Best Friend

in #myanmar6 years ago

အားလုံးပဲမင်္ဂလာပါရှင့်​။ကျန်းမာချမ်းသာကြပါ​စေ။

ဒီ​နေ့​တော့ အ​တွေ့အကြုံ​လေးနဲ့ပတ်​သက်​ပြီးတင်​ပြချင်​ပါတယ်​။ကျွန်​မတို့အားလုံးမှာ ကိုယ်​ဆီအားနည်းချက်​​တွေရှိ​နေကြမှာပါ။ တချို့အားနည်းချက်​​တွေက ဘဝတစ်​ခုလုံးကိုပါထိခိုက်​​စေနိုင်​တယ်​။အဲ့လိုအားနည်းချက်​​တွေ ကို ပြင်​ဖို့ဆိုတာလည်း အ​​တော်​​လေးအချိန်​ယူပြီး ပြင်​မှရပါ့မယ်​။ ဗီဇဆိုတဲ့အရာလည်းကြားဖူးကြမှာပါ။မွေးရာပါဗီဇတစ်​ခုဆိုတာ ​သေဆုံးတဲ့အထိ ​ဖျောက်​လို့မရတဲ့အကျင့်​တစ်​ခုဆိုလည်းမမှားပါဘူး။ တချို့သူ​တွေမှာ အကျင့်​ဆိုး​တွေရှိကြတယ်​။မွေးရာပါ အကျင့်​ဆိုး​တွေ​ပေါ့။အဲ့လိုအကျင့်​ဆိုး​တွေ​ကြောင့်​​ပေါင်းသင်းဆက်​ဆံရာမှာ ပြသာနာတက်​လာဖွယ်​ရှိတယ်​။ဘာလို့ဆို မိမိရဲ့အကျင့်​ဆိုး​တွေကို လက်​ခံ​ပေးနိုင်​တဲ့ သူဆိုတာ မရှိသ​လောက်​ရှားတယ်​​လေ။ကိုယ့်​ရဲ့မိဘ​ဆွေးမျိုး​တွေ​တောင်​ ဒီအကျင့်​ဆိုးကို လက်​ခံ​ပေးနိုင်​တယ်​ဆို​ပေမယ့်​ မကြာမကြာ စကားများရန်​ဖြစ်​တာ​တွေ​တော့ကြုံဖူးကြမှာပါ။

IMG_20180813_131513.JPG
Image source

ကျွန်​မ​ငယ်​ငယ်​ ၈တန်းကတည်းက အ​ဆောင်​​နေဖူးတယ်​။လူ​ပေါင်းစုံ​ပေါင်းဖူးတယ်​။အခု Uniတက်​တယ်​ အ​ဆောင်​မှာပဲ​နေပြီးတက်​ရ​တော့ ပိုပြီး​တောင်​လူစုံ​ပေါင်းဖူးသွားတယ်​။ လူတစ်​​ယောက်​နဲ့တစ်​​ယောက်​ ခင်​မင်​ရင်းနှီးသွားတယ်​ဆိုတာ အချိန်​လိုတယ်​။ပြောချင်​တာက တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​​ကောင်း​ကောင်းသိဖို့လိုတယ်​။အခုမှမြင်​ဖူးတဲ့သူတစ်​​ယောက်​နဲ့ ၁လကြာပြီး​တော့ ခင်​သွားတယ်​။ရင်းနှီးသွားတယ်​။ပြောရရင်​သူငယ်​ချင်း​တွေဖြစ်​သွားတယ်​။အဲ့အချိန်​မှာ​တော့ ကိုယ့်​အ​ပေါ်​ကောင်းတာသူပဲရှိတယ်​။သူကကိုယ့်​အ​ပေါ်ဆိုသည်းခံတယ်​လို့ထင်​​ကောင်းထင်​ကြလိမ့်​မယ်​။နောက်​ ၄၊၅လကြာပြီး​နောက်​ သူလည်းအခြားသူနဲ့ သွားသွားလာလာလုပ်​တယ်​။ကိုယ်​လည်း အခြားသူ​တွေနဲ့​ပေါင်းဖြစ်​သွားတယ်​။

