လူပိုကြီးလား???
အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာ ချမ်းသာကြပါစေရှင့်။
ဒီနေ့တော့ သူငယ်ချင်းတွေ စကားတွေစပ်မိစပ်ရာ ပြောကြရင်း ညီမလေးတစ်ယောက်ရဲ့ ယူဆချက်လေးနဲ့ပတ်သက်ပြီး တင်ပြချင်ပါတယ်။အဲ့နေ့က ပြောတဲ့စကားတွေအများကြီးရှိပေမယ့် ကျွန်မဆွေးနွေးဖို့ ရွေးချယ်ထားတာက လူ့ဘဝကြီးနဲ့ပတ်သက်ပြီး မြင်ကြတဲ့အမြင်လေးကိုပြောပြမှာဖြစ်ပါတယ်။ တကယ်တော့ လူ့ဘဝကြီးက လုပ်စရာအလုပ်တွေအများကြီးရှိတယ်တဲ့အပြင် မလုပ်မနေလုပ်ရမယ့်အလုပ်တွေလည်း ရှိပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒါလုပ်ပါဒါလုပ်ပါလို့အမိန့်မပေးဘဲနဲ့လုပ်နေရတာမျိုးပါ။
ဥပမာ-စားဝတ်နေရေး....လူ့လောကကြီးမှာ အသက်ရှင်နေထိုင်ဖို့ အာဟာရကအဓိကပါ။လူရဲ့ခွန်းအားရှိနေမှာ အစစအရာရာ လုပ်ဆောင်နိုင်မှာပါ။အပင်တွေရှင်သန်ဖို့အတွက် ဓာတ်မြေသြဇာတွေ ရေ၊မြေ တွေအားလုံးပြည့်စုံမှ နောင်တစ်ချိန်မှာ အရိပ်အာဝါသကောင်းကောင်းပေးနိုင်တဲ့၊သူတစ်ပါးကို ပြန်ပြီးအကျိုးပြုနိုင်တဲ့ အပင်ကြီးအဖြစ်ရပ်တည်နိုင်မှာပါ။လူတွေမှာလည်း နောင်တစ်ချိန်မှာ အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ်ရပ်တည်ဖို့ အာဟာဓာတ်တွေလိုအပ်ပါတယ်။ဒီနေရာမှာ အာဟာရဆိုတာ အစားအသောက်ဆိုတာထက် ဘဝမှာ လိုအပ်တဲ့ ကြိုးစားမှု၊ပြင်ဆင်မှု၊ခံနိုင်ရည်ရှိမှုတွေ ကိုပြောချင်တာပါ။အဲ့ဒီအရာတွေကို လုပ်ဆောင်နိုင်ဖို့ လူတစ်ယောက်မှာ အစားအသောက်နဲ့နေ့စဉ်ဖြည့်တင်းနေမှ လုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် အစားအသောက်ဖြည့်တင်းဖို့ ကအဓိပါ။ခွန်းအားပြည့်နေမှဆက်လုက်နိုင်မှာလေ။ဒါက စားဝတ်နေရေးဆိုတဲ့ စားနိုင်ဖို့သောက်နိုင်ဖို့က ရှေ့ဆုံးကပါ။နောက်ပြီး ဝတ်စားဆင်ယင်ဖို့အတွက်ကြိုးစားရပြန်တယ်။
လူသားတွေ...လူသားတွေ အစားအသောက်ပြည့်စုံပြီဆိုတာနဲ့မလုံလောက်သေးဘူး ဝတ်ဖို့ပါစဉ်းစားရပြန်တယ်။လူသားတစ်ယောက်အနေနဲ့ လုံလုံခြုံခြုံ ဖြစ်ဖို့၊လူ့အဆင့်အတန်းမှီဖို့ ၊လူဘုံလယ်မှာ တင့်တယ်ဖို့ အတွက် စားရယုံနဲ့မလုံလောက်တော့ပေ။ဝတ်နိုင်ဖို့ပါလိုအပ်လာပြန်သည်။ဒါကြောင့် စားသောက်ဖို့ပြည့်စုံပြီဆိုရင် ဝတ်ဖို့ပါပြည့်စုံအောင် ကြိုးစားရပြန်တယ်။ကဲ အခုဆို စားဖို့လည်းအဆင်ပြေပြီ၊ဝတ်ဖို့လည်းပူစရာမလိုတော့ဘူး။ဒါဆိုပြည့်စုံပြီလား...မပြည့်စုံသေးပါဘူး။လူတစ်ယောက် အလေအလွင့် အိမ်ခြေရာခြေမရှိတဲ့သူမျိုးကို ဘယ်သူကမှ လူရာသွင်းစကားမပြောချင်ကြပေ။ဒါကပင် လူ့အဆင့်အတန်းတိုင်းတဲ့နေရာမှာ တစ်ခုအပါအဝင်ဖြစ်သည်ဟု ယူဆလို့ရသည်။
