ချစ်စရာဓလေ့
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာ ကြပါစေ။
မနေ့က ကျောင်းအစောကြီးဆင်းလို့ သူငယ်ချင်းတွေ စုပြီစဘယ်သွားကြမလဲတိုင်ပင်ကြတယ်။နေရာတွေပေါပေမယ့် သွားမယ့်အချိန်က ၂နာရီလောက်ဆိုတော့ ပူလွန်းနေတယ်လေ။ဝေးဝေးလံလံလည်းမသွားချင်ကြတော့ နီးနီးနားနားက ဘုရားပဲသွားမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။ နာမည်ကြီးဘုရားတစ်ဆူဆိုလည်း မမှားပါဘူး။နိုင်ငံခြားဧည့်သည်တွေအတော်များများလည်း လာရောက်လည်ပတ်တဲ့ မန္တလေး မြို့ကြီးက နာမည်ကြီးသမိုင်းဝင်ဘုရားတစ်ဆူဖြစ်တဲ့ ကုသိုလ်တော်ပဲဖြစ်ပါတယ်။
ဘုရားဆူတွေအများကြီးရှိပြီးအေးချမ်း ပြီးနေလို့ ၊အပန်းဖြေလို့ကောင်းတဲ့နေရာပါပဲ။လည်စရာပတ်စရာအများကြီးမရှိလှပေမယ့် ကြည့်စရာရှုစရာဘုရားတွေကတော့အများကြီးပါ။အဓိကကတော့ ဓာတ်ပုံရိုက်လို့ အတော်လေး viewကောင်းတဲ့နေရာတွေပေါပါတယ်။ခရေပင်ကြီးတွေအောက်မှာ အပန်းဖြေရင်း စကားလေးတွေဝိုင်းဖွဲ့ပြီးပြောနေရတဲ့အရသာကဘာနဲ့မှမလဲနိုင်သလို အချိန်တွေတောင် ကုန်မှန်းမသိလောက်အောင် မေ့မျောသွားစေနိုင်တာအမှန်ပါ။ကြာပန်းတွေကလည်း အခြားဘုရားတွေမတူ ပေါလွန်းလှပါတယ်။ဈေးသည်မချောချောလေးတွေက ကြာပန်းစီးလေးတွေကိုင်ပြီး ဆိုင်ကယ်ရပ်နားတဲ့နေရာတို့၊ကားရပ်နားတဲ့နေရာအထိ လိုက်ရောင်းကြတယ်။ကြာပန်းတွေဝယ်ပြီး ဓာတ်ပုံရိုက်ချင်သူများလည်း အလှတိုးပြီး ပုံကောင်းကောင်းရနိုင်ပါတယ်။
နောက်ပြီး ကုသိုလ်တော်ဘုရားဆိုတာနဲ့ တွဲလျက်ပြေးမြင်မိတဲ့ချစ်စရာဓလေ့တစ်ခုလည်းရှိပါတယ်။အဲ့ဒါကတော့ သနပ်ခါးလိမ်းတဲ့ ဓလေ့ပါပဲ။ကလေးမငယ်ငယ်လေးတွေ၊အမကြီးတွေ၊ကောင်လေးငယ်လေးတွေ၊အကိုကြီးတွေပါ လာသမျှဧည့်သည် ကို သနပ်လိမ်းလို့ရပါတယ် ဆိုပြီး အပြိုင်အော်ကြမှာအသေအချာပါပဲ။ စေတနာရှိသလောက်ပိုက်ဆံပေးပြီး သစ်ရွက်ပုံသနပ်ခါးလေးတွေ လိမ်းပေးကြတဲ့ ချစ်စရာအပြုအမူလေးပဲဖြစ်ပါတယ်။သစ်ရွက်ပုံသနပ်ခါးလေးတွေနဲ့ သူငယ်ချင်းအစုလိုက်ပဲဖြစ်ဖြစ် ၊မိသားစုလိုက်ပဲဖြစ်ဖြစ် ပျော်ရွှင်ဖွယ် group photo ရိုက်လို့လည်းရပါသေးတယ်။ တကယ်ကို သမိုင်းဝင်တဲ့ဘုရားမှာ ချစ်စရာဓလေ့လေးတွေရောနှောပြီး အတူတူအပျော်တွေမျှဝေခြင်းဟာ အမှတ်တရနေ့တွေထဲက တစ်ခုပေါ့။
