ကျွန်နော်အတွေး ကျွန်နော်ခံယူချက် ကျွန်နော်အတွေ့အကြုံနှင့်ခံစားမှုအပိုင်းအစများ အပိုင်း ၁

in #myanmar7 years ago (edited)

image
ကျွန်နော်အတွေး ကျွန်နော်ခံယူချက် ကျွန်နော်အတွေ့အကြုံနှင့်ခံစားမှုအပိုင်းအစများ အပိုင်း ၁
အမြဲတမ်းတစ်ယောက်ထဲ နေတက်တဲ့ကျွန်နော်အကျင့်|အလုပ်တစ်ခုခုကိုလုပ်လျှင် ထက်သန်တဲ့ဇွဲစိတ်ကိုအခြေခံပြီး မရပ်မနားလုပ်တက်တဲ့ကျွန်နော်…မိမိလုပ်ကိုင်နေသောအလုပ်တစ်ခုခု အောင်မြင်စွာဖြင့်ပြီးမြောက်သွားချိန်၌ စိတ်ကိုအနားမပေးပဲ ဦးနှောက်ကို အမြဲအလုပ်လုပ်နေတက်တဲ့ ကျွန်နော်…တစ်ခါတလေတော့လည်း မိမိခန္ဒာကိုယ်နှင့်မိမိစိတ်တို့အား အနားပေးသင့်တယ်ဆိုတာကို သိပါတော်လည်း အချိန်ကာလနှင့်ဖောက်ပြန်တက်သောရာသီဥတုတို့သည် အစဉ်အမြဲ ပြောင်းလဲနေတက်သောသဘာဝကြောင့် ရရှိနေသော ထိုအခွင့်အရေးအား လက်လွတ်ဆုံးရှုံးခြင်းတွေ မခံစား မကြုံတွေ့နိုင်အောင် အမြဲးကြိုးစားနေရသည့် ကျွန်နော်ဘဝနှင့်ကျွန်နော်စိတ်……ဒီနေ့ဒီရက်ဒီချိန်ဒီအခါအထိ ကြိုးစားရုန်းကန်ခြင်းဖြင့်သာ ရှင်သန်နေရသည့် ကျွန်နော်အနေအထား…တွေ့ကြုံခဲ့ရသော အခက်အခဲတွေကို အမြဲရင်ဆိုင်ဖြေရှင်း ကျော်လွှားနေရတဲ့ကျွန်နော်ဘဝနှင့်ကျွန်နော်အဖြစ်အပျက်……
လူသားအားလုံးသည် ဘဝတစ်ခုကို ပိုင်ဆိုင်ထားတာ တူညီနေကျပေမယ့် ထိုဘဝတစ်ခုခြင်းဆီ၌ တွေ့ကြုံရင်ဆိုင်နေရတာတွေမတူညီပဲ ကွဲပြားနေတက်ကြပါတယ်။အချို့က ဆင်းရဲနေကြသည် အချို့ကချမ်းသာနေကြသည် အချို့ကကုန်းကောက်စရာမရှိအောင် မွဲပြာကျနေသည် အချို့က ငွေကြေးများပြည့်စုံ၍ ထားစရာနေရာမရှိအောင်ချမ်းသာနေကြသည်။ အချို့ကငွေကြေးပေါပေါများများမရှိပါသော်လည်း လူတစ်ယောက်နှင့်တူအောင် အဆင့်တန်းရှိရှိနေထိုင်စားသောက်နိုင်ကြသည် အချို့ကငွေကြေးမချမ်းသာပါသော်လည်း စိတ်ဓါတ်တွေချမ်းသာကြသည်။ဒါပေမယ့်ကျွန်နော်ကတော့ ယနေ့ချိန်အထိ ငွေကြေးများချမ်းသာခြင်းမရှိသေးချေ။ သို့ပေမယ့် စိတ်ဓါတ်တွေချမ်းသာကြွယ်ဝနိုင်ဖို့အတွက်တော့ အရာရာကိုဆင်ခြင်သုံးသပ်ကာ ကြိုးစားနေတုန်းပါလေ။ည်သို့ပင်ဖြစ်စေကာမှု အောင်မြင်မှုဆီသို့ မျှော်မှန်းသောစိတ်သည်က တူညီနေကြပေသည်။အောင်မြင်မှုပန်းတိုင်သို့ လူသားအားလုံးသွားနေကြသည် အောင်မြင်မှုကို လူသားတိုင်းလိုချင်တပ်မက်ကြသည် သို့ပေမယ့် လျှောက်လှမ်းနေသောလမ်းကြောင်းများ မတူညီကာကွဲပြားနေကြသည် ရောက်ချင်နေသည်က အောင်မြင်မှုဆိုသည့်ပန်းတိုင်သာဖြစ်သည်။
ဆက်၍ဖော်ပြပါဦးမည်။သီးခံဖတ်ရှုပေးကြပါခင်ဗျာ…………………………
author:@thura
photo:my
msc:066

Sort:  

ပန်းတိုင်တူရင် ရည်ရွယ်ချက်လည်းတူသင့်တာပေါ့

ဒီလိုပဲလက်ခံထားမိပါတယ်ကိုစိုး
ပြဒါးတစ်လမ်း သံတစ်လမ်းသွားနေကြရင်
ထင်သလောက်ခရီးမပေါက်နိုင်ဘူးလို့ယူဆမိတယ်ဗျ(မောင်သူရ)

ရောက်​​အောင်​သွားမည်

ကိုသက်ရှေ့ကသွားသည်
ကျွန်နော်နောက်ကလိုက်မည်
အားလုံးအတူတူသွားကြမည်
ကျေးဇူးတင်ပါတယ်ကိုသက်
အခုလိုအချိန်ပေးပြီးလာရောက်ဖတ်ရှုပေးလို့
စိတ်၌ဝမ်းမြောက်မိခဲ့သည်(သူရ)

ကျနော့် acc လေးလည်း vote ပေးကြပါ
https://steemit.com/@ayaechanm

ကျေးဇူးတင်ပါတယ်
အားလျင်လာခဲ့ပေးပါ့မယ်ခင်ဗျာ(သူရ)

i enjoy your post ^^! Thanks.

This post has received gratitude of 0.59 % from @appreciator thanks to: @thura.

yes thanks @appreciator

happy today for you!

ကောင်းပါ့အကို​ရေ

နောက်ထပ်ရေးဖို့ကြိုးစားနေတယ်ညီရေ(သူရ)

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63651.41
ETH 2679.55
USDT 1.00
SBD 2.80