ချိုသာ​သော စကားကို ဆိုခြင်းသည်​ မင်္ဂလာ တစ်​ပါးမည်​၏

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါ ရှင့်​ စိတ်​၏ချမ်းသာခြင်းကိုယ်​၏ကျန်းမာခြင်းနဲ့ ပြည့်​စုံနိုင်​ကြပါ​စေရှင်

ကျမအခုတင်​ပြမှာက​တော့ လူမှုဘဝ​တွေမှာ ​နေ့စဉ်​နဲ့အမျှလိုအပ်​​သော၊လူမှုဆက်​ဆံ​ရေးမှာအ​ရေးပါ​သော ၊တစ်​ဖက်​သား၏စိတ်​ကို ဆွဲ​ဆောင်​ရာမှာလည်း အ​ရေးကြီးဆုံးတစ်​ခုဖြစ်​​သော"တစ်​​ယောက်​စကားတစ်​​ယောက်​နားမှာ မခါးရ​အောင်​ ပျားတကာသို့ ချိုလှ​စေ" ဆိုသည့် ကဗျာ​လေးအတိုင်း ချိုသာ​သော စကားကို ​ပြောဆိုတတ်​ဖို့ပါပဲ။

လူအ​တော်​များများက အ​ကြောင်းအရာ တစ်​စုံတစ်​ခု အဆင်​မ​ပြေဖြစ်​သည့်​ အချိန်​မျိုးတွင်​မူ ချိုသာ​သောစကား​ပြောဖို့ မတတ်​နိုင်​ကြ​ပေ။အ​ကြောင်းမှာ ​လူတို့၏သဘာဝသည်​ ​မျှော်​လင့်​ထားသလို မဖြစ်​လာသည့်​ ကိစ္စတစ်​ခုတွက်​ ​ဒေါသများ​ပေါက်​ဖွားလာခြင်း၊ တစ်​စုံတစ်​ခု​ပေါ် ​မ​ကျေမနပ်​ဖြစ်​ခြင်း၊ စိတ်​ဓာတ်​ခိုင်​မာမှုနည်း​ခြင်း​ကြောင့်​ အားလုံးအ​ပေါ် အ​ကောင်းမမြင်​ခြင်း စသည့်​ ​အ​ခြေအ​နေများသည်​ အလိုလို စိတ်​ကိုလွှမ်းမိုးသွားသည်​။ဤအ​ခြေအ​နေမျိုးတွင်​ ချိုသာ​သော စကားဆိုဖို့ မတတ်​နိုင်​ကြ​ပေ။

မိတ်​​ဆွေအ​သေအခြာပြန်​စဉ်းစားကြည့်​ပါ ကိုယ့်​ရဲ့ ​မျှော်​လင့်​ချက်​​လေးဆုံးရှုံးသွား တာနဲ့ပဲ စကားချိုချို​ပြောဖို့ ခက်​ခဲသွား​ရော့လား! ကိုယ့်​ပတ်​ဝန်းကျင်​က လူ​တွေ၊ကိုယ့်​မိသားစု​တွေ၊ကိုယ့်​လက်​​အောက်​ငယ်​သား​တွေ အ​ပေါ် ချိုသာ​သောစကား​ပြောဖို့ ရန်​ ဘယ်​အရာနဲ့မှ မလှဲမိပါ​စေနဲ့။ မည်​ကဲ့သို့​သောအ​ခြေအ​နေမျိုးပဲဖြစ်​ဖြစ်​ တတ်​နိုင်​သမျှ ကိုယ့်​စိတ်​ကို ထိန်းထားပါ၊ ကိုယ်​အဆင်​မ​ပြေတဲ့အချိန်​၊ကျဆုံးတဲ့အချိန်​ ​တွေမှာ ဖြစ်​​ပေါ်တတ်​တဲ့ စိတ်​ရိုင်းတစ်​ခု​ကြောင့်​ ကိုယ့်​​ဘေးနားက ကိုယ့်​ရဲ့မိတ်​​ဆွေ​တွေ၊သူငယ်​ချင်း​တွေ၊လုပ်​​ဖော်​ကိုင်​ဘက်​​တွေအ​ပေါ် မမှားသင့်​တဲ့ ၊မ​ပြောသင့်​တဲ့ ​ဒေါသစိတ်​၊အလိုမကျစိတ်​ ​တွေကို ထိန်းချုပ်​နိုင်​​အောင်​သတိနဲ့ ဆင်​ခြင်​တတ်​ပါ​စေ။ဤကဲ့သို့​သော စိတ်​များသည်​ ချိုသာ​သောစကားကိုဆိုရန်​ အတားအဆီးဖြစ်​​နေတတ်​သည်​။

ချိုသာ​သော စကားကို ဆိုခြင်းသည်​ မင်္ဂလာတရား​တွေက တစ်​ခုပါပဲ။ ကိုယ့်​ရဲ့အိမ်​၊ကိုယ့်​ရဲ့ဆိုင်​​တွေမှာ မင်္ဂလာရှိ​စေချင်​တယ်​၊ မင်္ဂလာအ​ပေါင်းနဲ့ပြည့်​စုံ​စေချင်​တယ်​ဆိုရင်​​တော့ ချိုသာ​သော စကားကို လည်း​မမြဲတမ်း​ပြောဖို့မ​မေ့ပါနဲ့။ တစ်​ဦးနဲ့တစ်​ဦး စကားတစ်​ခွန်း​ကြောင့်​ နီးရာက​နေ​ဝေးသွားတတ်တယ်​။ အရင်းနှီးဆုံး ငယ်​သူငယ်​ချင်း ​တွေက​နေပြီး မ​ခေါ်မ​ပြောဖြစ်​ ​နေသွား​အောင်​လည်း စကားတခွန်း​ ​လေးက ဖန်​တီး နိုင်​စွမ်းရှိတယ်​။ဒါ​ကြောင့်​ ကြမ်းတမ်း​သောစကားကို မဆိုမိတာ အ​ကောင်းဆုံးပါပဲ။

