Are there any blameless persons? ခြောက်ပြစ်ကင်းသူ ရှိသလား

in #myanmar7 years ago (edited)

Are there any blameless persons?
ခြောက်ပြစ်ကင်းသူ ရှိသလား
လူတစ်ယောက် ကောင်းတာလုပ်ဖို့  အားထုတ်နေချိန်မှာ
အဲဒီလူကို ချီးမွမ်းမှုတွေပြသခြင်းထက် အပြစ်ရှာရတာကို
သဘောခွေ့ နေသူအချို့ ရှိပါတယ်-
သူ, သူမဟာ လုပ်တာတွေအတွက်ရော
မလုပ်တာတွေအတွက်ပါ အပြစ်ပြောခံရပါတယ်
When a person makes an effort to do some good,
there are some people who like to find fault
rather than shower that person with praises.
He or she is blamed for what is done or not done.

နောက်တစ်ခါ သူတစ်ပါးတွေရဲ့  အပြစ်တွေကို မရှာမိခင်
ရောဘတ်လူးဝစ် စတီဗင်ရေးခဲ့တဲ့
ဒီစာကြောင်းလေးတွေကို သတိရလိုက်ပါ-
The next time before we start finding faults with others,
remember these lines written by Robert Louis Stevenson:

အဆိုးဆုံးထဲမှာ အလွန်ကောင်းတာရှိသလို
အကောင်းဆုံးထဲမှာလည်း အလွန်ဆိုးတာရှိတယ်
ကျွန်တော်တို့ထဲက ဘယ်သူတစ်ဦးတစ်ယောက်မျှ
အခြားသူတွေရဲ့  အပြစ်ကို ရှာဖွေမှုမပြုသင့်-
အကြောင်းမှာ ကျွန်တော်တို့ကိုယ်တိုင်က
ခြောက်ပြစ်ကင်းသူတွေ မဟုတ်လို့ပါပဲ

There is so much good in the worst of us,
And so much bad in the best of us,
That's why, should not behave any one of us ,
To find any fault with the rest of us."
Because we are not blameless person.

အခြားသာဝကတွေ တရားဓမ္မဟောကြားခြင်းနှင့်စပ်လျဉ်းပြီး
မကျေနပ်ချက်အတွက် စောဒကတက်သော ရဟန်းတစ်ပါးကို
မြတ်ဗုဒ္ဓက-
"ချစ်သားရဟန်း လူတွေဟာ အခြားသူတွေကို
တိတ်တိတ်ဆိတ်ဆိတ်နေတဲ့အတွက် အပြစ်ဆိုကြတယ်,
စကားများများ ပြောတော့လည်း အပြစ်ဆိုကြတယ်
သို့မဟုတ် အသင့်အတင့်ပြောတော့လည်း အပြစ်ဆိုကြတယ်
ဒါကြောင့် လောကမှာ အပြစ်ပြောခံရမှုက လွတ်တဲ့သူ တစ်ယောက်မှမရှိလို့" မိန့် တော်မူခဲ့ပါတယ်-

In addressing a Bhikkhu who complained about his dissatisfaction
with the preaching of other disciples, the Buddha said:
"Oh, Bhikkhu, people blame others for their silence.
They also blame those who talk much or in moderation.
There is, therefore, on one in this world who is not blamed."

Why are we too proud?
ဘာကြောင့် မာန်တက်နေမှာလဲ

All youth ends in old age.
နုပျိုခြင်းက အိုမင်းခြင်းမှာ အဆုံးသတ်တယ်

All health in sickness.
ကျန်းမာခြင်းက နာဖျားခြင်းမှာ အဆုံးသတ်တယ်

All strength in weakness.
အားအင်ပြည့်ဖြိုးခြင်းက ချိနဲ့ အားကုန်ခြင်းမှာ အဆုံးသတ်တယ်

All beauty in ugliness.
ရုပ်ဆင်းလှပခြင်းက ဆိုးရွားပျက်စီခြင်းမှာ အဆုံးသတ်တယ်

All learning in forgetfulness.
လေ့လာသင်ယူခြင်းက မေ့ပျောက်သွားခြင်းမှာ မဆုံးသတ်တယ်

All attendant in loneliness.
အခြေရံများခြင်းက အထီးကျန်ခြင်းမှာ အဆုံးသတ်တယ်

All possession in empty hand.
ပိုင်ဆိုင်မှုအားလုံးက လက်ဗလာနတ္ထိမှာ အဆုံးသတ်တယ်

All beloved companion in parting.
ချစ်ခင်ပေါင်းသင်းခြင်းက ကွေကွင်းခြင်းမှာ အဆုံးသတ်တယ်

All life in death.
ရှင်သန်နေတဲ့ ဘဝက သေဆုံးခြင်းမှာ အဆုံးသတ်တယ်

Should we be too proud in good for nothing conditions?
ဒီလို ဘာမဟုတ်တဲ့ အခြေနေတွေကြားမှ
ကျွန်တော်တို့ မာန်မာနထောင်လွှားသင့်ပါသလား

Harness your attraction power for improvement
တိုးတက်ရေးအတွက် ဆွဲဆောင်မှုစွမ်းအားကို ထိန်းချုပ်အသုံးချပါ

Opposites attract is a law of attraction, at least where electromagnetism is concerned. But are there laws about attraction between two people? ―In a world that is full of strangers as a line in a famous song of the 1980‘s goes, is there a clear set of rules that allows two people to fall for each other?

