ဘဝ FORMULA ထုတ်​ကြပြီးပြီလား??

in #myanmar6 years ago (edited)

image
CRD:FACEBOOK

အားလုံးပဲ မင်္ဂလာပါ ရှင့်
ဒီSteemit မှာ ​လျှောက်​လှမ်း​နေကြတဲ့ ဆရာ​တွေ၊ဆရာမ​တွေ ​ရော အကို​တွေ၊အမ​တွေ​ရော အားလုံး​သော အားလုံး​သော သူများသည်​ ပညာ(အတန်းပ​ညာ)နဲ ရင်းနှီးပြီးသားတွေဆိုတာပြောစရာမလိုလောက်တော့ပါဘူး။အနည်းဆုံး ဘွဲ့ ရမဟုတ်​ခဲ့ရင်​​တောင်​ အထက်​တန်း ​တက်​ဖူးကြတဲ့ သူ​တွေ ဖြစ်​ကြမှာပါ။အဲ့လိုလည်း ယုံကြည်​ပါတယ်​။ဘာလို့လဲ ဆို​တော့ ဒီ steemit က ​တော်​​ရုံလူ မသုံးတတ်​ပါဘူး။ ​​နေ့တိုင်း post​ရေးဖို့ဆိုတာလဲ ​ခေတ်​အမြင်​၊ဗဟုသုတ ၊ အ​တွေ့အကြုံ စတဲ့ အရာ​တွေနဲ့ ရင်းနှီး​နေမှ အဆင်​​ပြေမှာမဟုတ်​လား။

အခု​ပြောချင်​တာက​တော့ ကျမတို့​တွေ maths ​တွေ၊ physics​တွေ ၊ chemistry ​တွေ သင်​ကြားဖူးကြမှာပါ။ အဲ့ဒီ ဘာသာ​တွေမှာဆိုရင်​ formula ဆို​သော ပုံ​သေနည်း​တွေနဲ့ အလုပ်​လုပ်​ကြတယ်​။ သူ့ရဲ့ အမည်​ကကို ပုံ​သေနည်းတဲ့ ပုံ​သေပဲ မ​ပြောင်းလဲဘူး။ အမြဲတမ်းလည်းမှန်​တယ်​။ပြောရရင်​ သူ့ formula အတိုင်း သူ ညွန်​ပြထားတဲ့ အတိုင်း ဘယ်​လိုပဲတွက်​တွက်​၊ဘယ်​အရာပဲ ထည့်​တွက်​တွက်​ formula အတိုင်းမှန်​​နေကြတာပဲဖြစ်​ပါတယ်​။
ပြောရမယ်​ဆိုရင်​ ဘယ်​လိုတွက်​တွက်​ သူ့ruleတိုင်းတွက်​ရင်​ အားလုံးတွက်​ အဘက်​ဘက်​ကမှန်​ကန်​တယ်​ဆိုရင်​ formula ပုံ​သေနည်းလို့ သတ်​မှတ်​နိုင်​တယ်​။ဒီformula ​တွေဆို သိပ္ပံ ပညာရှင်​​တွေ​ရော၊ကမ္ဘာ့ပညာရှင်​​တွေ​ရောက လက်​ခံပြီးသား​တွေပါ။ဒါ​ကြောင့်​လည်း အခုချိန်​ထိ ​သုံး​နေကြတာပဲ​လေ(ကမ္ဘာနဲ့ ချီ ပြီး)။နောင်​တ​ခေတ်​တွက်​ ပညာရှင်​​တွေဖြစ်​လာကြမယ့်​၊ ကြယ်​ပွင့်​​တွေဖြစ်​လာကြမယ့်​ ပညာသင်​​လေး​တွေကို ဤကဲ့သို့ မှန်​ကန်​တဲ့ ၊formula ကျတဲ့ ပုံ​သေနည်း​တွေ ကို နှစ်​​ပေါင်း​ရာချီပြီးသုံး ​နေကြတာ အခုချိန်​ ထိပါပဲ။နောင်​လည်းသုံး​နေကြမှာအ​သေအချာပါပဲ။ဘာလို့ဆို သူတို့က formula ကျတာကိုး။

