော သခင် အဋ္ဌပတိအား ထန်း ၁၀ ပင်စားစေကြောင်း၊ ဘုရားကျွန် ၂၀ လှူကြောင်း၊ ကောင်းမှုများကိုဖျက်ဆီးသူအား ကျိန်စာသင့်စေကြောင်းတို့ ဖြစ်သည်။ မင်စာတွင် ရပ်စောက်ဂူဘုရားအား ထီး၊တံခွန်၊ ဆီမီး၊သင်ပုတ်၊ကွမ်း၊သပိတ်၊သီတင်းတင်းကုပ်၊ဇရပ်တို့ကို အပြင်ပိဋကတ်ကျမ်းစာများကို လှူဒါန်းခဲ့ကြောင်းလည်း ရေးထိုး ထားသည်။
ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ပုဂံတွင် မင်စာများကို တွေ့ရှိနိုင်သည့် မင်စာစုဒေသ ၂၁ ခုကို နှစ်အမည်ပါသော မြန်မာ ရှေး ဟောင်းမင်စာများစာအုပ်တွင် စုစည်းဖော်ပြထားသည်။ပုဂံဒေသတွင်ဝက်ကြီးအင်း ဂူပြောက်ကြီး ဘုရား၊ ရွှေဘုံသာ/စာသင်ဂူ၊ ပုဂံ မြို့ ရိုး အတွင်း၊ရွှေကွန်ချာ ဘုရား၊ မင်္ဂလာ စေတီ၊ အာနန္ဒာ ဘုရား၊ ထီးလိုမင်းလို၊ ရွေဆံတော် ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မင်းဝိုင်း ဘုရားစု၊ သမ္ဘူလ ဘုရား ၊ ပြဿဒါး ဘုရား၊ ကုန်းတန်းကြီးရွာ၊ ဓမ္မရာဇက ဘုရား၊ စိုးမင်းကြီး ဘုရား၊ တာမဏီ ကျောင်းတိုက်၊ မြစည်းခုံ ဘုရား၊ ရွှေစည်းခုံ ၊ ကျောက်ဂူဥမင် ၀န်းကျင်တွင် မင်စာများကို အများဆုံးတွေ့ရှိနိုင်သည်။

မူလထိုး သက္ကရာဇ် အမည်
ကျောက်စာများ၊ မင်စာများသည် မူလထိုးနှင့်နောက်ထိုးဟူ၍ ကွဲပြားမှုရှိသဖြင့် မူလထိုးဟုတ် မဟုတ်သိနိုင်ရန် စစ်ဆေးနိုင်သည့် စနစ် တစ်ခုကို ပညာရှင်များက လက်ခံထားကြသည်။သုတေသီများသည်ရှေးခေတ်က ရေးထိုးခဲ့သည့် ကျောက်စာများကိုဖတ်ရှု သုတေ သန ပြုကာ စယ်နှစ်၊ ပိသျှက်နှစ် စသည့် နှစ်အမည် ၁၂ ခုကို ၁၂ နှစ်ပြည့်တိုင်း တစ်ပတ် ပြန်လည်၍ သုံးစွဲခဲ့ကြကြောင်း အသိအမှတ် ပြုထား ကြပေသည်။
ထို့ကြောင့် ကျောက်စာတစ်ချပ်၊ မင်စာ တစ်ခုသည် မူလထိုး ဟုတ် မဟုတ်စစ်ဆေးရန် ကျောက်စာ၊ မင်စာတွင်ပါရှိသည့် ခုနှစ် သက္ကရာဇ်မှ ပုပ္ပားစောရဟန်းမင်းသက္ကရာဇ်ဖြိုစဉ်က ကြွင်းခဲ့သည့် သက္ကရာဇ် ၂ ကို နှုတ်ပြီး ၁၂ ဖြင့် စားရသည်။အကြွင်း ကိန်းသည် ကျောက်စာ၊မင်စာတွင်ပါရှိသည့် သက္ကရာဇ်ကို ပြဆိုသည်ဟု တွက်ချက်ကြသည်။