ဆန့်ကျင်ဘက်များကို ဆွဲငင်ခြင်းသည် ဆွဲဆောင်မှုဆိုင်ရာ နိယာမတစ်ရပ်ဖြစ်၏။ ယုတ်စွအဆုံး လျှပ်စစ် သံလိုက်ပညာနှင့် ဆက်စပ်သော ဆွဲအားသည်ပင် နိယာမသဘောဖြစ်သည်။ လူနှစ်ယောက်အကြားက ဆွဲဆောင်မှုနှင့်ပတ်သက်ပြီးရော ဥပဒေသများရှိပါသလား။ ၁၉၈၀ အချိန်က ကျော်ကြားခဲ့သော သီချင်းတစ်ပုဒ်၏ စာကြောင်းတစ်ခုထဲမှာပါသလို လူထူးလူဆန်းများနှင့် ပြည့်နေသော လောကကြီးထဲတွင် လူနှစ်ဦး ကျသွားခွင့် (ချစ်ကြိုက်ခွင့်) ပေးသည့် ရှင်းလင်းသော ဥပဒေသများရှိသလား။

1- Is attraction a matter of chemistry?
Maybe. According to scientists, the attraction between animals of the opposite sex is all about pheromones. The effect of pheromones in behavior of insects is studied to date. It has been observed, in some experiments, that pheromones are responsible for communication among same species and colony of ants.

၁- ဆွဲဆောင်မှုသည် ဓာတ်သဘောနှင့်ဆိုင်သော ကိစ္စရပ်လား။
ဖြစ်နိုင်ပါသည်။ သိပ္ပံပညာရှင်များ၏ အလိုအရ ဆန့်ကျင်ဘက်လိင်ရှိသော တိရစ္ဆာန်များအကြား ဆွဲဆောင်မှုသည် တိရစ္ဆာန်အချင်းချင်းကို အချက်ပေးရန် ထုတ်လွှတ်သော ဓာတုပစ္စည်းများကြောင့်ဟုဆို၏။ အင်းစက်ပိုးများ၏ အပြုအမူမှ ထုတ်ပေးသော ဓာတုပစ္စည်းများ၏ အကျိုးသက်ရောက်မှုကို ယနေ့အထိ သင်ယူရ၏။ ဓာတုပစ္စည်းများသည် တူညီသော မျိုးစိတ်အကြားနှင့် ပုရွက်ဆိတ်အုပ်စုအကြား ဆက်သွယ်ရေးတွင် တာဝန်ယူဆောင်ရွက်ကြောင်း သိပ္ပံလက်တွေ့သုတေသနအချို့တွင် လေ့လာပြီးဖြစ်သည်။

The horrible odor released by skunks to ward off enemies is said to be a kind of pheromone. Some species of apes rub pheromone-containing urine on the feet of potential mates to attract them. Some scientists believe that the female animals such as insects and mammals send out these chemical signals to tell the male of their species that their genes are different from theirs.

ရန်သူနှင့်တွေ့သည့်အခါ အနံ့ဆိုးပန်းလွှတ်တတ်သည့် အနက်နှင့်အဖြူရောင် နံစော်ဖျံမှ ထုတ်လွှတ်သော အလွန် ဆိုးဆိုးရွားရွား အနံ့သည် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်ဟုဆို၏။ အချို့ မျောက်ဝံအမျိုးအစားများသည် ၎င်းတို့ကို စိတ်ဝင်စားရန် အိမ်ထောင်ဖက်ဖြစ်နိုင်ချေရှိသော မျောက်ဝံမများ၏ ခြေထောက်ကို ဓာတုပစ္စည်းပါသော ကျင်ငယ်ရည် လိမ်းကြံပေးသည်ဟုဆို၏။ အင်းစက်ပိုးများနှင့် နို့တိုက်သတ္တဝါများကဲ့သို့သော တိရစ္ဆာန်အမများသည် ၎င်းတို့၏ မျိုးစေ့ဗီဇက အထီးမျိုးစေ့ဗီဇနှင့် မတူကြောင်း ပြောဆိုရန် မျိုးတူ တိရစ္ဆာန်အထီးများထံ ဓာတုဗေဒ အချက်ပေးမှုများ ထုတ်လွှတ်သည်ဟု သိပ္ပံပညာရှင်အချို့က ယုံကြည်ကြ၏။

This gene diversity is important in producing offspring with better chances of survival. The perfume industry has capitalized on pheromones as a means to increase one‘s sexual attractiveness to the opposite sex. Animals such as the whale and the musk deer were hunted down for these chemicals.

