The Choice Man (၁)
လီဆာရဲ့ ရွေးချယ်မှု . . . . .
သူ . . . သာမန်သက်လတ်ပိုင်းအရွယ်
လူတစ်ယောက် . . . . ။ နက်ပြာရောင်
ဘောင်းဘီ ၊ အပြာနုရောင်ရှပ် အင်္ကျီနဲ့ 
အနက်ရောင် သားရေပျော့ဖိနပ်ကို
ဝတ်ဆင်ထားပြီး . . . မြို့ ထဲမှာ သူလို
ကိုယ်လို အလုပ်သွားအလုပ်ပြန် တွေထဲက
လူတစ်ယောက်လည်း ဖြစ်နိင်ပါတယ်။
သူ့ လက်ထဲမှာ အနက်ရောင် လက်ဆွဲအိတ်
တစ်လုံးနဲ့ ဆိုတော့ စပိုင်ရုပ်ရှင် ကားတွေထဲကလို
ခပ်ဆင်ဆင်တူနေပါတယ်။လက်ဆွဲအိတ်
အနက်ရောင်က အရောင်ဖျော့နေပေမယ့်
အိတ်ရဲ့ ငွေရောင် သော့ဂဏာန်းတွဲကတော့
တစ်ချက်တစ်ချက် နေရောင်နဲ့ ထိလိုက်တိုင်း
လက်ခနဲ ဖြစ်သွားပါတယ်။ သူ့ ပုံစံက လည်စည်း
သာ ဝတ်ဆင်ထားမယ်ဆိုရင် ရှေ့ နေတစ်ယောက်
ဖြစ်မယ်လို့ ထင်မိကောင်းထင်မိမှာပါ။လမ်းဘေး
တစ်လျှောက်ဦးတည်ရာမဲ့ လျှောက်သွားနေရင်း
မျက်လုံးအစုံက ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့
လူတွေ ကားတွေ အဆောက်အဦးတွေ
က အခုလေးတင်မှ ပေါ်လာသလိုလို . . . အခုလေးတင်
တစ်ခဏချင်း ပျောက်ကွယ်သွားတော့မလိုလို
လိုက်ကြည့်နေပါတယ်။
လမ်းလျှောက်လာရင်း ဘရော့ဒ်ဝေးဘက်ကို
ဦးတည်လိုက်ပြီးမှ ဘယ်ဘက်ချိုးကာ
မြို့ လယ်ကောင်ဘက် ဆက်လျှောက်
နေခဲ့ပါတယ်။ရည်ရွယ်ရာမဲ့ လျှောက်သွားနေရာ
က အခုတော့ သူ့ ရဲ့လမ်းလျှောက်ပုံဟာ
လူတွေရဲ့ ကံကြမ္မာကို နေ့စဉ်လိုလို
တစ်ထိုင်တည်း ဆုံးဖြတ်ပေးနေတဲ့
တရားရုံးတော်တွေဖက်ကို ရည်ရွယ်ချက်တစ်ခု
နဲ့ သွားနေတဲ့ ပုံမျိုးဖြစ်လာပါတယ်။
တရားရုံးအပြင်ဘက်က သန့်ပြန့်နေတဲ့
အဖြူရောင် လှေကားထစ်တွေဆီ
အရောက်မှာတော့ သူရပ်တန့်လိုက်ပါတယ်။
လှေကားခြေရင်းမှာတော့ မျဉ်းတစ်ကြောင်း
ဆွဲထားပြီး အဲဒီနောက်မှာတော့ လူတွေဟာ
အထဲဝင်ဖို့ အရေး လုံခြုံရေးစစ်ဆေးခံဖို့ 
စောင့်နေကြပါတယ်။သူကတော့ လုံခြုံရေး
မျဉ်းရဲ့ ဘေးနားလေးကပ်ပြီး ရပ်နေခဲ့ပါတယ်။
လှေကားထစ်အစွန်းဘက်တွေမှာ
၃ ပေလောက်အမြင့် မာဘယ်ကျောက်သား
ပန်းအလှပင်စိုက်တဲ့ နေရာဟာ အပေါ်ဘက်
လျှောက်လမ်းနဲ့ တစ်ပြေးညီ ဖြစ်လို့နေပါတယ်။
လက်ဆွဲအိတ်ကို ချလိုက်ပြီး ကျောက်သားနံရံ
ကိုမှီကာ ထိုင်ချလိုက်ပါတယ်။ ပြီးတော့တန်းစီနေတဲ့
လူတွေကြားထဲ ဝေ့ဝိုက်ကြည့်ရင်း တစ်ခုခုကို