IMG_20180813_131530.JPG
Image source

ကိုယ်​အရင်​ကထင်​ခဲ့တဲ့သူငယ်​ချင်း​ကောင်းဆိုတဲ့သူနဲ့ အခုကျ ​ခေါ်​ခေါ်​ပြော​ပြောနည်းသွားတယ်​။ဒါဘာလို့လဲ??ဘာ​ကြောင့်​လဲ??
ရှင်းပါတယ်​။တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​​ကောင်း​ကောင်းသိသွားလို့ပါပဲ။တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​သိသွားပြီဆိုရင်​ သူ့ရဲ့အားနည်းချက်​​တွေ၊ဗီဇ​တွေလည်း ကိုယ်​သိလာတယ်​။အဲ့မှာ ပြသာနာကစတာပဲ။သူ့ရဲ့ဗီဇနဲ့ကိုယ့်​ရဲ့ဗီဇက လုံးဝမတူ​တော့ဘူးဆိုတာနဲ့ ​ပေါင်းသင်းလို့မဖြစ်​​တော့ဘူး။အမြဲတမ်း ပြသာနာခဏခဏတက်​မယ်​၊စိတ်​ဒုက္ခခဏခဏဖြစ်​မယ်​။အဲ့ဒါအ​သေအချာပဲ။လူတစ်​​ယောက်​ကိုယ့်​အ​ပေါ်တစ်​ကယ်​​ကောင်​တယ်​မ​ကောင်းဘူးဆိုတာ သိနိုင်​ဖို့ အရင်​ဆုံး ကိုယ့်​ဒုက္ခ​ရောက်​ဖူးမှသိနိုင်​တယ်​။ တချို့​တွေက ကိုယ့်​​အ​ပေါ်တကယ်​မ​ကောင်းကြဘူး။အ​ပေါ်ယံပဲ​ကောင်းကြတယ်​။ကိုယ့်​တစ်​ခုခုဒုက္ခ​ရောက်​​နေပြီဆို ​ရှောင်​ထွက်​သွားတယ်​။ဒါကိုယ့်​ပြသာနာကို အတူရင်​မဆိုင်​နိုင်​ဘူး။ကိုယ့်​နဲ့အတူမမျှ​ဝေနိုင်​ဘူး။ကိုယ့်​ဒုက္ခထက်​ သူပါဒုက္ခ​ရောက်​သွားမည်​ကို ပဲ​တွေးပူ​နေတဲ့သူမျိုးး​လေ။

IMG_20180813_131624.JPG
Image source

အဲ့လို​တွေကြုံလာရပြီဆိုရင်​​တော့ ကိုယ့်​အ​ပေါ်တကယ်​ခင်​လားမခင်​လားသိနိုင်​ပါပြီ။နောက်​တစ်​ခု အ​ဆောင်​​နေသူအချင်းချင်း ခင်​မင်​မှုကအ​တော်​​လေး အ​ရေးပါတယ်​။ပြောချင်​တာက အနည်းဆုံး အတူသွားအတူလာ တဲ့သူတစ်​​​ယောက်​​တော့ ရှိချင်​ကြတယ်​။ တစ်​​​ယောက်​တည်းမ​နေနိုင်​ကြတာများတယ်​။ အ​ဖော်​မက်​တယ် ဆိုတဲ့သ​ဘော​ပေါ့။ဒါ​ကြောင့်​ကူညီ​ပေးတယ်​၊သည်းခံ​ပေးတယ်​။ ကိုယ့်​က​ကောင်း​ပေမယ့်​ သူများက မ​ကောင်းတဲ့အခါ စိတ်​​တွေညစ်​ပြီး ငိုကြ၊ရန်​ဖြစ်​ကြနဲ့ ပတ်​လည်​လိုက်​​နေတတ်​တာ အ​ဆောင်​သဘာဝပါ။

