ကြောင်​ကြာကြာ​ရေမငုံ့ပါဘူး

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီ​နေ့​တော့ pro postတွက်​မတင်​ရ​တော့ ဖိအား​တော့ သိပ်​မရှိဘူး။မဟုတ်​ရင်​ စဉ်းစားပြီး အများကြီး​ရေးဖို့ ကြံစည်​ရအုံးမှာ။ပင်​ပန်းတာ​ပေါ့နည်းနည်း​တော့။အချိန်​သိပ်​မရဘဲ အလုပ်​အားတဲ့ရက်​​တွေဆို ဘယ်​လို အချိန်​​ပေးရမလဲ ထမင်းစားချိန်​​လေး အချိန်​နည်းနည်း​ပေးရမလား၊ ချစ်​သူအတွက်​ ​ပေးထားတဲ့အချိန်​​လေးထဲက ​ပေးရမလား ဆိုပြီး အမျိုးမျိုး စဉ်းစားဖူးကြမှာပါ။ကျွန်​မက​တော့ ​ကျောင်းသူဆို​တော့ အားတဲ့အချိန်​​တော့ရှိပါတယ်​။သူငယ်​ချင်း​တွေသာ အချိန်​မ​ပေးဘူးဆိုရင်​​ပေါ့။
image

ဒီလို ​ပေါ့​ပေါ့ပါးပါး​လေးပဲ ​ရေးရတဲ့​နေ့ဆို ဝန်​မကြီး​ဘူး စိတ်​ထဲမှာ လည်း ​လေးမ​နေဘူး။မဟုတ်​ရင်​ စာ​ရေးရအုံးမှာ ၊ပုံရှာရအုံးမှာ ဆိုပြီး​နောက်​​ကြောင်းမရှင်းဘူး။ဒါ​ပေမယ့်​ စာဖတ်​သူကို ထိ​ရောက်​မယ့်​၊အကျိုးရှိ​စေမယ့်​ message​တော့ ​ပေးသင့်​တာ​ပေါ့။ကိုယ်​​ရေးတဲ့စာ တိုတာ ရှည်​တာ ထက်​ ဘယ်​ရှု​ထောင့်​က​နေ ဘယ်​လို​လေး ​ထောက်​ပြပြီးအကြံပြု​ပြောဆိုမလဲ၊ဘယ်​လို ​ပေါ်လွင်​​အောင်​​ရေးသားရမလဲ​တော့ လိုတာ​ပေါ့။ဒါမှလည်း နှစ်​ဦးနှစ်​ဖက်​ အကျိုးရှိ​စေမှာ​လေ။

အခုဒီစာ​ရေးဖို့ အချိန်​​ပေးစရာမလိုဘူး proမဟုတ်​​တော့​လေ။လူလည်း မပင်​ပန်းဘူး ​ပေါ့​ပေါ့ပါးပါး​လေး​ရေးရတာကို။ဒါ​ပေမယ့်​ proလို voteမရဘူး။commentမများဘူး။စိုက်​ထုတ်​မှုအား မတူရင်​ တန်​ပြန်​သက်​​ရောက်​မှုကွာခြားတယ်​။အရင်းအနှီးနည်းရင်​ အမြတ်​လည်းနည်းမှာအ​သေအချာပါပဲ​။ဘဝမှာလည်း အဲ့လိုပဲ ကိုယ့်​ရဲ့စိုက်​ထုတ်​မှု​ပေါ်မူတည်​ပြီး အမြတ်​အစွန်းဆိုတာ ကွာသွားမယ်​။အောင်​မြင်​မှု​တွေ မတူ​တော့ဘူး။ဒါ​ကြောင့်​ အမြဲတမ်း ကြိုးစားရမယ်​၊အချိန်​​ပေးတာနဲ့တန်​​အောင်​ပြန်​ယူတတ်​ရမယ်​။တချို့ရှိ​သေးတယ်​ စိုက်​ထုတ်​သ​လောက်​ မရဘူးဆိုတာမျိုး​တွေ။အဲ့လိုဆိုရင်​လည်း စိတ်​ဓာတ်​မကျပါနဲ့ ။

image
Image source

အနည်းဆုံး​တော့ ကိုယ်​ကြိုးစားခဲ့တယ်​ စိုက်​ထုတ်​ခဲ့တယ်​။လက်​​တွေ့မှာအကျိုးမထူး​ပေမယ့်​ အနာဂတ်​အတွက်​ parcel ထုတ်​ထားပြီးသားပါ။အ​တွေ့အကြုံ​တွေ၊ခံနိုင်​ရည်​အား​တွေ။အားလုံးဟာ ကိုယ့်​အတွက်​ပဲကျန်​ခဲ့မှာ​ပါ။အမြတ်​သာ မရချင်​​နေမယ်​ အရင်းမရှုံးပါဘူး။တစ်​​နေ​နေ့​တော့ အရင်းပါမက အမြတ်​ပါရလာမယ်​ကျိန်း​သေတယ်​။ဒါ​ကြောင့်​ ကြိုးစားပါ။အရာမထင်​ထင်​ကြိုးစားပါ။အမြတ်​မရ​သေးသ၍ ဆက်​လုပ်​ပါ။ကံကြမ္မာတစ်​​နေ့ ကိုယ့်​ဘက်​လှည့်​လာမှာပါ။ကြောင်​ကြာကြာ​ရေမငုံ့ပါဘူး။waiting...wait.. ..wait...finally , you are success.

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။လိုရာခရီးအ​ရောက်​လှမ်းနိုင်​ပါ​စေ။
@thithisann
Author ThiThiSan
Msc 262

Sort:  

သဘောကျပီ ဟုတ်တယ် coin တေလဲ ဈေးတက်လာမာပါ ကြောင်ကြာကြာ ရေမငုပ်ပါဘူးလေ😂

တစ်​​နေ့​တော့ဖြစ်​လာမှာပါ

ကြိုးစားပါ့မယ်

ကြိုးစားကြိုးစား

ရေထဲ ကြကြာ. ငုပ်မနေနိုင်ပါဘူး.. သေသွားမှာ သူသက်ရှူဖို့ ရေပေါ်. ခနတော့ တက်လာအုးံမှာပါ😃😃😃😃

တက်​လာမှာအ​သေချာပဲ ​စောင့်​​နေ

ကိုယ်စိုက်ပျိုးခဲ့တာကို ကိုယ်တိုင်ပဲရိပ်သိမ်းရမှာပါပဲ :-)

ဟုတ်​တယ်​ ကိုယ်​တိုင်​ပဲရိတ်​သိမ်းရမှာ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

ကျေးဇူးပါ

အား​ပေးတဲ့ အတွက်​ ​ကျေးဇူးပါ

စိတ်ဓါတ်ရဲ့ကြံ့ခိုင်မှုကိုစာထဲမှာတွေ့လိုက်တယ်
အလွန်တော်ပါတယ်သမီး

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64504.36
ETH 3414.70
USDT 1.00
SBD 2.51