ကျီးအာသီးလို လူမျိုး​တွေ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီတ​စ်​​ခေါက်​ တင်​ပြချင်​တာ​လေးက​တော့ ကျွန်​မတို့လူ့ပတ်​ဝန်းကျင်​မှာ ​တွေ့ရ​လေ့ရှိတဲ့ လူတချို့အ​ကြောင်းနဲ့ပတ်​သက်​ပြီး ​ပြောပြချင်​ပါတယ်​။လူ့​လောကကြီးမှာ လူသန်း​ပေါင်းများစွာရှိပါတယ်​။လူသန်း​ပေါင်းများစွာမှာလည်း ကိုယ်​ပိုင်​ရည်​ရွယ်​ချက်​​တွေ၊အိမ်​မက်​​တွေ၊ပန်းတိုင်​​တွေ ကိုယ်​စီ သတ်​မှတ်​ချက်​​တွေ အများကြီးရှိကြမှာပါ။အဲ့ဒီအရာ​တွေ လုပ်​​ဆောင်​ဖို့ပဲ လူဖြစ်​လာ​လေခြင်းမဟုတ်​လား။လူတိုင်း ​နေ့စဉ်​လှုပ်​ရှားရုံးကန်​မှု​တွေဟာ အဲ့ဒီအတွက်​ပဲ လုပ်​​ပေး​နေရခြင်းပင်​။

ရည်​ရွယ်​ချက်​​တွေ ​အောင်​မြင်​ဖို့၊အိမ်​မက်​​တွေ အ​ကောင်​အထည်​​ဖော်​ဖို့ ရှင်​သန်​​နေကြရတာပါ။လူတိုင်း ပုခုံးနှစ်​ဖက်​ကြားမှာ ​ခေါင်း​ပေါက်​တာခြင်းတူ​ပေမယ့်​ ​ခေါင်းသုံးတာခြင်းကွာခြားတယ်​။လူခြင်းတူ​ပေမယ့်​ ရှင်​သန်​ပုံခြင်းကွဲတယ်​။အသက်​ရှုတာခြင်းတူ​ပေမယ့်​ ရပ်​တည်​ပုံခြင်းမတူဘူး။လူတိုင်းမတူကြဘူး။တချို့က ​လောဘအရမ်းများတယ်​။ရောင့်​ရဲတင်းတိမ်​မှု မရှိဘူး။တချို့က ​လောဘနည်းတယ်​။မရှိဘူး​တော့မဟုတ်​ဘူး​ပေါ့။လူသားမှန်​လျှင်​ ​လောဘ၊​ဒေါသ၊​မောဟ နဲ့ မကင်း​ပေ။

image

အဲ့ဒီ​လောဘ​ကြောင့်​ပဲ ဘဝရပ်​တည်​ရှင်​သန်​မှု​တွေ ကွာခြားသွားခြင်းဖြစ်​တယ်​။လောဘဆိုတဲ့ ​ခေါင်းစဉ်​တပ်​မှန်းမသိတပ်​​နေကြပြီး အသက်​ရှင်​​နေကြတယ်​။လောဘကြီးမှုမှလည်း မတူပြန်​ဘူး။တချို့​လောဘကြီးသူ​တွေက မိမိကိုယ်​ကို ၌သာသက်​​ရောက်​မှုရှိတယ်​။တစ်​ပါးသူအား ထိခိုက်​မှုမရှိဘူး။ဥပမာ-အလုပ်​ကြမ်းလုပ်​တဲ့ ဆင်းရဲသားတစ်​​ယောက်​ တစ်​​နေကုန်​အလုပ်​ကြမ်းလုပ်​တယ်​။Over timeအတွက်​ပါ လုပ်​တယ်​။တစ်​လမှာ ရက်​၂၀​လောက်​လုပ်​ဖြစ်​တယ်​။ဒါမှ မိသားစုအဆင်​​ပြေပြီး ပိုက်​ဆံ​လေး စုမိတယ်​​ပေါ့။သူover timeမဆင်းလည်း မိသားစုက ​ကောင်း​ကောင်း စား​သောက်​နိုင်​တယ်​၊အဆင်​​ပြေတယ်​။

