စိတ်စေရာ(၁)

in #myanmar7 years ago (edited)

636138657389104764847403625_636046550393909911-595448744_o-PARENTS-DIVORCE-facebook.jpg

၁၅ နှစ်​ဆိုတဲ့ အချိန်​အတိုင်းအတာ တစ်​ခုကို
ကျ​နော့်​ဇနီးနဲ့အတူတူ ဖြတ်​သန်းခဲ့ပါတယ်​။
ကျ​နော်​တို့ရဲ့ မင်္ဂလာ နှစ်​ပတ်​လည်​ ၁၀နှစ်​ပြည့်​ဖို့
၂လအလိုမှာ သူမကိုစွန့်​လွှတ်​ခဲ့ပါတယ်​။

ကျ​နော်​နဲ့သူမမှာ ချစ်​စရာ​ကောင်းတဲ့ က​လေး၂
ယောက်​ရှိထားပြီး အခုချိန်​ဆိုသူတို့လည်း
ဆယ်​​ကျော်​သက်​အရွယ်​စွန်းစပြုလောက်​​ရော​ပေါ့။
ကျ​နော်​ထွက်​လာတုန်းက ၇ နှစ်​နဲ့ ၉ နှစ်​အရွယ်​စီ
ပဲရှိ​သေးတဲ့က​လေး​တွေပါ။

ကျ​နော့်​အလုပ်​ကခရီး​တွေထွက်​ရပါတယ်​ . . .
တစ်​ပတ်​ကို ၃ ည​လောက်​​ကဟော်​တယ်​​တွေမှာပဲ
လှည့်​လည်​ ​နေထိုင်​ခဲ့ရင်း . . . Eve ဆိုတဲ့အမျိုး
သမီးတစ်​​ယောက်​နဲ့ ဆုံ​တွေ့ဖို့ဖန်​လာခဲ့ပါတယ်​။

အချိန်​ကြာလာတာနဲ့အမျှ ကျ​နော်​နဲ့ Eve တို့ရဲ့
ရင်းနှီးမှုဟာ တစ်​ရစ်​ထက်​တစ်​ရစ်​ တိုးလာခဲ့ပါ
တယ်​။ Facebook ​ပေါ်မှာ Friend​တွေ ဖြစ်​လာပြီး
တစ်​​ယောက်​နဲ့တစ်​​ယောက်​ အပြန်​အလှန်
မက်​​ဆေ့ခ်ျ​​တွေပို့ကြတာ တစ်​​နေကုန်​တစ်​ည
လုံးလိုလိုဆိုပါ​တော့ဗျာ။သူမကလည်း
အိမ်​​ထောင်​နဲ့က​လေး၂​ယောက်​နဲ့ပါ။ ကျ​နော်​တို့နှစ်​​ယောက်​ကြားမှာ တူညီတဲ့အရာ​တော်​​တော်
များများရှိကြပါတယ်​။ မကြာခင်​မှာပဲ ကျ​နော်​တို့
နှစ်​​ယောက်​ချစ်​သူ​တွေ ဖြစ်​သွားခဲ့ပါတယ်​။ ကျ​နော်
ရဲ့ခံစားချက်​​တွေကလည်း Eve အ​ပေါ်မှာ
ကြွေကျမိခဲ့ပါတယ်​။

အဲဒီလို​တွေဖြစ်​ခဲ့​ပေမယ့်​ တစ်​ဖက်​ကကျ​နော့်​ရဲ့
အိမ်​​ထောင်​မှာ​တော့ အရမ်းကို ခက်​ခဲရုန်းကန်
နေရတဲ့အချိန်​​တွေဖြစ်​ခဲ့ပါတယ်​။ကျ​နော်​မ​ပျော်​ပါ
ဘူး . . . အိမ်​ကိုလည်းမပြန်​ချင်​ခဲ့ဘူး ။ကျ​နော့်
ဇနီးရဲ့ ခန္ဓာကိုယ်​ဟာ ဝိတ်​​တွေတက်​လာသလိုပဲ
၊ ပြီး​တော့ သူမနဲ့စကား​ပြောချင်​စိတ်​လည်း
သိပ်​မရှိ​တော့ပါဘူး ။သူမကိုကြည့်​ရတာ အမြဲတမ်း
စိတ်​ဒုက္ခရောက်နေသလိုပါပဲ။

