Star Story (part-2)

in #myanmar6 years ago (edited)

Star Story (part-1) မှ အဆက်...
ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိအောင်...ဖန်တီးပေးပါလား ...' လို့ ငိုကြွေးရင်း...ပြောနေပြန်သတဲ့...။
ဒီတော့...သူတော်စင်က...
'သဘာဝကြီးဟာ ... သူ့ဟာနဲ့သူ နေရာတကျ...အလှတရားကို
ဖန်တီးတာပါ...ဘယ်နေရာမှ...လစ်ဟာမှရယ်လိုမရှိပါဘူး...
ပြောစမ်းပါအုံး..ဘယ်လိုဖြစ်တာလဲ...' လို့ ပြန်ပြီးမေးတာပေါ့...၊
အဲ့ဒီမှာ လမင်းဖိုက...
' ကျွန်ုပ်မှာ...နေမင်းကြီးရဲ့အလင်းရောင်နဲ့မှသာ...လင်းရတဲ့အရာတစ်ခုပါ ။
နေရောင်ခြည်မရှိတဲ့အခါ...' မဲကြုတ်ကြုတ် ' နဲ့ ကျွန်ုပ်မျက်နှာကို...လမင်းမလေးက...သည်းမခံနိုင်တော့လို့ထင်ပါရဲ့...
ဖြူစင်တဲ့ကျွန်ုပ်နှလုံးသားကို...ရှင်းပြနိုင်ဖို့လဲ...
ဝေါဟာရကမရှိ...
ကျွန်ုပ်သူ့အပေါ်မှာထားတဲ့...မေတ္တာနဲ့သစ္စာတရား...ကြီးမားမှုကိုလည်း...ရှင်းပြနိုင်တဲ့ ဝေါဟာရမရှိ...
အရောင်အဝါရှိလောက်အောင်...
အစွမ်းအစလည်းမရှိ...ကိုယ်ပိုင်အစွမ်းအစမရှိလေခြင်းလို့
ထင်ခဲ့တာကြာခဲ့ပြီ ဖြစ်ပါလိမ့်မယ်...
ခုတော့...ကျွန်တော့်ကိုစွန့်ခွာလို့...နေမင်းကြီးနဲ့ နေဖို့သွားပြီလေ ' ...လို့ပြောလိုက်တာပေါ့...။
ဒီတော့...သူတော်စင်က...
' သြော်...ဖြစ်ရလေ...လမင်းဖိုရယ်...
ကျွန်ုပ်ဘဝမှာ...ဒီလောက်ကြင်နာပြီး...အတွဲညီတဲ့ ကြင်ဖော်မရှိတော့ပါဘူး...လို့တွေးထင်ခဲ့တာ...
ဆုံဆည်းခြင်းရဲ့အဆုံးမှာ...ဝေးလွင့်ခြင်းရှိတာ ...
တရားသဘောဆိုပေမယ့်...သင့်ထံကို ဒီလောက်မြန်မြန်...လာခဲ့လိမ့်မယ်လို့တော့...ကျွန်ုပ်မထင်မိပါဘူး...
သင်နဲ့အတူ...ကျွန်ုပ်လည်း ထပ်တူ...စိတ်မကောင်းဖြစ်ရပါတယ်...။ သံယောဇဉ်ကြီးလေလေ...ခံစားရလေလေဖြစ်မှာပါပဲ ၊
တရားနဲ့သာဖြေပါ...ကိုယ်လုပ်စရာရှိတာသာ လုပ်နေပါ...
တစ်နေ့ သူသဘောပေါက်ရင်...သင့်ထံသူပြန်လာမှာပါ...'
လို့ နှစ်သိမ့်ပြောလိုက်ပါတယ်...။
လမင်းဖိုကလည်း... ' ကျွန်ုပ်...သစ္စာရှိစွာ စောင့်မျှော်နေပါ့မယ်
နှစ်သိမ့်တဲ့အတွက်လည်း...ကျေးဇူးတင်ပါတယ်...လုပ်စရာလေးရှိသေးလို့...သွားလိုက်ပါအုံးမယ်...' လို့ပြောရင်း မိုးကောင်းကင်ထက်မှာ ...တစ်ကိုယ်တည်းပဲ သာနေတော့တယ်...။
ဒီလိုနဲ့ ...လမင်းဖိုဟာ လမင်းမလေးကို...လွမ်းမောတသတာက တစ်ကြောင်း...လမင်းမလေး မရှိတော့တဲ့အတွက်...ကောင်းကင်ထက်မှာ ပိုပြီး...သာရတာကတစ်ကြောင်းကြောင့်...တစ်ဖြည်းဖြည်းနဲ့...
ညိုးနွမ်းကျလာတော့တယ်...။
RSM-16
Star Story (part-3) ကို ဆက်လက်ပြီးဖတ်ရှုပေးကြဖို့တောင်းဆိုပါတယ်နော်...။
ကျေးဇူးပါလို့...။image

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34