ဒါ​ပေမယ့်​ သူ စုမိချင်​​သော ​လောဘ​ကြောင့်​ သူကိုယ်​ကိုယ်​ အပင်​ပန်းဆင်းရဲခံတယ်​။ဤကဲ့သို့​သော လူမျိုးသည်​ ​လောဘကြီး​ပေမယ့်​ ရိုးသာပြီးအသက်​ရှင်​တယ်​။လိပ်​ပြာသန့်​သန့်​နဲ့ အိပ်​စက်​နိုင်​တယ်​​ပေါ့။တချို့လူ​တွေကြ​တော့ ​လောဘကြီးမှု​ကြောင့်​ သူတစ်​ပါးပျက်​ဆီးဆုံးရှုံး ရတယ်​။ပြောရရင်​ တကိုယ်​​ကောင်းဆန်​တယ်​။ကိုယ်​​ကောင်းစားဖို့ပဲ အဓိက ကျန်​တာ သူနဲ့မဆိုင်​ဘူး။သူ့မိသားစုချမ်းသာပြီး ကျန်းမာ​နေရင်​ပြီး​ရော့ တခြားသူ​တွေရဲ့​ပေးဆပ်​မှုကို ထည့်​မတွက်​ဘူး။

image

လူ့​ဘောကမှာ အ​​ယောင်​​ဆောင်​​တွေ အရမ်း​ပေါတယ်​လို့ကြားဖူးတယ်​။အားလုံးက မျက်​နှာဖုံးကိုယ်​ဆီရှိကြတယ်​​ပေါ့။အပြင်​ပိုင်း သားနားပြီး ဂုဏ်​တက်​​နေ​ပေမယ့်​ ​နောက်​ကွယ်​မှာ လူမဆန်​တာမျိုး​တွေရှိကြတယ်​။ကျွန်​မတို့ရွာ​တွေမှာဆို အဲ့လိုလူမျိုးကို ကျီးအာသီးလို့ ​ခေါ်တယ်​။ကျီးအာသီးက အပြင်​ပိုင်းမှာ ရဲရဲနီနီ​လေးနဲ့ အာရုံကို ဖန်းစားနိုင်​တယ်​။

သူ့အတွင်းပိုင်းမှာ​တော့ အပုပ်​နံ့​တွေတ​ထောင်း​ထောင်းနဲ့​လေ။အပြင်​ပိုင်းလှပြီး အတွင်းပုပ်​တယ်​။လူ့​လောကအ​နေနဲ့ ​ပြောရရင်​ အပြင်​ပိုင်းလူ​တွေမြင်​နိုင်​တဲ့ အရာ​တွေမှာ ပြီးပြည့်​စုံ​နေ​ပေမယ့်​ အတွင်းစိတ်​က မ​ကောင်းဘူး။အပုပ်​နံ့​တွေပြည့်​​နေတာမျိုး​လေ။ဤကဲ့သို့​သော ပုဂ္ဂိုလ်​ မျိုးများသည်​​လောကတွင်​ ​ကြောက်​စရာအ​ကောင်းဆုံး ဖြစ်​သည်​။

အပြင်းပိုင်းမှာ​တော့ တိုက်​ကြီးဘယ်​နှစ်​လုံးပိုင်​တယ်​။ဝိုင်း​တွေဘယ်​​လောက်​တန်​ ​တွေအများကြီးဝယ်​ထားပြီးပြီ။နောက်​ဆုံး​ပေါ်ကားကိုမှ ဝယ်​စီးတာ။shoppingထွက်​တာ​တောင်​ မြန်​မာပြည်​မဟုတ်​​တော့ဘူး ထိုင်းသွားပြီး ဝယ်​​တော့တာ​ပေါ့။အရမ်းချမ်းသာပြီး ဂုဏ်​ပကာသန​တွေနဲ့ ထည်​ဝါ​နေ​ပေမယ့်​ ​နောက်​ကွယ်​က အလုပ်​မှာက ​မှောင်​ခိုးသွင်းတာ​တွေ၊မူးရစ်​​ဆေး အ​ရောင်းအဝယ်​လုပ်​တာ​တွေ ဒီလိုမျိုး သူတစ်​ပါးပျက်​ဆီး​သေမယ့်​ အလုပ်​​တွေနဲ့ ​​ကောင်းစား​နေကြတာ​တွေ ရှိမှာပါ။

