အဘိုး​ပြောပြတဲ့ ပုံပြင်​(၂)ပုဒ်​အပိုင်း၁ (Tin Myo Aung)

in #myanmar7 years ago (edited)

image
တစ်​ည လသာသာ
အိမ်​​ရှေ့ မန်​ကျည်းပင်​ကြီး​အောက်​ ကွပ်​ပျစ်​​ပေါ်မှာ ​မြေးအဘိုးနှစ်​​ယောက်​ ​​ရေ​နွေးကြမ်း​သောက်​၊ထန်းလျက်​ခဲမြည်းကြရင်း ​ရောက်​တတ်​ရာရာ ​ပြောကြရင်းက ကျွန်​​တော့်​ကို တကယ့်​ပညာတတ်
ကြီး ဖြစ်​​စေချင်​တဲ့ဆန္ဒနဲ့ အဘိုး​ပြောပြလိုက်​ ​​သော ပုံပြင်​​လေးကို အခုထိ အမှတ်​ရ​နေဆဲဖြစ်​ပါသည်​။

အဘိုး​ပြောပြတဲ့ ပုံပြင်​​လေးက​တော့................
တစ်​ခါက ရွာတစ်​ရွာမှာ ပဲပြုတ်​​ရောင်းတဲ့ မိန်းမ
တစ်​​ယောက်​မှာ ငါနှစ်​သားအရွယ်​ သားတစ်
ယောက်​ရှိတယ်​။ တစ်​​နေ့မှာ အ​မေလုပ်​သူက ပဲပြုတ်​​ရောင်း သွားခါနီး အိမ်​တိုင်​ကို ဖက်​ငို​နေတဲ့ သားဖြစ်​သူ လက်​ထဲကို ပဲကြီး​လှော်​ တစ်​ဆုပ်​ထ
ည့်​​ပေးပြီး ပဲပြုတ်​​ရောင်းထွက်​သွား​လေရဲ့။ သား
ဖြစ်​သူဟာ သူ့ရဲ့ဖြန့်​ထားတဲ့ လက်​နှစ်​ဖက်​ထဲကို
ပဲကြီး​လှော်​​တွေ ​ရောက်​လာလို့ အငိုတိတ်​သွားေ
ပမယ့်​ ယူစားဖို့ခက်​​နေတယ်​ကွ။လက်​နှစ်​ဖက်​ကို
လွှတ်​လိုက်​ရင်​လည်း ပဲကြီး​လှော်​​တွေကျကုန်​မှာစိုးတာကိုး အဲ​တော့ က​လေးမှာ မြင်​သာမြင်​ရ မ
စားရတဲ့ ပဲ​ကြီး​လှော်​​တွေကိုကြည့်​ပြီး ငို​တော့တာ​ပေါ့ကွာ

အဘိုးက စကားကို ခဏရပ်​ပြီး ကွမ်းကို ပျစ်​ကနဲ
လှမ်း​ထွေးလိုက်​သည်​။ကွမ်း​ပေ​နေ​သော နှုတ်​ခမ်းကိုသပ်​ကာ ဆက်​ပြီး---------
က​လေးငိုသံကြား​တော့ အိမ်းနီးနားချင်း​တွေက ​ပြေးထွက်​လာကြတာ​ပေါ့ ဒါ​ပေမယ့်​ က​လေးကို
မြင်​​တော့ တအံ့တသြကြည့်​ပြီး၊ ဘာလုပ်​ရမှန်း မသိကြဘူး ဒီတင်​ က​လေးကလည်း​ကြောက်​ပြီး
တက်​မတတ်​ ငို​တော့တာ​ပေါ့။အဲဒီ​တော့ လူအုပ်​ထဲက ခပ်​သွက်​သွက်​ လူတစ်​​ယောက်​က အိမ်​တိုင်​ကို ဖြတ်​ပြီး လက်​ကို ဆွဲထုတ်​ရ​အောင်​လို့ အကြံ​ပေးတယ်​ကွ။အဲ​တော့ ကျန်​တဲ့ လူတချို့က
"ဟာ ဘယ်​ဖြစ်​မလဲ၊အိမ်​တိုင်​ကိုဖြတ်​ရင်​လိုက်​ရ
င်​ အိမ်​ကြီး ပြိုကျသွားမှာ​ပေါ့"လို့ဆိုပြီ အဲဒီလူကို
တားကြတယ်​။ ​နောက်​တစ်​​ယောက်​ကလည်း "ဒီ
လိုဆိုရင်​ အိမ်​​ခေါင်​မိုးကို ထိုးလှန်​ပစ်​ကွာ"လို့ ​ရွှေဥာဏ်​​တော်​ စူး​ရောက်​ပြီး အကြံ​ပေးပြန်​တယ်​။
အဲ​တော့ ကျန်​တဲ့သူ​တွေက အိမ်​​ခေါင်းမိုးကြီး ထို
းလှန်​လိုက်​ရင်​ အိမ်​ကြီး အမိုးမရှိဘဲ ​ဟောင်း​လောင်းကြီးဖြစ်​သွားမှာ​ပေါ့ကွ ဟုဆိုပြီး ကန့်​ကွက်
ပြန်​တယ်​ ။

