ဘဝဇာတ်ဆရာ သင်ပေးသမျှ

in #myanmar7 years ago (edited)

ဘဝဇာတ်ဆရာ သင်ပေးသမျှ
………………… တစ်ခါတစ်လေ ကြိုးစားသလောက် အရာမရောက်တဲ့
အချိန်တွေ ရှိခဲ့ဖူးတယ်။ ကြိုးစားပမ်းစားသာ ပြေးနေတာ
ရှေ့မရောက်သလိုပဲ ခံစားခဲ့ရဖူးတယ်။ အရမ်းစိတ်ညစ်
တဲ့အချိန်တွေမှာ တစ်ခါတစ်လေနောက်ကြောင်း
ပြန်လှည့်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ကိုယ်လာခဲ့တဲ့ ခရီးမှာ
ပျော်စရာမရှိလို့သာ ပြန်မလှည့်ဖြစ်ခဲ့တာ။ လမ်းတစ်
လျှောက် ကိုယ့်ရည်မှန်းချက်ကို မဖြစ်နိုင်ဘူးလို့ ထင်တဲ့
လူတွေနဲ့ပဲ များသောအားဖြင့် တွေ့ခဲ့ရဖူးတယ်။ အဲ့လို
လူတွေကြောင့်လည်း နေ့တိုင်း ရှေ့ကိုရောက်အောင်
တိုးဖြစ်ခဲ့တယ်။ အခက်အခဲရယ်၊ ဆူးညှောင့်တွေရယ်
ဆိုတာ အသားမာတက်အောင် လုပ်ပေးခဲ့တာပါ။ သူတို့
မရှိရင် ဒီခရီးဆက်လျှောက်နိုင်မှာလည်း မဟုတ်ပါဘူး။
တစ်ခါတစ်လေ ကိုယ်သွားမယ့် ခရီးကို အားပေးခဲ့တဲ့
တစ်ဦးတစ်လေသော လူများကြောင့်လည်း အရမ်း
အားတက်ခဲ့ရဖူးတယ်။ လွန်ခဲ့တဲ့ လေးနှစ်ခန့်က ကျွန်တော့်
ရဲ့ ပထမဆုံး အလုပ်မှာဝင်ဝင်ချင်း
ရေးခဲ့ရဖူးတယ်။ကျွန်တော်က Speaking Skill သာ
ကောင်းတာလက်တွေ့ကျတော့ မကောင်းပါ
ဘူး။ ဒါပေမယ့်ကျွန်တော်
ကြိုးစားတာကို သိတယ်။ အသိအမှတ်ပြုတယ်။ ကျွန်တော် လက်တွေ့လုပ်ရတာ အဆင်မပြေတော့တဲ့ အချိန်မှာ
အဲ့ဒီအလုပ်ကို ထွက်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သူက
ကျွန်တော့်ကို ", you can do it" ဆိုပြီး လာအားပေး
ခဲ့တယ်။ ကျွန်တော့်ကို သူလက်မလွှတ်ခဲ့ဘူး။ သူပြောတဲ့
အချက်သဘောကျတယ်။ "မင်းမလုပ်နို်င်သေးတာ ငါသိ
တယ်။ ဒါပေမယ့် မင်းကြိုးစားတဲ့ အတွက် မင်းကို ငါအခွင့်
အရေး ပေးဖို့လိုတယ်။ မင်းမထွက်ပါနဲ့။ ငါဆက်ပြီးကူညီ
ပေးပါ့မယ်" ဆိုပြီး ပြောခဲ့တယ်။ အဲ့ဒီစကားကြောင့်ပဲ
ကျွန်တော် ဆက်လုပ်နေဖြစ်ခဲ့တယ်။ နောက်တော့
ကျွန်တော် အားသာတဲ့ ဘက်ကို ပို့ခဲ့
တယ်။ ငါးတစ်ကောင် ဘယ်လောက် ရေကူးသန်သန်
သစ်ပင်ပေါ် ဖက်တက်ခိုင်းလို့ မရဘူးဆိုတာကို သဘော
ပေါက်တဲ့ လူမျိုး။ ကျွန်တော့်ကို အခုလိုရေးခိုင်း
တာလည်း အကြောင်းရှိတယ်။ ကျွန်တော့်ရဲ့ အခု
လို ပြောဆိုပုံကို သဘောကျလို့ လက်တွေ ဘက်မှာရော
ကောင်းမလား ဆိုပြီး စမ်းခဲ့တာ။ ကျွန်တော်အားသန်တဲ့ဘက်ကို
ပြန်ပြောင်းပေးခဲ့တယ်။ သူက ကျွန်တော့်ကို "စိတ်ရှည်
ဖို့နဲ့ မိမိသွားမယ့် ရည်မှန်းချက်ကို ယုံယုံကြည်ကြည်ရှိဖို့
သင်ပေးခဲ့တယ်။"
အခုလိုမျိုး Manage လုပ်ရတဲ့ နေရာ
ရောက်လာတဲ့အချိန်မှာ လူတစ်ယောက်ကို
ဘွဲ့နဲ့အလုပ်မခန့်သင့်ဘူး။ အခြေခံတတ်သင့်တာလေး
တွေ တတ်ဖို့တော့ လိုတာပေါ့။ ကျန်တဲ့အချက်မှာတော့
ဘွဲ့ကို မကြည့်ဘူး။ အတွေ့အကြုံကို မကြည့်
ဘူး။ ဘယ်လောက် လေ့လာချင်လဲ။ ဘယ်လောက်စိတ်
ပါလဲဆိုတာကိုပဲ ကြည့်တယ်။ အဲ့လို လူမျိုးတွေဆို အမြဲ
သင်ပေးတယ်။ တွဲခေါ်တယ်။
ကြိုးစားချင်တဲ့စိတ်၊ သင်ယူချင်တဲ့စိတ်နဲ့ အရှုံးမပေးတဲ့
စိတ်သာ ရှိပါစေ။ တစ်နေ့ သင်သွားချင်တဲ့ ပန်းတိုင်ကို
ရောက်လိမ့်မယ်။ ဘယ်သူတွေ ဘာပြောပြော မိမိပန်းတိုင်
ကို မိမိအရင် ယုံကြည်ရမယ်။ ကျွန်တော် ပထမဆုံးအနေဖြင့် အလုပ်မှာ
အလုပ်ထွက်ဖို့ကြိုးစားခဲ့ဖူးတာ မှန်ပေမယ့် အရှုံးပေးဖို့
တော့ ဘယ်တော့မှ မစဉ်းစားခဲ့ဖူးပါဘူး။ တစ်ခါတစ်လေ
စိတ်ဓာတ်ကျလို့ နောက်ပြန်လှည့်ချင်တာ ရှိပေမယ့်
တကယ်တမ်း တစ်ခါမှ မလုပ်ဖြစ်ခဲ့ပါဘူး။ နောက်မှာ
ဘာမှ မရှိဘူးဆိုတာ ကိုယ်ကိုယ်တိုင် သိပြီးသားဖြစ်နေ
တာမို့ တစ်ခါမှ နောက်ပြန်မလှည့်ဖြစ်ခဲ့ပါ။ ကျွန်တော့်ကို
ဖေးမမယ့်သူရှိတဲ့ အခိုက်အတန့်တွေရှိခဲ့သလို ဖေးမမယ့်
သူမရှိတဲ့ အခိုက်အတန့်တွေလည်းအများကြီးပဲ။ အဲ့ဒါတွေ
အားလုံးကို ရင်ဆိုင်ပြီးမှ ဒီနေရာကိုရောက်လာခဲ့တာ။
စိတ်ရှည်သည်းခံပြီး ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါ
တယ်။

