Introducing Language

in #myanmar7 years ago

ယေဘုယျ အားဖြင့် လူတစ်ဦးလျှင် ဘာသာစကား ၅ မျိုးအထိ လေ့လာသင်ယူ မှတ်သားထားနိုင်သည့် မှတ်ဥာဏ်များကို အသီးသီး ပိုင်ဆိုင် ထားကြပါသည်။ သို့သော်လည်း ဘာသာစကား ၅ မျိုးထက်ပိုမို တတ်ကျွမ်းထားသူများလည်း ရှိကောင်းရှိနိုင် ပါသေးသည်။ စင်္ကြာဝဠာကြီးထဲတွင် ရှင်သန် နေထိုင်ကြသော သတ္တဝါ အားလုံးသည် အနည်းဆုံး ဘာသာစကား တစ်ခုကို တတ်ကျွမ်းကြပါသည်။ သည်နေရာတွင် သတ္တဝါ ဟုထည့်သွင်း ရေးသားရခြင်းမှာ ကျွန်တော်တို့ လူသားများသာမက ငှက်ကလေး, ကြက်ကလေး, ဆင်, မြင်း အစရှိသော တိရစ္ဆာန်လေးများသည်လည်း အသီးသီးသော တိရစ္ဆာန် ဘာသာစကားများကို အချင်းချင်း ပြောဆို တတ်ကျွမ်း ထားကြသည် မဟုတ်ပါလား?. ကျွန်တော်တို့ လူသားများသည်လည်း မိမိတို့နေထိုင်ရာပတ်ဝန်းကျင် မိမိတို့ လူမျိုး စသည်တို့အလိုက် အသီးသီးသော ဘာသားစကားများကို တတ်ကျွမ်း ကြပါသည်။

ဘာသာစကား တစ်ခုကို သင်ယူလေ့လာသည့် နေရာတွင် မိမိတတ်ကျွမ်း ထားသော ဘာသာစကား တစ်ခုကို အခြေခံ၍ နောက်ထက်မိမိ လေ့လာသင်ယူလိုသော ဘာသာရပ်တစ်ခုကို ပေါင်းကူးလေ့လာ သင်ယူတတ်မြောက်နိုင်ပါသည်။ ဘာသာစကား တစ်ခုကို သင်ယူမည်ဆိုပါကလည်း အရင်ဦးစွာ မိမိသင်ယူလိုသော ဘာသာစကား၏ Foundation ဖြစ်သော "စာပေ"ကို ပထမဦးစွာ အခြေခံမှစ၍ လေ့လာသင်ယူရပါသည်။ ဆိုလိုချင်တာကတော့ စကားပြောတတ်၍ပြာသော သူ၏ စကားနှင့် စာပေတတ်၍ ပြောသောသူ၏စကားသည် လုံးဝမတူညီနိုင်ပေ။ အဲဒါကြောင့် ဘာသာစကား တစ်ခုကို လေ့လာလိုပါလျင် ၎င်းဘာသာစကား၏ စာပေကို ပထမဦးစွာလေ့ လာသင်ယူကြရပါမည်။ ဒီနေရာ MSC မှ ညီအကို မောင်နှမတွေကို ကျွန်တော် လေ့လာ သင်ယူနေသော ဘာသာစကား တစ်ခုနှင့် မိတ်ဆက်ပေးပါမည်။ ၎င်း ဘာသာစကားကတော့ Korea ဘာသာစကားပင်ဖြစ်ပါသည်။

