နေ့တိုင်းသီကုံး ပန်​ဆင်​ကြပါ

in #myanmar6 years ago

အားလုံးပဲမင်္ဂပါရှင့်​ ကျန်းမာချမ်းသာကြပါ​စေ...ကျမတို့မြန်​မာလူမျိုး​တွေ ​ပြောရရင်​ ​ကျောင်းသား၊​ကျောင်းသူ​တွေ​ပေါ့ သူတို့​တွေ စာ​ပေပညာ​တွေကို အတန်းအလိုက်​ ကျက်​မှတ်​ကြတယ်​။ဆရာက ဒါကိုကျက်​ခဲ့ပါဆိုရင်​ ကျက်​ကြတယ်​ ​ပြောရရင်​ အာကုန်​​ဆောင်​ကြတယ်​။ ဆရာက ဒီ​လောက်​ပဲ​ပြောလိုက်​ရင်​ ​ကျောင်းသာက ဒီ​လောက်​ပဲမြင်​တယ်​၊ဒီပဲအမှန်​ ဆိုတဲ့ အမြင်​ပဲရှိကြတယ်​။ ဒီထက်​မက ​တွေး​တောဖို့ ကြံစည်​ဖို့ဆိုတာ​တွေ ကအ​ဝေးကြီးမှာပဲ နည်းနည်း​လေး​တောင်​စိတ်​ကူမရှိကြဘူး။ကျမတို့ ​ငယ်​ငယ်​ ​ကျောင်းသူဘဝကလည်း ဤလမ်းစဉ်​ပါပဲ။ဒါကျက်​ဆို ဒါပဲကျက်​တယ်​။ကျန်​တာ ကိုယ်​နဲ့မဆိုင်​သလို​နေခဲ့မိတယ်​။
image
Crd:facebook

မြန်​မာနိုင်​ငံရဲ့ပညာ​ရေးကို သိပ်​ပြီး အကျွမ်းတဝင်​မရှိပါဘူး။ ဒါ​ပေမယ့်​ ကိုယ့်​​ပတ်​ဝန်းကျင်​က​ကျောင်းသား​တွေ ကို အမြဲတမ်း​တွေ့​နေကြပါ။ ကျမကိုယ်​တိုင်​လည်း ​ကျောင်းသူဘဝကမကျွတ်​​သေးပါဘူး။ အခုချိန်​ထိ ကျက်​​နေရတာပဲ။ အတန်းပညာမြင့်​မားလာ​တော့ ပိုပြီး​တော့နားလည်​လာတယ်​။စာတစ်​ပုဒ်​ကို ကျက်​ပြီးအာကုန်​​ဆောင်​တာထက်​ အ​တွေး​လေး​တွေနဲ့ နားလည်​​အောင်​လုပ်​ခြင်းဟာပိုပြီး မှတ်​မိလွယ်​တယ်​၊နားလည်​​တော့ လက်​​တွေ့လုပ်​ဖို့ မ​ကြောက်​​တော့ဘူး။ တက္ကသိုလ်​ ဆရာ၊ဆရာမ​တွေက မင်းတို့အရွယ်ဆို ဂဃနဏ နဲ့ အ​တွေးနစ်​နစ်​ ​တွေး​တောလို့ ရပြီတဲ့။ ဒီ​နေရာမှာ ​ကြောက်​ရွံ့စိတ်​​တွေက တဖွားဖွားဖြစ်​​ပေါ်လာတာ ကျမနဲ့ရွယ်​တူ အတန်း​ဖော်​အားလုံးပါပဲ။ဘာလို့ အဲ့ဒီလိုဖြစ်​လဲ??ဘာ​ကြောင့်​ဖြစ်​လဲ??အဓိကက ငယ်​ငယ်​ကတည်းက ​တွေး​တောတဲ့ အကျင့်​မရှိခဲ့တာ​ကြောင့်​လို့ ကျမထင်​တယ်​။ဘယ်​ကိစ္စပဲဖြစ်​ဖြစ်​ လုပ်​ခဲ့ဖူးတယ်​၊ကြုံခဲ့ဖူးတယ်​ ဆိုရင်​ ​ကြောက်​ရွံ့စိတ်​ သိပ်​မရှိဘူး။ ငယ်​စဉ်​ မူလတန်းကတည်းကသာ စဉ်းစား​တွေး​တော တတ်​တဲ့ အကျင့်​​လေး​တွေ ပျိုး​ထောင်​​ပေးမယ်​ဆိုရင်​ အတန်းပညာကြီးလာတာနဲ့အမျှ ​တွေး​တောဖို့ အားတစ်​ခုထပ်​ထည့်​စရာ မလို​တော့ဘူး​ပေါ့။ ​ကြောက်စိတ်​ဆိုတဲ့အရာ​ကြောင့်​လည်း ​အောင်​မြင်​မှုလမ်း​ကြောင်းမှာ ပိတ်​ဆို့မှု တစ်​ခုဖြစ်​တတ်​ပါတယ်​။ ​ကြောက်​စိတ်​မရှိ​တော့ ​အောင်​မြင်​မှု ရဖို့ ပိုပြီး နိးစပ်တ​ပေါ့။