မျိုးစေ့ဗီဇ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအမံများသည် သားပေါက်ထုတ်လုပ်ရာတွင် ပိုကောင်းသော အသက်ဆက်ရှင်သန်နိုင်ရန် အခွင့်အရေးများနှင့်ပတ်သက်ပြီး အရေးကြီး၏။ ရေမွှေးလုပ်ငန်းသည် ဆန့်ကျင့်ဘက်လိင်ကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု မြှင့်တင်ရန် နည်းလမ်းတစ်ရပ်အဖြစ် ဓာတုပစ္စည်းများမှ အမြတ်ထုတ်၏။ ဝေလငါး၊ ကတိုးနံ့ထုတ်ပေးသည့် ဦးချိုမဲ့သမင် ကဲ့သို့သော တိရစ္ဆာန်များသည် ဤဓာတုဗေဒပစ္စည်းများအတွက် မတွေ့ တွေ့အောင် ရှာဖွေဖမ်းခြင်းခံကြရ၏။

Lately, scientists are looking into the existence of human pheromones and its role in mate selection. There are many conflicting views in the realm of biology, chemistry, genetics, and psychology. Most scientists would assert that these do not exist, or if they do, do not play a role in sexual attraction between a man and a woman. But new researches such as that conducted by Swiss researchers from the University of Bern led by Klaus Wedekind are slowly making these scientists rethink their stand.

မကြာသေးမီအချိန်များက လူသားမျိုးစိတ်တူပိုး တည်ရှိမှုနှင့် အိမ်ထောင်ဖက် ရွေးချယ်ရာတွင် ၎င်း၏ အခန်းကဏ္ဍ ကို စုံစမ်းစစ်ဆေးကြ၏။ ဇီဝဗေဒနယ်ပယ်၊ ဓာတုဗေဒနယ်ပယ်၊ မျိုးရိုးဗီဇပညာနယ်ပယ်နှင့် စိတ်ပညာနယ်ပယ်တို့တွင် သဘောထားကွဲလွဲသော အမြင်များစွာ ပေါ်ထွက်လာ၏။ သိပ္ပံပညာရှင် အများစုက ဤလူမျိုးစိတ်တူပိုး မရှိ၊ အကယ်၍ရှိခဲ့သော် အမျိုးသားနှင့် အမျိုးသမီးအကြား လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်ခြင်းမရှိဟု အခိုင်အမာပြောဆိုကြ၏။ သို့သော် ဆွစ်ဇာလန်နိုင်ငံ Bern တက္ကသိုလ်မှ Klaus Wedekind ခေါင်းဆောင်သော သုတေသနပညာရှင်များ၏ ဦးစီးဦးရွက်ပြုမှုမှ ထွက်ပေါ်လာသည့် သုတေသနအသစ်သည် ဤသိပ္ပံပညာရှင်များ၏ ရပ်တည်ချက်ကို တစ်ဖြည်းဖြည်း ပြန်လည်သုံးသပ်အောင် လုပ်ဆောင်လျှက်ရှိ၏။

Their new experiment involved women sniffing the cotton shirts of different men during their ovulation period. It was found out that women prefer the smell of men‘s shirts that were genetically different, but also shared similarities with the women‘s genes. This, like in the case of insects and other mammals, was to ensure better and healthier characteristics for their future children. But researchers also cautioned that preference for a male odor is affected by the women‘s ovulation period, the food that men eat, perfumes and other scented body products, and the use of contraceptive pills.

၎င်းတို့၏ လက်တွေ့ သုတေသနအသစ်တွင် အမျိုးသမီးများ သားအိမ်တွင် ဥတည်သည့် အတောတွင်း၌ အမျိုးသားများ၏ ဝါချည် ရှပ်အင်္ကျီများကို နမ်းရှုစေခြင်းပါဝင်၏။ အမျိုးသမီးများသည် မျိုးရိုးဗီဇ မတူသော အမျိုးသားများ၏ ရှပ်အင်္ကျီအနံ့ကို ပိုမို နှစ်သက်ကြောင်း တွေ့ရှိခဲ့သလို အမျိုးသမီး ဗီဇများနှင့် တူညီသော သဘာဝများကို ဖွင့်ဟအသိပေးကြောင်းလည်း တွေ့ရှိခဲ့ကြ၏။ ဒါသည် အင်းစက်ပိုးများနှင့် အခြားတိရစ္ဆာန်များ၏ ကိစ္စမှာလိုပင် ၎င်းတို့၏ မျိုးဆက် ကလေးငယ်များအတွက် ပိုကောင်းပြီး ကျန်းမာသန်စွမ်းသော ပင်ကိုယ်လက္ခဏာများ အသေချာပါစေရန်ဖြစ်သည်။ အမျိုးသား၏ အနံ့အသက်ကို စိတ်ဝင်စားမှုနှင့် အမျိုးသားများ စားသုံးသော အစားအစာ၊ ရေမွှေးနှင့် အခြား အနံ့ထွက်သော ကိုယ်ခန္ဓာသုံး ပစ္စည်းများ၊ ပဋိသန္ဓေတားဆေးများသည် အမျိုးသမီးများ၏ သားဥတည်သော ကာလအပိုင်းအခြားကို အကျိုးသက်ရောက်သည်ဟုလည်း သုတေသနပညာရှင်များက သတိပေးခဲ့၏။

2- Does personality figure in sexual attraction?
Yes, but so does your perception of a potential mate‘s personality. According to a research conducted by Department of Psychology, University of Iowa, USA in 2003, on interpersonal attraction and personality, a person‘s sense of self-security and at least the person‘s perception of his/her partner were found to be strong determinants of attraction in hypothetical situations.