သူမဒီလို စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေတာ
ကျနော့်ကြောင့်ဆိုတာ နဲနဲတော့ရိပ်မိပါတယ်။
ကျနော်ကလည်း လုံးဝကိုဂရုမစိုက်ခဲ့တာပါ။
သူမအပေါ်ဒီလိုတွေဖြစ်လာတာကလည်း
ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ သဘောထားခဲ့ပါတယ်။
ဇနီးသည် စိတ်မဆင်းရဲဆင်းရဲအောင်
လုပ်ဖို့ ကျနော့်မှာ အမျိုးမျိုးအကြံထုတ်ရင်း
အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အချိန်ရရင်ရသလို
အွန်လိုင်းပေါ် အချစ်ဇာတ်လမ်းတွေ ခင်းလို့ခင်း
. . . ပြီးတော့ အလုပ်ပိတ်ရက်တွေဆိုလည်း
အပြင်မှာပဲ အချိန်တွေဖြုန်းပေါ့ဗျာ ။

ဇနီးသည်က ကျနော့်ကိုတကယ်မချစ်ဘူးလို့
ထင်တယ်ဗျာ ။ ကျနော့်စိတ်အထင်အရ
ကျနော့်ရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေ လိုအင်တွေ
ကို သူမနဲနဲမှဂရုမစိုက်ဘူးလို့ထင်ခဲ့ပါတယ်။
သူမဂရုစိုက်တာဆိုလို့ လစာချက်လက်မှတ်
ကိုပဲဂရုစိုက်တာလို့ထင်ပါတယ်။

သူမကတော့ သူရဲ့ကိုယ်ပိုင်အလုပ်တစ်ခုအပြင်
ကျနော်နဲ့ကလေးတွေကို ဂရုစိုက်ပေးရ
နေလယ်စာ ညစာ ပြင်ဆင်ပေးရ လျှော်ဖွတ်ပေးရ
. . . ပြီးတော့ကလေးတွေရဲ့ အိမ်စာကူလုပ်ပေးရ
ကလေးတွေအားကစားလုပ်ဖို့ခေါ်သွားရနဲ့
လူးလာခေါက်တုန့်ပေါ့ဗျာ . . . ပြီးတော့
ကလေးတွေချစ်တဲ့အိမ်မွေးတိရစ္ဆာန်လေးတွေ
ကိုလည်း ဂရုစိုက်ရ ကလေးတွေရဲ့သူငယ်ချင်း
တွေကိုလည်း ဂရုပြုရနဲ့ တစ်နေကုန်အားတယ်
လို့ကိုမရှိခဲ့ပါဘူး ။

သူမကျနော့်ကို စကားလာပြောတိုင်း နားထဲမှာ
တစ်ကျည်ကျည်နဲ့ငြီးငြူနေတဲ့ဟာမျိုးတွေပဲ
ကြားနေမိတော့တာပဲဗျာ။ တကယ်တမ်းကျတော့
ကျနော့်ရဲ့အာရုံစိုက်မှုကို တောင်းပန်တိုးလျှိုး
နေခဲ့တာပါ ။ ကျနော်လည်း သူတို့ကိုပစ်ထားပြီး
တစ်ပတ်လောက်အဝေးမှာသွားနေပြစ်ခဲ့တယ်။
အဲဒီအတောအတွင်း Eve နဲ့အတူ ညဘက်ချိန်းတွေ့
လိုက်. . ရုပ်ရှင်ကြည့်လိုက်နဲ့ နေခဲ့ပြီး မိသားစုနဲ့
အရာအားလုံးကို အဆုံးသတ်ခဲ့လိုက်ပါတယ်။

ကျနော်ဇနီးနဲ့ကျနော်လည်း အကြီးအကျယ်
ရန်ဖြစ်ခဲ့ပါတယ်။တစ်ယောက်ပြောတဲ့စကား
ကိုလည်းတစ်ယောက်မခံစားတတ်တော့ပါဘူး။
တကယ်တမ်းကျနော်တို့လုပ်ခဲ့သင့်တာက
တစ်ယောက်ပြောတာကို တစ်ယောက်နားလည်
အောင် ကြိုးစားခဲ့သင့်ပါတယ်။

