ရင်ထဲကမောင်

in #myanmar6 years ago

ကြိုးစားစမ်းပါဆူးရယ်​​ပျော့ညံ့တယ်​​တွေ​ဝေတယ်​ဆိုတာနင်​နဲ့မလိုက်​ဖက်​ပါဘူးနင့်​ကိုယ်​ထဲကအဆိပ်​​တွေဒီထက်​ပိုပျံ့မလာခင်​နင်​ခွဲစိတ်​မှူ့ခံယူလိုက်​စမ်းပါ။ငါနင့်​ကိုဆုံးရှူံးရမှာနှ​မျောလွန်းတယ်​ဆူး။နင့်​အ​ကောင်​ထက်​ငါအစစအရာရာပိုသာပါတယ်​ဟာ။နင်​မှတ်​ထားငါတို့​ယောင်္ကျား​လေး​တွေဆိုတာကိုယ်​မြတ်​နိုးတဲ့ကိုယ်​ချစ်​တဲ့မိန်းခ​လေးတစ်​​ယောက်​ကိုခုလိုဘယ်​​တော့မှမလုပ်​ဘူး။နင့်​အ​ကောင်​ကနင့်​ကိုတကယ်​ချစ်​တာမဟုတ်​ဘူးဆူးရဲ့။နင်​မရူးစမ်းပါနဲ့။တော်​ပါ​တော့​ဝေယံရယ်​၊​တော်​ပါ​တော့။နင်​ငါ့ကိုချစ်​သလိုပဲငါလဲသူ့ကိုချစ်​တယ်​။အဲ့ဒီ့ငါ့ရဲ့စိတ်​ကိုဘယ်​ဆရာဝန်​ကဘာဓားနဲ့ခွဲပြီးဘယ်​​နေရာကိုဖြတ်​​တောက်​​ပေးမှာလဲဟင်​နင်​​ပြောစမ်းပါ၊ငါ့ရဲ့အချစ်​စိတ်​​တွေကိုဘာဓားနဲ့ခွဲမှာလဲလို့​ပြော​လေ​ဝေယံနင်​​ပြောphoto1.jpgစမ်းပါ။ငါသူ့ကိုမပိုင်​ဆိုင်​ရရင်​​တောင်​ငါသူ့ကိုပဲချစ်​​နေမှာ​ဝေယံ။နင်​ငါ့ကိုသူနဲ့ပတ်​သက်​လို့ဘာမှထပ်​မ​ပြောပါနဲ့​တော့။

ဆူး (၂)

ဆူးစိတ်​​တွေ​လေ​နေသည်​။ဆူး​မ​နေ့က​ဝေယံကို​မောင်​နဲ့ပတ်​သက်​လို့ဘာမှထပ်​မ​ပြောဖို့​ပြောခဲ့သည်​။တကယ်​ဆိုရင်​​ဝေယံ​ပြောတာမမှား။ဆူးစိတ်​ထဲကသိ​နေသည်​။မောင်​ဆူးကိုတကယ်​ချစ်​ခဲ့တာမဟုတ်​။မောင့်​မှာချစ်​ရသူ​တွေများတာဆူးသိသည်​။မေးလိုက်​ရင်​​မောင်​ကဘယ်​​တော့မှဝန်​မခံ။ဆူးဘာလုပ်​ရမလဲ။မောင့်​ကိုဆူးမခွဲနိုင်​။ခုအတိုင်းလဲဆူးမ​နေချင်​​တော့။တ​နေ့တ​နေ့​မောင့်​ကို​မျှော်​ရတာဆူးပင်​ပန်းလာပြီ။မောင့်​ရဲ့ဥ​ပေက္ခာ​တွေကိုမခံနိုင်​​တော့။ဆူး​မောင်​နဲ့​ဝေးရာတ​နေရာရာကိုထွက်​သွားလိုက်​ချင်​သည်​။မောင်​နဲ့ဆူးနဲချစ်​သူ​တွေဖြစ်​ခါစအချိန်​​တွေကိုပြန်​လိုချင်​သည်​။အဲ့အချိန်​​တွေတုန်းကဆူးသိပ်​​ပျော်​ခဲ့ရသည်​။မောင်​ကဆူးကိုဂရုစိုက်​လွန်းသည်​။တ​နေ့လုံးဖုန်း​တွေ​ပြောကြသည်​။vedio call​တွေအမြဲ​​ပြောဖြစ်​သည်​။မောင်​ဆူးအနားမှထမင်းစားချိန်​​တောင်​မခွဲ။ဆူးကိုအရမ်းချစ်တယ်​ဟုခနခန​ပြောတက်​သည်​။ဆူး​မောင့်​ရဲ့ချစ်​သူဖြစ်​ရတာအရမ်းကံ​ကောင်းတယ်​ဟုအမြဲ​တွေး​ပျော်​ခဲ့သည်​။တချိန်​တုန်းကဆူးဆီကိုဆယ်​မိနစ်​တခါဖုန်း​ခေါ်တက်​ခဲ့​တဲ့မောင်​။ခု​တော့ဆူး​က​ခေါ်ရင်​​တောင်ကိုင်​ချင်​မှကိုင်​သည်​။မကိုင်​တာကများသည်​။ဆူးက​ပြောရင်​​မောင်​မအားလို့ပါဆူးရယ်​ဟုသာပြန်​​ဖြေတက်​သည်​။ကိုင်​လို့​ပြောရင်​လဲတစ်​ခွန်းနှစ်​ခွန်းထက်​မပို၊ဒါပဲ​နော်​ဆူး​မောင်​မအား​သေးလို့ဆိုပြီးဖုန်းချသွားတက်​သည်​။ဆူးရင်​ထဲနာကျင်​မိသည်​။မအား​သေးလို့တဲ့လား​မောင်​ရယ်​။တကယ်​ဆိုရင်​အားတယ်​မအားဘူးဆိုတာ​မောင်​ဆူးအ​ပေါ်မှာထားတဲ့တန်​ဖိုးထားမှူ့အ​လေးအနက်​ရှိမှူ့နဲ့ပဲသက်​ဆိုင်​တာပါ။ဆူးဘာလုပ်​ရမလဲ။ဝေခွဲမရဖြစ်​​နေသည်​။ဆူးစိတ်​​တွေတအား​လေ​နေသည်​။