ဒီလိုနဲ့ တစ်​​ယောက်​တစ်​​ပေါက်​ ​ပြော​နေကြတုန်း
လူတစ်​​ယောက်​က ထပြီး"ဒီလိုလုပ်​​ဗျာ-------အိမ်
ခေါင်းမိုးကို အကုန်​ ထိုးမဖွင့်​ပဲ က​လေး ယူသာသ​လောက်​ပဲဖွင့်​ပြီး က​လေးကို မ ယူကြမယ်​​ဗျာ။
ဘယ်​လိုလဲ----​ကောင်းတယ်​မလား------အကြုံပြု
ပြန်​တယ်​။အားလုံးကလည်း သူ့အကြံအစည်​ကို
သ​ဘောတူကြပြီး အိမ်​ ​ခေါင်​ကို က​လေးတစ်​​ယောက်​စာလှပ်​ပြီး က​လေးကို ပဲကြီး​လှော်​ ဆုပ်​လျက်​နဲ့ တဖြည်းဖြည်းမယူကြတယ်​။ဒီလိုနဲ့ပဲ က​လေးဟာ ပဲကြီး​လှော်​ ဆုပ်​လျက်​နဲ့ပဲ တိုင်​က ချွတ်​လို့ ရသွားတယ်​ကွ။ဝိုင်းကြည့်​​နေတဲ့ လူ​တွေကလည်း လက်​ခုပ်​လက်​ဝါးတီးပြီး"ဒါမှ တကယ့်
ပညာရှိကွ-----​တော်​လိုက်​တာ​ဟေ့"နဲ့ တစ်​ခဲနက်
သြဘာ​ပေးလိုက်​တာြေ​ဗာင်းဆန်​​နေတာ​ပေါ့ကွာ။

အဲချိန်​ကစပြီး အဲဒီလူကို ပညာရှိကြီး ​နေရာခန့်​အပ်​ပြီး နာမည်​​ပေးလိုက်​ကြတာပဲ။'ပဲကြီး​လှော်​ ပညာရှိ'တဲ့​ဟေ့။ရွာမှ က​လေး ကင်​ပွန်းတပ်​ကစပြီး မင်္ဂလာ​အခမ်းအနားအလယ်​ နာ​ရေးကိစ္စအဆုံး သူမပါရင်​ပွဲမစည်​။သူပါမှ ပွဲစည်​ ဘဝ ​ရောက်​သွား​တော့တာ​ပေါ့ကွာ ဟား----ဟား----ဟား။
အဘိုးသည်​ အားပါးတရ ရယ်​ကာ လက်​ကျန်​ ကွမ်းကို ပစ်​ကနဲ​ထွေးရင်း ​ရေ​နွေးကြမ်းဖြင့်​ ပလုပ်​ကျင်း အာရှင်းလိုက်​​လေသည်​။ဆက်​၍ ကျွန်​​တော်​အား------

