The Choice Man (၆)

in myanmar •  2 months ago 

choice.jpg

လီယိုနာ့ဒ်က ကြည်လင် နူးညံ့တဲ့ လေသံနဲ့ 
စကားစပြောပါတယ် . . .
“ကျနော်က ရွေးချယ်မှုတွေနဲ့  အလုပ်လုပ်တဲ့
လူတစ်ယောက်ပါ . . . တကယ်တမ်းကျတော့
ကျနော်တို့ အားလုံး ရွေးချယ်နေကြတာပါပဲ . . . မနက်
အိပ်ယာကထမယ်ဆိုရင် အခုပဲ ထမလား
ဒါမှမဟုတ် နောက် ၁၀ မိနစ်နေမှ ထမလား . . .
နောက်ထပ်ပေါ့လေ . . နေမကောင်းဘူးဆိုပြီး
အလုပ်ကနေ ခွင့်ယူမလား ဒါမှမဟုတ်
အက်စ်ပရင်လေးသောက်ပြီး အဖျားပျောက်သွား
နိုင်ကောင်းရဲ့ ဆိုပြီး အလုပ်သွားမလား . . .
ပြီးတော့ . . အရက်တွေ အများကြီးသောက်ပြီး
ချိန်မှာ ကားမောင်းမလား”

နောက်ဆုံးမေးခွန်း အရောက်မှာ ဒေးဗစ်
တွန့်ခနဲ ဖြစ်သွားပြီး သူ့ ဘဝကြီးဟာ
ဘာကြောင့်ဒီလိုဖြစ်ပြီး ဒီနေရာကို ရောက်နေတယ်
ဆိုတာ သံသယကင်းကင်းနဲ့  သိမြင်ဖို့ 
ခံစားချက်တွေ ဟာလာဟင်းလင်း ဖြစ်ကုန်
ပါတော့တယ်။ လီယိုနာ့ဒ် ဆက်ပြောပါတယ်
“အများအားဖြင့် ကျနော်တို့ ဟာ ဘာဖြစ်နေတယ်
ဆိုတဲ့ ကိစ္စတွေနဲ့  ရင်ဆိုင်ဖြေရှင်းကြရတယ် . . .
ဒေးဗစ်ရေ . . ဒီနေ့ မှာတော့ လူအများစု
မရဖူးကြသေးတဲ့ အခွင့်အရေး တစ်ခုကို
ခင်ဗျားရတော့မယ်။ ဒီနေ့ မှာ ခင်ဗျား ဘာလုပ်ရင်
ဘာဖြစ်မလဲဆိုတာကို ရွေးချယ်ရလိမ့်မယ်”
“ဘာကိုဆိုလိုချင်တာလဲဗျ . . ဘာကိစ္စလဲဗျာ”
“ခင်ဗျား အနေနဲ့  အချိန်တွေကို နောက်ပြန်သွားပြီး
ခင်ဗျား လုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲ
ခွင့် ရမယ်ဆိုရင် ခင်ဗျားရဲ့ ပကတိ လက်ရှိ
အခြေအနေတွေဟာ ပြောင်းလဲ သွားနိုင်တယ်မလား”

