မြန်​မာမ​လေး

in #myanmar6 years ago

image
အမျိုး​ကောင်းသမီးများ ဖြစ်​ကြပါ​စေ မြန်​မာအမျိုးသမီးများအား မြန်​မာမိန်းက​လေးနှင့်​တူ​စေခြင်​ဆိုသည့်​ သီချင်းတစ်​ပိုဒ်​ထဲကလို မိမိတို့ မြန်​မာ့ဝတ်​စားဆင်​ယင်​မှုကို ဂုဏ်​ယူသင့်​ပါသည်​။ ဟီရိဩတ္တပ္ပတရားကင်းမဲ့​သော ဝတ်​စားဆင်​ယင်​မှုကို အတုမယူသင့်​​ပေ။ ဗုဒ္ဓဘာသာ မြန်​မာလူမျိုးဆိုသည်​မှာ လူကြီးများ၏အဆိုအမိန့်​အရ ဗုဒ္ဓဘာသာ သည်​ ကြာသပ​တေးနံ ဂြိုလ်​သက်​(၁၉)နှစ်​ မြန်​မာသည်​လည်း ကြာသပ​တေးနံ ဂြိုလ်​သက်​ (၁၉)နှစ်​၊ ဗုဒ္ဓဘာသာ + မြန်​မာ =၁၉+၁၉=၃၈ ရသဖြင့်​ ဗုဒ္ဓဘာသာ မြန်​မာလူမျိုးတို့သည်​ ဘုရား​ဟော(၃၈)ဖြာမင်္ဂလာတရား​တော်​နှင့်​အညီ ​နေထိုင်​​သော လူမျိုးများဖြစ်​သည်​။

ယ​နေ့​ခေတ်​သည်​ တိုးတက်​​နေသည့်​​ခေတ်​ဖြစ်​​သော်​လည်း အခှု့လူ​နေမှုရပ်​ဝန်းတွင်​ လွဲမှား​သောအတူယူမှုများ​ကြောင့်​ အဆိုးဘက်​ကိုဦးတည်​​နေပါသည်​။ အချို့အမျိုးသမီး​လေးများသည်​ ရုပ်​သံလိုင်းများမှ ပြသ​နေ​သော အ​နောက်​တိုင်းနှင့်​အခြား​သော တိုင်းပြည်​မှဝတ်​စားဆင်​ယင်​မှုပုံစံများကို အတုယူကာ ဝတ်​စား​နေထိုင်​​ပြောဆို​နေကြသည်​။

ကမ္ဘာတွင်​မြန်​မာသည်​ ကိုယ်​ပိုင်​ထီးနန်း၊ကိုယ်​ပိုင်​ယဉ်​​ကျေးမှု ကိုယ်​ပိုင်​စရိုက်​ အမူအကျင့်​များဖြင့်​ ထင်​ရှား​သောနိုင်​ငံတစ်​နိုင်​ငံ ဖြစ်​ပါသည်​။ အခြား​သောဘာသာများကို ကိုးကွယ်​​နေသည့်​နိုင်​ငံများ ချန်​လှပ်​ကာ ဗုဒ္ဓဘာသာဝင်​(၅)နိုင်​ငံကို ကြည့်​လျှင်​ ဒုတိယကမ္ဘာစစ်​အပြီးတွင်​ ကိုယ်​ပိုင်​ဝတ်​စားဆင်​ယင်​မှုပုံစံကို မြန်​မာနိုင်​ငံကသာလျှင်​ ထိန်းသိမ်းနိုင်​ခဲ့သည်​။ အ​နောက်​တိုင်း တိုင်းတစ်​ပါးသးအချို့က မြန်​မာအမျိုးသမီးများ၏ လုံခြုံလှပ​သော ဝတ်​စားဆင်​ယင်​မှုကို နှက်​သက်​အား​ကျပြီး ရင်​ဖုံးအင်္ကျီ၊ ထဘီတို့ကိုဝတ်​ဆင်​လျှက်​ အလှဓာတ်​ပုံရိုက်​ကာ အမှတ်​တရသိမ်းယူသွားသည်​ကို ညီမငယ်​​လေးများကို သိ​စေခြင်​မိသည်​။ အမျိုးသမီးငယ်​​လေးများ လှ​ခြင်​စိတ်​ရှိသည်​မှာ သဘာဝဖြစ်​သည်​။

သို့​သော်​ လှခြင်​စိတ်​များလွန်းလျှင်​ အသိနှင့်​သတိကင်းကွာကာ မိမိတို့လူမျိုး၏ စရိုက်​အမူအကျင့်​တို့အား ပစ်​ပယ်​ရာ​ရောက်​​စေပါသည်​။ ထို့​ကြောင့်​ ဘဝနှင့်​အလှအတွက်​ သတိနှင့်​အသိယှဉ်​ကာ ဝတ်​စားဆင်​ယင်​​နေထိုင်​​စေခြင်​ပါသည်​။

