ထားရှိရမည့်ဦးတည်ချက်( ၃ )

in #myanmar7 years ago (edited)

image
သူငယ်ချင်းရေ…ငါတို့မတွေ့ဆုံဖြစ်ကြသာ ကြာသွားခဲ့ပြီနော်။အကြောင်းအမျိုးတို့ကြောင့် မင့်ကိုပြောချင်နေတဲ့ ဦးတည်ချက်တွေနဲ့ပတ်သတ်ပြီးတော့ မင်းသိအောင်ထက်ပြောပြရမယ်ဆိုရင် မင့်ဘဝဖြတ်သန်းရာ ခရီးလမ်းတစ်လျှောက်မှာ အဆင်ပြေစွာနဲ့ သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းချင်တယ်ဆိုရင်တော့ ဘယ်ကိစ္စမဆို ကိုယ့်အတွက်လည်းကြည့်ရင်း အများအကျိုးဆောင်ရွက်နိုင်ဖို့ပါ ထည့်ပြီးစဉ်းစားပေးပါနော်။အတ္တလောကကြီးမှာ ကိုယ့်အတွက်ကို အနိုင်နိုင် အခြားသူတွေအတွက် အကျိုးဖြစ်ထွန်းအောင် လုပ်ပေးနိုင်ဖို့ဆိုသာ တကယ်တော့ မလွယ်ကူလှပါဘူး …သူငယ်ချင်း။လူတိုင်းဟာ အတ္တနဲ့မကင်းနိုင်ကြသာ မှန်ပေမယ့်လည်း အများအကျိုးဆာင်ရွက်နိုင်ဖို့ဆိုသာ ကိုယ့်ရဲ့အတ္တလောဘကို အတက်နိုင်ဆုံးထိန်းချုပ်ပြီး လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မှသာ ရေရှည်တည့်တန့်ခိုင်မြဲသော စိတ်ချမ်းသာခြင်းနဲ့ အောင်မြင်မှုဆိုသာကို ခံစားသိရှိနိုင်မှာပါ…သူငယ်ချင်း။တကယ်လက်တွေ့မှာ ထိုစိတ်ဓာတ်မျိုး ထားရှိနိုင်ဖို့ဆိုသာ ခက်ခဲပြီး လွယ်ကူတဲ့ကိစ္စ မဟုတ်သော်လည်း မွန်မြတ်လှသည့် စိတ်ဓါတ်မျိုးကို ကောင်းမွန်စွာထားနိုင်သူမျိုးသာ စစ်မှန်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ပြီး ရှင်သန်ရာဤဘဝတွင် စိတ်ချမ်းသာသုခကို ပြီးပြည့်စုံစွာ ခံစားရပါလိမ့်မယ်… သူငယ်ချင်ရေ။
image
နောက်ပြီးတော့ သူငယ်ချင်းရယ် ဘဝဆိုတဲ့ ဆူးခလုတ်တွေနဲ့ ပြည့်နက်နေတဲ့ခရီးကြမ်းလမ်းကို လျှောက်လှမ်းရာမှာ အောင်မြင်မှုကို ရေရှည်ထိန်းထားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ မိမိအကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ဖို့နှင့် လူအများအကျိုးရှိအောင်း ဖြည့်ဆည်းပေးနိုင်ကြတဲ့ သူတွေပဲကွ။စစ်မှန်တဲ့စိတ်ချမ်းသာခြင်းနှင့် အောင်မြင်မှုဆိုသာ ကိုယ့်အကျိုးနဲ့ အများအကျိုး ထမ်းရွက်နိုင်မှသာ ရရှိနိုင်လိမ့်မယ်…သူငယ်ချင်း။မိမိအကျိုးတစ်ခုထဲကိုသာကြည့်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်ပဲ အတ္တကိုရှေ့တန်းတင်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ သူတွေဟာ အောင်မြင်မူကိုရခဲ့ရင်လည်း အခိုက်အတန့်လေးပါကွာ။ထိုသူတို့၏ အောင်မြင်ကြွယ်ဝမှုဆိုသာ ဓနဥစ္စာ ငွေကြေးတွေဖြစ်ရင် ဖြစ်နိုင်ပါလိမ့်မယ်…သူငယ်ချင်းရေ။စစ်မှန်တဲ့ စိတ်ချမ်းသာခြင်းကိုတော့ ထိုသူတို့ ရရှိကြလိမ့်မည်မဟုတ်ဘူး ဆိုသာကို ဧကန်မှန်ကြောင်း မင်းအနေနဲ့စဉ်းစားကြည့်ရင် သိနိုင်မှာပါနော်။ငါတို့မင်းတို့ ဘဝတွေက ကံဆုံလို့သာ ဒီလူ့ဘောင်လောက ဒီနေရာမှာ ဒီလိုရင်းနှီးလာခဲ့ကြတဲ့ လောကဧည့်သည်သား တွေပါကွာ။ဘယ်အချိန်မှာ ဘယ်နေရာမှာ ဘယ်လိုခွဲခွာသွားရမယ်ဆိုသာကို ငါကောမင်းကော အတည့်အကျ မသိရှိနိုင်ပါဘူး…သူငယ်ချင်းရယ်။ဒါပေမယ့် ဒီလိုတွေ့ဆုံနိုင်ကြဖို့ဆိုသာ လွယ်ကူတဲ့ ကိစ္စမဟုတ်သလို ဒီလိုရင်းနှီးစွာနဲ့ ခင်မင်လာကြဖို့ ဆိုသာကလည်း လေးနက်တဲ့အကြောင်းလေးတွေတော့ ရှိကြမှာပေါ့ကွာ။ဒီလိုပဲ မင်းနဲ့ငါနဲ့ ရင်းနှီးသိကျွမ်းလာခဲ့ရသာလည်း တူညီတဲ့စိတ်တွေကြောင့် ဖြစ်နိုင်သလို ဦးတည်တဲ့ လျှောက်လှမ်းရာလမ်းကြောင်းကလည်း တူညီနေကြလို့ပါလေ။ဦးတည်ရည်ရွယ်ချက်တွေ မတူညီခဲ့ကြရင် မြင်သာမြင်နေရသော်လည်း ခင်မင်ဆုံတွေ့နိုင်ကြဖို့ မလွယ်ကူပါဘူး…သူငယ်ချင်း။
