Pro
ကျနော်နေထိုင်ရာ ရပ်ကွက်နားလေးမှာပေါ့ဗျာ လမ်းပေါ်ထွက်လိုက်ရင်
ထမင်းဆိုင်လေးတစ်ဆိုင်ရှိပါတယ် . . . ဆိုင်ရှင်ကတော့ အသက် ၅၀ ကျော်
လောက်ရှိတဲ့ အဘွားကြီးတစ်ယောက်ပါ. . အသားခပ်ညိုညို အညာသူရုပ်ရည်
မျိုးနဲ့  ပြီးတော့ ဆိုင်မှာကူဖို့ ရွာက အမျိုးလား ဘာလားမသိ သတ်လတ်ပိုင်းအရွယ်
အမျိုးသမီးတစ်ယောက်လည်းရှိပါတယ်။ အဘွားကြီးက ကိုယ်တိုင်ချက်ပြုတ်ပြီး
စီမံခန့် ခွဲပေါ့လေ . . သူ့ ကြည့်လိုက်ရင် တစ်ကုပ်ကုပ် တစ်လှုပ်လှုပ်နဲ့ 
လူငယ်တွေလိုမျိုး သွက်လက်မှုမရှိပေမယ့် အိပဲ့အိပဲ့တော့ လုပ်ရှာပါတယ်။
သူ့ ဆိုင်က ချက်တဲ့ ဟင်းအရသာလေးကလည်း အကောင်းကြီးမဟုတ်ပေမယ့်
ပုံမှန်လေးပါပဲ . . . ကျနော်တို့ အညာသားတွေ အကြိုက် ပဲကတ္တီပါကြော်လေးက
သူ့ ဆိုင်မှာ ချက်လေ့ရှိတာမို့  အိမ်မှာမချက်ဖြစ်တဲ့ နေ့ မျိုးဆို သူ့ ဆိုင်မှာ
သွားစားဖြစ်ပါတယ်။
သူ့ ဆိုင်နဲ့ ဘေးချင်းကပ်ရပ်မှာလဲ ထမင်းဆိုင်ပဲဗျ . . ပထမတော့
သတိမထားမိသေးဘူး . . အဘွားကြီးဆိုင်မှာ ထမင်းလာစားရင်း အဲဒီဘက်ခြမ်းကို
ကြည့်မိတော့ စားပွဲခုံ နှစ်ခုံလောက်ခင်းပြီး ဟင်းထည့်တဲ့အိုးလေးတွေကလည်း
သပ်သပ်ရပ်ရပ်တောက်တောက်ပြောင်ပြောင်နဲ့ ပေါ့လေ. . .
အဲဒါထက် ကျနော့်အာရုံကို ထပ်ပြီးဆွဲဆောင်သွားတာက ဆိုင်ရှင်ကောင်မလေး
နှစ်ယောက်ဗျ . . . အသက် (၂၀) ဝန်းကျင် ဖြူဖြူဖွေးဖွေး သွယ်သွယ်
ကြည့်ပျော်ရှုပျော်လေးပေါ့ဗျာ။ ရုပ်ချင်းကလည်း ဆင်တာမို့  ညီအစ်မတွေပဲ
ထင်ပါရဲ့ . . အဲဒီတော့ပေါ့လေ . . . ကိုယ်တွေကလည်း ပုထုဇဉ်လူသား
သမာဓိအားနည်းသူတို့ ရဲ့ ဝသီအတိုင်း အာရုံစားကျက် ပြောင်းချင်စိတ်က
တရွရွဆိုပါတော့ဗျာ ။ သို့ သော်ဒီအတိုင်းကြီး ဆိုင်ပြောင်းစားဖို့ ဆိုတာကလည်း
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားတာဆိုပေမယ့် ဆိုင်ချင်းကလည်းကပ်ရပ်ဆိုတော့
ကိုယ့်လိပ်ပြာကိုယ်မလုံချင်။ ပြီးတော့ဆိုင်ရှင်အဘွားကြီးနဲ့ ကလည်း
မျက်မှန်းတန်းပြီး ရင်းနှီးသလိုတောင်ဖြစ်နေပြီ . . . ဆိုတော့က . . .