All life teacher ..................... sometimes try to have as much time had passed. Ive been running hard like never before enjoyed. I am very depressed sometimes when Ive been thinking about getting back. I prepared a fun journey characterized not just happened. Along the way, those people that my goal is impossible, Ive usually found. Every day, if people had to reach before. Having too, The thorn in this century has been to make up. Without the grant, the trip could not be. Sometimes i gotta given a tour, to cite one of the people that Ive been up to.About four years ago, my first job Ive had to write. Im Speaking Skill Bad One good practice. I know I tried. Recognition. Practical inconvenience when trying to leave this job. However, he is encouraged to come out , you can do it. He did not let go of me. Whip is like. I do this paradigm yet I tried. But I know I have the necessary rights. Please continue to step forward. Ill help, he said. These words keep playing it for me. Then we sent a side. How many fish swimming on a strong treeSwine serum onto what we can not ask people to attend. I write this because . My speech both hands on the side was good to try out. I gave back a strong side. He is going to be patient and his next goal is to have taught. There Manage hassle when a persons degree and do not work. Basic . The other factor, the degree does not. Experience. I want to learn how. How imagine the same. But if people are always teaching. Series is known. The desire to have a try, In mind that you want to learnReachable only be defeated. One day youll want to go to goal. Who says his goal, he must first believe. For the first time you ever tried to quit work to give up, but if I had never considered. Sometimes I want to reverse the depression, but it did not, in fact, never do. Theres nothing behind but know I could never turn back. My lifes moments as there are no lifes many many moments. I came here after facing all of the above. I want to urge patience attempt. image

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58644.49
ETH 2625.45
USDT 1.00
SBD 2.38