Korea ဘာသာစကားသည် ကျွန်တော်တို့ မြန်မာလူငယ် အတော်များများ လေ့လာသင်ယူလျက်ရှိသော ဘာသာစကား တစ်ခုဖြစ်ပါသည်။ မြန်မာလူ ငယ်အတော်များများသည် Korea ဘာသာစကားကို လေ့လာသင်ယူပြီး Korea နိုင်ငံတွင်သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ Korea နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင် လိုပါလျင် သိထားရမည့် အချက်များကိုလည်း ဗဟုသုတအဖြစ် ရေးသားပေးပါမည်။ Korea နိုင်တွင် အလုပ် လုပ်ကိုင်လိုပါလျင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၉ ထက်မကျော်လွန်ရပါ။ မြန်မာနိုင်ငံ မှ အမျိုးသား သာလျင်သွားရောက် လုပ်ကိုင်ခွင့်ရှိပါသည်။ အမျိုးသမီး ခွင့်မပြုပါ။ Korea ဘာသာစကား Level 4 skill E.P.S Topik သင်ရိုးစာအုပ်ကို လေ့လာသင်ယူ ပြီး E.P.S Topik စာမေးပွဲ နှင့် Skill test အင်တာဗျူး ဖြေဆိုရပါမည်။ အောင်မြင်မှသာ အလုပ်လျှောက်လွှာ တင်ခွင့်ရမည်ဖြစ်ပါသည်။ အလုပ်လျှောက်လွှာ တင်ပြီးပါက အလုပ်ခေါ်စာကို အနည်းဆုံး ၆လ မှ ၂ နှစ်အထိ စောင့်ရပါမည်။ အလုပ်လျှောက်လွှာ သက်တန်း ၂နှစ်ကျော်ပါက သက်တန်းတိုး လျှောက်လွှာတင်၍ ထပ်မံစောင့်ဆိုင်း ရပါမည်။

Korea ဘာသာစကား သင်တန်းတက်ရောက် လိုပါက သင်တန်းကြေး ၂၅၀၀၀၀ မှ ၃၀၀၀၀၀ အထိရှိပြီး သင်တန်းကာလ အားဖြင့် ၅ လမှ ၈ လထိ , စာမေးပွဲ ကာလ ၂ လမှ ၄ လထိ စုစုပေါင်း တစ်နှစ်ခန့် လေ့လာသင်ယူ ဖြေးကြားရပါမည်။ အချိန်အားဖြင့် တစ်နှစ် ငွေကြေးအားဖြင့် နေစရိတ် အဆောင်ခ ၃၅၀၀၀ မှ အထက် စားစရိတ် ၆၀၀၀၀ နှင့် အထက် တစ်လလျင် အနည်းဆုံး အသုံးစရိတ် ၉၅၀၀၀ x ၁၂ လ = ၁၁၄၀၀၀၀ + သင်တန်းကြေး ၂၅၀၀၀၀ စုစုပေါင်း ၁၃၉၀၀၀၀ ခန့်ကုန်ကျ နိုင်ပါသည်။ သည်နေရာမှာ အကြံပြုချင်တာ ကတော အချိန် ငွေကြေး နစ်နာဆုံးရှုံးမှုများ မရှိရလေအောင် သင်တန်းမတက်မီ မိမိကိုယ်ကို ဆေးစစ်ထားဖို့ သတိပေးခြင်ပါသည်။ စာမေးပွဲတွေ အောင်လို့ အလုပ်လျောက်လွှာတင်မှ ဆေးကမအောင်ခဲ့ပါလျင် မိမိသာလျင် နစ်နာမည်ဖြစ်ပါသည်။