၂- လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွင် ပင်ကို အရည်အသွေး ပါဝင်သလား။
ပါဝင်ပါသည်။ ဒါတင်မက အိမ်ထောင်ဖက်ဖြစ်နိုင်ချေရှိသူ၏ ပင်ကိုယ် အရည်အသွေး အပေါ်သင်၏ သဘောထားအမြင်လည်း ပါဝင်၏။ ၂၀၀၃ ခုနှစ်က အမေရိကန်နိုင်ငံ Iowa တက္ကသိုလ် စိတ်ပညာဌာနမှ ဦးဆောင်သော သုတေသနတစ်ခုအရ လူလူချင်း ဆက်ဆံမှုနှင့်ဆိုင်သော ဆွဲဆောင်မှုအားနှင့် ပင်ကိုယ် အရည်အသွေးအပေါ် လူတစ်ယောက်၏ ကိုယ့်ကိုယ်ကို ကာကွယ်ရေးဆိုင်ရာ ခံစားတတ်မှုနှင့် အိမ်ထောင်ဖက်အပေါ် သဘောထားအမြင်တို့သည် အနုမာနအယူအဆကို အခြေခံသော အခြေအနေတွင် ဆွဲဆောင်မှုကို ကြီးကြီးမားမား အဆုံးအဖြတ် ပေးသောအရာများဖြစ်ကြောင်း တွေ့ရှိရ၏။

3- What does this tell us?
We prefer a certain personality type, which attracts you to a person. But aside from the actual personality of the person, which can only be verified through close interaction through time, it is your perception of your potential partner that attracts you to him/her, whether the person of your affection truly has that kind of personality or not. This could probably account for a statement commonly heard from men and women. ―I thought he/she was this kind of person.

၃- ၎င်းက ကျွန်တော်တို့ကို ဘာပြောပြလဲ။
ကျွန်တော်တို့သည် လူတစ်ယောက်က ကိုယ့်ကို ဆွဲဆောင်သည့် တိကျသော ပင်ကိုယ် အရည်အသွေးကို ပို၍ နှစ်သက်ကြ၏။ ၎င်းသည် အချိန်ကာလတစ်လျှောက် ရင်းနှီးသော အပြန်အလှန်အကျိုးပြုမှုမှတစ်ဆင့် အတည်ပြုနိုင်သော လူတစ်ယောက်၏ အစစ်အမှန် ကိုယ်ရည်ကိုယ်သွေးအပြင် သင့်ကို ဆွဲဆောင်သော အိမ်ထောင်ဖက်ဖြစ်နိုင်ချေရှိသူ၏ ကိုယ်ရည်ကိုယ်အသွေးအပေါ် သင်၏ သဘောထားအမြင်နှင့် သင် ချစ်ခင်သူတွင် ထိုကိုယ်ရည်ကိုယ်သွေးမျိုး အမှန်တကယ် ရှိမရှိဆိုတာဖြစ်၏။
ဤသည်မှာ သူက-သူမက ဒီလိုလူမျိုးဖြစ်သည်ဟူသော အမျိုးသားများ၊ အမျိုးသမီးများထံမှ ကြားနေကျ ထွက်ဆိုချက်သည် အကြောင်းရင်း ဖြစ်နိုင်ချေရှိ၏။

4- So how does attraction figure in relationships?
You have probably heard that attraction is a prelude, or a factor towards a relationship. Most probably in the beginning; but attraction alone cannot make a relationship work. It is that attraction that makes you notice a person from the opposite sex, but once you get to know the person more, attraction is just one consideration. Shared values, dreams, and passions become more significant in long-term relationships.

၎- ချစ်ကြိုက်မှုတွင် ဆွဲဆောင်မှု အဘယ်ပုံ ပါဝင်သလဲ။
ဆွဲဆောင်မှုသည် ချစ်ကြိုက်မှုအတွက် ပဏာမရှေးပြေးဖြစ်သည် သို့မဟုတ် ဆွဲဆောင်မှုသည် ချစ်ခင်မှုအတွက် အခြေခံအကြောင်းဖြစ်သည်ဆိုသော စကားကို သင်ကြားဘူးပေမည်။ အစပိုင်းတွင် ဤသို့ အများဆုံး ဖြစ်နိုင်ချေရှိ၏။ သို့သော် ဆွဲဆောင်မှုတစ်ခုတည်းနှင့် ချစ်ကြိုက်ဖြစ်ပေါ်ဆောင် မလုပ်ဆောင်နိုင်ပါ။ ဆန့်ကျင်ဘက်လိင်ရှိသူတစ်ယောက်ကို သင် သတိပြုမိအောင် လုပ်ဆောင်တာသည် ဆွဲဆောင်မှုဖြစ်၏ သို့သော် ထိုသူအကြောင်းကို သင် ပိုမို သိရှိသည်နှင့် ဆွဲဆောင်မှုသည် စဉ်းစားသုံးသပ်ခြင်းတစ်ခုမျှသာ ဖြစ်သွား၏။ တန်ဖိုးထားမှုများ၊ ရည်မှန်းချက်များ၊ ချစ်စိတ်ပြင်းပြမှုများသည် ရေရှည် ချစ်ကြိုက်မှုတွင် ပို၍ အရေးပါလာ၏။

5- So should I stop trying to become attractive?
More than trying to become physically attractive, work on all aspects of your health: physical, emotional, mental, and spiritual. Physical attraction is still a precursor. Remember, biology predisposes us to choose the partner with the healthiest genes. Where your emotions are concerned, just ask this to yourself: would you want to spend time with a person who feels insecure about him/herself? Probably not!

