နားလည်​မှု​တွေ လွဲမှား​နေ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာကြပါ​စေ။

ဒီ​နေ့​တော့ အ​တွေ့အကြုံ​လေးနည်းနည်းနဲ့ပတ်​သက်​ပြီး တင်​ပြချင်​ပါတယ်​။ဒါ​လေးက​တော့ နားလည်​မှုနဲ့ဆိုင်​တယ်​လို့ အရင်​ဆုံး​ပြောပါရ​စေ။နားလည်​မှုလွဲတာ​ပေါ့​နော်​။မိဘနဲ့ သားသမီးကြားထဲမှ ဖြစ်​တတ်​တဲ့ နားလည်​မှုလွဲတာ​လေး​တွေပါ။ဒီ​နေ့ အခန်းထဲက ​ကောင်​မ​လေးတစ်​​ယောက်​ သူ့အ​ကြောင်း​တွေရင်​ဖွင့်​လာတယ်​။ပြောရင်​နဲ့လည်း ငို​နေတယ်​။သူဘယ်​​လောက်​ခံစား​နေရလဲဆိုတာ သူ့စကား​ပြောရင်း ရှိုက်​​နေတဲ့ အသံ​တွေက သက်​​သေပါပဲ။ကျွန်​မအ​တော်​​လေး စိတ်​မ​ကောင်းဖြစ်​မိတယ်​။တကယ်​​တော့ နှစ်​ဦးနှစ်​ဖက်​လုံးမှာ အပြစ်​မရှိပါဘူး။နားလည်​မှု လွဲပြီး ဖြစ်​​နေကြတာ။

IMG_20180722_182538.JPG
Image source

ညီမ>>သူ သူ့သူငယ်​ချင်းနဲ့ ရန်​ကုန်​လိုက်​သွားမလို့တဲ့ အိမ်​ကို​တော့ မ​ပြော​တော့ဘူး။အစ်​မဖြစ်​သူကိုပဲ ​ပြောပြီးသွားမှာတဲ့​လေ။

ကျွန်​မ>>အိမ်​မ​ပြောလည်း ကိစ္စ​တော့မရှိပါဘူး။ကိုယ်​က မဟုတ်​တာလုပ်​​နေတာမှမဟုတ်​တာ။အမပဲ​ပြောသွားလိုက်​​ပေါ့။ဘာလဲ ..အိမ်​ကအဲ့လို​တွေဆို ခွင့်​မပြုဘူးလား??

ညီမ>>ဟုတ်​တယ်​။အိမ်​က ခွင့်​​တောင်းရင်​ ခွင့်​ပြုမှမဟုတ်​ဘူး။အမြဲတမ်းဘယ်​သွားသွား မလွှတ်​ဘူး။မြို့ထဲ​လေးသွားတာ​တောင်​ မလွှတ်​လို့ အသိမ​ပေးဘဲသွားတာ။

IMG_20180722_182608.JPG
Image source

သူ သွားဖို့လာဖို့ အားလုံးပြင်​ဆင်​ပြီး​နေပြီ။တစ်​ခါမှလည်း​မ​ရောက်​ဖူးလို့ သွားချင်​​နေတယ်ဆိုတာ တက်​ကြွတဲ့ သူ့လုပ်​​ဆောင်​မှု​တွေကတစ်​ဆင့်​ကျွန်​မ မြင်​​နေရပါတယ်​။မထင်​မှတ်​ဘဲ သူ့ motherကြီးဆီက ဖုန်းဝင်​လာတယ်​။အဲ့အချိန်​က သူသွားဖို့ ​ရေ​တောင်​ချိုးပြီး​နေပြီ။သူတို့ဘာ​ပြောတယ်​​တော့ ကျွန်​မ အလုံးစုံ မသိပါဘူး။ နည်းနည်​ရိပ်​မိတာက​တော့ သူ့အ​ဖေ သူ့ကို​တွေ့ဖို့ လာ​နေတယ်​တဲ့။သူ့အ​မေ​နောက်​တာလား ဘားလား​တော့မသိဘူး။အဲ့ဒါနဲ့သူ ဖိုးချပြီး သူ့အ​ဖေဆီ ဖုန်းဆက်​ပြီး ဘယ်​မှာလဲ ဘာလဲ​မေး​တော့ သူ့အ​ဖေက ဘာမှမ​ပြောဘဲ ဘာလို့လဲပြန်​​မေးတယ်​နဲ့တူပါတယ်​။ ​နောက်​ဆုံး သူ့အ​ဖေဆီ ဖွင့်​​ပြောလိုက်​တယ်​။ရလဒ်​က မလိုက်​ပါနဲ့တဲ့။ အားလုံးပြင်​ဆင်​ပြီး​နေပြီးမှဆို​တော့ စိတ်​​တွေညစ်​ပြီး မျက်​ရည်​​တွေဝဲ​နေတာ ကျွန်​မသိတယ်​။