အကြွင်းကိန်းသည် ၁ ဖြစ်လျှင် စယ် နှစ်(ဇေယျ နှစ်)၊၂ ဖြစ်လျှင် ပိသျက် နှစ်(၀ိသာခါ နှစ်)၊ ၃ ဖြစ်လျှင် စိဿ နှစ်(ဇေဌ နှစ်)၊ ၄ ဖြစ်လျှင် အာသတ်နှစ်(အာသဠီ နှစ်)၊ ၅ ဖြစ်လျှင် သရ၀န် နှစ်(သရ၀ဏ် နှစ်)၊ ၆ ဖြစ်လျှင် ဘဿ နှစ်(ဘဒြ နှစ်)၊ ၇ ဖြစ်လျှင် အာသိန် နှစ်(အဿယုဇ္ဇ နှစ်)၊ ၈ ဖြစ်လျှင် ကြတိုက် နှစ်(ကြတ္တိကာ နှစ်)၊၉ ဖြစ်လျှင် မြိက္ကသိုရ် နှစ်(မိဂသီ နှစ်)၊ ၁၀ ဖြစ်လျှင် ပုဿ နှစ်(ဖုသျှ နှစ်)၊ ၁၁ ဖြစ်လျှင် မာဃ နှစ်၊ သုည ကြွင်းလျှင် ဖ္လကိုန် နှစ်(ဘရဂုဏ္ဏီနှစ်) ဖြစ်သည်။
အကြွင်းကိန်းအရ ရရှိသည့် သက္ကရာဇ် အမည်နှင့် ကျောက်စာ၊မင်စာပါ သက္ကရာဇ်အမည်ကို တိုက်ဆိုင်စစ်ဆေးလျှင် အမည် ကိုက်ညီပါက ယင်းကျောက်စာ၊မင်စာကို မူလထိုးဟု သတ်မှတ်သည်။အမည်တိုက်ဆိုင်မှုမရှိသော်လည်း ရေးထိုးထားသည့် လက်ရေး ပုံသဏ္ဍာန်၊ဝေါဟာရ အသုံးအနှုန်း၊အရေးအသား သတ်ပုံနှင့် ၀ါကျရေးထုံးများအရ မူလထိုးဟု သတ်မှတ်ရသည့် ကျောက်စာ အချို့လည်း ရှိခဲ့သည်။
ရှေးဟောင်းကျောက်စာများသည် သမိုင်းကြောင်းဖော်ထုတ်ရာတွင် ခိုင်မာသော အထောက်အထားများဖြစ်ကြသဖြင့် ကျောက် စာပါ စာများကို ဖတ်ရှု အဓိပ္ပာယ်ဖော်လျက် သမိုင်းပုံရိပ်အချို့ကို ဖော်ထုတ်နိုင်ခဲ့ကြပေသည်။ကျောက်စာများတွင် မူလထိုး ကျောက် စာများသည် အထောက်အထားအခိုင်မာဆုံးဖြစ်သကဲ့သို့ မင်စာများတွင်လည်း မူလရေး မင်စာများသည် အကိုးအကားပြုထိုက်သည့် အထောက်အထားများဖြစ်ကြပေရာမြန်မာနိုင်ငံ နေရာဒေသ အသီးသီးတွင် ရှိနေသည့် မင်စာများကို ရေရည် တည်တံ့နိုင်ရန် ၀ိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ထားကြရမည်သာ ဖြစ်ပေသည်။

