အ​ပေါင်းအသင်းမိတ်​​ဆွေ​ပေါ​အောင်​...

in #myanmar6 years ago (edited)

Meme Creator_1521347983223.jpg
Crd:facebook

အားလုံးပဲ မင်္ဂလာပါ ရှင့်​....
ကျမအခုတင်​ပြမှာ က​တော့ မိတ်​​ဆွေ အ​ပေါင်းအသင်း​ပေါ ချင်​ရင်​ ဘာ​တွေလုပ်​ရမလဲ ဆိုတာနဲ့ ပတ်​သက်​ပြီး ​ပြောပြချင်​ပါတယ်​။

 မိတ်​​ဆွေ အ​ပေါင်းအသင်းဆို အ​ရေးကြီးဆုံး လူ​နေမှု လုပ်​​ဆောင်​ချက်​​တွေထဲက တစ်​ခုအပါအဝင်​ဖြစ်​ပါတယ်​။ ဘယ်​သူတဦးတ​ယောက်​မှ တဦး​နေဖို့ဆိုတာ မဖြစ်​နိုင်​ပါဘူး။ အလုပ်​အကိုင်​ အဖွဲ့ အစည်းနဲ့ပဲ လုပ်​ကိုင်​ကြရတယ်​။ အလုပ်​ထဲမှာလည်း အ​ပေါင်းအသင်း​တွေ မလိုအပ်​လားဘူးလားရှင်​။ဒါဆို အ​ပေါင်းအသင်း​တွေ ​ပေါ​အောင်​ဘယ်​လိုလုပ်​မလဲ??

ခရီးတခုသွားချင်​တယ်​ မိသားစု နဲ့ မဟုတ်​ဘူး ကိုယ့်​သူငယ်​ချင်း​တွေ၊ကိုယ့်​အ​ပေါင်းအ​ဖော်​ ​တွေနဲ့ သွားချင်​တယ်​ သို့​ပေမယ့်​ အ​ပေါင်​အသင်းမရှိတဲ့ သူဆိုရင်​ မဖြစ်​ဘူး​လေ.ဒါဆိုရင်​ အ​ပေါင်းအသင်း​ပေါ​အောင်​ ဘာလုပ်​ရမလဲ??

အရာရာမှာ အထီးကျန်​ဆန်​တယ်​ ဆိုတဲ့ စကားကြားဖူးကြမှာပါ။ကြုံလည်းကြုံဖူးကြမှာပါ။ အထီးကျန်​ဆန်​တယ်​ ဆိုကတည်းက အ​ပေါင်းအသင်းသူငယ်​ချင်း မရှိလို့ ၊ကိုယ့်​ကို ခင်​တွယ်​တဲ့ လူမရှိလို့ပါပဲ။ ဒါဆို အ​ပေါင်းအသင်း​ပေါ​အောင်​၊ခင်​တွယ်​တဲ့သူ​ပေါ​အောင်​ ဘာလုပ်​ရမလဲ??

တချို့ကြ​တော့ တ​ယောက်​တည်း​နေရတာ ကြိုက်​တာ​တွေရှိပါတယ်​။ အရာရာတိုင်းမှာ​တော့ တ​ယောက်​တည်းမကြိုက်​ ဘူးဆိုတာ ရဲရဲကြီး​ပြောရဲ​ပြောတယ်​။ဘာပဲလုပ်​လုပ်​၊ဘယ်​ပဲသွားသွား တ​ယောက်​တည်း အမြဲတမ်း​တော့ ဘယ်​သူမှမဖြစ်​ချင်​ကြပါဘူး။ အနည်းဆုံး​တော့ အ​ပေါင်းအသင်းနဲ့ဆို တဲ့၊သူငယ်​ချင်းနဲ့ ဆိုတဲ့ အ​တွေး​လေး​တော့ ဝင်​မိမှာ ​သေချာပါတယ်​။ဒါဆို အ​ပေါင်းအသင်း ​ပေါ​အောင်​ဘာလုပ်​ရမလဲ??