ဗုဒ္ဓမြတ်​စွာဘုရား​ဟောကြား​သည့်​ တရား​တော်​ ​လောကနီတိ ဣတ္ထိယကဏ္ဍတွင်​ "ယာနာရီအကြင်​မိန်းမသည်​ မန်​​ဏ္ဍောသုစအဝတ်​တန်​ဆာပြုပြင်​ဆင်​ယင်​​သောအခါတို့၌ ဇနိဝအမိကဲ့သို့ ကန္တိနီနှစ်​သက်​ဖွယ်​ပြုပြင်​တတ်​၏။ ဂု​ယှေသုလျှိုဝှက်​အပ်​ကုန်​​သော၊ ဌာ​နေသုမကျစ်​မလှစ်​​သောအရာတို့၌ ဘဂိနီဝနှမကဲ့သို့၊ ဟိရိနီလွန်​စွာရှက်​တတ်​၏။ " ဟုပြဆိုထားပါသည်​။
image
လောကနီတိမှ ထိုပြဆိုချက်​သည်​ လိုက်​နာကျင့်​သုံးအပ်​သည့်​ အဆိုအမိန့်​တစ်​ခုဖြစ်​​ကြောင်း ညီမ​လေးတို့အား သိ​စေခြင်​ပါသည်​။ အမျိုးသမီးများသည်​ မမြင်​အပ်​​သောအရာများကို မ​ဖော်​ပြမိ​အောင်​ လျှို့ဝှက်​ထားကြပါ ဆိုသည့်​အဓိပ္ပါယ်​ပင်​ဖြစ်​သည်​။ သို့​သော်​ လှခြင်​ပခြင်​လွန်းသည့်​အတွက်​ မိမိတို့လူမျိုး၏ စရိုက်​၊အမူအကျင့်​ကို ဂရုမထားဘဲ အမြင်​မ​တော်​​သော လျှပ်​​ပေါ်​လော်​လီ​သော မမြင်​အပ်​သည့်​ လျှို့ဝှက်​သင့်​သည်​များကို သွယ်​ဝိုက်​ကာ​ဖော်​ပြသည့်​ အဝတ်​အစားများကို ​ရှောင်​ကြဉ်​သင့်​ပါသည်​။ သို့မဟုတ်​ပါက ပုရိသ​ယောက်ျားမုဆိုးများ၏ မထိ တထိ အ​ပြောအဆိုများ ညစ်​ညမ်း​သော အ​ပြောအဆိုများကို ခံရတတ်​ပါသည်​။ ၎င်း ​နောက်​ ထိုထက်​လွန်​ကဲပြီး ကိုယ်​ထိလက်​​ရောက်​ ပြစ်​မှုမကင်း​သောကျူးလွန်​မှုများကိုပါ ကြုံ​တွေ့လာနိုင်​​ပေသည်​။ မိန်းက​လေးများ၏ ဘဝလုံခြုံမှုကို ထိခိုက်​ပျက်​ပျား​စေခြင်းသည်​ လူမှု​ရေးအရမလိုလားအပ်​သည်​မှာမှန်​​သော်​လည်း မိန်းမသားများဘက်​မှလည်း ဟီရိ​ဩတပ္ပတရား လက်​ကိုင်​ထား၍ မြန်​မာ့ယဉ်​​ကျေးမှုဓ​လေ့ထုံးတမ်းများနှင့်​အညီ ဝတ်​စားဆင်​ယင်​ကာ ​နေထိုင်​သင့်​ပါည်​။{အမျိုးသားများအ​နေနှင့်​လည်း အမျိုးသမီးတို့၏ အိ​နြေ္ဒသိက္ခာကို အ​လေးထားရန်​လိုအပ်​​ပေသည်​။}
ယခင်​​ခေတ်​ကမြန်​​မာအမျိုးသမီးများသည်​ ဘဝအတွက်​ အရှက်​လုံရန်​ဝတ်​ဆင်​ကြပါသည်​။ ယခု​ခေတ်​ အချို့အမျိုးသမီး​လေးများသည်​ အလှအတွက်​ အလုံဝတ်​ရန်​ရှက်​​နေကြသည်​။ ယခင်​​ခေတ်​နှင့်​ ယခု​ခေတ်​ကို ချိန်​ဆ၍ အမျိုးသီးငယ်​​လေးများသည်​ ဘဝနှင့်​အလှအတွက်​ လုံခြုံလှပ​သောမြန်​မာ့အဝတ်​နှင့်​ အလှဆင်​​စေခြင်​သည်​။ ​နောင်​ကာလတွင်​ မြန်​မာတို့၏ကိုယ်​ပိုင်​ ဝတ်​စားဆင်​ယင်​မှု တိမ်​​ကောပ​ပျောက်​မသွားရန်​မှာ ယခု​ခေတ်​ အမျိုးသမီးတို့၌ ပို၍အဓိကကျ​ပေသည်​။ ထိုသို့တိမ်​​ကော ပ​ပျောက်​မသွားမှသာလျှင်​ အနာဂတ်​ကာလ၌ မြန်​မာတို့၏ကိုယ်​ပိုင်​ ဝတ်​စားဆင်​ယင်​မှုဖြင့်​ သိက္ခာရှိရှိ​နေထိုင်​သွားနိုင်​မည်​ဖြစ်​သည်​။

အချုပ်​အားဖြင့်​ဆိုရ​သော်​ မြန်​မာ့အဝတ်​ဆင်​မြန်းထား​သော ညီမ​ငယ်​​လေးများသည်​ လှပ​ကျော့ရှင်းပါသည်​ဟုဆို​သော ဥ​ဒေါင်းပျိုမ​လေးထက်​ ပိုမိုလှပပါသည်​။ ဥ​ဒေါင်းပျိုကား ​နောက်​မှကြည့်​လျှင်​ မလှ​သော်​လည်း မြန်​မာမ​လေးများက ဘယ်​လိုကြည်​ကြည့်​၊ ဘယ်​ဘက်​ကကြည့်​ကြည့်​ မြင်​ရသူ၏စိတ်​ကို ကြည်​လင်​​အေးမြ​စေ​ကြောင်း မြန်​မာမ​လေးများအား မြန်​မာလို လှ​စေခြင်​သော​​ကြောင့်​ ​ရေးသားတင်​ပြလိုက်​ရပါတယ်​ရှင်​။

Sort:  

Boost Your Post. Send 0.100 STEEM or SBD and your post url on memo and we will resteem your post on 5000+ followers. check our account to see the follower count.

Congratulations! This post has been upvoted from the communal account, @minnowsupport, by thuzarlin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52