  ဒီ steemit က မိတ်​​ဆွေတို့​ရော ကိုယ့်​ဘဝတွက်​၊ကိုယ့်​ရဲ့ ​သမိုင်းတွက်​၊ကိုယ့်​ရဲ့ အ​မွေဆက်​ခံမယ့်​ သူ​တွေအတွက်​ သုံးလို့ရမယ့်​၊အမြဲတမ်းမှန်​တဲ့   ဘဝ formula ထုတ်​ပြီးကြပြီလား?? အခုလက်​ရှိအချိန်​ထိ ​ရော ဘယ်​ ဘဝformula နဲ့ ​လျှောက်​လှမ်း​နေကြလဲ?? အခု​ပြော​နေတာက ဘဝ​formula ပါ အထက်​မှာ​ပြောပြခဲ့တာက formula ရဲ့ natureကို ပြန်​လည်​အသက်​သွင်းပြတာပါ။ ကိုယ့်​အသက်​ရှင်​သန်​​နေတုန်းမှာပဲဖြစ်​ဖြစ်​၊ကိုယ်​မရှိ​တော့တဲ့ အချိန်​ပဲဖြစ်​ဖြစ်​ ဘဝformula တခု​တော့ ထုတ်​ထားသင့်​တယ်​လို့ မထင်​မိကြဘူးလား...ဒါဆို ဘယ်​လို formula ထုတ်​ကြမလဲ??

အခုက​နေထုတ်​လိုက်​တဲ့ formulaက ​နောင်​၅နှစ်​တွင်းမှာမှ formula အဖြစ်​သတ်​မှတ်​ကြမှာပါ။ခန့်​မှန်း​ချေပါ(on the margin) အားလုံးကလက်​ခံကြမှာပါ။အားလုံးကလိုက်သုံးကြမှာပါ။မှန်​ကန်​တယ်​ အသုံးတည့်​တယ်​ဆိုရင်​​ပေါ့။
ဘာလို့လဲဆို​တော့ ကိုယ်​ ထုတ်​လိုက်​တဲ့ formula တခုကို အရင်​ဆုံးသုံးကြည့်​ရမှာက ကိုယ်​ကိုယ်​တိုင်​ပင်​မဟုတ်​ဘူးလား....အရင်​ဆုံး ထုတ်​လိုက်​တဲ့ formula မှန်​ကန်​​ကြောင်း​တော့ သက်​​သေပြဖို့​တော့လိုတာ​ပေါ့။သက်​​သေပြနိုင်​မှ ​လူအများက လက်​ခံကြမှာ​လေ။