ဒါကတော့ ဘုရားဖူးရင်း ဓာတ်ပုံလှလှရိုက်ချင်သူများအတွက်ပါ။ဒီတစ်ခါတော့ ဘုရားဝေယျဝစ္စလုပ်ရင်း ပန်းရောင်း သနပ်ခါးလိမ်းပေးပြီး ရသလောက်နဲ့ဝင်ငွေရှာနေတဲ့ ဒေသခံတွေရဲ့ နောက်ထပ်လေးစားစရာ တစ်ခုအကြောင်းတင်ပြချင်ပါတယ်။မနေ့ကဖြစ်ပျက်ခဲ့တာပါ။ကျွန်မတို့သူငယ်ချင်းတစ်တွေ ဘုရားရှစ်ခိုးပြီး ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ရင်း ဓာတ်ပုံတွေလိုက်ရိုက်နေတဲ့အချိန်မှာ ဝုန်းဝုန်းနဲ့လူတစ်စု ရုတ်ရုတ်သဲသဲဖြစ်သွားတာတွေ့လိုက်တယ်။အစောင့် security ဦးလေးတွေလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြတယ်။ ဒေသခံကလေးမတွေလည်း ထဘီလေးတွေမပြီး ဟိုပြေးဒီပြေးနဲ့ ဖြစ်နေကြတော့ နည်းနည်းသတိထားမိသွားတယ်။ဘာဖြစ်တယ်ဆိုတာတော့ သေချာမသိသေးဘူး။အဲ့ချိန်မှာ ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောတယ် ဟေ့ အခုနက ဆိုင်းကယ်စီးလာတဲ့ သူကိုရိုက်ပြီး ဆိုင်ကယ်လုပြေးဖို့လုပ်တဲ့သူကို ဝိုင်းပြီးဖမ်းနေကြတာနဲ့လေ။
ဘုရား...ဘုရား...နေ့ခင်းအချိန်ကောင်းကြီးမှာတောင် အတင့်ရဲတဲ့သူပါ့ပဲ။လူရိုက်ပြီးတောင် ဆိုင်ကယ်ယူဖို့လုပ်တယ်။အစောင့်ရဲတွေတောင်ပြန်ရိုက်တယ်တဲ့။တကယ်ကို သတ္တိ ကောင်းတဲ့ လူပဲလို့ စိတ်ထဲတွေးနေမိလိုက်သေးတယ်။သြော်...မြန်မာတွေ...မြန်မာတွေ..အဲ့လောက်တောင် အဖြစ်ဆိုးနေပါ့လား။အရင်တုန်းက သူခိုးဆိုတာ လူမသိသူမသိ ညတွေမှာ လှုပ်ရှားကြပေမယ့် အခုခေတ်များ နေ့ခင်းလည်းမရှောင်ဘူး။လူမလစ်ရင် လူရိုက်ပြီးလုယူတဲ့အဆင့်ရောက်နေကြပြီ။တကယ်ကို အကျင့်ဆိုးတွေ နဲ့ပြည့်နှက်နေပြီလား။အဲ့လောက် သတ္တိ ရှိရအောင် ဘာတွေအဆက်မပြေဖြစ်နေကြလို့လဲ၊ဘာတွေ ဒုက္ခ အကြီးအကျယ်ရောက်နေကြလို့လဲ။
အဲ့ချိန်မှာ နိုင်ငံခြားသားဧည့်သည်တွေလည်းအများကြီးရှိပါတယ်။ဒီလိုဖြစ်ပျက်သွားတာများသိသွားရင် ဘုရားမှာတောင် ဒီလိုအကျင့်ပျက်နေကြပြီလို့ ထင်မှားစိုးတာအမှန်ပါ။တစ်ဖက်ကလူကလည်း ဆိုင်ကယ်ကိုလုယူရလောက်တဲ့အထိ ပြသာတွေရှိနေလို့ ဖြစ်မယ်ဆိုတာတွေးမိပါတယ်။ဒါပေမယ့် ဖြေရှင်းလို့ရမယ့် နည်းလမ်းတွေအများကြီးရှိပါတယ်။အခုလိုအကျင့်ပျက်တဲ့လူအထင်သေးစေတဲ့ စရိုက်မျိုးတွေကိုအသုံချပြီးမဖြေရှင်းစေချင်ဘူး။လူ့ဘဝရောက်တုန်းခဏ အဆင်မပြေတာတွေလည်းအများကြီးရှိသလို ဖြေရှင်းရမယ့်နည်းလမ်းတွေလည်း အများကြီးပါပဲ။ကိုယ့်တန်ဖိုးကိုရင်းပြီး ဖြေရှင်းမှရမှာမဟုတ်ပါဘူး။ဒါကြောင့် နည်းလမ်းမမှန်တဲ့ နည်းတွေနဲ့မဖြေရှင်းကြပါနဲ့လို့ တိုက်တွန်းပါရစေ။
