Success in Life

in #myanmar7 years ago

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
မိတ်ဆွေများခင်ဗျား . . . . . .

ကျနော်တို့ လူသားတိုင်းလိုလိုဟာ
အောင်မြင်မှုကို လိုချင်တပ်မက်ကြပါတယ်။
ဆာလောင်မွတ်သိပ်ကြပါတယ်။
ဘဝရဲ့အရွယ် အပိုင်းအခြားအလိုက်
အောင်မြင်မှုအမျိုးမျိုးကို ရယူပိုင်ဆိုင်
ချင်ကြပါလိမ့်မယ်။ ပညာရေးရာကိစ္စမှာပဲ
ဖြစ်ဖြစ် - လူမှုရေးရာမှာပဲ ဖြစ်ဖြစ် -
အလုပ်အကိုင် စီးပွားရေးရာမှာပဲ ဖြစ်ဖြစ်
မိမိစိတ်ရဲ့ ဆန္ဒအတိုင်း ဖြစ်ထွန်းချင်ကြ
ပါတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အဆိုပါ
ဆန္ဒတွေ လိုဘတွေရဲ့ ဦးဆောင်မှုနောက်
လိုက်ပါရှင်သန်ရင်း ရုန်းကန်လှုပ်ရှားကြရ
ပါတယ်။ ချမ်းသာသည် ဖြစ်စေ
ဆင်းရဲသည်ဖြစ်စေ ဘဝဆိုတဲ့ အရာကို
ပိုင်ဆိုင်ထားသရွေ့တော့ အဆုံးမသတ်တဲ့
လိုအင်တွေကို ဖြည့်ဆည်းနေကြရမှာပါ။

အောင်မြင်မှုလို့ဆိုလိုက်တိုင်း ချမ်းသာ
ကြွယ်ဝခြင်းကိုသာ ရည်ညွှန်းတာ
မဟုတ်ပါဘူး။ အောင်မြင်သောဘဝဆိုတာ မိမိဘဝအပေါ် အားရကျေနပ်မိခြင်းပဲ ဖြစ်ပါတယ်။ ငွေကြေးချမ်းသာမှုထက်
ဘဝမှာတခြားအားရကျေနပ်ဖွယ်
အကြောင်းအရာလေးတွေရှိပါတယ်။
ထိုအရာလေးတွေကိုသာ ပိုင်ဆိုင်ထားပြီ
ဆိုရင်တော့ ကိုယ့်ကိုယ်ကို
အောင်မြင်နေတဲ့လူ အဖြစ်ယူဆလို့ရနိုင်
ပါပြီ။ တကယ်တမ်းကျတော့
ခက်ခဲလွန်းတဲ့ အရာများမဟုတ်ပဲ
မိမိတို့ကိုယ်စီမှာ ရှိကောင်းရှိပြီး ဖြစ်ပါ
လိမ့်မယ်။ ရှိထားပြီဆိုရင်တော့
မိတ်ဆွေတို့အနေနဲ့ မိမိကိုယ်ကို
ကောင်းချီးပေးဂုဏ်ပြုသင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်။

ဘယ်လိုအကြောင်းအရာတွေလည်း
ဆိုတော့ . . . . . .

(က) ဘဝစီမံကိန်းများချမှတ်ထားခြင်း

တနည်းအားဖြင့် ရည်မှန်းချက်များချမှတ်
၍ အကောင်အထည်ပေါ်အောင်ကြိုးစား
ခြင်းပဲ ဖြစ်ပါတယ်။ ဆိုခဲ့ပြီးသည့်အတိုင်း
ဘဝဆိုတာကို ပိုင်ဆိုင်နေသရွေ့ ၄င်းဘဝ
ကို တည်ငြိမ်မှုရှိအောင် ခိုင်မာမှုရှိအောင်
ကြံဆောင်ကြိုးစားမှသာလျှင် အသက်ရှင်
ရခြင်းသည် အဓိပ္ပာယ်ရှိပေလိမ့်မည်။
မိမိရဲ့ ရည်မှန်းချက်အိပ်မက်များကို
လက်လျှော့အရှုံးပေးလိုက်ခြင်းသည်
မိမိတို့ ကိုယ်တိုင်ရဲ့ ကြီးမားသော
ဆုံးရှုံးမှုပင်ဖြစ်ပါလိမ့်မည်။ ထို့ထက်ပို၍
ကြီးမားသောဆုံးရှုံးခြင်းကား မရှိ ။
Albert Einstein ၏ အဆိုအတိုင်းပင်
"Life is like riding a bicycle.
To keep your balance, you must
keep moving."
ဘဝဟူသည်ကား ရပ်တန့်ခြင်းမဟုတ်ပေ။
အနာဂတ်အတွက် မျှော်လင့်ချက် အိပ်မက်
တွေရှိနေသရွေ့ - ၄င်းအိပ်မက်တွေ
အကောင်အထည်ပေါ်အောင် ကြံဆောင်
နေသရွေ့ သင်ဟာ အောင်မြင်တဲ့
လူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အရှုံးမပေး
သေးသရွေ့ သင်ဟာအမြဲတမ်းအောင်မြင်
မှုရနေမှာပါ ။