image
နောက်ထက် မင့်ကိုငါ ပြောပြချင်သာလေးတစ်ခုကတော့ ငါတို့မင်းတို့ ဒီနေရာလေးကိုဘာကြောင့် ရောက်ရှိလာခဲ့ကြသလဲဆိုသာကို ငါ့ရဲ့သေးငယ်လှတယ့် အမြင်ကျ ဉ်းလေးနဲ့ပြောပြရရင် အဓိကကိုယ့်အတွက် အကျိုးရှိနိုင်ဖို့နဲ့ အများအကျိုးအတွက်ကို အကျိုးတူ စည်းလုံးညီညွှတ်စွာနဲ့ လုပ်ကိုင်တက်ကြဖို့အတွက် ဒီနေရာလေးကို ရောက်ရှိလာကြတယ်လို့တော့ ထင်မြင်မိတယ်ကွာ။မင့်အတွေးတွေက ဘယ်လိုရှိနိုင်မလဲဆိုသာကိုတော့ ငါမသိဘူးဟာ။ငါဘက်ကမင့်ကို ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင်ဖြင့် မင်းကြိုးကြိုးစားစားရေးဖွဲ့ချထားတဲ့ postလေးကိုငါဘက်က voteလေးလာပေးမယ်ဆိုရင် မင်းကျေနပ်မှာပါနော်။မင့်ရဲ့ postလေးကိုအချိန်ပေးပြီး ငါ့ဘက်က ဖတ်ရှုပြီးတော့comment လေးတစ်ကြောင်းလောက် ငါရေးချ ပေးခဲ့မယ်ဆိုရင် မင့်အနေနဲ့ မပျော်ရွှင်ခဲ့ရင်တောင် ပီတိလေးတော့ မင်းခံစားဖြစ်မိမယ်ဆိုသာ ငါထင်မြင်မိပါတယ်လေ။အဲ့ဒီလိုပါပဲ အခြားအခြားသော အကျိုးတူလုပ်ကိုင်နေကြသော သူတွေအားလုံးဟာလည်း ဒီလိုခံစားစိတ်ကူးမျိုး ရှိကြလိမ့်မယ်လို့တော့ ငါ့အနေနဲ့ ထင်မြင်မိတယ်…သူငယ်ချင်းရယ်။
image
ငါ့ဘက်က မင့်ကိုလိုရင်းပြောပြရရင်ဖြင့် ဒီလမ်းကြောင်းပေါ်မှာ ရပ်တည်နေကြသူအားလုံးဟာ ကိုယ့်အကျိုးသူ့အကျိုး သယ်ပိုးထမ်းရွက်နိုင်ကြဖို့ ကြိုးစားအားထုတ်ပြီး နေ့စဉ်အပင်ပန်းခံ၍ လုပ်ကိုင်နေကြသာပါကွာ။ထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်သွားကြပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေနဲ့ ရှေ့လျှောက်ရည်ရွယ်ဦးတည်ချက်တွေအတွက် ရိုင်းပင်းကူညီနေကြတယ်လို့ ငါတော့ဒီလိုပဲတွေးမြင်နေမိတယ်လေ။တစ်ဦးတစ်ယောက်ထဲ လျှောက်လှမ်းနိုင်ဖို့ မလွယ်ကူလှတဲ့ ကိစ္စဆိုသာကိုလည်း ငါတို့နှစ်ဦးလုံး သိကြပါတယ်လေ။မင်းမှားသွားခဲ့ရင် ငါ့ဘက်ကသီးခံပေးခဲ့သလို ငါမှားသွာရင်လည်း မင့်ဘက်က စာနာမှုများစွာနဲ့ ငါ့အပေါ်မှာ သီးခံလာပေးခဲ့သာကိုလည်း ငါအသိဆုံးပါ …သူငယ်ချင်းရယ်။ဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် နားလည်ခြင်းများစွာနဲ့ လက်တွဲလုပ်ကိုင် ဆောင်ရွက်သွားကြမယ်ဆိုရင် ရေရှည်မျှော်မှန်းထားတဲ့ ဦးတည်ချက်တွေအတွက် အောင်မြင်မှုသွားရာလမ်းရဲ့ လှေကားထစ်တွေကို တစ်လှမ်းခြင်းလှမ်းကာ ထိပ်ဆုံးဆိုတဲ့ အောင်မြင်မှုကို ရယူနိုင်မယ်မဟုတ်ပါလား…သူငယ်ချင်း ။မင့်အနေနဲ့ အမှန်ကိုမြင်နိုင်ပါစေလို့ ငါဆုတောင်းရင်း ငါပြောချင်နေသာတွေကို ဒီမှာခေတ္တခဏ နားခွင့်ပြုပေးပါနော်။
@thura
msc:066
photo:google

Sort:  

စာရေးအားတော့ သဘောကျတယ်
လုပ်နိုင်စွမ်းရှိချိန်မှာ အစွမ်းကုန်လုပ်ပါ
အစ်ကိုတို့တောင် ရေးချင်စိတ်ပဲရှိတော့တယ်
တကယ်လက်တွေ့မှာ ရေးဖြစ်ဖို့အတော်ကို
ခက်ခဲနေပြီ အချိန်က အကန့်အသက်ရှိတယ်လေ

ဟုတ်ကဲ့ပါကိုဗိုလ်ဗိုလ်
အခုလိုအားပေးကူညီပြီး
လာရောက်ဖတ်ရှုပေးလို့
ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျာ
အကောင်ဆုံးဖြစ်နိုင်အောင်ကြိုးစားသွားပါ့မယ်လို့
ဂုဏ်ယူစွာပြောကြားရင်(မောင်သူရ)

ဟုတ်ပါဗျ…အတူတူဆက်ပီးချီတက်တာပေါ့ဗျာ…

ဟုတ်ကဲ့ပါအကိုရေ
အတူတူစည်းစည်းလဲုးလုံးနဲ့နာလည်မှုများစွာနဲ့
ချီတက်သွားကြရအောင်မမြင်တွေ့ရသာကြာပြီဖြစ်တဲ့
အကိုရေ
အမှတ်ရနေပါတယ်ဆိုတဲ့(မောင်သူရ)

ကျေးဇူးတင်ကြောင်းထက်မံပြောဆိုလိုက်ပါကြောင်း
ခင်မင်စွာဖြင့်(မောင်သူရ)