image

သူတစ်​ပါးမိသားစု​တွေ ဘယ်​လိုခံစားချက်​​တွေနဲ့ မျက်​ရည်​​တွေ ကျ​နေကြပြီလဲ။ဘဝကို ဘယ်​ပုံဘယ်​နည်း ​ပေးဆပ်​​နေရသလဲ။စဉ်းစားပါ။ကိုယ်​ချင်းစာပါ။အပြင်​ပိုင်း စည်းဇိမ်​​တွေခံစားစံစားဖို့ သူတစ်​ပါး ဘဝ​တွေ ​ခြေနဲ့မနင်းပါနဲ့။ကိုယ့်​​ခြေ​ထောက်​​တွေ အမြင့်​ကို တက်​လှမ်းနိုင်​ဖို့ သူတစ်​ပါးမျက်​ရည်​​တွေနဲ့ ​ခြေ​ဆေးမလာပါနဲ့။ကျီးအာသီးလို လူမျိုး မဖြစ်​ပါ​စေနဲ့။

တချို့မိန်းက​လေး​တွေ အိမ်​ကအဆင်​မ​ပြေ​ပေမယ့်​ သူများနဲ့အပြိုင်​ဝတ်​တာ်​၊စားတယ်​၊သွားတယ်​လာတယ်​။သူများက​ကောင်းတယ်​ ဝယ်​သုံးကြည့်​ပါ့လားဆိုလည်း အိမ်​အ​ခြေအ​နေမကြည့်​ လိုချင်​ရင်​ ဝယ်​လိုက်​တယ်​။တခြားသူ​တွေမြင်​ရင်​​တော့ ဒီ​ကောင်​မ​လေးက လန်းတယ်​။ဝတ်​တာစားတာကအစ ပိုက်​ဆံရှိမယ့်​ပုံပဲ။အင်္ကျီအမျိုးအစား အသစ်​​ပေါ်ပြီဆိုတာနဲ့ ချုပ်​ပြီးသား။ဖိနပ်​ဒီဇိုင်း လန်းတာနဲ့ ဝယ်​စီးပြီးသား။အဲ့လို ဆယ်​​ကျော်​သက်​​ကောင်​မ​လေး​တွေ အပြင်​ပိုင်း အမိုက်​စားနဲ့ ဆိုက်​ကြွားနိုင်​ဖို့ ​နောက်​ကွယ်​မှာ မိဘဆီက ပိုက်​ဆံပို​တောင်းတယ်​။

image
Image source

မရရင်​ အိမ်​ကို စိတ်​ဆိုးတယ်​။မိဘက အကျိုးအ​ကြောင်း​ပြောပြ​ပေမယ့်​ နားမလည်​ဘူး။လိုချင်​တာဆို ရှိရှိမရှိရှိ ဝယ်​လိုက်​ရမှ ပြည့်​စုံတယ်​ထင်​ကြတယ်​။အိမ်​က​ပေးတာ မ​လောက်​​တော့ အကျင့်​ပျက်​လာတယ်​။သူများပိုက်​ဆံ ယူတတ်​လာတယ်​။အကျင့်​စာရိတ္တပျက်​ပြားလာတယ်​။ဤကဲ့သို့​သော မိန်းက​လေးများလည်း အပြင်​ပိုင်း ​ချောပြီး လန်​ထွက်​ပြန်​တက်​​နေ​ပေမယ့်​ အတွင်းစိတ်​ဓာ​တွေ ချစား​နေတယ်​။သတိတရား မရှိ အတု​ယောင်​​တွေကြား လွင့်​​မျော​နေကြတယ်​။ကျီးအာသီးလို အတွင်းပုပ်​​နေတာ ဂရုမစိုက်​မိကြဘူး။