Korea နိုင်ငံကို သွားရောက် အလုပ်လုပ်လို၍ သင်တန်းတက် မည့်သူဖြစ်ဖြစ် Korea ဘာသာစကားကို စိတ်ဝင်စားလို့ ဖြစ်ဖြစ် လေ့လာသင်ယူ လိုပါလျင် ကျွန်တော် နောက်ထပ်ရေးသားမည့် ဆောင်းပါးများကို လေ့လာဖတ်ရှုခြင်းဖြင့် Korea ဘာသာစကား အခြေခံကို သင်ယူနိုင်မှာဖြစ်ပါသည်။ သည်နေရာမှ တစ်ခုဝန်ခံပါရစေ ကျနော်သည် Korea ဘာသာစကား သင်ကြားပေးနေသော သင်တန်းဆရာ တစ်ယောက်မဟုတ်ပါ ။ Korea မှာ အလုပ်လုပ်ကိုင်ခွင့်ရရန် Korea ဘာသာစကား လေ့လာသင်ယူပြီး ၁၂ ကြိမ်မြောက် E.P.S Topik စာမေးပွဲ ဖြေဆိုရန် လေ့လာသင်ယူကြိုးစားနေသော ကျောင်းသားတစ်ဦးသာဖြစ်ပါသည်။ E.P.S Topik သင်ရိုးစာအုပ်ကို အခြေခံ၍ ကျွန်တော့် ကိုယ်ပိုင်မူ ကိုယ်ပိုင် အတွေးအမြင် ကိုယ်ပိုင် အာဘော်တို့ပေါင်းစပ် ရေးသား မျှဝေသင်ကြားပေးမှာ ဖြစ်သည့်အတွက် အမှားတစ်စုံတရာ ရှိခဲ့ပါလျင် ကျွန်တော်၏ အမှားသာ ဖြစ်ပါသည်။ ကျွန်တော် မျှဝေသင်ကြားပေးမည့် Korea ဘာသာစကား အခြေခံအဆင့် ကိုလေ့လာ သင်ယူရန်အတွက် အခကြေးငွေ တစုံတရာ ကုန်ကျရန်မလိုအပ်ပါ။ အမှန်တကယ်လိုအပ်သည်က မရရအောင် လေ့လာသင်ယူမည့်ဆိုတဲ့ မိမိရဲ့ စိတ်ဓာတ်ခွန်အားလေးဘဲ ယူလာခဲ့ပေးပါ။ အခြေခံအတန်းပြီးလျင် ရေးတတ်ဖတ်တတ် နိုင်ရမည်ဟု အာမခံပါသည်။ အခြေခံအဆင့်မှာ ရေးသားနည်း လေ့ကျင့် မှတ်သားခြင်း နှင့် မီးနင်း အချို့ ကျက်မှတ် ရပါမည်။ ကိန်းဂဏန်းများ ကျက်မှတ်သင်ယူရပါမည် ။ လေ့ကျင့်သင်ယူအား ကောင်းသူတစ်ယောက် ဖြစ်ပါက အခြေခံအဆင့် မပြီးခင် အသတ်သံ သင်ခန်းစာ ပြီးဆုံးသည်နှင့် ဝေါဟာရ တို့၏ အသံထွက်ကို ကျွန်တော်ရေးပြစရာ မလိုဘဲ မိမိကိုယ်တိုင် ဖတ်နိုင်ပါမည်။ အခြေခံအဆင့် သင်ခန်းစားပြီးလျင် Level 1 ဆက်ပြီးရေးသားသင်ကြား မျှဝေပေးပါမည်။

ကျေးဇူးတင်ပါသည်။
MSC.034
Author:@thihakoko
14.1.2018

ကျွန်တော်ကိုယ်တိုင် ရေးသားထားကြောင်း အာမခံပါသည်။FB_IMG_1509500772597.jpg

Sort:  

အညာဇီဟို

네, 안 녕 하 십 니 까! 감 사 합 니 다.

Introduce က​နေ စပြီး​လေ့လာ​နေပြီ​ဟေး...ကိုရီးယား စာတတ်​​တော့​မယ်

လေ့လာလိုစိတ် ပြင်းပြမှုကို အသိမှတ်ပြု လေးစားပါတယ်ဗျ ။

ဝိုးးး လေ့လာဘီလေ စာတော့ပြန်မမေးနဲ့နော် ဟီးးး

မေးမှတော့ ဖြစ်မယ်ဗျ စာမျရင်တော့ ထိုင်ထ Do ရမေ ။

လစာ၁၄သိန်းလောက်ထိရတယ်ပြောတယ်ဗျ
မိုက်တယ်

အခြေခံလစာကတော့ ၁၃၅၀၀၀၀ ပါခင်ဗျ ။ OTရှိတဲ့သူတွေ ဆို ၁၅ ကျော်ပါတယ်ဗျ ။ ကျနော်ညီလေးကတော့ ဆောက်လုပ်ရေးလုပ်ငန်း နဲ့သွားတာ တချို့လတွေ ၂၀ ကျော်ရပါတယ်ဗျ ။

စောင့်နေပါ့မယ်

ဟုတ်ကဲ့ ကျွန်တော် ကြိုးစားပြီး ရေးသားတင်ပြပေးပါမယ်ဗျ

နာ့တို့လည်း သင်ထားမှာဖြစ်မယ်@thiha

လေ့လာသင်ယူရတာ တကယ်စိတ်ဝင်စားဖို့ ကောင်းပါတယ် Ko Naing ရေ .

Good Article

Thanks You .

thanks

Good article

ကျေးကျေး ပါဗျ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.031
BTC 59148.41
ETH 2526.30
USDT 1.00
SBD 2.48