"​အေး မင်းကိုလည်း အဲသလို ပဲ​ကြီး​လှော်​ ပညာရှိဖြစ်​ပြီး၊ ရုက္ခစိုးလို လူ​ပေါင်းမှားရင်​​တော့ သွား​ရော့​ဟေ့--သွား​ရော---ဟား---ဟား----ဟား ဘာမှ
သုံးမရ​တော့ဘူးသာ မှတ်​​ပေ​တော့"ဟု ရယ်​​မော
ရင်း ကွမ်းတစ်​ယာကို ​ပါး​စောင်​ထဲငုံရင်​ လူ​ပေါင်း
မှားတဲ့ ရုက္ခစိုးပုံပြင်​ကို ​ပြောပြန်​သည်​။...............
တစ်​ခါက ရွာတစ်​ရွာမှာ ဘိန်းစားတစ်​​ယောက်​ရှိ
တယ်​ကွ။ ရွာထဲ ဟိုအိမ်​ ဒီအိမ်​က ခိုင်းတဲ့ ဆန်​ဖွပ်​၊ ​မောင်းထာင်း၊ နွား​ကျောင်း စတဲ့ အလုပ်​​တွေကို ကြုံရုန်းလုပ်​ပြီး ရလာတဲ့ ပိုက်​ဆံကို ဘိန်းရှူ​တော့တာပဲကွာ။ ဒါ​ပေမယ့်​ ဒီ​ကောင်​က ဘိန်းသာ
ရှူတာ သူတစ်​ပါး ပစ္စည်းဆို အပ်​တိုတစ်​​ချောင်း​တောင်​မယူဖူး၊မခိုးဖူး၊မလိမ်​ဖူး၊မညစ်​ဖူး---ဘိန်းစား
ထဲမှာ​တော့ တစ်​မူးပိုတယ်​လို့ ​ပြောမလားပဲ။ဘိန်းစားသစ္စာရှိ​ပေါ့ကွာ။အဲဒီ​တော့ ရွာလူ​တွေက သူ့
ကိုခိုင်းကြတာ​ပေါ့ကွာ......ဒါ​ပေမယ့်​ ကြာလာ​တော့ လူ​တွေရဲ့စိတ်​ထဲမှာ ဘယ်​လို ဖြစ်​လာသလဲဆို​တော့----ဒီ​ကောင်​ရဲ့ ဘိန်းရှူတဲ့ အမူအကျင့်​​တွေ ငါတို့သား​တွေပါ ကူးစက်​လာနိုင်​တယ်
ဒီ​တော့ ဒီ​ကောင့်​ကို ရွာထဲမှာ မ​နေခိုင်းဘဲ ရွာအ
ပြင်​မှာ ​နေခိုင်းကြစို့ရဲ့ လို့ တိုင်​ပင်​ဆုံးဖြတ်​ကြ
တယ်​။ မကြာခင်​မှာပဲ ဘိန်းစားကို ရွာအပြင်​ကို ထုတ်​လိုက်​ကြတယ်​။
ဘိန်းစားလည်း ဘုံ​ပျောက်​ဘ​မောင်​ဖြစ်​ပြီး​တော့ ရွာအပြင်​ကို ထွက်​ခဲ့ရတယ်​။ ရွာထဲမှာတုန်းက​တော့ ဟိုလူ့အိမ်​ ကပ်​​နေလိုက်​၊ဒီလူ့အိမ်​ ကပ်​​နေလိုက်​နဲ့ အဆင်​​ပြေ​နေတာ​ပေါ့ကွာ။ အခု ရွာအပြင်​​ရောက်​​တော့ ​နေ​ရေးဒုက္ခ​ရောက်​​တော့တာပဲ။ ဒါနဲ့ပဲ ​နောက်​ဆုံးမှာ ရွာပြင်​ ​​ညောင်​ပင်​ကြီး​အောက်​မှာ ထန်းလက်​ တဲ​လေးထိုးပြီး စံမြန်းနေပါေ​လေ​ရောကွာ။ မနက်​ဆို ရွာထဲသွား လုပ်​စရာရှိ
တာ​တွေလုပ်​ ပိုက်​ဆံရလာ​တော့ ဘိန်းဝယ်​ပြန်
လာ တဲ​ရောက်​​တော့ စား​သောက်​ပြီး ဘိန်းရှူလိုက်​နဲ့ အဆင်​ကို ​ပြေ​နေတာ​ပေါ့ကွာ။ကံတရားမျာ
း အ​တော်​​တော့ ဆန်းကြယ်​သားကွ---မဟုတ်​တဲ့
ဘိန်းစားမှလာ ကံ​ကောင်း​နေတယ်​​ပေါ့ကွာ-ဟားဟား-----ဟား
ဆက်​ရန်​>>>>>>>>အပိုင်း၂​မျှော်
@TinMyoAung

Sort:  

if you keep these great work more will get more followers

yes brother

တစ်ယောက် တစ်ည ပုံပြင်များ ရေးပါအုံး ဆရာ

ရေးရမှာ​ပေါ့ ​ရေးမှာ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Great works, I wish you success
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
Good post I would be very thankful if you please follow and upvote me thanks.This post recieved an upvote from sanjeev.kapoor . If you would like to recieve upvotes from sanjeev.kapoor on all your posts, simply FOLLOW @sanjeev.kapoor

Yes follow

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58183.32
ETH 2475.34
USDT 1.00
SBD 2.38