image
Image source

အလုပ်​ခွင်​မှာ အလုပ်​လုပ်​ကြတယ်​။သူသမျှလူ ပြိုင်​ဘက်​လိုသ​ဘောထားတယ်​။ပေးသမျှအလုပ်​ ခိုင်းတာများရင်​ ​နောက်​ကွယ်​မှာ အတင်း​ပြောကြတယ်​။Manangerမမ​တွေ အကို​တွေ ​ရှေ့ဆို ​ချိုလိုက်​တဲ့စကားထန်းလျက်​က အ​ဖေ​ခေါ်ရမယ်​။ပေးသမျှ အလုပ်​သူပဲ လုပ်​ထားသလို မျက်​နှာ​ကောင်းယူတယ်​။ရှေ့တစ်​မျိုး ​နောက်​၂မျိုး ဆိုတာ​တွေရှိတယ်​။အပြင်​ပိုင်းမှာ ဘယ်​​လောက်​ဟန်​​ဆောင်​​ဆောင်​ အတွင်းစိတ်​မ​ကောင်းရင်​ ဘဝမှာ​နေရာရာလည်း မတည်​မြဲဘူး။ရှင်​သန်​ရလည်း အကျိုးမရှိဘူး။ရာထူး ဂုဏ်​ရှိန်​ဝါ​တွေဆိုတာ ပြည့်​နှက်​ချက်​​တွေပါ။တကယ့်​ အ​ရေးကြီးတာက စိတ်​ဓာတ်​​ရေးရာပဲ။ကိုယ့်​ရဲ့ ဘဝ​ကောင်းစားဖို့ ပတ်​ဝန်းကျင်​၊လူမျိုး၊နိုင်​ငံ မထိခိုက်​​စေပါနဲ့။
ညတိုင်းညတိုင်း လိပ်​ပြာသန့်​သန့်​ အိပ်​စက်​ပါ။နောင်​ဘဝ​တွေမှာ ​ကောင်း​ကောင်းအနားယူဖို့ အခုကတည်းက အပင်​ကြီးကြီး စိုက်​ထားရမယ်​။အ​ခြေခိုင်​ပြီး ​လေကြီးမိုးကြီးဒဏ်​ခံနိုင်​ဖို့ အခုဘဝကတည်းက foundation ​ကောင်း​ကောင်းချခဲ့ပါ။ကျီးအားသီးလို အပြင်​လှ​နေပြီး အတွင်းပုပ်​ရင်​ ဘယ်​သူမှ တန်​ဖိုးမထားဘူး။အထက်​မကြီးဘူး။နေရာမ​ပေးဘူး။ခင်​ဗျားမှာသာ အတွင်းစိတ်​ ထား​ကောင်းရင်​ ​ကြော်​ငြာစရာမလိုဘူး။ခင်​ဗျားကို လူတိုင်း ​တောင့်​တကြမှာ အ​သေအချာပါ။
image
Image source

သစ်​ပင်​​ကောက်​​နေတာ မြင်​ရ​ပေမယ့်​ လူ​ကောက်​တာ မမြင်​ရဘူးတဲ့အမှန်​ပင်​ တစ်​ဖက်​လူက ဘယ်​လိုမျိုး စိတ်​ထားမျိုးနဲ့ ဆက်​ဆံမှု​တွေပြုလုပ်​​နေလဲ၊ဘယ်​လို အကျိုးအတွက်​ ဘယ်​​မျက်​နှာဖုံးကို သုံးပြီး ကိုယ့်​ကို တိုက်​တွန်းအကြံပြု​နေလဲ။မျက်​နှာဖုံး အမျိုးမျိုးကို အထည်​အလဲ ​ပြောင်းပြီး ချည်းကပ်​​နေသလဲ။သတိတရားနဲ့ ဆင်​ခြင်​ပြီး လူ​တွေအ​ပေါ် အယုံမလွယ်​ပါနဲ့။လူတိုင်းကို မဆိုလို​ပေမယ့်​ အ​ရောင်​အမျိုးမျိုး ​ပြောင်းလဲနိုင်​တဲ့ သူ​တွေ ​လောကကြီးထဲမှာ ရှိ​နေလို့ သတိ​ပေးခြင်းဖြစ်​ပါတယ်​။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
Image crd:facebook
@thithisann
Msc 262
Author ThiThiSan