Reason ရှာဖို့ ဆင်ကြံကြံရပေတော့မည်။ အဘွားကြီးဆိုင်ကို တစ်လလောက်
မသွားဖြစ်အောင်နေလိုက်သည် . . . တစ်ရက်ကျတော့ သူ့ ဆိုင်မှာ
ဟင်းသွားဝယ်တဲ့အခါ စားပွဲပေါ်တင်ထားတဲ့ ဟင်းအိုးတွေ တစ်အိုးချင်း
လှပ်ကြည့် မရှိတဲ့ဟင်းကိုမှ တမင်တကာမေးပေါ့လေ . . . မရှိဘူးဆိုမှ
ဟိုဘက်က ကောင်မလေးတွေဆိုင်ဘက်ကို ယောင်တောင်ပေါင်တောင်
သွားပြီး ဟင်းအိုးတွေလိုက်လှပ်ကြည့် . . ပြီးရင်ကြုံတဲ့ဟင်းလေး ဝယ်ပြီး
ပြန်ပေါ့လေ . . . အဲဒီလို ၂ ခါလောက်လုပ်ပြီး နောက်ရက်တွေတော့
ကောင်မလေးတွေဆိုင်ကိုပဲသွားပြီး အဘွားကြီးဆိုင်ဘက်ကို ကျောပေးပြီး
စားဖြစ်တယ် . . . စစချင်း ကျောမခိုင်းလို့ ကလည်းမရဘူး . . . ဆိုင်ချင်းကလည်း
ကပ်ရပ်. . . ကြားထဲမှာကလည်း ချိန်းလင့်လေးပဲခြားထားတာဆိုတော့
ဒိုးယိုပေါက်ကြီးမြင်နေရတာကိုး . . . သို့ သော်ကိုယ်တွေဆိုတာကလည်း
ဗိုက်ပြည့်ဖို့ ထမင်းစားတာထက် မျက်စိပသာဒလေးလည်း လိုချင်မိတာဆိုတော့
ငါးစိမ်းမြင်ငါးကင်ပစ်ဆိုတဲ့ အပေါက်မျိုးချိုးတာပေါ့လေ . . . ။
ကောင်မလေးတွေဆိုင်ကလည်း ရောင်းကောင်းတယ်ထင်ပါ့ . . . ကိုယ်တွေနဲ့ 
အကြံတူ ကာလသားတွေကခပ်များများ . . . တစ်ခါတစ်လေ
ဝိုင်းပြည့်နေလို့  ကိုယ်မသိတဲ့ဝိုင်းမှာ ကြပ်ကြပ်သပ်သပ် စားခဲ့ရတာလည်း
အခါခါ . . . ဒါပေမယ့်လည်း တန်ပါတယ်လေ . . ဆိုသလိုပေါ့ဗျာ . . .
ဆွဲဆောင်အားကလည်း ကောင်းတာကိုး။ ခလေးမလေးတွေဆိုင်ကလည်း
ဟိုဘက်က အဘွားကြီးဆိုင်ထက် အဝစားဆိုရင် ၂၀၀ လောက်လျော့တယ်
ဆိုတော့ . . . မသိမသာလေးဈေးချိုတယ်ပေါ့လေ။ Promotion Idea လေးဆိုပါတော့
ဟိုဘက်ကအဘွားကြီးဆိုင်ကတော့ ဖောက်သည်တွေ အနဲနဲ့ အများလျော့သွားပုံရပါတယ်။
ကျနော်ထမင်းသွားစားတဲ့ အချိန်ဆို ခါတိုင်းငြိမ်ငြိမ်ဆိတ်ဆိတ် ရှိတဲ့
အဘွားကြီးဆိုင်ဘက်မှာ မြည်တွန်တောက်တီးသံတွေ မကြာခဏ
ကြားရလေ့ရှိလာပါတယ်။ သူ့ ခမျာလည်း ဖောက်သည်တွေလျော့ကုန်တာ
ကျေနပ်ပုံတော့မရဘူး ။
တစ်ရက်ကျတော့ ညနေ ၆ နာရီလောက် ဟင်းလေးသွားဝယ်အုံးမယ်ဆိုပြီး
ထွက်လာတော့ ကောင်မလေးတွေဆိုင်က ပိတ်နေရော . . အဲဒါနဲ့ ဘေးချင်းကပ်
အဘွားကြီးဆိုင်ကို ရှေ့ မျက်နှာနောက်ထား ဟင်းဝယ်ရတာပေါ့လေ။
အဘွားကြီးက ကျနော့်ကိုတွေ့ တော့ သိပ်ကြည်ပုံတော့မရဘူး
ဝယ်သူမို့ လို့ သာရောင်းရတာ. . . ကိုယ်တွေကို လှောင်သလို ပြောင်သလို
အကြည့်မျိုးနