Sort:  

လွမ်းပါတယ်ဆို

လွမ်းတယ်ဆို၊ ငိုမယ်လိုရည်စူး
ပျိုတို့အေဖေ၊ ဟိုအိမ်ဦးမှာ
ရူးတယ်လို့ပြောမည်ကို
တွေးကြောက်ရင်ဖို။

ဆာ့ကဗျာဖတ်ပြီးကျွန်တော့်ရဲ့ညီမလေးကိုပိုလွမ်းလာတယ်

အလွမ်းပြေ ကဗျာစပ်မိတယ်
အလွမ်းဓါတ်ကလူစုံစုံ၊ ကုန်နိုင်ဘိလေး။
ညီမလေးကို လွမ်းသည်တဲ့
ကျော်စန်းတဲ့ကိုအဝှာ၊ လွမ်းစိတ်ပိုလာ
သေချာတယ်၊ ဘင်္ဂလားပေထင့်လေး။

သရော်တာလားကဗျာလားမသဲကွဲပုဆြာ 😖

ကဗျာပါကွာ။

ဆောင်းအ၀င် ချမ်းစိမ့်စိမ့်နဲ့ တစ်ယောက်ထဲ လွမ်းနေရပါတယ်ဆိုမှ

ငွေနှင်းငယ်မှုန်
ဖေါ်မစုံတစ်ကိုယ်တည်းပေမို့
မြကြက်သီးတွေက
တဖီးဖီးထလို့ငယ်အုံ။
ချမ်းတုံတာ၊ လွမ်းပုံဆင့်ပြန်တော့
တာဆုံမှာ၊ အာကုန်ဟစ်ချင်ငဲ့
ဂျမ်းဘုံရေ ငါနဲ့သာတွဲ။ ။

လွမ်းလွန်းလို့ ​သေနိုင်​တယ်

မဖြေသာ၊ သေချာတွေး
လွမ်းသေးတဲ့၊ ကိုအတာ
လွမ်းစေဖို့ ရှာပါလျှင်၊ တွေ့နေမှာမဆန်း။
လွမ်းစေမှု သက်သာအောင်
လွမ်ဖြေရာကမ္မဌာန်းကိုလ
စီးဖြန်းလိုက်မည်၊ လွမ်းစိတ်ကပိုသည်
လွမ်းစေတီ၊ တည်စမ်းချင်ရဲ့လေး။ ။

အလွမ်းကဗျာ

ပြည့်စုံ post ကိုထောက်ခံလိုက်တာလေ။ သူ့ post ကိုဖတ်ပြီဒီစိတ်ကူးပေါ်တာနဲ့ ရေးလိုက်တာ။

ကဗျာတွေလက်မခံသေးဘူးညီလေး ၊ အလွမ်းကဗျာတွေက အသက် ၁၈ နှစ်မပြည့်သေးပဲ မရေးရဘူးသက်လား

ဟုတ် ဘဘ ၊ တီတီ ပြည့်စုံကိုအားကျလို့ ဟီးဟီး

နွေ မိုး ဆောင်း လွမ်းနေရတယ် ဆရာ

အလွမ်းနွေ၊ နွမ်းလေသမျှ
အတာရေ ချမ်းချမ်းက
ရွှင်လန်းစေတယ်။
အလွမ်းမိုး၊ သွန်းဖြိုးစွေသမျှ
မီးထွန်းတဲ့ သီတင်းကျွတ် အလင်းတန်းက
ရွှင်လန်းစေတယ်။
ဆောင်းချမ်းတဲ့၊ အလွမ်းတွေက
နွေအကူး လေရူးတွေက
ရွှင်မြူးစေတယ်။
သည်နွေ၊ သည်မိုး၊ သည်ဆောင်း
အလွမ်းပေါင်းကုဋေ၊ ရှိ၍နေလည်း
ဖြေစရာအများ၊ ရှိနေသားဟု
မှတ်သားစိတ်တွင်၊ ပျော်ပွဲဆင်လော၊
အလွမ်းထိပ်ခေါင်၊ ထင်လင်းမောင်။ ။

ဘဘရယ် ရယ်ရမလား ငိုရမလားမသိပု
အလွမ်းနာကျနေတာနဲ့ကွက်တိဗျာ

အလွမ်းကဗျာဖတ်၊ လွမ်းစရာထပ်
မလပ်နာကျင်၊ ငါ၏ရင်ဝယ်
ဘယ့်နယ်မချိ၊ မခံသိမခံသာ
မကြံသာအဆုံး၊ ချုံးချုံးချငို
အော်ဟစ်လိုတော့။ ။

sayar, writing poem is easier than who read the poem. because who the reader sometime can get in his own idea.

Have the right to think freely for poem who read.

မိုးမရွာလည်း လွမ်းတယ်ဆရာ...
လွမ်းစရာ မယ်မယ်ရရ မရှိပေမဲ့ တခါတလေကျရင် ဘာကိုလွမ်းမှန်းမသိလွမ်းတာ...:D
အလွမ်းဓာတ်ခံပါလို့လားမသိဘူး..

မိုးမရွာ လေမတိုက်၊
အနေအိုက်တဲ့ စိတ်ထွေထွေ၊
ဖြေတိုင်းလေ ဖြေမပြေဟာမို့
ဘယ်အခြေ၊ ဘယ်တွေကိုလွမ်းပါရမယ်
ပြောတတ်ပေဘူး။

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.034
BTC 111244.80
ETH 3921.76
USDT 1.00
SBD 0.60