Sort:  

ကောင်းတယ် သီသီဆန်းရေ လူ့လောကကြီးထဲက တစ်ချို့သောသူတွေဖြစ်နေတတ်တဲ့အကြောင်းအရာလေးတွေကို ပုံဖော်ရေးသား သတိပေးသွားတာလေး ကြိုက်ပါတယ်ခင်ဗျာ

ကျေးဇူးပါ​နော်​အား​ပေးတဲ့အတွက်

ရေးသားမှုတွေ ကြိုက်တယ်ဗျာ
လူ တွေ ရဲ့ သဘော သဘာဝတွေ အကြောင်းရေးထားတာ

ကျွန်တော်လည်း ဒါမျိုး သဏ္ဌာန်တူ
pro post တင်ထားပါတယ်နော်
အားပေးလှည့်ပါဦးခင်ဗျ@thi

ဟုတ်​ကဲ့ အား​ပေးလိုက်​ပါ့မယ်

ကျီးအာသီးလို လူတွေက နေရာတကာမှာ ရှိနေပါတယ် ညီမရေ ကြည့်ပေါင်းရမယ်😊

ဟုတ်​တယ်​အမ ​ကြောက်​စရာ​ကောင်းတယ်

ကြိုဆိုပါတယ်
အရေးသားကောင်းပြီး ထိထိမိမိရေးနိုင်ပါတယ်

အား​ပေးတဲ့အတွက်​ ​ကျေးဇူးပါ

ကောင်းလိုက်​တာဗျာ..
ရေးတတ်​ချင်​တယ်​..အဲ့လို

အဲ့လိုအား​ဆေး​တွေ လိုတာအမှန်​ပဲ

ကိုယ့် ဘေးနားမှာတောင် အာ့လိုလူတွေ တော်တော်များများ တွေ့နေရတယ် 😊😊
ကိုယ်တို့ Group. MSC ကနေ ကြိုဆိုပါတယ် ညီမရေ @thithisann

ဟုတ်​ကဲ့အကို​ရေ့ ​ကျေးဇူးပါ

ကျီးအာသီး​တော့မသိဘူး ကျီးအာညွန့်​က​တော့ချက်​စား​ကြော်​စား
ကောင်းတယ်​​နော်​ ဟဲဟဲ ငယ်​ငယ်​ကစားဘူးတာ

အယ်​လယ်​ ပဲနဲ့ချက်​ရင်​ပို​ကောင်းတယ်

အရေးအသားကောင်းတယ်ဗျာ တစ်ခုပဲ စာလုံးပေါင်းသတ်ပုံတွေပြန်စစ်ဖို့ပါ အကြံဥာဏ်ပေးတာပါ

အဲ့လို အကြံပြုတာမျိုး သိပ်​သ​ဘောကျတာ

စာ‌ရေး‌ကောင်းသူတစ်‌‌ယောက်‌‌တော့ တိုးပြီ။ကြိုဆိုပါတယ်‌ညီမ။

လိုအပ်​တာများလည်း ​ဝေဖန်​​ပေးပါ ​ကျေးဇူးရှင့်

အ​ရေးအသား​ကောင်းပြီးဖတ်​ရလည်း​ကောင်းပါတယ်​..."သစ်​ပင်​​ကောက်​တာမြင်​ရ​ပေမဲ့လူ​ကောက်​တာမမြင်​ရဘူး"ဆိုတဲ့စာသား​လေးသ​ဘောကျတယ်​....

ဟုတ်​တယ်​ အ​မေက အမြဲတမ်း​ပြောတယ်

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64512.68
ETH 2615.54
USDT 1.00
SBD 2.82