၅- ဆွဲဆောင်မှုရှိအောင် ကြိုးစားခြင်းကို ရပ်ပစ်သင့်သလား။
ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိအောင် ကြိုးစားခြင်းထက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ သက်ဝင်ယုံကြည်မှုဆိုင်ရာဆိုသည့် အခြေအနေကောင်းနှင့်ဆိုင်သော ကဏ္ဍအားလုံးတွက် ကြိုးစားဆောင်ရွက်ပါ။ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုသည် ရှေ့ပြေးတစ်ခုမျှသာဖြစ်၏။ အကောင်းမွန်ဆုံး မျိုးရိုးဗီဇရှိသော အိမ်ထောင်ဖက်ကို ရွေးချယ်ရန် ဇီဝဗေဒက ကျွန်တော်တို့ကို လမ်းကြောင်းပေးသည်ဆိုတာ ခေါင်းထဲစွဲထားပါ။
သင်၏ စိတ်ခံစားချက်များနှင့် ပတ်သက်လာလျှင် သင့်ကိုယ်သင် မေးခွန်းထုတ်ကြည့်ပါ။ သူ့ကိုယ်သူ လိပ်ပြာမလုံသော လူတစ်ယောက်နှင့် သင် အတူနေပြီး အချိန်အကုန်ခံချင်သလား။ သေချာပေါက် အကုန် မခံချင်ပါဘူး။

There is wisdom in knowing yourself: who you are, your beliefs, values, and dreams. And do not pretend to be someone you are not. Fooling another person by making him/her think that you share the same values and beliefs is only going to cause you both disappointments.

သင့်ကိုယ်သင် သိခြင်းဆိုရာတွင် ပညာပါ၏။ သင် ဘယ်သူလဲ။ သင်၏ ယုံကြည်ချက်များ၊ တန်ဖိုးထားမှုများ၊ ရည်မှန်းချက်ပန်းတိုင်များက ဘာလဲ သိရမည်။ အခြားတစ်ယောက်လို အယောင်ဆောင် လှည့်စားတာမျိုး မလုပ်ပါနှင့်။ သင်က တူညီသော တန်ဖိုးထားမှုများ၊ တူညီသော ယုံကြည်ချက်များ ဝေမျှခံစားမည်ဟု အထင်ရောက်စေပြီး အခြားသူတစ်ယောက်ကို လှည့်စားခြင်းသည် သင့်တို့နှစ်ယောက်လုံးကို စိတ်ထိခိုက်မှုများသာ ဖြစ်စေလိမ့်မည်။

When you are healthy in all aspects, attractiveness becomes a consequence but not an end. As an above-mentioned research, a person‘s sense of self-security matters, perhaps even beyond attraction. But remember: do these things for yourself and
not for other people. Only then you can truly harness your attractiveness as a person.

ကဏ္ဍအားလုံးတွင် အခြေအနေ ကောင်းလျှင် ဆွဲဆောင်မှုသည် အရေးပါမှုတစ်ရပ်တော့ဖြစ်လာမည်။ သို့သော် အဆုံးသတ်တစ်ခု ဖြစ်လာမည်မဟုတ်။ အထက်ဖော်ပြပါ သုတေသနတစ်ရပ်အရ လူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုသည် ဆွဲဆောင်မှုထက် ပို၍ အရေးကြီးနိုင်ချေရှိ၏။ သို့သော် ဤကိစ္စများကို သင့်အတွက် လုပ်ဆောင်ခြင်းဖြစ်သည် အခြားသူများအတွက် လုပ်ဆောင်ခြင်းမဟုတ်ဆိုတာကို ခေါင်းထဲစွဲတွင်ထားပါ။ သို့မှသာ လူသားတစ်ယောက်အနေနှင့် သင်၏ ဆွဲဆောင်မှုကို အမှန်တကယ် ထိန်းချုပ်အသုံးချနိုင်မည်ဖြစ်သည်။

ဒေါက်တာအရှင်ကုမုဒ (ဗောဓိတစ်ထောင်)

7- programs to Stress management
စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဉ် (၇) ရပ်

They say there's more than one way to skin a cat. The same goes when you start tearing your hair out with all the frustration, grief, anxiety, and yes, stress. It's a state of mental conditioning that is like taking that bitter pill down your throat, causing you to lose your sense of self, and worse your sanity. Just thinking about it can drive anyone to the edge.
And they say that the proactive ones are already living on the edge.

