ရွှေနားတော်သွင်းမည့် ....သံချောင်းသံ အပိုင်း(၆)...
Crd. :facebook
အပိုင်း(၆)
ဒီလိုနဲ့ ရုန်းကန်လှုပ်ရှားရင်း ကြီးပြင်းလာတဲ့ချမ်းသာတယောက် အသက်ကလေးပင် ၁၄ထဲရောက်နေလေပြီ။ချမ်းသာ၏ဘဝတွင် ၄နှစ် ကျော်၅နှစ်တွင်း အပြောင်းလဲများစွာရှိခဲ့သည်။ လူတော်တော်များက နဖူး ပေါ်လက်တင်ပြီး စဉ်းစားတွေးတောလေ့ရှိသည်ကားများသည်။ချမ်းသာမှာမူ ထို့သို့မဟုတ်....ခေါင်းအုံး ပေါ်မေးတင်ပြီး ခြေထောက်ကို ထောင်ထားပြီး အငြိမ်မနေတတ်သည်။ စဉ်းစားရင်းနဲ့ပင် ဝမ်းနည်းစိတ်တွေ အလိုလို ဖြစ်လာသည်။ကိုမောင်ကြီးဆုံးသွားသည်မှာ ၁နှစ်ကျော်ပင်ကြာခဲ့လေပြီ။ချမ်းသာ၏စိတ်ထဲတွင် ဦးမောင်ကြီးအား မကြာခဏသတိရတတ်သည်။မခင်မေမူကား ရုပ်ပင်သဲသဲကွဲကွဲ မသိတော့ပါ။ပုံဖော်လို့ပင်မရ အကြောင်းမှာ ချမ်းသာ၁နှစ်သားကျော်တွင်ဆုံးသွားသည်။
ကိုမောင်ကြီးသည် ချမ်းသာအပေါ်တွင်မူ မကောင်းခဲ့ ပာ၊မိဘဝတ်တရား မကျေခဲ့ပါ ။သို့သော် ချမ်းသာ သတိရနေ၊အောက်မေ့နေတုန်းပင် မိဘမဲ့ဖြစ်နေ၍ကို ပိုပြီး တမ်းတစိတ်ဝင်မိနေသည်။ အခုဆိုရင် ချမ်းသာမှာ မိတဆိုးဘဝမှ တကောင်ကြွက်ရာထူး တိုးနေလေပြီ မဟုတ်ပါလော။ အခုပင် သူ့တွင်နေစရာမရှိ၍ ဘုန်းကြီးက ခေါ်ထားရသည့် အဆင့်ပင် ရောက်နေလေပြီ။ အမွေရလိုက်သည်မှာ သူ့အဖေ သက်ရှိထင်ရှားရှိစဉ်က ကြိမ်းမောင်းရိုက်နှိက်မှု များပင်ဖြစ်သည်ဟုပြောရပေတော့မည်။ သူ့အမေ့ရှိစဉ်က အတူတူနေခဲ့ကြတဲ့ တဲစုပ်ခေါ် အမွေစံအိမ်လည်း ကိုမောင်ကြီး အရက်နဲ့ လဲလှယ် သောက်ခဲ့သောကြောင့် အရက်ဆိုင်ပိုင်ရှင် ဦးအုံးမှ အပိုင်းသိမ်းခြင်းခံရသည်မှာ သူ့အဖေဆုံးပြီး ရက်လည်နေ့တွင် ဖြစ်သည်။ ချမ်းသာ မျက်ရည်တွေကျနေမိသည်ကို သတိမထားမိပါ အတွေးထဲတွင် စီးဝင်နေဆဲပင်။ စိတ်ထဲမှာလည်း ရေရွတ် နေမိသည် "အခုငါ့ဘဝက တကောင်ကြွက် ခြေတလုံးအိမ်တိုင် ဘဝ ရောက်နေတာလည်း ကြာခဲ့ပြီ......အခုငါ့အသက်ကလည်း ပစ္စည်း ဥစ္စာ ရှာရမည့်အရွယ်ရောက် တော့မယ် အခုချိန်ထိ ဘာတခုမှ ရည်မှန်းချက် မရှိဘူး " ဆရာကြီး ပြောနေကြစကားတခွန်းလည်း ထပ်တလဲလဲ ကြားနေမိသည် "အေး..လူဆိုတာ ရည်မှန်းချက် ရှိရမယ် ရှိရင်လည်း ဖြစ်အောင်လုပ်ယူရမယ်...အဲ့ဒါမှ လူ့တန်ဖိုး တက်တာတကာလေး....ရည်မှန်းချက် မရှိရင် တက်မပါတဲ့လှေလိုပဲ ဦးတည်ရာမဲ့တတ်တယ်" ဆိုပြီး ချမ်းသာနဲ့တွေ့တိုင်း၊ခေါ်ခိုင်းပြီးတိုင်း ပြောနေကြ၊ဟောနေကြတရား လို့လည်း ပြောလို့ရပါသည်။