လူသားတစ်ယောက်ဖြစ်သည်လာပြီဆိုကတည်းက စားဝတ်နေရေး ဤသုံးပါးအား အလိုလိုလုပ်ကိုင်ဖို့တာဝန်ရှိပြီးသားဖြစ်သည်။အဲ့ဒီအချက် ၃ချက်သည် လူ့ကျင့်ဝတ်တွေရဲ့ အခြေခံကျဆုံး မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တွေပင်။သုံးပါးလုံးပြည့်စုံမှ သာမန်လူတန်းစားအဖြစ် သတ်မှတ်ခံရမည်မဟုတ်ပါလော။သာမန်အဆင့်ကနေမှ ဘဝအာဟာရပေါင်းထည့်ပြီး ရရှိလာတဲ့ ဘဝကိုကျတော့ သူဌေးဘောစိ အဆင့်အတန်းရောက်သွားပြီပေါ့။ဒီဘဝရောက်ဖို့ပဲ အားလုံးသော လူတွေကြိုးစားနေကြခြင်းဖြစ်ပါတယ်။ကြိုးစားနေရင်းကြုံတွေ့နိုင်တဲ့ ကံကြမ္မာ အလှည့်အပြောင်းဒဏ်ကိုလည်း ကြံ့ကြံ့ခံနိုင်ဖို့ လိုအပ်ပါသေးတယ်။ကျွန်မတို့တွေ ကြိုးစားတိုင်းလဲကျဖူးကြမှာပါ။လဲကျဖူးသူတိုင်းကပဲ ပန်းတိုင်ကို ဆွတ်ခူး သွားကြတာပါ။ဒါကြောင့် လဲကျရင်ုပန်ထဖို့တော့လိုတယ်နော်။လဲကျတိုင်းနောက်ကျကျန်ခဲ့ပြီလို့ မသတ်မှတ်လိုက်ပါနဲ့ ရှေ့ဆက်ဖို့ အနားယူတာလို့ပဲ သတ်မှတ်ပြီး ရှေ့ဆက်လျှောက်ဖို့ အားပြန်ဖြည့်ပါ။စိတ်ဓာတွေပိုပြီးတက်ကြွလာဖို့ ကံကြမ္မာ က အချိန်ပေးလိုက်တယ်လို့ပဲ ယူဆပြီး ပန်းတိုင်ဆီဆက်သွားပါ။
သူငယ်ချင်းညီမလေးက ပြောတယ် လူတွေ တစ်နေ့သေရမှာပဲ ဘာလို့အလုပ်တွ၊မနာလိုမှုတွေ၊အပြိုင်ဆိုင်တွေ လုပ်နေကြလဲ မသိတဲ့။သူပြောတာ က ကျန်တဲ့သူတွေက လက်မခံတာတော့အမှန်ပါ။တချို့သူတွေကတော့ အဲ့ဒါလည်း ဟုတ်တာပဲ တစ်နေ့သေကြရမှာ..သေရင်ဘာမှယူသွားလို့မရဘူးတဲ့လေ။လူ့ဘဝကြီးထဲ ဘယ်သူကမှ မဖိတ်ခေါ်ဘဲ သိပ်တဆိတ်ရောက်လာတဲ့ မင်းကို ပြန်သွားတဲ့အခါ လူလောကကြီးက အသိအမှတ်ပြုတာတော့ ခံရသင့်တာပေါ့။မင်းလောကကြီးကို နှုတ်ဆက်ချိန်ကောင်းကောင်းမရဘူး။ဘယ်ချိန်ထွက်သွားပါ့မယ်လို့ သူ့ကို ကတိမပေးနိုင်ဘူး။ဒါပေမယ့် လောကကြီးထဲရောက်လာပြီဆိုတာနဲ့ လူ့ကျင့်ဝတ်တွေ လုပ်ဆောင်ရတော့မယ်။အဲ့လိုလုပ်ဆောင်နေရင်းနဲ့ပဲ အပြိုင်အဆိုင်တွေ၊မနာလိုမျိုတွေ၊လောဘတွေက ဖြစ်ပေါ်လာတတ်ပါ။ ဒါတွေကို မတွေ့ချင်ရင်တော့ မင်း လူ့ကျင့်ဝတ်တွေ ဘာတစ်ခုမှမလုပ်ဘဲနေဖို့ပဲရှိတော့တယ်။ ဒါပေမယ့် အဲ့ဒါတွေ ကို အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်အောင်တော့နေဖို့လိုတယ်။ဒါမှလည်း လူသားဆန်တော့မယ်ပေါ့။လူသားဆန်မှာ မင်းကိုလောကကြီးက အသိအမှတ်ပြုပေးမှာပါ။တကယ်တော့ လောကကြီး..