ကျေးဇူးတင်ပါတယ်ဗျလို့သာပြောပါရစေညီရေ

အချင်းချင်း ရိုင်းပင်းသင့်​တာ​ပေါ့ဗျာ။မှန်​လိုက်​​လေ bro

ခုလိုအားပေးထောက်ခံပေးလို့ငါ့ရင်မှာယုံကြည်မှုတွေပိုရှိလာခဲ့ရတယ်သူငယ်ချင်းရေ။
လိုအပ်သာလေးတွေကိုတစ်ယောက်နဲ့တစ်ယောက်ကူညီဆောင်မရင်း
ရင်းနှီးစွာဖြင့်(သူရ)

ဖတ်​ခဲ့ပါသည်​...Good

သူဖတ်ခဲ့ပါတယ်တဲ့
ငါ့မှာ ကျေနပ်စိတ်တွေထက်
ဝမ်းသာအားရ ဖြစ်ခဲ့ရတယ်………
မြန်မာစာလေးနဲ့ မန့်ခြင်းခံလိုက်ရသာ
ဒါဟာပထမဆုံးနဲ့ဒုတိယအကြိမ်မြောက်လို့
ငါထင်မိတယ်………လေ
ပျော်ရွှင်ခဲ့ရပါတယ်မမလေးရယ်
သတိရခြင်းများစွာဖြင့်(သူရ)

yes:sister

ဆက်လက်ကြိုးစားသွားကျမယ်

တကယ်ပဲရောက်လာခဲ့လို့
အားရဝမ်းသာဖြစ်မိပါတယ်လေ
ထင်မထားပေမယ့်အံသြမိသာတော့ဝန်ခံပါတယ်လေ
နေ့တိုင်းစာတွေရေးပြီးဆက်လက်ကြိုးစားသွားနိုင်ပါစေလို့ကျွန်နော်သူရကဆုတောင်းနေမိမှာပါ
မှတ်မှတ်ရရ(သူရ)

စည်းလုံးခြင်းသည် အင်အားပါ
အတူတူကြိုးစားကြတာပေါ့ဗျာ

စကားနှင့်အညီလုပ်ဆောင်နိုင်ပါစေလို့မျှော်လင့်ပါတယ်သူငယ်ချင်းရယ်(သူရ)

စည်းလုံး ရမှာပေါ့ဗျာ

ဟုတ်ကဲ့
အားရဝမ်းသာမိပါတယ်ဗျ
ကျွန်နော်နားလည်တဲ့ဘက်ကနေကြိုးစားသွားပါ့မယ်လို့ပြောကြားရင်း(သူရ)

good writing

ကျေးဇူးများစွာတင်ရှိကြောင်းပါညီမလေးသက်လျာရေ
မတွေ့ဖြစ်သာကြာသွားခဲ့တော့

မေ့လောက်ပြီလို့ထင်ခဲ့မိတယ်
ခုလိုတွေ့မြင်လိုက်လို့
ငါလေ သိပ့်ကိုပျော်ရွှင်မိပါတယ်…ဟယ်။
နောင်အခါများ၌ငါ့ကိုတွေ့ရင်နူတ်ဆက်စကားလေး
ဆိုပေးပါနော်။စာတွေထက်ရေးပြီးခွန်အားများစွာရှိချင်လို့ပါလို့ရင်ဖွင့်ပြောကြားရင်း……
သတိရခြင်းများစွာဖြင့်သတိတရ(သူရ)

thanks you baby

အောင်​မြင်​ပါ​စေ သူရ😃😃

မမကိုတွေ့လိုက်ရလို့မောင်လေးသူရမှာ
ပြောမပြတက်အောင်ကလေးတစ်ယောက်လိုပျော်ရွှင်မိပါတယ်မမ
ပြုံး၍နှုတ်ဆက်စကားလေးကအောင်မြင်ပါစေသူရတဲ့
အင်အားများစွာကိုဒီစကားလေးတစ်ခွန်းနဲ့တင်ပြီးပြည့်စုံစေခဲ့ပါတယ်မမ
သတိရခြင်းများစွာဖြင့်(မောင်လေးသူရ)

ဟုပါပီ😃😃

ဟုတ်ကဲ့မမ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64768.36
ETH 3436.88
USDT 1.00
SBD 2.51