IMG_20180813_131456.JPG
Image source

အခုလည်း သူငယ်​ချင်းတစ်​​​ယောက်​အခန်းအ​ဖော်​နဲ့ ​မတည့်​ဘူးဆိုပြီးရင်​ဖွင့်​လာတယ်​။ အကြီးကျယ်​ကြီးမဖြစ်​ကြ​သေး​ပေမယ့်​ တစ်​​ယောက်​နဲ့တစ်​​​ယောက်​က​တော့ အ​ခေါ်အ​ပြောအရမ်းနည်းသွားပြီတဲ့။အရင်​က ဆို ​ပျော်​​ပျော်​ပါးပါး စ ကြ ၊​နောက်​ ကြနဲ့ညီမ​တွေလို ခင်​ကြတယ်​။တစ်​​ယောက်​​ခြေ​ထောက်​ မ​ထောက်​နိုင်​လို့ ​ကျောက်​ပတ်​တီးစည်းပြီး​ကျောင်းတက်​ရတုန်းကဆို ဆိုင်​ကယ်​ နဲ့အကြိုအပို့လုပ်​တာ​တွေ့ရတယ်​။အခုကြ​တော့ အဲ့ကူညီမှု​တွေအ​ရောင်​​ပြောင်းသွားတယ်​။ လိုသုံး ဆိုပြီး ​ခေါင်းစဉ်​နဲ့ အတင်း​တွေ​ပြောလာတာကြားရတယ်​။ဒီ​နေရာမှာ ဘယ်​သူမှားတယ်​မှန်​တယ်​ဆိုတာထက်​ ဗီဇ​ကြောင့်​လိုပဲ သုံးသပ်​မိတယ်​။ကူညီတဲ့သူကလည်း ကူညီတုန်းကအ​ကောင်း ၊အကူညီခံရတဲ့သူကလည်း သူက ​ကောင်းတယ်​ဆိုပြီးထင်​ခဲ့တာပဲ။ တစ်​​ယောက်​ကလည်း သူပုံစံက ခပ်​ဆပ်​ဆပ်​ပုံစံ၊ပစ္စည်းအကိုင်​အတွယ်​သိမ်​​မွေ့ပြီး ဂရုစိုက်​လွန်းတယ်​။အခြားသူ​တွေကို အရမ်းကြီး အ​လေးအနက်​မထားတတ်​ဘူး။ ​နောက်​တစ်​​ယောက်​ကလည်း အ​လေးအနက်​မထားတာကို မကြိုက်​ဘူး။ပစ္စည်းတစ်​ခုဆို ဒီအတိုင်း အတူတူသုံးပြီး သူ့ပစ္စည်း ကိုယ့်​ပစ္စည်း မခွဲခြားချင်​ဘူး။ဒါကသူ့ဗီဇ။

IMG_20180813_131355.JPG
Image source

အဲ့ဒီမှာတင်​ ဗီဇကကွဲ​နေပြီ။အစက​တော့ ဒီအတိုင်း ​ပေါင်းသင်း​နေလာ​ပေမယ့်​ ကြာလာ​တော့ ပြသာနာကတက်​မှန်းမသိတက်​​နေပြီ။ဖွင့်​တာမ​ပြောတာ စိတ်​ထဲမှာ​တော့ ရှိ​နေပြီ​လေ။အဲ့လိုနဲ့တဖြည်းဖြည်းခွာလာပြီး
အရင်​ကကူညီခဲ့တာ​တွေလည်း အ​ရောင်​​ပြောင်းပစ်​လိုက်​တယ်​။သူကြငါကဘယ်​လိုကူညီတာ ငါ့ကြ​တော့ အဲ့လိုဆိုပြီး လိုသလို​တွေးပြီး ဆက်​ဆံ​ရေး​တွေတစ်​ခန်းရပ်​ပစ်​ကြတယ်​။အမှန်​ပင်​ လူနှစ်​​ယောက်​ ​ခင်​မင်​ဖို့ဆိုတာ သူ့အကျင့်​ဆိုးဗီဇကိုလည်း ကိုယ်​ကသိပြီး သည်းခံနိုင်​မှအဆင်​​ပြေတာပါ။အားနည်းချက်​ကိုယ်​ဆီရှိ​နေတာကို နားလည်​ပြီး ခွင့်​လွှတ်​​ပေးနိုင်​မှ ​ရေရှည်​တည်​မြဲတာပါ။ကိုယ့်​ဒုက္ခဆိုတာထက်​ သူ့ကိုပိုပြီး ကူညီတတ်​မှ ဆက်​ဆံ​ရေးခိုင်​မြဲတာပါ။အဲ့လိုလူမျိုး​တွေကိုပဲ မိတ်​​ဆွေ​ကောင်း၊မိတ်​​ဆွေစစ်​၊သူငယ်​ချင်း​ကောင်း ၊သူငယ်​ချင်းစစ်​ ၊Best Friendဆိုပြီး ​ခေါ်ကြတာ​ပေါ့။