ကိုယ့်​ရဲ့ လက်​​အောက်​ငယ်​သားတစ်​​ယောက်​ကို ကိုယ်​က ခိုင်းလိုက်​တယ်​ အခြင်​မ​ပြေဘူး၊ခိုင်းလိုက်​တဲ့ကိစ္စကို တာဝန်​​ကျေပွန်​စွာမလုပ်​​ဆောင်​နိုင်​ဘူးဆိုရင်​ ခင်​ဗျားဘာလုပ်​မလဲ??? တချို့က​တော့ ဒါ​တောင်​မလုပ်​တတ်​ဘူးလားဆိုပြီး ​ဒေါသမီးနဲ့အတူ လုပ်​တတ်​​အောင်​ပြန်​သင်​​ပေးတယ်​။တချို့ကျ​တော့ ဒါကဒီလိုရှိတယ်​ဆိုပြီး သာသာယာယာပဲ ​ဖြေရှင်း​ပေးသွားတယ်​။ အဲ့ဒီလူ နှစ်​မျိုးစလုံးမှာ တူညီတာလည်းရှိတယ်​၊မတူတာလည်းရှိတယ်​။ တူတဲ့အချက်​က ကိစ္စတစ်​ခုကို ပြန်​ရှင်းပြ​ပေးတာပဲ။မတူတဲ့အချက်​က ​ဖြေရှင်း​ပေးတဲ့​နေရာမှာ သုံးတဲ့ လက်​နက်​မတူတာပါပဲ။ ​ဒေါသနဲ့အတူ ​ဖြေရှင်း​ပေးတဲ့ လူကို သူ့လက်​​အောက်​ငယ်​သားက ​ကြောက်​​ကြောက်​နဲ့ ပြန်​ပြီး တဖန်​လုပ်​ရတယ်​။စိတ်​ထဲမှာ မ​ကျေနပ်​တာလည်းရှိ​နေနိုင်​တာပဲ။ အဲ့ဒီလိုဆရာမျိုးမှာ သူ့လက်​​အောက်​ငယ်​သားရဲ့ ​လေးစားမှု၊ရို​သေမှုဟာ ရာခိုင်​နှုန်းနည်းနည်းပဲပြန်​ရမယ်​။ ​ဒေါသမပါပဲ ​အေး​အေး​ဆေး​ဆေးနဲ့ သာသာယာယာ​လေးပဲ စကားချိုချိုသုံးပြီး ရှင်းပြ​ပေးတဲ့ ဆရားမျိုးမှာကြ​တော့ ရာခိုင်​နှုန်းပိုရတယ်​။ အဲ့ဒီအပြင်​ ချစ်​ခင်​တွယ်​တာမှုဆိုတဲ့ သံ​ယောဇဉ်​ လည်းအပိုဆုအ​နေနဲ့ ရမှာအ​​သေအချာပာပဲ​။

ဤနှစ်​ခုကွဲပြားချက်​က ဘာလဲ??အရှင်းသားကြီးပါ ချိုသာ​သောစကားကို ဆိုတာနဲ့ ကြမ်းကြမ်းတမ်းတမ်း ​ဒေါသနဲ့ စကားကို ​ပြောတာပါပဲ။ ကိုယ့်​ရဲ့ လုပ်​ငန်း​ဆောင်​တာ​တွေမှာ​တောင်​ စကားချိုချိုသုံးတတ်​၇င်​ အရာအုံးလုံးအဆင်​​ပြေပြီး ​အောင်​မြင်​မှုရ​စေတယ်​၊လူချစ်​လူခင်​​ပေါ​စေတယ်​။
ဒါ​ကြောင့်​ မိတ်​​ဆွေတို့အ​နေနဲ့ ကိုယ့်​ရဲ့ အဆင်​မ​ပြေမှု တစ်​ခု​ကြောင့်​ ကိုယ့်​​ဘေးနားကလူ​တွေ​အ​ပေါ် ​ဒေါသမီးမ​တောက်​ပါ​စေနဲ့။စကားကြမ်းကြမ်းမသုံးမိပါ​စေနဲ့။ ဘာ​တွေအဆင်​မပြ​ပြေ အရာအားလုံးဟာပြီးသွားမှာ ပါ ။ ချိုသာ​သောစကားကို ဆိုနိုင်​ကြပါ​စေလို့ ​တိုက်​တွန်းအကြံပြုရင်း နိဂုံး ချုပ်​ပါရ​စေ။

အားလုံးကို​ကျေးဇူးတင်​ပါတယ်​.....
@thithisann
Msc ​လျှောက်​ထားဆဲ

Sort:  

စာရေးသားမှုကမဆိုးပါ၊ သင့်တော်ရာပုံလေးတွေထည့်ပေးပါ။

ဟုတ်​ကဲ့ပါ ဆရာ ​ကျေးဇူး​ပါဆရာ

ရေးထားတာကောင်းပါတယ်သင့်တော်ဲုံလွှောထည့်ပေးရင်ပိုကောင်းပါမယ်။

ဟုတ်​ကဲ့ပါရှင့်​ ​ထောက်​ပြ​ပေးတာ​ကျေးဇူးပါ

Loading...

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59216.84
ETH 2526.42
USDT 1.00
SBD 2.52