တစ်ခုခုကို လုပ်ဆောင်ရန် နည်းလမ်းများစွာရှိကြောင်း အမြဲတမ်း တွေ့နိုင်သည်ဟုဆို၏။ ထို့အတူ ခံပြင်းခြင်း။ အားမလို အားမရဖြစ်ခြင်း၊ ပူဆွေးခြင်း၊ စိုးရိမ်ခြင်း၊ စိတ်သောကရောက်ခြင်းများကြောင့် သင် ဆွေ့ဆွေ့ခုန်နေသော အခါတွင်လည်း လုပ်နိုင်ခြေများစွာရှိသည်။ ၎င်းသည် ဆေးခါးကြီးကို လည်ချောင်းကနေ မျိုချသည့် ခံစားမှုနှင့်တူ၏။ သင်၏ ပင်ကိုယ် စိတ်သဘောထား ပျောက်ဆုံးစေပြီး ဆင်ခြင်တုံတရား ပျက်စီးဆိုးရွားစေသော စိတ်ပိုင်းဆိုင်ရာတွင် ဖြစ်ပေါ်သည့် အခြေနေတစ်ရပ်ဖြစ်သည်။ ထိုအကြောင်းကိုသာ စဉ်းစားနေခြင်းသည် လူကို တစ်ခုခု ကြံမိကြံရာ စွတ်လုပ်ရန် လှုံ့ဆော်ပေး၏။ ဖြစ်လာမှ တုန့်ပြန်ခြင်းထက် ဖြစ်အောင်အခြေအနေကို ဖန်တီးယူသူများသည် စိတ်လှုပ်ရှားစရာ ဘ၀ကို ပိုင်ဆိုင်ထားသူများဖြစ်သည်ဟု ဆို၏။

I know how stressed-out persons feel. You can't blame them for being like that; they have their own reasons, so much like we have our reasons to allow stress to weigh us down.
There are several ways to manage stress, and eventually remove it out of your life in this day. So I'll try to divide it into a seven-day course for you and I promise it's not going to be too taxing on the body, as well as on the mind.

စိတ်သောကရောက်နေများ မည်သို့ ခံစားရသည်ကို ကျွန်တော်သဘောပေါက်၏။ ထိုသို့ဖြစ်ခြင်းအတွက် ၎င်းတို့ကို အပြစ်မတင်သင့်ပေ။ စိတ်ကိုညှိုးငယ် ထိုင်းမှိုင်းစေသော စိတ်ဖိစီးမှုခံရဖို့ အကြောင်းများစွာ ကျွန်တော်တို့မှာရှိသလို သူတို့မှာလည်း သူတို့အကြောင်းနှင့် သူတို့ရှိ၏။ စိတ်ဖိစီးမှုကို ဖြေရှင်းရန် နည်းလမ်းများစွာရှိ၏။ ဒီခေတ်က ၎င်းစိတ်ဖိစီးမှုကို နောက်ဆုံး သင့်ဘဝထဲမှပင် ဖယ်ထုတ်ပစ်နိုင်၏။ ဒါကြောင့် သင့်အတွက် ခုရက်စာ သင်ရိုးတစ်ခုအဖြစ် ကျွန်တော် ကြိုးစားပြီး ပိုင်းခြားပေးလိုက်မည်။ ပြီးတော့ ၎င်းသင်ရိုးသည် ကိုယ်ခန္ဓာကိုရော စိတ်ကိုပါ အလွန် မခံချိမခံသာအောင် မဖြစ်စေရဟု ကျွန်တော် အာမခံ၏။

  1. Use stress wisely
    Based on the body's natural "fight" response, that burst of energy will enhance your performance at the right moment. I've yet to see a top sportsman totally relaxed before a big competition. Use stress wisely to push yourself little bit harder. Make stress your friend!

၁- စိတ်ဖိစီးမှုကို ပညာသားပါပါ အသုံးချပါ။
ကိုယ်ခန္ဓာ၏ သဘာဝရုန်းကန်လှုပ်ရှားမှုကို အခြေခံသော တုန့်ပြန်မှုဖြစ်သည့် အခိုက်အတန့်မျှနှင့် ဟုန်းခနဲ စွမ်းအင်ပေါ်ပေါက်စေသောအရာသည် ထိုခဏမှာပင် သင်၏ လှုပ်ရှားဆောင်ရွက်မှုကို ပိုကောင်းအောင် မြှင်တင်ပေးလိမ့်မည်။ အပြင်းအထန် ပြိုင်ပွဲမဝင်မီ လုံးဝ စိတ်အေးလက်အေးနေတတ်သော ထိပ်တန်း အားကစားသမားကို ကျွန်တော်တွေ့ဘူး၏။ သင့်ကိုယ်သင် ပိုမို တွန်းအားပေးရန် စိတ်ဖိစီးမှုကို ပညာသားပါပါ အသုံးချပါ။ ၎င်းနှင့် မိတ်ဆွေဖွဲ့ပါ။

  1. Avoid stress emitters
    Stressed people emit stress germs indiscriminately and before you know it, you are infected too!
    Protect yourself by recognizing stress in others and limiting your contact with them. Or if you've got the inclination, play stress doctor and teach them how to better manage themselves.