ချမ်းသာတယောက် တွေးရင်းနဲ့ အိပ်ပျော်သွားသည်ကိုပင် မသိရှာတော့ပါ။မနက် ကြက်သွန်ချိန်ရောက်မှ နိုးတော့သည်။နိုးသည်နဲ့ ရွာထဲက လူကြီးမိဘများအား တုံးခေါက်၍နိုးလေပြီ။ မနက် ဆွမ်းခံလိုက်ရမည် ကို ညကတည်းက ကပ္ပိရ ကြီးက ပြောပြီးသား ဖြစ်နေ၍ မျက်နှာသစ် လုပ်စရာရှိတာလုပ်၊ပြင်စရာရှိတာ ပြင်တော့သည်။ "ဆွမ်းတော်ဗျိုး.......ဆွမ်းတော်ဗျိုး....."ကြေးစည်ကို တီးရင်းရွာလယ်လမ်းအတိုင်း လာနေတော့သည်။ အရင်တုန်း ဆရာမိုး တယောက် ဤဆွမ်းခံသောအလုပ်ကို နှစ်သက်ဖူးခဲ့သည် အစောကြီးထ၍ ကုသိုလ် ယူနေရလို့ပင်ဖြစ်သည်။ခုချိန်တွင်မူ ဆရာမိုးတယောက် ဇိမ်ခံ ကောင်းနေတုန်းပင်ရှိမည်ထင်သည်။ အကြောင်းမှာ ဆရာလေးပြောင်းသွားတာ ကိုမောင်ကြီးနဲ့ လပဲကွာသည် ။ကိုမောင်ကြီးမှာ ဘဝပြောင်းသွားပြီး နောက်၃လအကြာတွင် ဆရာမိုးတယောက် မြို့သို့ ပြောင်းစာကြ လာသည်။ ချမ်းသာတွက် အဲ့ချိန်တွေက ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့် အချိန်ပင်ဖြစ်ခဲ့သည်။ အဖေဖြစ်သူက ဘဝပြောင်း ပြီး သူ့ကို အပြီးတိုင်ခွဲသွားလေပြီ နောက်ထပ်မတွေ့နိုင်တော့ သူ့အပေါ် နားလည်ဂရုစိုက်ပေးတဲ့ ဆရာမိုးတယောက် နေရာပြောင်းပြီး သူ့ကို ထပ်ခွဲသွားပြန်သည် နောက်ထပ်တွေ့နိုင်ဖို့ကမလွယ်။
ထန်းပင်လေးရွာ လေးတွင် အရင်လို မချို့တဲ့ပေမယ့် ပညာရေးတွင်မူ ဆရာကလေးမရှိကတည်းက ယိုယွင်း လာလိုက်တာ ပျက်စီး လုနီးပါးပင် ရောက်နေလေပြီ။ပညာရေးတွင် ဦးဆောင်မည့်သူ မရှိဖြစ်နေသည်။ တဖြည်းဖြည်းနဲ့ ဆွမ်းခံလာလိုက်တာ ဘုန်းကြီးကျောင်းပင်ပြန်ရောက်တော့မည် ကြေးစည် သံလည်းမကြားရတော့ နွားမသိုက်ကြီးတွေ ၊ဆိတ်သိုက်တွေနဲ့အတူ ထွက်လာတဲ့သူကလာ ၊ လှည်းတွေနဲ့ ထွက်လာသူကလာနဲ့ အတော်ပင်စည်နေလေပြီ။ ခပ်ဝေးဝေးမှ ဂျစ်ကား တစ်စီး ရွာကိုဦးတည်လာနေသည်ဟု ထင်ရသည်။ ချမ်းသာတို့ပင် ဆရာတော်ကြီးတွက် အာရုံဆွမ်း ဘုန်းပေးရန်ပြင်နေလေပြီ။ ချမ်းသာလည်း ရေနွေးဖြည့်စရာရှိတာဖြည့် ပြီး ကျောင်းအရှေ့ တံပြက်စီးလှည်းနေသည် ထိုချိန်တွင်မနက်က မြင်လိုက်ရတဲ့ ဂျစ်တစင်း ကျောင်းအတွင်းသို့ ဝင်လာတာကိုမြင်တော့ အံ့သြမိပြီး ခဏတာကြည့်နေလိုက်သေးသည်။
အပိုင်း(၇)ဆက်မည်...
@thithisann
Fb acc:thithisan
Msc လျှေက်ထားဆဲ
မျှော်နေပါ့မယ်ဗျာ
မျှော်နေပါလို့
မှော်နေပါသည်
ဟုတ် ကျေးဇူးပါပဲ