IMG_20180722_182633.JPG
Image source

ညီမ>>အဲ့လိုပဲ အိမ်​ကအမြဲတမ်း ခွင့်​မပြုဘူး။အခုလည်းကြည့်​​လေ မသွားရဘူးတဲ့ အမ။ ငယ်​ငယ်​ကတည်းက ဆိုးပြီးမိုက်​ခဲ့ရမှာ ကြီးမှဆိုး​တော့ အိမ်​ကို အားနာရတယ်​။အမြဲတမ်း ငယ်​ငယ်​ကတည်းက အနှိမ်​ခံရတယ်​။သူနာပြုတက်​​နေတဲ့ အစ်​မနဲ့ လည်း အမြဲတမ်း ယှဉ်​ခံရတယ်​။အမြဲတမ်း အသုံးမကျသူတစ်​​ယောက်​လိုပဲထင်​ခံရတယ်​။ မ​ကျေနပ်​လို့ ပြန်​​အော်​​တော့ အရိုက်​ခံရတယ်​။အဆူအ​ငေါက်​ခံရတယ်​။စိတ်​ညစ်​တယ်​ အမရယ်(ကျွန်မ)​​​တဲ့။သူတို့​တွေ အမြဲတမ်း ယှဉ်​ယှဉ်​ပြီး ​ပြော​နေလို့လားမသိဘူး အမကို​တောင်​ မုန်းပြီး မ​ခေါ်တာ​ကြာပြီ။

ကျွန်​မ>>ညီမရယ်​....မိဘဆိုတာ စိတ်​ပူတတ်​တယ်​။သူ့သားသမီး ​တွေ ကိုစိတ်​ချရတဲ့​နေရာမှာပဲရှိ​စေချင်​တယ်​။သူတို့ သားသမီး​တွေ အသက်​ဘယ်​​လောက်​ကြီးကြီး သူတို့အမြင်​မှာ က​လေးလိုပဲမြင်​​တယ်​။အဲ့ဒါ​ကြောင့်​ပါ ညီမရဲ့။

IMG_20180722_182700.JPG
Image source

ကျွန်​မ မိဘနဲ့ သားသမီးကြား နားလည်​မှုလွဲတာ​တွေ ကြုံဖူးတယ်​။သားသမီး​တွေဘက်​ကလည်း သူတို့အရွယ်​​ရောက်​ပြီ၊သူတို့ မဟုတ်​လုပ်​နေတာ မဟုတ်​ဘူး၊သူများသားသမီး​တွေလို ပျက်​ဆီး​နေတာလည်း မဟုတ်​ဘူး ဆိုပြီး​တွေးတတ်​ကြတယ်​။မိဘ ဘက်​ကလည်း ဘယ်​မှမသွား​စေချင်​ဘူး။တစ်​ခုခုဖြစ်​မှာ အရမ်းစိုးရိမ်​တယ်​။ချစ်​လွန်းလို့ ချုပ်​ထားတာ​ပေါ့။ အဲ့မှာ လွဲ​တော့တာပဲ။

ဒါ​ပေမယ့်​ ကျွန်​မ မကြိုက်​တာ တစ်​ခုက မိဘ​တွေက တစ်​​ယောက်​​ယောက်​နဲ့ ယှဉ်​ယှဉ်​ပြီး​ပြောချင်​ကြတာ၊နှိုင်းချင်​ကြတာပဲ။အဲ့ဒါ အ​တော်​ဆိုးတဲ့အချက်​ပါ။ဘေးကလူ​တွေနဲ့ပဲဖြစ်​ဖြစ်​၊အိမ်​သားချင်းနှိုင်းတာပဲဖြစ်​ဖြစ်​ ​ကျေးဇူးပြု၍ မလုပ်​ပါနဲ့။အားလုံးက သူ့ဟာနဲ့သူ အရည်းအချင်းမတူကြပါဘူး။ဟိုတစ်​​ယောက်​ ဒီ​လောက်​ရတယ်​၊ဒီ​လောက်​​တော်​တယ်​၊​ပြောစကားနား​ထောင်​တယ်​ စသဖြင့်​ ...အမျိုးမျိုး နှိုင်းယှဉ်​ကြတာ​တွေ အများကြီး​တွေ့ဖူးတယ်​။အဲ့ဒါဟာ အ​တော်​​လေး ဆိုးရွားတဲ့ အချက်​ပါ။ က​လေးတစ်​ယာက်​ရဲ့ စိတ်​ကို အနုနည်းနဲ့ တဖြည်းဖြည်းခြင်း သတ်​​နေတာပါ။စိတ်​ဒဏ်​ရာ ရသွားနိုင်​တယ်​။မုန်းတီးစိတ်​​တွေ ​ပေါက်​ဖွားသွားနိုင်​တယ်​။ မိဘက​တော့ ဘာရယ်​မဟုတ်​ ဖြစ်​​စေချင်​လွန်းလို့ ကြိုးစား​အောင်​ တစ်​ဖက်​သတ်​နဲ့ ​ပြောလိုက်​တာပဲ။ဒါ​ပေမယ့်​ က​လေးရဲ့ စိတ်​မှာ နာကြည်းမှု​တွေ ဖြစ်​သွားတတ်​တယ်​။သိမ်​ငယ်​မှု​တွေ ဝင်​လာတတ်​တယ်​။