Messages history ink humans lived in caves of the Stone Age are drawing pictures in their home cave walls mercury Cave of the country, where they had flourished Stone was drawn in some areas caves Stone, the images have to be found. When the man in writing according to their letter symbols used in stone pots, coins, writing messages on the hardware items. Thus, studying the old historic stone became strong evidence that nicely marked literature since.Leaves, Were written on palm leaves in the paper, when the writing is growing much. Deer and roe deer, which happens to be written in ink manmar ink scribble, use it to print tattoo colored liquid, Open the pitch black, which was written by Ming Ming Pagodas, walls, etc., long-lasting ink-case open. Ming Pali terms are not derived from it. Since the emergence of the worlds writing people write once and then tried to take durable materials developed. China invented paper after paper that may have been designed to be written on deerIm not found an exact time, ink was invented 4,000 years ago by Ming wrote a manuscript found in Egypt writing in Myanmar. ink mixed with charcoal powder and glue, it was considered invented in China 1,200 years before Christ. A kind of mixing ink dull derived from cow leather, leather donkey glue, solid wine and wine blending. Industrys signed up to use it. The ink remains in China and Japanြီ Some parts are using black ink drawing. No sunlight fade ink from centuries in the tree roots,. Craft ink gallons of boiling water from the roots, add a pound of powder into liquid appears to have been soaked for 24 hours. Copperas (green card) more than five ounces, alluring pitch spilling liquid ounces and viral folic acid by adding a few to get the reading. Ming ancient pagoda in Myanmar, Myanmar and big caves, tunnels, walls, Some Indian School 0 for all the week on a painting with illustrator and cartoonist and original works of Prayer was written with ink. Therefore, since Bagan period pinya Inn Taungoo, Nyaung warrant, Konbaung was written in ink that can be found on a region-wide messages. The ink drawings on cave walls, school life caste, of balance, messages, and content of a document written with ink Drawings of the messages. Deer Bagan, , Sagaing, Pakokku Inn 0 The bridge, Amarapura, Monywa, creek areas Some schools can be found in most ponds. Bagan, Pan Gu top spot of the world, the ministerial side, the four winds Experimental Also, the things in the universe Mani Gujarat have found several messages in ink. Ming messages to Myanmar, but Mon. Stone, Ink, The scroll of the countrys history are evidence Universities Historical Research Department, Myanmar ink printed collect messages are copied.Wei. Ming original messages are roughly divided into two types of deer and deer. The City was originally established donors buildings within twenty-eight, fat 550 Jataka episodes, The film was 10 degrees, Eighth victory Buddha Great Buddha are beautiful and have been drawn up. Playing under the painting of images and related content was written with ink. It wrote the text, The captions for the building of messages signed by ink set is called the original ink. The original building next time change updates had wandered offBuddha statues in human suffering, Cave had school renovations. After the signed documents to be updated after I was designated as the ink experts. Similarly, the original ink areas, caves, near the school around , with the intention of living and others wrote a poem to recite mantra, invited, birthdays and ages horoscope signed deer are deer. The original ink original documents signed by the additional buildings of the Ming era signed their contemporary records. Some inscribed in ink in sightAdd forms signed by solid historical evidence. Ming signed messages about the beginning of the year in the ink, Ink used three approaches to historical research universities, a name which was published by the Department of some messages in ancient Ming Ming described in modern writing. After the original and the ink used in terms of difference in terms of modern vocabulary terms and Stone and ink you need to learn the terms of use. The historian Dr. Than Tun, Myanmar characters descended from southern Indias four-century techniques and summary must be consideredAge old book they wrote and Stone approaches Savvy academics and researchers who can not read well. Ink writing the ages alphabet letters written by the researchers, the use of historical characters are available. Stephen van Galen ink messages Bagan period, stupas were built in the late era of the Middle Ages, the caves can be found in many schools ink messages. Among these are deep caves (No. 155/124) inscribed on the ink 47 in a long line for a deer. The cave deep in Nyaung U is located near the eastern tunnels, caves, caves next to the west side of the tunnel.Slick work a few stairs to go up on top of the hill after visiting a cave deep inside the cave. 550 Jataka episodes designed wall paintings and woolen Bagan period style and deep cave inside the cave, East sensor, On the east wall of the north side of the woolen deer were seen as special. According to a letter written in the first and second sentences deer cave deep in the beginning of the year 582, Sun Moon 7 days On Sunday they had learned. Exchange year is the same day in 1228 CE, June 7, at will. 47 caves deep ink text written in black ink and in some cases, it is broken. Ming messagesStephen van Galen its summary of the content is written with ink is completed in the beginning of the year, 582 in Gujarat, Proverbs Wunna, a woman in her thirties The school master the eighth commander of the 10 palm trees, engaging 20 dedicated servant of God, Destroy good curse engaging. Male deer standing on the steep cave, pennant, If you tap, floor lamp, bowl, tightly drawn, in addition to the wayside public resthouse Buddha Bibles donated inscribed. Culture Area in Bagan, ink messages are to be found in deer, the local name for 21 years that organize messages in the ancient ink book. Bagan Inn Cave Spot Shwebontha / semester, Gujarat Within the walls of Bagan,netting Happy, Ananda I need an umbrella, Golden hair, Ministerial reserve, Mani universe, incorporating Wine, Experimental Abu Cute, Kone village, The Kings, King over Company Monastery Emerald shoal Shwezigon, caves, tunnels can be found in most ink messages. The original birth name is Stone, The deer are named after the original dose and differences with the original check to know whether the system is accepted by experts. Researchers ancient inscription reading research, Russell Spanish name 12 years, the beginning of the year back in a week for 12 years, using recognized their Gods. Thus, Stone sheet noA letter is to check whether Stone The ink in the year Prior to the beginning of the year was broken up early Popa civil since the beginning of the year by 2 to minus 12. Kane Stone, the ink remainder in the beginning of the year are calculated. If the remainder number 1 Russell (victory) if ,2 Spanish (Corona Borealis) 3, then the fellowship year (Zeph l) 4, then two years 5, then (0) If 6 of the (Kurdish) Sin, then 7 years (peace h) 8, then two years (Plieades) if ,9 two years (c) 10 years, then the league (Praesepe) 11, then, to account for the year Zero residue past two years). The remainder term of the yearStone, named Ming the beginning of the year to match the name to match the name on the stone, the ink is considered as the inscribed name is no coincidence. Handwriting shape expression, vocabulary, writing, punctuation and sentence, which is set to the original lime stone was certain. Uncover ancient history Stone rock solid credentials are read and meaningful messages would have been able to identify some of the historical origin. Inscription Rock, as it is the strongest evidence of the original ink in ink and are worthy of reference documents Loyal, they have several different locations in Burma surrounded by liquid water to sustain conservation nature.
Credit to image

Sort:  

nice old history
followed and upvoted bro anyway i am @anngodage

Thank You very much

if you can leave a comment for me in my post

great history lesson

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57500.86
ETH 2337.17
USDT 1.00
SBD 2.36