IMG_20180813_131547.JPG
Image source

အကျင့်​ဆိုး​တွေကိုလက်​ခံနိုင်​တဲ့ သူငယ်​ချင်းတစ်​​ယောက်​ရထားပြီဆိုရင်​ ဂုဏ်​ယူလိုက်​ပါ။မိမိကလည်း သူ့အ​ပေါ် ညီမအရင်း၊​ဆွေမျိုးအရင်းချာလို့ ပွင့်​လင်းပြီး ခင်​မင်​ဖို့လိုပါတယ်​။အားလုံးပဲ သူငယ်​ချင်း​ကောင်း​တွေ ပိုင်​ဆိုင်​နိုင်​ကြပါ​စေ။

@thithisann
Author Thi Thi San
Msc 262

Sort:  

သူငယ်ချင်းကောင်းတွေ ရှိတယ် သူများအပေါ်ကျ တော်တော်ဆိုးတာ
ကိုယ့်အပေါ်က သိပ်မဆိုးဘူး အဲ့လို နားလည်ရခက်တယ်

ပိုင်​တာ​ပေါ့ အဲ့လိုသူငယ်​ချင်းရထားတာ

သူငယ်ချင်းကောင်းသည်တန်ဖိုးရှိသောအရာဖြစ်ပါသည်

သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ပိုင်​ဆိုင်​ဖို့မလွယ်​ဘူး

မိတ်ဆွေကောင်းဆိုတာ အဖိုးထိုက်တန်တဲ့ ရတနာတစ်မျိုးပါပဲ။

ရတနာတစ်​မျိုးပဲ​နော...

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ပိုက်​ဆံ မရှိတာထက်​ အကျင့်​ဆိုးမရှိဖို့ကအ​ရေကြီး ပါတယ်

ဟုတ်​တယ်​ အကျင့်​ဆိုး​တွေမရှိဖို​အ​ရေးကြီးတယ်

မိတ်‌‌ဆွေ‌ကောင်းရရင်‌ ကံ‌ကောင်းပါတယ်‌ ။မိတ်‌‌ဆွေ‌ကောင်း လိုချင်‌ရင်‌ ကိုယ်‌က မိတ်‌‌ဆွေ‌ကောင်း ဖြစ်‌‌အောင်‌ ဦးစွာကြိုးစားလိုက်‌ပါ။ဒါဆို မိတ်‌‌ဆွေ‌ကောင်း မရှား‌တော့ပါဘူး။‌နောက်‌ပြီး တူရာတူရာ စု တာပါ ။စကားပုံရိုင်းရိုင်းေ ပြာရရင်‌ ချို‌ထောင်‌ရှိရာ ချို‌ကောက်‌မလာဘူးတဲ့။

ဟုတ်​တယ်​ တူရာပဲစုသွားတာပဲ

သူငယ်​ချင်း​ကောင်းတစ်​​ယောက်​​ရသွားရင်​တကယ်​အဖိုးတန်​မှာပါ...မိဘနဲ့​ဝေးပြီးအ​ဆောင်​​နေသူဆိုပိုပြီးတန်​ဖိုးသိရမှာပါ...

အဖိုးမဖြတ်​နိုင်​​အောင်​ကံ​ကောင်းခြင်းလက်​​ဆောင်​ပဲ

မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေဟာ အချင်းချင်းနားလည်မှုရှိပြီး သူ့ဘက်ကိုယ့်ဘက် မျှတစွာ ကူညီဆောင်ရွက်ပေးပြီး ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်းပေါင်းသင်းတတ်ကြပါတယ်။ဖြစ်နိုင်ရင် ကိုယ့်ဘက်က ပိုပြီးအကူအညီပေးတတ်ကြပြီး သူတစ်ပါး၏အားနည်းချက်တွေကိုပါ ဖေးမပေးတတ်ကြတယ်။မိတ်ဆွေကောင်းရပြီဆိုရင်တော့ အဖိုးတန်တဲ့ရတနာတစ်ပါးပဲပေါ့။ကောင်းမွန်သော post လေးပါခင်ဗျာ။

ဟုတ်​ကဲ့ပါအကို့​ကျေးဇူးပါ

စာရေးကောင်းသူတစ်ယောက်ပါ

ကျေးဇူးပါ

Congratulations @thithisann! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66937.04
ETH 3270.78
USDT 1.00
SBD 2.74