၂- စိတ်ဖိစီးမှု ထုတ်လွှတ်သူများကို ရှောင်ရှားပါ
စိတ်ဖိစီးခံရသူများသည် စိတ်ဖိစီးမှုဆိုသော ရောဂါပိုးများကို လက်လွတ်စပယ် ထုတ်လွှတ်တတ်ကြ၏။ ဒါကို သင် မသိခင် သင်လည်း ရောဂါပိုး ကူးစက်ခံရ၏။
အခြားသူများထံမှ စိတ်ဖိစီးမှုကို မှတ်သားခြင်း၊ ၎င်းတို့နှင့် ဆက်ဆံရေးကို အကန့်အသတ်ထားခြင်းဖြင့် ကူးစက်မခံရအောင် သင့်ကိုယ်သင် ကာကွယ်ပါ။ ဒါမှမဟုတ် သင် ဝါသနာပါလျှင် စိတ်ဖိစီးမှု ကုသပေးသော ဆရာဝန်ဆိုသည့် ဂိမ်းကို ကစားပါ။ ပြီးလျှင် ထိုလူများကို စိတ်ဖိစီးမှု သက်သာအောင် ကိုင်တွယ်ဖြေရှင်းနည်း သင်ပေးပါ။

  1. Learn from the best
    When people around are losing their head, who keeps calm? What are they doing differently? What is their attitude? What language do they use? Are they trained and experienced? Figure it out from afar or sit them down for a chat. Learn from the best stress managers and copy what they do.

၃- အတော်ဆုံး လူများထံမှ လေ့လာသင်ယူပါ
အနီးဝန်းကျင်မှ လူများ ကယောင်ရိုက်နေသောအခါ ဘယ်သူ စိတ်တည်ငြိမ်အောင် ထိန်းသလဲ။ သူတို့ ဘာတွေ တစ်ယောက်တစ်မျိုး လုပ်ကြသလဲ။ သူတို့ သဘောထားက ဘာလဲ။ ဘယ်လို စကားလုံးတွေ သုံးပြီး ပြောဆိုကြသလဲ။ သူတို့ ကျင့်ယူကြသလား၊ ခံစားကြသလား။ အဝေးကနေ မှန်းဆတွက်ချက်ပါ ဒါမှမဟုတ် ၎င်းတို့နှင့် စကားထိုင်ပြောကြည့်ပါ။ စိတ်ဖိစီးမှုကို အကောင်းဆုံး ကိုင်တွယ်တတ်သော မန်နေဂျာများထံမှ လေ့လာသင်ယူပါ။ ၎င်းတို့ လုပ်ဆောင်တာကို အတုခိုးပါ။

  1. Practice heavy breathing
    This is something I've learned from a gym instructor: You can make your body into relaxing by using heavy breathing. Breathe in slowly for a count of 1 to 5 then breathe out for a count of 6 to 10. Repeat the 1 to 10 breathing in and breathing out again and again.

၎- အသက် ပြင်းပြင်းရှုရှိုက်ခြင်းကို လေ့ကျင့်ပါ
ဒါသည် ကျန်းမာရေးအားကစား လေ့ကျင့်ပေးသူထံမှ ကျွန်တော် လေ့လာထားသော အချက်ဖြစ်၏။ အသက် ပြင်းပြင်းရှုရှိုက်မှုကို အသုံးပြုခြင်းဖြင့် သင့် ခန္ဓာကိုယ်ကို ဖြေလျှော့ပေးခြင်းပြုလုပ်နိုင်၏။
ဝင်လေဖြည်းဖြည်း ရှုသွင်းရင်း တစ်မှ ငါးအထိ ရေတွက်ပါ ဒီနောက် ထွက်လေဖြည်းဖြည်း မှုတ်ထုတ်ရင်း ခြောက်မှ တစ်ဆယ်ထိ ရေတွက်ပါ။ ထပ်မံ၍ တစ်မှ တစ်ဆယ်ထိရေတွက်ရင်း ဝင်လေ ထွက်လေ အကြိမ်ကြိမ် ရှုရှိုက်ခြင်း ဆက်လုပ်ပါ။

  1. Give stressed thoughts the red light
    It is possible to tangle yourself up in a stress knot by yourself. "If this happens, then that might happen and then we're all up the creek!" Most of these things never happen, so why waste all that energy worrying needlessly?
    Give stress thought-trains the red light and stop them in their tracks.

၅- စိတ်ဗျာများစေသော အတွေးများကို မီးနီပြလိုက်ပါ
"ဒီလိုဖြစ်လျှင် ဒါမျိုးဖြစ်လာမည်။ ဒီအခါ ကျွန်တော်တို့တော့ မလွယ်ရေးချမလွယ်" ဆိုပြီး သင့်ကိုယ်သင် စိတ်ဖိစီးမှု ကြိုးထုံးနှင့် လိမ်ယှက်တာမျိုးဖြစ်နိုင်၏။ ဤအခြေနေအများစုသည် ဘယ်တုန်းကမှ ဖြစ်မလာပါ။ ဒီလိုဆို အဘယ်ကြောင့် မလိုအပ်ဘဲ စိုးရိမ်စိတ်ဝင်ပြီး ထကြွလုံ့လကို ဖြုန်းတီးပစ်မည်နည်း။
စိတ်ဖိစီးခံရစေသော အတွေးရထားများကို မီးနီပြပြီး သံလမ်းပေါ်တွင် ရပ်ထားလိုက်ပါ။

  1. Know your trigger points
    Presentations, interviews, meetings, giving difficult feedback, tight deadlines.... My heart rate is cranking up!
    Make your own list of stress trigger points. Be specific. Is it only presentations to a certain audience that get you worked up? Does one project cause more stress than another? Did you drink too much coffee?