IMG_20180722_182725.JPG
Image source

ဒါ​ကြောင့်​ မ​ပြောကြပါနဲ့။မယှဉ်​ကြပါနဲ့။လူတိုင်းမှာ ကိုယ်​ဆီ အားနည်းချက်​၊အားသာချက်​​တွေ ရှိ​နေကြတာပါ။ဒါကို ​ပြောင်းလဲဖို့ တွန်းအား​ပေးတဲ့​နေရာမှာ နှိုင်းယှဉ်​ပြီး မ​ပြောကြပါနဲ့။ နားလည်​မှု​လေး​တွေ လွဲမှားတာရှိရင်​လည်း အချင်းချင်းနားလည်​​စေချင်​တယ်​။ နှစ်​ဦးနှစ်​ဖက်​ နားလည်​မှု လွဲတာ​တွေ ရှိရင်​လည်း ကိုယ်​ချင်းစာ​စေချင်​တယ်​။သားသမီးက လွတ်​လပ်​ချင်​တယ်​။မိဘက လွတ်​လပ်​မှုက​နေ ပျက်​ဆီးခြင်း​ဘက်​သို့ ​ရောက်​သွားမည်​ကို မလိုလား​ချေ။အားလုံးက​တော့ ကိုယ်​စီ ခံစားချက်​​တွေနဲ့ ကိုယ်​မှန်​တယ်​လို့ပဲ ​တွေးကြမှာပါပဲ။ တခါတ​လေမှာ လွဲမှားမှု​လေး​တွေကို ညှိယူလိုက်​မယ်​ဆိုရင်​ အဆင်​​ပြေ​ပြေနဲ့ ခရီးဆက်​လို့ရတာ​ပေါ့။စိတ်​ထဲမှာ အရမ်းကြီး သိုသိပ်​ထားပြီး မခံနိုင်​မှ အကြီးကြီး​ပေါက်​ကွဲသွားမယ်​ဆိုရင်​ ထိခိုက်​မှုများတတ်​တယ်​။ဒါ​ကြောင့်​ ပြသာနာကို အကြာကြီးခံစားမ​နေပါနဲ့။အကျိုးအ​ကြောင်းနားလည်​​အောင်​ ဖြည်းဖြည်းချင်း ညှိယူပါ။

FB_IMG_1532256920015.jpg
Image source

အခုဆို အခန်း​ဖော်​ညီမ​လေးက မနက်​ကတည်း က ထွက်​သွားတာ အခုချိန်​ထိ ပြန်​မလာ​သေးဘူး။သူမသွားရ​တော့ဘူး ဆိုကတည်းက စိတ်​​လေတယ်​ဆိုပြီး ထင်​ရာလုပ်​ပစ်​မယ်​တဲ့​လေ။မသွားရလည်း ဘာမှမဖြစ်​​ပေမယ့်​ ဒီတစ်​ခါလည်း ဆိုတဲ့ စကားမှာ အရင်​ကဒဏ်​ရာ​တွေရှိ​နေတယ်​ဆိုတာ အသိသာကြီးပါ။တချို့ဟာ​တွေ က ချုပ်​ထိန်းလွန်းရင်​ လွတ်​ထွက်​သွားတတ်​တယ်​။တင်းလွန်းရင်​ပြတ်​တယ်​ ​လျော့လွန်းရင်​လည်း မ​ကောင်းဘူး။ အဲ့ဒါ​ကြောင့်​ အရမ်းကြီးလည်းတင်းမထားပါနဲ့။အရမ်းကြီးလည်း ​လျှော့​ပေးမထားပါနဲ့။ အချင်းချင်းနားလည်​မှု​တွေ ရှိ​စေချင်​တယ်​။ သားသမီး​တွေအ​နေနဲ့လည်း မိဘ​တွေရဲ့သ​ဘောထားကို နားလည်​​စေချင်​တယ်​။ မိဘ​တွေအ​ပေါ်ကိုလည်း နားလည်​​သော မျက်​စိနဲ့ကြည့်​​စေချင်​တယ်​။ ကျွန်​မတို့​တွေ မိဘ​နေရာ​ရောက်​မှ သိကြမှာပါ။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။နားလည်​မှု​လေး​တွေ ရှိကြပါလို့ တိုက်​တွန်းရင်း အဆုံးသတ်​လိုက်​ပါတယ်​။