ကျနော်လည်း Eve နဲ့အတူ တခြားပြည်နယ်
တစ်ခုကိုရွှေ့ပြောင်းခဲ့ပါတယ်။ဇနီးဟောင်းကတော့
ကလေးတွေနဲ့အတူ ကျန်နေခဲ့ပါတယ်။
တနင်္ဂနွေနေ့တိုင်း ကလေးတွေကိုတော့ သွား
ကြည့်ဖြစ်ပါတယ်။

ကျနော့်ရဲ့ဘဝကတော့သစ်လွင်တဲ့ အစပြုခြင်းတွေ
နဲ့ . . . .
ဘဝဟာချိုမြိန်ခဲ့ပါတယ် . . . . .

ဆက်ရန် . . . . .

Ref ; ( http://steem.link/EVIy9 )

@thettinaung
MSC - 105

Sort:  

မိသားစုကိုစွန့်ပြီး ချိုမြိန်တဲ့ဘဝသစ်ကိုလျှောက်ခဲ့တယ်ပေါ့
ဆက်လက်ဖတ်ရှုမှ အဓိပ္ပါယ်ပေါ်မယ်ထင်တယ်နော်
ဆက်ရေးပါအုံးဗျာ။

ဖတ်​​ပေးလို့​ကျေးဇူးပါဗျ ဘဒို

တစ်ဦးကိုတစ်ဦး နားလည်ဖို့ရာ တစ်ဦးစကား တစ်ဦး နားထောင်တတ်ဖို့
လိုပါမယ်။ လင်နှင့်မယားဆိုတာ အပြန်အလှန်နားလည်မှု နှင့် မေတ္တာ
ထားတတ်မှ ရေရှည်ခိုင်မြဲမှာပေါ့။

မှန်ပါတယ် Bro

နားလညှ်ုမု​တော့ အနည့်းအများလိုအပ်​ပါတယ်​။ လက်​ခံနိုင်​တဲ့အတိုင်းအတာထိလက်​ခံသင့်​ပါတယ်​ လက်​မခုံင်​ဘူးဆိုလည်း ပြတ်​သားသင့်​ပါတယ်​။ တစ်​ခုရှိတာက လူတိုင်း ကိုယ့်​ဘက်​ကြည့်​ရင်​ဘယ်​သူမှမမှားပါဘူး

သိပ်ဟုတ်တာပေါ့ဗျာ

လင်​နဲ့မယားဆိုတာ လျှာနဲ့သွားလိုပါပဲ​ဗျာ နားလည်​မှု​လေးရှိနိုင်​မယ်​ဆိုရင်​ အဆင်​​ပြေသွားမှာပါ

အပြန်အလှန်နားလည်ပေးမှုကပဲ relationship တစ်ခု
ကို သက်တမ်းရှည်စေတယ်လို့ ယူဆမိပါတယ်ဗျာ

အောဗျား ဖတ်ပီ ဘာမှကို မပြောတတ်တော့ဘူး

တင်ပါ့ဘုရား

ဘာသာပြန်လက်ရာ ကောင်းတယ်ဗျာ

ကျေးဇူးပါဗျ

အကိုရဲ့ အကြောင်းလေးလားဗျ
ကလေးတွေကို ကြည့်သင့်တယ်လို့ ထင်မိတယ်အကို

အဲ့ ဟုတ်ပါဘူးဗျ . . . ဘာသာပြန်ဆောင်းပါးလေး
ပါ ဘဒို ။နောက်အပိုင်းဆက်ရှိပါသေးတယ်ဗျ

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly � Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

အားပေးလျှက်ပါ bro

ဟုတ်​​ကျေးဇူးပါဗျ

အဲဗျာ
အိမ်ထောင်ရေးအကြောင်းဆိုတော့ကာ ဘလိုမန့်ရပါ့မလဲ
သားသားကခုမှလူပျိုပဲရှိသေးတာ😂😂

သားလည်း လူပြိုပါပဲဂျ 😄😄

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65718.58
ETH 2677.48
USDT 1.00
SBD 2.91