အချုပ်ခန်း ဧရိယာကို ကိုယ်ဟန်လက်ဟန်နဲ့ 
ပြရင်း လီယိုနာ့ဒ်က ပြောပြပါတယ်။
ဒေးဗစ် တွေဝေမိန်းမောသွားပါတယ် . . .
သူ့ ကို ပြောပြလာတဲ့ အကြောင်းအရာတွေဟာ
လက်တွေ့ အားဖြင့် မရေရာ မသေချာလှတဲ့
အရာတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရေနစ်နေတဲ့
လူတစ်ယောက်အဖို့ ကောက်ရိုးတစ်မျှင်အဖြစ်
အဆိုပါ ကိစ္စကို ဖက်တွယ်ထားချင်မိတယ်။
ဒီတစ်ခုသည်သာလျှင် သူ့ အတွက် ရှင်သန်နိုင်ဖွယ်
မဟုတ်ပါလား . . .။
“ဘယ်လိုလုပ်ရမှာလဲ” ဒေးဗစ် မရဲတစ်ရဲနဲ့ 
မေးလိုက်သည်။
လီယိုနာ့ဒ် လက်ဆွဲသေတ္တာလေးရဲ့
သော့ဂဏာန်းတွဲတွေ ဖွင့်ဖို့  သေတ္တာလေးကို
သူ့ ဘက်အနည်းငယ် ဆွဲလှည့်လိုက်သည်။
ထို့ နောက် သော့တွဲတွေလှည့်ကာ
ခလုတ်နှိပ်ဖွင့်လိုက်ပြီး အဖုံးကို ဟတယ်ဆိုရုံလေးဟ
ကာ အထဲက မနီလာဖိုင်တွဲတစ်ခုကိုထုတ်လိုက်ပါတယ်။
စကားတစ်ခွန်းမှ မဆိုပဲ . . .သေတ္တာကို ပြန်ပိတ်ပြီး
သော့ဂဏာန်းတွဲတွေကို ပြန်ပြောင်းနေပါတယ်။
“ဒေးဗစ် ဗီလာနူးဗား” နူးညံ့သလောက်
အေးစက်လွန်းတဲ့ လေသံနဲ့ သူစကား
စပြောလိုက်ပါတယ် . . . “ဒီနေ့  ခင်ဗျားကို
ရွေးချယ်စရာတစ်ခုပေးမယ် . . . ဒီလို ရွေးချယ်
မှုမျိုး ခင်ဗျား နောက်တစ်ခါ ရစရာအကြောင်းမရှိ
ဘူး”
ဖိုင်တွဲကို စားပွဲပေါ်တင်လိုက်ပြီး ဒေးဗစ်ဘက်
ကို တွန်းပို့ လိုက်သည်။ “ အထဲမှာ စာရွက်သုံးရွက်
ရှိတယ် . . . တစ်ရွက်ကတော့ ဘာမှရေးမထားဘူး
. . . အဲဒါကိုရွေးရင်တော့ ဘာမှလုပ်စရာမလိုဘူး
ဒီကနေ ထထွက်သွားပြီး လက်ရှိအတိုင်း ပြန်နေရုံပဲ
. . . တစ်ခြားစာရွက် နှစ်ခုမှာတော့ ခင်ဗျား ဘဝကို
အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို
ပြုလုပ်ခဲတဲ့ နေ့ ရက် ၊ အချိန်နဲ့  အဖြစ်အပျက်တွေကို
ဖော်ပြထားတယ်။ တကယ်လို့ ရွေးချယ်တော့မယ်ဆိုရင်
ဘယ်အကြောင်းအရာ တစ်ခုကို ခင်ဗျား ပြောင်းလဲပစ်
ချင်လဲ ဆိုတာ ကျနော့်ကို ပြောပြရုံပဲ”

ဒေးဗစ် မဝံ့မရဲ နဲ့ ဖိုင်တွဲကို ကိုင်လိုက်ပါတယ် . . .
ကိုင်ပြီး မဖွင့်သေးပဲ ဒေးဗစ်ကို မော့ကြည့်လိုက်ပြီး
“ခင်ဗျား တကယ်ပြောနေတာလား”
“ကျနော့်ရဲ့ အတိတ်ကို တကယ်ပဲ ပြောင်းလဲ
နိုင်မယ်ပေါ့”
လို့ မေးလိုက်ပါတယ်။
လီယိုနာ့ဒ် ဘာမှပြန်မဖြေပဲ သူ့ ကိုပဲ
မျက်တောက်မခတ်စတမ်း စိုက်ကြည့်နေပါတယ်။
ဒေးဗစ် ဖိုင်တွဲကို ငုံ့ ကြည့်လိုက်ပြီး ဖွင့်မယ်
လုပ်ချိန်မှာ သူ့ လက်တွေ တုန်ယင်နေတာကို
တွေ့ လိုက်ရပါတယ်။ ဒေးဗစ်ဖိုင်တွဲကို ဖွင့်ဖို့ 
ကြိုးစားလိုက်တာ အပေါ်အောက် ဖိုင်တွဲတစ်ခုလုံး
တွန့် ခေါက်သွားပါတော့တယ်။
“ဆောရီးပါဗျာ” တုန်ယင်နေတဲ့ အသံနဲ့ 
သူတောင်းပန်လိုက်ပါတယ်။
လီယိုနာ့ဒ်ကတော့ တုန့် ပြန်ခြင်း မရှိပါဘူး။
တွန့် ခေါက်နေတဲ့ ဖိုင်တွဲကို ပြန်ဖြန့် လိုက်ပြီး
စာရွက်သုံးရွက်ကို ဖြန့် ခင်းလိုက်ပါတယ်။
ဘယ်စာရွက်ကို ယူရမလဲဆိုတာ သူ့ ကိုယ်သူ
ယုံကြည်မှုရှိမနေပါဘူး။ ပထမဆုံး သူကိုင်မိတဲ့
တစ်ရွက်က ဗလာပါတဲ့ စာရွက်ဖြစ်ပါတယ်။
အဲဒါကိုတော့ သူနဲနဲလေးမှ အလေးမထားပဲ
ထားလိုက်ပါတယ်။အလယ်က စာရွက်ကတော့
ဒေးဗစ်ကို သွက်သွက်ခါအောင် ဖြစ်သွားစေပါ
တယ်။စာရွက်ထဲက အကြောင်းအရာကတော့
သူကားတိုက်မှု ဖြစ်တဲ့ညက အကြောင်းအရင်း
တွေဖြစ်ပါတယ်။ ကားအက်ဆီးဒင့် မဖြစ်ခင်
၁၀ မိနစ်လောက် လိုသေးတဲ့အချိန်မှာ
အရက်ဘားက လူက သူ့ ကို နောက်ထပ် ထပ်ယူ
အုံးမလားလို့ မေးတဲ့ အခိုက်အတန့် ပဲ ဖြစ်ပါတယ်။
ညာဘက်က နောက်ဆုံးစာရွက်ကတော့ သူ့ ကို
အချိန်ကာလ အတော်ကြာ စိတ်ရှုပ်စေခဲ့တဲ့
အကြောင်းအရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်ခန့် က
သူ အလုပ်ထဲမှာရှိစဉ် ဖုန်းမြည်လာပါတယ်။သူ့ ရဲ့
ညီဆီက ပိုက်ဆံချေးတဲ့ အကြောင်းပြောတဲ့ဖုန်းပါ။
ချေးတဲ့ပမာဏကလည်း ဒေါ်လာ ရာဂဏာန်း
အနည်းငယ်လောက်ပဲရှိပါတယ် . . . သူလည်း
တတ်နိုင်တဲ့ ပမာဏပါပဲ။ ဒါပေမဲ့ သူနဲ့  သူ့ညီတော်
မောင်တို့ ဟာ နှစ်ပေါင်းများစွာတိုင် အဆက်အဆံ
မရှိခဲ့ကြပါဘူး။သူလည်းအဲဒီကိစ္စနဲ့ပတ်သက်လို့ 
ဘာမှတုံ့ ပြန်ခြင်းမရှိပဲ ထားလိုက်ပါတယ်။အဲဒီကတည်းက
သူ့ ညီဆီက ဘာသတင်းမှမကြားရတော့ပါဘူး။