@thithisann
Author Thi Thi San
MSC 262

Sort:  

အမှန်​က မိဘ​တွေက ငယ်​ရာကကြီးလာတဲ့အတွက်​ ကို​ယ်​ငယ်​စဉ်
တုန်းကအမှားအမှန်​​တွေကို သားသမီး​တွေကိုမချွင်းမချန်​​ပြောပြသင်​ပြီး ကို​ ယ်​မှားခဲ့တဲ့ပုံစံ သားသမီးမှား​နေတယ်​ဆိုရင်​ ကို​ယ်​ ဘယ်​ပုံစံနဲ့မှန်​ခဲသလဲဆိုတာစဉ်းစားပြီးပြု ပြင်​သင့်​ပါတယ်​။သားသမီး​တွေကလဲကြီးရာက​နေ ငယ်​လာသည်​ မဟုပ်​တဲ့အတွက်​ အ​တွေ့အကြုံကိုလူကြီး​တွေ ဆီက​နေ ယူသင့်​ပါတယ်​။ ဒါ ​​ကြောင့်​သားသမီး မ​ကောင်းမိဘ​ခေါင်းလို့ စကားပုံ​ပေါ်လာတာရှိမှာပါ

ဟုတ်​တယ်​အမ​ရေ့

များသောအားဖြင့်တော့ မိဘကပဲသားသမီးတွေကို နား
လည်ပေးကြတာပါ။

ဟုတ်​တယ်​ မိဘ​တွေကပဲ နားလည်​​ပေးရတာ

သမီးမိန်းခ‌လေး ခရီး‌ဝေးသွားမှာကို မိဘမ‌ပြောဘဲသွားရဲတာကိုက မဟုတ်‌‌သေးဘူးညီမရဲ့။

လူငယ်​ဆို​တော့ သူငယ်​ချင်း​တွေနဲ့ ကဲချင်​ကြတာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မိဘနဲ့သားသမီးအပြန်အလှန်နားလည်ဖို့လို့ပါတယ်

နားလည်​မှုရှိဖို့ လိုတယ်

ဘယ်​သွားသွားမိဘကခွင့်​မပြု​တော့မသိ​အောင်​သွားတယ်​...ဒါ​ပေမဲ့သူကလည်းခွင့်​​တောင်းလို့သွားသင့်​တဲ့လမ်းဆိုခွင့်​ပြုလိုက်​ရင်​နှစ်​ဦးနှစ်​ဘက်​နားလည်​မှုရသွားမှာပါ....ခွင့်​မပြုမှာမို့မိဘမသိ​ဘဲသွားလို့အန္တရယ်​​တွေ့ရင်​....

အန္တရာယ်​​တွေ့ရင်​ မ​ကောင်းဘူး

တင်ပြချက်လက်ခံနိုင်ပါသည်

ဟုတ်​ ကဲ့ရှင့်

Right !!!နားလည်မှုဟာ ရေရှည်ဆက်ဆံရေးမှာ
တစ်ကယ်အရေးပါ ပါတယ်

အ​ရေးကြီးတယ်

မိန်းခလေးဆိုတာ အမေနဲ့ဘယ်ကိစ္စမျိုးမဆို တိုင်ပင်ပြီး လုပ်ကိုင်ဆောင်ရွက်ရမှာပါ။နားလည်မှုတွေရလာအောင်( idea )အိုင်ဒီယာလေးတွေလိုမယ်လို့ပဲ အကြံပေးခဲ့ပါရစေ။နားလည်မှု ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အရေးကြီးပါလိမ့်မယ်။ကောင်းသော post လေးပါခင်ဗျာ။

နားလည်​မှု ရှိရင်​ အဆင်​​ပြေ​နေပြီ​လေ

မိဘတွေက ချစ်လို့ဆိုပြီး ချုပ်ချယ်တာတွေဟာ တစ်ချို့အရာတွေမှာ ကိုယ့်သားသမီးကို စိတ်ဆင်းရဲစေပါတယ် 😌😌

ဟုတ်​တယ်​ ညှိယူရမှာ​ပေါ့

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62497.97
ETH 2428.72
USDT 1.00
SBD 2.65