အခုဆိုရင်​ ​အောင်​မြင်​​နေတဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​ကြီး​တွေ၊CEO​တွေ ရဲ့ ဘဝ formula ထုတ်​ထားပုံ​တွေ၊ဒီ formula ဖြစ်​လာဖို့ ဇွဲ၊လုံ့လ၊ဝီရိယ​တွေကို ပညာနဲ့ ​ပေါင်းပြီး ကြိုးစားခဲ့ပုံ​တွေကို onlineမှာကြည့်​နိုင်​ပါတယ်​။အများကြီးပါ။ သူတို့လို​အောင်​မြင်​တဲ့သူတ​ယောက်​ဖြစ်​ဖို့ လမ်းပြ​နေတဲ့သူ​တွေ၊တိုက်​တွန်းနိုး​ဆော်​​နေကြတဲ့သူ​တွေအများကြီးပါ။ ဒါ​တွေဟာ သူတို့ရဲ့ ဘဝformula​တွေကို ​ပြောပြ​ပေး​နေကြတာပဲဖြစ်​ပါတယ်​။ သူတို့လို ​အောင်​မြင်​တဲ့ စီးပွား​ရေးလုပ်​ငန်းရှင်​ကြီး​တွေ ဖြစ်​ချင်​ကြမှာ လူတိုင်းပါပဲ။မေးစရာ​တောင်​မလို​ပေ။ ဘဝformula တခုဖြစ်​လာဖို့ ကိုယ်​ကိုယ်​တိုင်​က formulaအတိုင်း ကျင့်​ကြံပြီး ​အောင်​မြင်​မှု ပန်းတိုင်​က​နေ အားလုံးကို ငုံ့ကြည့်​နိုင်​မှ ရပါ့မယ့်​။ ​ပြောရရင်​ ​နောင်​တချိ​န်​မှာ သိန်းရာ​ကျော်​တန်​တဲ့ ထိုင်​ခုံ​ပေါ်မှာထိုင်​ပြီး အားလုံးကို ကိုယ့်​​ ဘဝformula အ​ကြောင်း အရာသာရှိရှိ၊ဇိမ်​ကျကျနဲ့ ​ပြောနိုင်​​နေရမယ်(ဥပမာပာ)​​။ ဒါမှလည်း အားလုံးအားကျပြီး ကိုယ့်formula ကိုလက်​ခံပြီးလိုက်​သုံးကြမှာ​လေ။ခဏ​လေးတွက်​မဟုတ်​ပါဘူး ကိုယ်​​သေသွားရင်​​တောင်​ formula ​လေး ကမ္ဘာ ကြီးတွက်​ ကျန်​ပါ​စေ...
ဒါမှ ကိုယ့်​ရဲ့သမိုင်းမှာ ကျန်​​နေခဲ့မယ့်​ ကိုယ့်​ နာမည်​​လေး​ရယ်​၊ကိုယ့်​မျိုးဆက်​​တွေပါ ကိုယ့်​formulaကို ဆက်​သုံးကြပြီး ကိုယ်​လို့​အောင်​မြင်​မှု​တွေ ဆွတ်​ခူးခွင့်​​ပေးနိုင်​မှာ​ပါ။ လူသာ​သေ နာမည်​မ​သေ ဆိုတဲ့ စကားက ဤ​နေရာနဲ့ ကိုက်​ညီဆုံးပါပဲ။ ဘဝ formula ​ကောင်း​တွေထားခဲ့ကြတဲ့ ဘယ်​သူ မဆို ဤစကားနဲ့ထိုက်​တန်​သူ၊ ဤစကားနဲ့ အံ့ဝင်​ခွင်​ကြဖြစ်​တဲ့သူ​တွေပါ။
့်
နိဂုံးချုပ်​ ​ပြောရမယ်​ဆိုရင်​​တော့...ဘဝ formula ​ကောင်းဆိုတာ ​အောင်​မြငှ်ုဆိုတဲ့ပန်းတိုင်​ကို​ရောက်​ဖို့ လမ်းတ​လျှောက်​မှာ ကိုယ်​ အမြဲတမ်းကျင့်​သုံး ခဲ့တဲ့နည်းလမ်း​ကောင်း​လေး​တွေ၊ ကိုယ်​​ဖြေရှင်းခဲ့ ပြသာနာ​တွေနဲ့ပတ်​သက်​ပြီး ကျင့်​သုံး​ဖြေရှင်းခဲ့တဲ့ ၊လိုက်​နာ လုပ်​​ဆောင်​ခဲ့တဲ့ ကိုယ့်​ရဲ့ လုပ်​​ဆောင်​ချက်​​တွေ၊နည်းလမ်း​တွေကို ​အောင်​မြင်​တဲ့ အချိန်​မှာ ကိုယ့်​လိုကြိုးစားကြသူ​တွေကို ပြန်​ပြီး ညွှန်​ပြတဲ့သ​ဘောပါ။နောက်​လူ​တွေတွက်​ ထားခဲ့သင့်​တဲ့ နည်း​လမ်း​တွေပါ..

အားလုံးပဲ​ကျေးဇူးတင်​ပါတယ်​.....ကိုယ့်​ဘဝတွက်​ ကိုယ်​တိုင်​formulaထုတ်​နိုင်​တဲ့ သူ​တွေဖြစ်​ကြပါ​စေ.....​နောင်​တချိန်​ ဒီsteemitက​လူ​တွေရဲ့ ဘဝformulaကောင်း​တွေ ကို​နောင်​တက်​လာကြမယ့်​ ကြယ်​ပွင့်​​တွေအတွက်​ ထားနိုင်​ခဲ့ကြပါ​စေ..တ​ယောက်​နဲ့ တ​ယောက်​ရဲ့ ​အ​တွေး၊အမြင်​​တွေမတူကြဘူး အဲ့ဒီ​တော့ ဘဝformula ​တွေလည်း အများကြီးထွက်လာကြမှာပါ။ဒီလိုဆို၇င်​​တော့ ကျုပ်​တို့ပတ်​ဝန်းကျင်​ကြီး၊ ကျုပ်​တို့အမိ​မြေကြီး၊ကျုပ်​တို့နိုင်​ငံကြီး ​နောင်​တချိန်​ ဒါထက်​ အဆတစ်​ရာ သာတဲ့ အ​ခြေအ​နေမှာ ​ရောက်​​နေမှာ ​တွေးစရာမလို​တော့​ပေ။ ဖွင့်​ဖြိုးဆဲက​နေ ဖွင့်​ဖြိုးပြီး(မိုက်​တယ်​​နော).
တခု​တော့ရှိတာ​ပေါ့ လိုက်​နာကျင့်​ သုံးမှု...
@thithisann
Fb acc:thithisan
Msc ​လျှောက်​ထားဆဲ

Sort:  

ထုတ်​လို့မပြီး​သေးဘူး😁😁

ထုတ်​ထား ဆရာကြီး

ထုတ်ဆဲပါ

ထုတ်​ပြီးလဲ​ပြောအုံး

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58251.65
ETH 2369.70
USDT 1.00
SBD 2.37