(ခ) ချစ်ခြင်းမေတ္တာထားရှိခြင်း

မေတ္တာထားခြင်းဆိုတာ တနည်းအားဖြင့်
အမုန်းစိတ်မရှိခြင်းပဲဖြစ်ပါတယ်။
အနှုတ်လက္ခဏာဆောင်သော
စိတ်သဘောထားများကို နေ့စဉ်ဘဝ
တွင်ထည့်သွင်းမစဉ်းစားခြင်းပင်ဖြစ်ပါတယ်။
အလျားအနံမရှိပေမယ့် အသွားအပြန်
ရှိသော မေတ္တာရယ်လို့လည်းဆိုကြပြန်
ပါတယ်။ ဘဝရဲ့ အဖိုးထိုက်တန်ဆုံး
ရတနာတစ်ပါးဖြစ်တာကြောင့် လူရယ်လို့
ဖြစ်တုန်းအခိုက် ချစ်ခြင်းမေတ္တာကို
ရှာဖွေရပါမည် ။ ထိန်းသိမ်းရပါမည်။
ထားရှိရပါမည်။ သင့်ဘဝမှာ
သင်တစ်ယောက်တည်း မဟုတ်ပဲ
မိသားစုရှိမယ် မိတ်ဆွေသူငယ်ချင်း
တွေလည်းရှိမယ်ဆိုရင်တော့
သင်ဟာ ကံကောင်းတဲ့လူတွေထဲမှာ
ပါဝင်နေပါပြီ။ ငွေကြေးမြောက်များစွာ
ချမ်းသာသော်လည်း အေးချမ်းလှတဲ့
မေတ္တာတရားကို မတွေ့ဖူး မကြုံဖူး
သူတို့မှာ ဒုနဲ့ဒေးပင်ဖြစ်ပါသည်။
မိမိကိုယ်ကိုနှင့် ပတ်ဝန်းကျင်အပေါ် မေတ္တာထား
တတ်ခြင်းနှင့် မေတ္တာထားနိုင်ုခြင်းတို့သည် ဘဝရဲ့ အောင်မြင်မှုပင်
ဖြစ်ပေသည်။

hunter-bryant-48373-600x400.jpg

Photo Link ; ( http://steem.link/PDkIT )

(ဂ) ကျန်းမာရေးကောင်းမွန်ခြင်း

ငွေကြေးအမြောက်အများကို ပိုင်ဆိုင်စေဦး
တော့ ကျန်းမာရေးမကောင်း
ဖြစ်နေပါက အဆိုပါငွေကြေး ဥစ္စာများမှာ
မည်သို့မျှ အသုံးဝင်မည်မဟုတ်ပေ။
နံနက်ခင်း အိပ်ယာစောစောထပြီး
လမ်းလျှောက်ရင်း ဆောင်းဦးကြွေရွက်
သင်းနံ့လေးတွေရယ် - ကြည်လင်တဲ့
ကောင်းကင်ကြီးရယ် - ခန္ဓာကိုယ်ပေါ်မှာ
နေခြည်နွေးနွေးရဲ့ အထိအတွေ့တွေရယ်ကို
ခံစားနိုင်တယ် သိရှိနိုင်တယ်ဆိုပါစို့ . . . .
ဒါဆိုရင်တော့ သင့်စိတ်ကူးအိပ်မက်တွေ
ကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့
အရာတွေအားလုံး သင့်ဆီမှာ ရှိနေပါပြီ။
အောင်မြင်မှုဟာ သင့်ခန္ဓာကိုယ်ထဲ
ရောက်ပြီးဖြစ်နေပါပြီ။

(ဃ) ခွင့်လွှတ်တတ်ခြင်း

အကြောင်းအရာ တစ်ခုအပေါ် ခွင့်လွှတ်
နားလည်ပေးတတ်ပြီး မေ့ပစ်လိုက်ခြင်း-
ခါးသီးတဲ့ခံစားချက်တွေနဲ့
မိမိကိုယ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေခြင်း
စတဲ့အချက်တွေကို လုပ်နိုင်ပြီဆိုရင်
သင်ဟာ လွှတ်မြောက်တဲ့လူတစ်ဦး
ဖြစ်နေပါပြီ။ အနှောင်အဖွဲ့မှ လွတ်မြောက်
နေတဲ့စိတ်ဟာ အရာရာတိုင်းကို အရှိ
အတိုင်းမြင်နိုင်စွမ်းရှိပြီး မှန်ကန်သော
ဆုံးဖြတ်ချက်များကို ချမှတ်နိုင်စွမ်း
ရှိပါတယ် ။ ဒါဟာလည်း အောင်မြင်ခြင်း
တစ်မျိုးပါပဲ။