ရှာဖွေနေတဲ့ ပုံစံမျိုးပါပဲ။ ဝတ်ပုံစားပုံအရ ရှေ့နေမှန်း
သိသာနေတဲ့ လူတစ်ချို့ ကတော့ ဒေါ်လာ ရာကျော်တန်
ရှပ် အင်္ကျီ၊ လယ်သာ လက်ဆွဲအိတ်၊ ကုတ်အင်္ကျီတွေ၊
စကပ်တွေ ဝတ်ဆင်ထားကြပြီး သူတို့ ရဲ့ စမတ်ဖုန်းတွေ
မှာ အာရုံရောက်နေကြပါတယ်။ကျန်တဲ့ လူတွေကတော့
ဒီအတိုင်း တရားခွင်မှာ လာနားထောင်ကြတဲ့လူတွေ၊
သတင်းထောက်တွေနဲ့ တရားစီရင်ရေးက
ဂျူရီအဖွဲ့ ဝင်လူကြီးတွေ ဖြစ်ပါတယ်။
သိပ်မကြာခင်မှာပဲ တံခါးအဝက လုံခြုံရေး
တစ်ယောက်က သူ့ ကိုသတိပြုမိသွားပါတယ်။
ခါးမှာချိတ်ထားတဲ့ သေနတ်ပေါ်လက်တင်ပြီး
သူ့ ဆီလျှောက်လာကာ
“ ဒီနားမှာ ဝေ့လည်ကြောင်ပတ် လာလုပ်မနေနဲ့  ကိုယ့်လူ”
ဆိုပြီး အာဏာသံပါပါ ခပ်ပြတ်ပြတ်ပြောလိုက်ပါတယ်။
အစောင့်ရဲ့ ပုံစံက အလုံးအထည် အရရော
အရပ်အမောင်းအရပါ ထွားကျိုင်းတဲ့ ထဲမှာပါပါတယ်။
အစောင့်ကို သူတစ်ချက် မော့ကြည့်လိုက်ပါတယ် . . .
သူ့ ရဲ့ အရောင်တောက်မတတ် မျက်လုံးပြာတွေနဲ့ 
ကြည့်ရင်း “ တစ်ယောက်ယောက်ကို လာစောင့်နေတာ
ပါ” ပြေရာပြောကြောင်း ခပ်ကျယ်ကျယ်လေး ပြော
လိုက်ပါတယ် ။
အစောင့်က ထပ်မေးပြန်တယ် . .
“ဘယ်သူ့ ကိုလဲ”
“တကယ်တော့ . . . လူနှစ်ယောက်ပါ . . .
တစ်ယောက်ကတော့ ရှေ့ နေပဲ ၊ နောက်တစ်ယောက်က
တော့ မပြောတတ်ဘူး” လို့  သူ ချိုချိုသာသာ
ပြန်ဖြေပါတယ် ။
လုံခြုံရေးကတော့ မျက်နှာတင်းတင်းနဲ့ 
“ ID ပြပါ” . . . . .
သူ့ ရဲ့မျက်လုံးပြာတွေဟာ မနက်ခင်း
နေရောင်အောက်မှာ ကြောက်စရာ
ကောင်းလောက်အောင် အရောင် လက်သွား
ပေမယ့် မျက်နှာကတော့ တစ်ချက်လေးတောင်
မပျက်သွားပါဘူး။ ပိုမိုနူးညံ့တဲ့ လေသံနဲ့ 
“ခင်ဗျား တွေးကြည့်ဖူးလား . . . ကျနော်တို့ ရဲ့
ဘဝတွေဟာ ဆုံးဖြတ်ချက်သေးသေးလေး
တစ်ခုကြောင့် ဘယ်လောက်ထိ ပြောင်းလဲ
သွားတတ်တယ်ဆိုတာ” . . . . .
ဆက်ရန် . . . .
Translated From “THE CHOICE MAN” by O.H.Reads
@thettinaung
MSC-105
ပျိုးချက်လေးက. ညှို့ချက်ပြင်းပ
ဆိုးချက်က ဆံပင်တွေကျွတ်မတတ်ပါပဲ Bro😁
Posted using Partiko Android
ကောင်းပါတယ်
ဟုတ်ကဲ့ ကျနော်လည်း ဆက်ရေးပါ့မယ်ခင်ဗျ
Posted using Partiko Android
ဘာသာပြန် ဇာတ်လမ်းလေး ဖတ်လို့ကောင်းပါတယ်။
Posted using Partiko Android
ဖတ်ပေးလို့ကျေးဇူးပါဗျ
Posted using Partiko Android