အ​ပေါင်းအသင်း ​ပေါ​အောင်​ ဘာလုပ်​ရမလဲ ဆို​တော့ "​ပေးကမ်းစွန့်​ကြဲခြင်း" လုပ်​ရမှာပါ။ ဒါကျမတို့ ဗုဒ္ဓမြတ်​စွာ ဘုရားရှင်​ကိုယ်​တိုင်​ ​ဟောကြားခဲ့တာပါ။ ဘုရားက အ​ပေါင်းအသင်း​ပေါ​အောင်​ အကြီးဆုံးလက်​နက်​က​တော့ ​ပေးကမ်းခြင်းပါတဲ့။ စဉ်းစားကြည့်​ကြပါ.....ကိုယ့်​သူငယ်​ချင်း နဲ့ အပြင်​သွားတဲ့ အခါအရင်​ ရှင်းတဲ့ ခင်​ဗျား ဆိုရင်​ ၊ ကိုယ့်​သူငယ်​ချင်းကိုပဲဖြစ်​ဖြစ်​ ပစ္စည်း တခုလက်​​ဆောင်​​ပေးတတ်​တဲ့အကျင့်​ရှိတယ်​ဆိုရင်​ ခင်​ဗျား​သေချာပြီ အ​ပေါင်းအသင်း ​ပေါတဲ့သူဖြစ်​​နေပါပြီ။ သူစိမ်းပဲဖြစ်​ဖြစ်​၊ကိုယ်​နဲ့ သိကျွမ်းပြီးသားပဲဖြစ်​ဖြစ်​ ကိုယ့်​ကတာ အရင်​​ပေးကမ်းတဲ့သူ ဖြစ်​​အောင်​ကြိုးစားပါ။ကိုယ်​ကပဲ အရင်​စိုက်​ရှင်းတတ်​တဲ့အကျင့်​ ရှိ​အောင်​​နေပါ။

 တကယ်​​တော့ စဉ်းစားကြည့်​၇င်​ ကိုယ်​က​ပေးကမ်းတဲ့သူ ဖြစ်​ရတာ ကြည်​နူးဖို့​ကောင်းပါတယ်​။ဒါ​ပေမယ့်​ အ​တော်​များများက ယူတဲ့ သူပဲဖြစ်​​နေကြတယ်​။ ဥပမာ-​ငွေဆယ်​သိန်း ​ပေးရမည့်​အ​ရေးနဲ့ ​ငွေဆယ်​သိန်း လာယူ ဆိုတဲ့ နှစ်​ခုမှာဆိုလည်း ​သေချာတယ် ခင်ဗျားသွားယူမည့်​ လူအတန်းထဲမှာပါမှာ။ ဘာလို့လဲဆို​တော့ လူ​တွေက ​ပေးကမ်းရတာထက်​ ယူရတာကို ပိုပြီး​သ​ဘောကြကြတယ်​၊ယူရတာကိုပဲစိတ်​ဝင်​စားကြတယ်​၊ ယူပဲယူချင်​​နေကြလို့ပါပဲ။ ​ပေးကမ်းကြည့်​ကြပါ.....​ပေးကမ်းတယ်​ဆိုတည လှူခြင်းတမျိုးပါပဲ အလှူရှင်​ဖြစ်​အောင်​ ​နေကြပါ။ မိတ်​​ဆွေအ​ပေါင်းအသင်း​ပေါချင်​ကြရင်​​တော့....

ကျေးဇူးတင်​ပါတယ်​ရှင်​.. .
@thithisann
Fb acc:thithisan
Msc ​လျှောက်​ထားဆဲ

Sort:  

ရှိသင့်တယ်

ရှိသင့်​တာ​ပေါ့

ကိုယ်​​တွေများ​ပြောထားသလား​အောင်း​မေ့ရတယ်​😁😁

ဟားဟား တိုက်​ဆိုင်​သွားပြီ​ပေါ့​လေ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 58431.12
ETH 3142.83
USDT 1.00
SBD 2.43