5465.jpg
ဆူး (၃)

ဆူး​လေ​နေလို့မဖြစ်​။ခုဆိုရင်​​မောင်​ဖုန်းမဆက်​တာနှစ်​ရက်​ရှိ​နေပြီ။ဆူးဆက်​​တော့လဲမကိုင်​။မောင်​ဘာဖြစ်​​နေတာလဲ။ဆူးသိချင်​​နေမိသည်​။မောင့်​ဆီကတခုခု​တော့ပြတ်​ပြတ်​သားသားသိရမှဖြစ်​မည်​။ဝေယံ​ပြောတာတကယ်​များဖြစ်​​နေရင်​။ဆူး​ကြောက်​​နေမိသည်​။မောင့်​ကိုဆက်​သွယ်​မရဖြစ်​​နေတာကဆူးကိုပိုနှိပ်​ဆက်​​နေသည်​။ညညလဲအိပ်​မရ။ဆူးအလုပ်​လဲမသွားနိုင်​၊အိပ်​ယာထဲ​ခွေ​နေပြီး​မောင့်​ကိုပဲ​မျှော်​​နေမိသည်​။ဝေယံ​ပြောတာက်ုလဲမဟုတ်​ပါ​စေနဲ့လို့ဆု​တောင်း​နေမိသည်​။ကလင်​ကလင်​။ဖုန်းသံကြား​တော့ဆူး​ပျော်​ပြီးကြည့်​လိုက်​သည်​။မောင်​မဟုတ်​။မောင့်​ဖုန်းမဟုတ်​​တော့ဆူးမကိုင်​ချင်​။ဝေယံကဆက်​တိုက်​​ခေါ်​နေသည်​။ဘာအ​ရေးကြီးလို့လဲမသိ၊မကိုင်​ချင်​ကိုင်​ချင်​နှင့်​ပဲကိုင်​လိုက်​သည်​။မိဆူးအင်း​ပြောငါနင့်​အ​ကောင်​အ​ကောင့်​ဟက်​ထားတယ်​။ဘာ​ဝေယံ။ငါနင့်​ကိုလုပ်​ခိုင်းလို့လား။နင်​ဖြစ်​​နေတဲ့ပုံစံကိုထပ်​မကြည့်​နိုင်​​တော့လို့။ငါနင့်​ကိုတကယ်​သနားတယ်​မိဆူး။နင်​ကဟို​ကောင်​ဘာ​ပြော​ပြောအကုန်​ယုံ​နေ။နင့်​အ​ကောင်​ကဇယား​တေများတယ်​။နင့်​ကိုဘယ်​ဂရုစိုက်​နိုင်​မလဲ။ခုငါ​ပေးတဲ့အ​ကောင့်​ကိုနင်​ဝင်​ကြည့်​ကြည့်​အဲ့မှာနင့်​ကို​ချွေတဲ့​တော်​ကီ​တွေထက်​​တောင်​ပို​သေးတယ်​အရူးမရဲ့။ဝေယံနင်​နင်​။လိုင်းဖွင့်​လိုက်​ငါပို့​ပေးထားမယ်​။နင်​မမြင်​သင့်​တာ​တွေ​တော့ငါဖျက်​ထားပြီးပြီ။ပြီးရင်​နင်​အဲ့​ကောင်​ကိုတခါထဲဖျတ်​လိုက်​​တော့။နင်​မဖြတ်​ရင်​ငါနင့်​အိမ်​မှာအားလုံးလာ​ပြောပြလိုက်​မှာ​နော်​ဆူး။ငါထပ်​ပြီးနင်​မျက်​ရည်​ကျတာကိုမမြင်​နိုင်​​တော့ဘူး။ဝေယံ​ဝေယံ။ဖုန်းချသွားပြီ။ဆူးလိုင်းဖွင့်​လိုက်​သည်​။ဝေယံ​ပေးထားတဲ့အ​ကောင့်​ထဲဆူးမဝင်​ရဲ။ဆူးလက်​​တွေတုန်​​နေသည်​။အ​ယောင်​​ယောင်​အမှားမှားနှင့်​ဆူးဖွင့်​လိုက်​သည်​။ဆူးမျက်​လုံး​တွေပြာကုန်​သည်​။ဖုန်းscreen​ပေါ်မျက်​ရည်​စ​တွေကအစီးအတားမရှိ။မောင်​ရယ်​ရက်​ဆက်​လိုက်​တာ။မောင်​မို့ဆူးအ​ပေါ်မှာလုပ်​ရက်​တယ်​။မောင်​​ပျော်​​နေလိုက်​တာ။ဆူးတို့ချစ်​သူ​တွေဖြစ်​ခါစတုန်းကအတိုင်းပါပဲလား။