လောကကြီးဆိုတာ လူသားတွေနဲ့ဖွဲ့စည်းထားတာပဲ။အဲ့လူသားတွေ အသိအမှတ်ပြုဖို့ဆိုရင် မင်းလူ့လောကကြီးထဲနေထိုင်ခဲ့စဉ်က အပင်ကြီးလို အရိပ်အာဝါသကောင်းကောင်းပေးနိုင်ခဲ့မှ မင်းကို အသိအမှတ်ပြုကြမှာ။ အဲ့လို အသိအမှတ်ပြုပေးတာခံရဖို့ မင်းကိုယ်တိုင် လုပ်ဆောင်ရမှာ ပဲဖြစ်တယ်။အပင်တစ်ပင်ကြီးထွား ဖို့ ပြုစုပျိုးထောင် မြေသြဇာကျွေးမယ့် သူရှိပေမယ့် မင်းကျတော့ ကိုယ်တိုင် ကြီးထွားရင့်သန်ဖို့ နည်းလမ်းတွေကိုယ်တိုင်ရှာရမှာပဲဖြစ်တယ်။
အခုသူငယ်ချင်းညီမလေးပြောသလို တစ်နေ့သေရမှာပဲ ဘာမှမလုပ်ဘဲနေလိုက်မယ်ဆိုရင် မင်းဟာ လူဖြစ်လာပြီး ဖြစ်ရကျိုးမနပ်တဲ့ လူပိုကြီးဖြစ်နေတော့မယ်။မင်းလိုလူကို ထမ်းထားရတဲ့ ကမ္ဘာမြေကြီးအားနာဖို့ကောင်းပါတယ်။ဒါကြောင့် လူ့ဘဝရောက်တုန်း တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်ခွင့်ရနေတုန်း လက်လွှတ်မခံပါနဲ့။မင်းဆိုတာ အားလုံးရဲ့ စံနမူနာ ဖြစ်အောင် အရိပ်ကောင်းကောင်းပေးခဲ့လိုက်ပါ။လူတိုင်းကတော့ သေမျိုးတွေပါပဲ။ဒါပေမယ့် မသေခင်မှာ လူ့လောကအလုပ်တွေ ကောင်းကောင်းမွန်မွန်လုပ်သွားပါလို့ တိုက်တွန်းပါရစေ။
@thithisann
Msc 262
Author Thi Thi San
အရမ်းတန်းဖြိးရှိတယ်ဗျာ
ဟုတ်ကဲ့ပါ
တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်ဖို့နည်းလမ်းများကတကယ့်ကိုမှတ်သားလိုက်နာရမှာပါ....
တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရမှာပေါ့
သင် ကော သိပြီးပြီလား ။လူ့ဘဝကို ဘာလုပ်ဘို့ လာတာလဲဆိုတာ။
လူသားမှန်ရင် လူ့တန်ဖိုးတက်အောင်ကျင့်ကြံရမှာပေါ့လေ
အားပေးသွားပါတယ်ဗျာ ☺ ☺
ကျေးဇူးပါရှင်
အတတ်နိုင်ဆုံးကြိုးစား နေသွားပါ့မယ် ညီမ😊ကျေးဇူးပါ
ဟုတ်ပါပြီအမရေ့
အားပေးသွားပါတယ် ညီမလေးရေ ။
ကျေးဇူးပါ
မိတ်ဆွေ လူ့ ဘဝကို အကျိုးရှိဖို့ 
တစ်ခုခုကို ဆုံးဖြတ်လိုက် တဲ့
ဆုံးဖြတ်ချက်မှန်ဖို့လည်းလိုတယ်နော....
ညီမစာလေးက တကယ်ကောင်းလိုက်တာ
ကျေးဇူးပါအမ
သိပ်ကောင်းတဲ့အရေးအသားပါ
ကျေးဇူးပါ
တန်ဘိုးကြီးတဲ့ စာသားများပါပဲ။
ဟုတ် အားပေးလို့ကျေးဇူးပါ