၆- စိတ်ဖိစီးမှု အစပျိုးသော အခိုက်တန့်ကို သိထားပါ
အစီအစဉ်တင်ပြခြင်းများ။ လူတွေ့မေးမြန်းခြင်းများ၊ စည်းဝေးပွဲများ၊ ခက်ခဲသော တုန့်ပြန်ချက်ပေးခြင်း၊လုပ်ငန်းပြီးစီးရန် သတ်မှတ်ထားသော ကျပ်တည်းသည့် နောက်ဆုံးအချိန်များ၊ ဤအခါများတွင် ကျွန်တော်၏
နှလုံးလည်ပတ်ပုံ ဖောက်နေတတ်၏။
သင်၏ စိတ်ဖိစီးမှု အစပျိုးသော အခိုက်တန့်များကို စာရင်းရေးထားပါ။ တိကျသေချာပါစေ။ ၎င်းသည် သင့်ကို စိတ်လှုပ်ရှားစေသော ပရိသတ်အား အစီစဉ်များတင်ဆက်ရာတွင် ဖြစ်ပေါ်သလား။ စီမံကိန်းတစ်ခုသည် အခြားစီမံကိန်းထက် ပိုပြီး စိတ်ဖိစီးမှု ဖြစ်ပေါ်စေသလား။ သင် ကော်ဖီ အလွန်အကျွံသောက်သလား။

Knowing what causes you stress is powerful information. You can take action to make them less using that information. Do you need to learn some new skills? Do you need extra resources? Do you need to switch to decaffeinated coffee?

သင်ကို စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းရင်းများကို သိခြင်းသည် အစွမ်းထက်သော သတင်းအချက်လက်ဖြစ်၏။ ထိုသတင်းအချက်လက်ကို အသုံးပြုလျှက် အကြောင်းရင်းများ လျော့နည်းအောင် သင် လှုပ်ရှားဆောင်ရွက်နိုင်၏။ သင့်မှာ ကျွမ်းကျင်မှု အသစ်များကို လေ့လာရန် လိုအပ်သလား။ ပုံမှန်ထက်ပိုသော အရင်းအမြစ်များ လိုအပ်သလား။ ကဖိန်းဓာတ်မပါသော ကော်ဖီကို ပြောင်းသောက်ရန် လိုအပ်သလား။

  1. Burn the candle at one end
    Lack of sleep, poor diet and no exercise wreaks havoc on our body and mind. As a stress management technique, listen to your mother and don't burn the candle at both ends!
    So having stress can be a total drag, but that should not hinder us to find the inner peace of mind that we have wanted for a long time.

၇- အလုပ်တွေကို အချိန်ကောင်းတွင်လုပ်ပါ (ဉာဥ့်နက်သန်ခေါင် အချိန်မတော်ထိ မလုပ်ပါနှင့်)
အိပ်ရေးပျက်ခြင်း၊ အစားနည်းခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းသည် သင်၏ ကိုယ်ခန္ဓာနှင့်စိတ်ကို အကြီးအကျယ် ကသောင်းကနင်းဖြစ်စေ၏။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းသော နည်းနိဿယျတစ်ခုအနေနှင့် သင့်မိခင်ပြောစကားကို နားထောင်ပြီး ၀ီရိယလွန်ကာ ညအချိန်မတော်ထိ အလုပ်တွေ မလုပ်ပါနှင့်။ စိတ်ဖိစီးခံရခြင်းသည် လုံးဝဥဿုံ စိတ်ပျက်စရာ ဖြစ်နိုင်၏ သို့သော် ၎င်းက ကျွန်တော်တို့ ကာလရှည်ကြာ တောင့်တလာခဲ့သော စိတ်အတွင်း အေးချမ်းမှု ရှာတွေ့ခြင်းကို ဟန့်တား နှောင့်ယှက်တာမျိုး မဖြစ်သင့်ပေ။
image
Tinmyoaung

Sort:  

bro ​ရေးထားတာ ​ကောင်းပါတယ်​ အထူးသဖြင့်​ မြန်​မာအင်္ဂလိပ်​ ၂မျိုး​ရေးထား​တော့ မြန်​မာမဟုတ်​တဲ့ တစ်ခြား​နိုင်​ငံကလူ​တွေရဲ့ attention ကိုပါ ရနိုင်​ပါတယ်​ bro

ဟုတ်​အကို

အလယ်မှာ ထောက်နေတဲ့ စာပိုဒ်က space bar ကြောင့် ဖြစ်နေတာ။ စာပိုဒ်အစရဲ့ space ကို delete လုပ်လိုက်ပါ။

ဟုတ်​ကဲ့ အကို

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59056.49
ETH 2597.22
USDT 1.00
SBD 2.44