shutterstock_391663060-6-e1513134235338.jpg
ဆူး(၄)

ဆူးငိုသည်​။တ​နေ့လုံးငိုသည်​။တညလုံးငိုသည်​​။အိမ်​ကသိမှာလဲစိုးရသည်​။ထို့​ကြောင့်​​နေမ​ကောင်းဟုအ​ကြောင်းပြကာအခန်းထဲမှမထွက်​။ဆူးထမင်းလဲမစား။ဆူးတကယ်​ဖျားပြီ။ကိုယ်​​တွေချစ်​ချစ်​​တောက်​ပူ​နေတာဆူးသိသည်​။ဆူး​မီးပင်​ကြီးထဲ​ရောက်​​နေသလိုပင်​။မောင့်ကိုအရမ်းသတိရသည်။အရမ်း​တွေ့ချင်သည်။မောင် ​မောင့်ကိုသတိရေ​​​​​​​​​တာ့ဆူးပြုံးမိသည်​။မီးပင်လယ်ကြီးမရှိေ​​​တာ့။ဆူးတကယ်ကို​​အေးချမ်းလာသည်။မောင့်အချစ်သစ်ကိုဆူးေ​​​​တွ့သည်။ေ​မာင်​ပျော်​​နေတာပဲဆူး​ကျေနပ်​ရမှာ​ပေါ့။ဆူး​မောင့်​ကိုအရမ်းချစ်​တယ်​။မောင့်​မျက်​နှာမှာအပြုံး​လေး​တွေကိုပဲမြင်​ချင်​တယ်​။မောင့်​ရဲ့မျက်​နှာ​ပေါ်ကအပြုံးအ​ပျော်​​လေး​တွေဟာဆူး​ကြောင့်မ​ဟုတ်​ခဲ့ရင်​​တောင်​​မောင်​​ပျော်​​နေတာပဲ​လေဆူးပြုံးနိုင်​ရမှာ​ပေါ့​။မောင့်​ကို​ပျော်​​အောင်​လုပ်​​ပေးတဲ့သူမကိုလဲဆူး​ကျေးဇူးတင်​ရမှာ​ပေါ့။ဆူးသိပ်​ချစ်​တဲ့ဆူးရဲ့​မောင်​ကပြုံးလိုက်​ရင်​ကမ္ဘာကြီး​တခုလုံးလင်းသွား​အောင်​ကြည့်​​ကောင်းတာကိုး။မောင့်​ရဲ့အပြုံး​လေး​တွေကိုကြည့်​​နေရင်းဆူး....။
SUU

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 60626.97
ETH 3358.90
USDT 1.00
SBD 2.45