အခုပြောချင်တာက ဒေသခံကောင်မလေးတွေ သူတို့နဲ့မဆိုင်သလိုနေလို့ရပေမယ့် မိန်းကလေးလေးတွေမတန်မဲ့ ဝိုင်းဝန်းဖြေရှင်းပေးကြတယ်။အခုပဲကြည့်လေ သူခိုးနောက်ကို အတင်းလိုက်ပြီး နောက်ဆုံးမိတဲ့အထိ ကူညီပေးသွားကြတယ်။ဒါဟာ လေးစားစရာ ကောင်းတဲ့အချက်ပါပဲ။ဘုရားဖူးလာသူတိုင်း ကို သူတို့ အလိုလိုကူညီချင်ကြတယ်။သူတို့တာဝန်တွေရှိသွားသလို ခံစားမိလို့ အခုလည်း ပါဝင်ကူညီပေးတယ်လေ။ဘာပဲဖြစ်ဖြစ် ရောက်လာတဲ့ဘုရားဖူးဧည့်သည်ဟာ ဒီဘုရားဝန်းကမထွက်သ၍ သူတို့မိသားစုဝင်လို့ပဲ သတ်မှတ်ထားတယ်လို့ထင်တယ်။တကယ်ကို အပြေးအလွှား ပဲအားလုံးက ကူညီပေးကြတာတွေ့ရတယ်။ချစ်စရာကောင်းတဲ့ ဒေသခံလေးတွေရှိတဲ့ သမိုင်းဝင် နာမည်ကျော် ကုသိုလ် တော်ဘုရားအား လာရောက်လည်ပတ်နိုင်ပါတယ်လို့ပြောရင်း နိဂုံး ချုပ်ပါရစေ။
@thithisann
Author Thi Thi San
Msc 262
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
ရောက်ဖူးပေမယ့်ကြာနေပြီ။မန္တလေးသူ မန္တလေးသားတွေ က ကံကောင်းပါတယ်။ ဖူးစရာ ဘုရားစေတီတွေက အများကြီး။
ဟုတ်တယ် အများကြီးပဲ အပန်းဖြေစခန်းတွေလည်း အများကြီး
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးဘုရားသွားကြတာ စိတ်ချမ်းမြေ့စရာကောင်းပါတယ်။ညီမရေ နောက်ဆုံးစာကြောင်းလေးမှာ သမိုင်းဝင် နာမည်ကျော် အကုသိုလ် တော်ဘုရားဆိုပြီးဖြစ်နေပါတယ်ခင်ဗျာ။
" အ "လေး မတော်တဆပါသွားတာနေမှာ
အဓိပ္ပာယ်တော်တော်ပြောင်းသွားတယ်နော်အကိုသန့် 
ကျေးဇူးပါအကိုရေ့ ပြင်လိုက်ပါ့မယ်ရှင့်
မန္တလေး မရောက်ဖူးတဲ့ ဘဝပါဗျာ
လာခဲ့လေ ပျော်စရာ နေရာတွေအများကြီးပဲ
Congratulations @thithisann! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of comments
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
ခနခန မန္တလေးရောက်ပေမဲ့ ဘုရားစုံအောင်မရောက်သေး
ရေစက်မပါလို့ထင်ပါ့ အဟီးးး
ဒီတစ်ခါရောက်ရင် စုံအောင်သွားပစ်လိုက်
ဘုရားသွားရင်းကိုယ်တွေ့အကြောင်းအရာများကိုပုံများနှင့်စာတွဲ၍ဖော်ပြထားတာတကယ့်ကိုဖတ်လို့ကောင်းပါတယ်...ကောင်းသောပိုစ့်ပါ...
ကျေးဇူးပါ
Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch
အဲ့လို ကူညီတတ်တဲ့သူတွေနဲ့ အမြဲနေချင်တယ်ဗျာ ☺
လာခဲ့ပါ