ဒေးဗစ် မော့မကြည့်ပဲ မေးလိုက်ပါတယ်
“ ခင်ဗျား ဒီကိစ္စတွေအားလုံး ဘယ်လိုလို့ 
သိနေရတာလဲ”

လီယိုနာ့ဒ်အေးတိအေးစက်ပြန်ဖြေလိုက်ပါတယ်
“ဒါတွေက ခင်ဗျား ကိစ္စမဟုတ်ပါဘူး”
ဒေးဗစ် မော့ကြည့်လိုက်ပါတယ် . . ထိုလူ
သူ့ ကိုစိုက်ကြည့်မနေဖို့ တော့ ဆန္ဒရှိနေခဲ့ပါတယ်။
သူ့ ကို ပေးတဲ့ ရွေးချယ်မှုတွေကလည်း
သူ စိတ်တိုင်းအကျဆုံးမဟုတ်ပေမယ့်
အဲဒါတွေကို ယုံကြည်စေမယ့် အကြောင်း
အရင်းတစ်ခုခုကတော့ ထိုလူ့ ဆီမှာရှိနေပါတယ်။
သူလည်း ဘာမှမတတ်နိုင်တော့ပါဘူး
ဒါပေမယ့် ရှေ့မှာရှိနေတဲ့ စာရွက်တွေကို
သူပြန်ကြည့်လိုက်တယ်။
“ခင်ဗျား အလိုမရှိတဲ့ စာရွက် ၂ ရွက်ကို
ယူပြီး ဖိုင်ထဲ ပြန်ထည့်ပေးပါ”

လီယိုနာ့ဒ် က ဖော်ရွေတဲ့လေသံနဲ့
ပြောလိုက်ပါတယ်။
ဒေးဗစ် နောက်တစ်ကြိမ်မော့ကြည့်ပြီး
ပြောလိုက်ပါတယ် . . .
“ပြီးတော့ရော . . . .
ဘာဆက်ဖြစ်မှာလဲ”
“ခင်ဗျားဘဝ ပြောင်းလဲသွားမှာပေါ့
ဒါမှမဟုတ် ဒီအတိုင်းပဲ ဆက်ရှိနေမှာပေါ့
. . . ဒီစာရွက်ဗလာဟာလည်း ရွေးချယ်မှု
တစ်ခုပဲလေ”

ဒေးဗစ် စာရွက်တွေကို ကြည့်နေမိတယ် . . .
ပြီးတော့ စာရွက်ဗလာကို ကိုင်ပြီး ဖိုင်ထဲ
ပြန်ထည့်ထားလိုက်တယ် . . . နောက်ထပ်
စက္ကန့် အတန်ကြာ သူ တွေဝေနေတယ် . .
ပြီးတော့ အလယ်က စာရွက်ကိုလည်း ကောက်ယူပြီး
ဖိုင်တွဲထဲ ပြန်ထည့်ထားလိုက်တယ်။
“ဒီတစ်ခုဗျာ . . .ဒါကို ကျနော်ရွေးလိုက်မယ်”
သူ့ ညီတော်မောင် ဖုန်းခေါ်တဲ့ အကြောင်းအရာစာရွက်
ကို ညွှန်ပြရင်း ပြောလိုက်တယ်။ လီယိုနာ့ဒ်
ခေါင်းတစ်ဆတ်ဆတ် ငြိမ့်နေတယ် . . .
ဒေးဗစ်က ဘာတွေများ ဆက်ဖြစ်မှာလဲဆိုပြီး
မေးမလို့ လုပ်နေတုန်း ဧည့်တွေ့ ခန်းကနေ
သူကိုယ်တိုင်ပျောက်ကွယ်သွားပါတော့တယ်။
လီယိုနာ့ဒ်လည်း ဖိုင်တွဲကို ကောက်ယူလိုက်ပြီး
မတ်တပ်ရပ်လိုက်ပါတယ်။ ဧည့်တွေ့ ခန်းရဲ့
ဆလိုက်တံခါးက ပွင့်သွားပြီး အစောင့်ရဲ အစား
မာကီရှာက ရပ်နေပါတယ်။
“ရှင် ဘာတွေလုပ်နေတယ်ဆိုတာ ကျမသိနေတယ်”
ဒေါသထွက်နေတဲ့ လေယူလေသိမ်းနဲ့ သူမပြောလိုက်တယ်
“လီယိုနာ့ဒ် ၊ ဒါကျမတို့ ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး”
“ကျနော် ဘာလုပ်နေတယ်ဆိုတာ ခင်ဗျားမသိပါဘူး”

သူပုံမှန်အတိုင်း ပြန်ဖြေလိုက်တယ်။
“ကျမသိနေတယ်ဆိုတာ သေချာပါတယ်”
“ခင်ဗျား သိနေတယ်ဆိုရင် . . . အခုကိစ္စမှာ
ဘာအမှားအယွင်းများ မြင်မိလို့ လဲ”
“အမှား အမှန်ဆိုတာ လူတစ်ယောက်ရဲ့
ခံယူချက်ပေါ်မူတည်ပါတယ်”
“ဒါဆို ကျနော့်ကို ဘာဖြစ်လို့  ဆန့် ကျင်ဘက်
လုပ်နေတာလဲ”
“ရှင့်ကို သတိပေးလိုက်မယ် . . .
လီယိုနာ့ဒ် . . . ကျမတို့ ရဲ့ ဝတ္တရားတွေကို
သွေဖယ်ခြင်းဟာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်
ဘူးနော်”

လီယိုနာ့ဒ် သူမကို ပမာမခန့် ပုံစံနဲ့ ကြည့်လိုက်ပါတယ်
သူမကလည်း လက်တွေပိုက်ထားပြီး ပြန်ကြည့်နေ
ပါတယ် . . . . ။ ဖိနပ်ချွတ်ထားရင်တောင်
သူ့ ထက် တစ်လက်မလောက် ပိုအရပ်ရှည်တဲ့
သူမဟာ နှစ်လက်မ ဒေါက်ဖိနပ်စီးထားပြီး
ခွေကျနေတဲ့ ဆံပင်အကောက်တွေကြောင့်
ထင်တာထက် ပိုပြီး အရပ်ရှည်တဲ့ပုံ ပေါက်နေပါတယ်။
သူမရဲ့ နွေးထွေးလေ့ရှိတဲ့
အညိုရောင်တောက်နေတဲ့ မျက်လုံးတွေဟာ
ဒီတစ်ခါမှာတော့ မီးခတ်ကျောက်ကဲ့သို့ 
မာကျောလျက်ရှိပါတယ် . . .။လီယိုနာ့ဒ်လည်း
သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း . .
တောင်းပန်လုနီးပါး နူးညံ့စွာ ပြောလိုက်တယ်
“ကျနော့်ကို ယုံပါ မာကီရှာ . . . ကျနော့်ကို
ယုံစမ်းပါ”

ဤတွင် ဒေးဗစ်ရဲ့ ရွေးချယ်မှု ပြီးသွားပါပြီ ။
နောက်အပိုင်းများကို ဆက်လက်ရေးသားပါအုံးမည် . . .
ဆက်ရန် . . . . .

Translated From “THE CHOICE MAN” by O.H.Reads

@thettinaung
MSC - 105

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!