image
Crd:facebook

ဟို...ရာစုနှစ်​ ၅၀၀​ကျော်​ က ရှင်​မဟာ ရဋ္ဌသာရ ဆိုခဲ့သည်​ "သု၊စိ၊ပု၊ဘာ၊ဝိ၊လိ၊သိ၊ဓာ" ဆိုတဲ့ ဤ၈လုံး ကို လုပ်​​ဖော်​ကိုင်​ဖက်​ သူငယ်​ချင်း သဖွယ်​ ​ပေါင်းသင်းဖို့ လိုအပ်​ပါတယ်​။ ဤ၈လုံးရဲ့ အဓိပ္ပါယ်​ ​လေး သိသ​လောက်​မျှ​ဝေပါရ​စေ..."သု=ကြားနာပါ (နား​ထောင်​တတ်​ပါ​စေ)၊စိ=ကြံစည်​ပါ(ကြံဆတတ်​ပါ​စေ)၊ပု=​​မေးမြန်းပါ(စပ်​စုတတ်​ပါ​စေ)၊ဘာ=​ဆွေး​နွေးပါ(​ဆွေး​နွေးတိုင်​ပင်​တတ်​ပါ​စေ)၊ဝိ=စူးစမ်းပါ(စူးစမ်းရှာ​ဖွေတတ်​ပါ​စေ)၊လိ=​ရေးမှတ်​ပါ(​ရေးမှန်​ထားတတ်​ပါ​စေ)၊သိ=​လေ့ကျင့်​ပါ(အကြိမ်​များစွာ ​လေ့ကျင့်​ပါ)၊ဓာ=ကျက်​မှတ်​ပါ(အာကုန်​​ဆောင်​ပါ)" ။ ကျမတို့မြန်​မာ​တွေ ဤ၈ရပ်​ထဲက ​နောက်​ဆုံးလုံး ကိုပဲ လက်​ကိုင်းထားကြတာ​တွေ့ရပါတယ်​။ ၈လုံး စလုံးကို လက်​ကိုင်​ထားနိုင်​မှ ပြည့်​စုံမှာပါ။
ဤ၈လုံးကို ​နေ့တိုင်း မြတ်​နိုးဖွယ်​ရာ တန်းဖို့ ထားဖွယ်​ရာ ပန်းကုံးသဖွယ်​ ပန်​ဆင်​ကြပါ။
အောင်​မြင်​​သော အနာဂတ်​တစ်​ခုဆီသို့ ပြိုင်​တူ တွန်းကြပါစို့။
ကိုယ်​ကအစ ကိုယ့်​နိုင်​ငံအဆုံး ​ပြောင်းလဲနိုင်​ပါ​စေ။အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
image
Crd:facebook
@thithisann

Sort:  

ညီမရေ ညီမရေးထားကြိုက်လို့
ပြိုင်ပွဲအတွက် @ptcmyanmar မှာစာရင်းသွားပေးထားတယ်
အဲဒီ့က comment မှာ ညီမတင်ထားတဲ့ post မှာ upvote သွားပေးပေးနော်
စည်းကမ်းတွေလဲ အဲဒီ့မှာရှိတယ်
ဟိုလေ ပုံတွေကို facebook ကို credit လို့မရေးပဲ google က link ကိုပဲထည့်ပေးစေချင်တယ်
အဲဒါမှ ပိုမှန်တယ်

ဟုတ်​ကဲ့ ​ကျေးဇူးပါရှင်

အားပေးနေရတဲ့ သူက စောင့်နေရပါတယ် အရမ်း
ကောင်းပါတယ် ဗျ

လိုအပ်​ရင်​လည်း ​ထောက်​ပြပါ ရှင့်

ညီမရဲ့ post ကို upvote ပေးပြီး ပါပြီ။ နောက်တစ်ကြီမ်မှာလဲ ပြိုင်ပွဲဝင်ဖို့ မျှော်လင့်ပါတယ်

ကျေးဇူးပါ အကို​ရေ့ ပြိုင်​ဖို့အသင့်​ပါပဲရှင့်

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စာလုံးပေါင်းသတ်ပုံအမှားတွေ ပုံကို credit ပေးတာ နည်းမမှန်တာတွေ တွေ့ပါတ် တစ်ချက်လောက် ဂရုစိုက်စေချင်ပါတယ် ... ပုံကို credit မပေးတတ်ရင် ကျွန်တော်ရေးထားတဲ့ Post တွေကို ဖတ်ကြည့်ပေးပါ ... ရှာရတာ မလွယ်လို့ link လိုချင်ရင် cb မှာ လာတောင်းပါ ... ကျောင်းဆရာမလို့ သိထားတာကြောင့် စာလုံးပေါင်းသတ်ပုံမှားနေတာကို အားမလိုအားမရ ဖြစ်မိပါတယ် ... အပေါ်အကြောင်းကတည်းက စပြီးမှားနေတာပါ ... စတီးမစ်မှာ စာရေးရုံပဲ မရပါဘူး ... သူ့စည်းကမ်းတွေကိုလည်း သိထားရပါမယ် ... ဒါကြောင့် credit ပိုင်းကိုလည်း သတိပေးတာပါ ... တော်ရဲ့သားနဲ့ မဖြစ်သင့်ဘဲ abuser မဖြစ်စေချင်ပါဘူး

ဟုတ်​ ​ကျေးဇူးပါရှင့်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 66304.34
ETH 2983.64
USDT 1.00
SBD 3.68