(င) မိမိပုံစံအစစ်ကိုပြသနိုင်ခြင်း

တစ်ပါးသူအလိုကျ စိတ်ကျေနပ်အောင်
နေထိုင်ပြောဆိုခြင်းထက် မိမိရဲ့ပုံရိပ်
အစစ်အတိုင်း ပြုမူပြောဆိုနေထိုင်ခြင်းဟာ
စစ်မှန်တဲ့ လွတ်လပ်ခြင်းပဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့် ကိုယ့်ပုံစံနဲ့ကိုယ်
နေခြင်းပဲ ဖြစ်ပါတယ်။ သင့်စိတ်ကူးထဲ
ရှိတဲ့အတိုင်းပြောဆိုနိုင်စွမ်းရှိခြင်း -
သင်ပြောခဲ့သလို လုပ်ကိုင်နိုင်စွမ်းရှိခြင်း
စတဲ့ အချက်တွေဟာ ဘဝကပေးတဲ့
အထူးအခွင့်အရေးတွေကို ပိုင်ဆိုင်ထား
ခြင်းပဲဖြစ်ပါတယ်။

အထက်ပါ အချက်တွေဟာ
အများအားဖြင့် ကျနော်တို့ဆီမှာ
ရှိထားပြီးသားတွေဖြစ်ပါတယ် ။
ဒါဆိုရင်တော့ မိမိတို့ရဲ့ဘဝဟာ
အတိုင်းအတာတစ်ခုအထိ
အားရကျေနပ်ဖွယ် ဖြစ်လို့နေပါပြီ။
များပြားလှတဲ့ ဘဝရဲ့ဆန္ဒတွေကို
ဖြည့်ဆည်းရင်း မိမိတို့ဆီမှာလည်း
တန်ဖိုးထိုက်တန်တဲ့ အရာလေးတွေ
ပိုင်ဆိုင်ထားပြီးဖြစ်တယ်ဆိုတာ
သတိပြုမိစေဖို့ ရေးသားလိုက်ရပါတယ်။

@thettinaung
MSC - 105

Ref: ( http://steem.link/ZTXwn )

Sort:  

မေတ္တာတရားကသာ ​အောင်​နိုင်​သူပါ

မှန်ပါတယ် Bro

ချစ်ခြင်းမေတ္တာရှိမယ်ဆို တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားကြမှာမဟုတ်တော့ပါဘူးဗျ

တစ်ယောက်နဲ့တစ်ယောက်တုံ့ပြန်မေတ္တာမျိုး
ရှိမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။
တစ်ခါတစ်လေကျရင်တော့ ဥပက္ခာ မေတ္တာမျိုး
ထားရှိမှ အဆင်ပြေကြတယ် Bro

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly – Featured Posts are voted every 2.4hrs
Join the Curation Team Here

ပုံလေးတွေနဲ့ဆို ပိုကောင်းမယ်ထင်တယ်အစ်ကို

ဟုတ်ကဲ့Bro ရေ
နောက်ဆို ပိုကောင်းအောင် ရေးပါ့မယ်ဗျာ ။
Thanks

ပုံ​လေး​တွေထပ်​ထည့်​လိုက်​ရင်​အကို့ရဲ့စာကလုံးဝperfect ပါ အ​ရေးအသားကအရမ်း​ကောင်းပါတယ်​​ဗျ

ကျေးဇူးပါ Bro
ကျနော့်အရေးအသားထက် မူရင်းRef
ကြောင့်ပါဗျာ ။ ကျနော်က နှမ်းဖြူးတာပါဗျ :D .

မေတ္တာဖြင့် အောင်နိုင်ရေး အလေးပေး ဆောက်ရွက် ဘဝအတွက်

ဝင်ဖတ်ပေးလို့ ကျေးဇူးပါ BRO

Good Bro 👍👍👍.အားပေးနေမယ် Bro ။

ကျေးဇူးပါ Bro

အခြေခံရှိသင့်တဲ့အရည်အချင်းတွေပါဗျာ

မှန်ပါတယ် Bro ရေ

အခုလိုဗဟုသုတလေးတွေ မျှဝေတဲ့အတွက် ကျေးဇူးပါဗျ

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ် Bro

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63493.34
ETH 2578.53
USDT 1.00
SBD 2.79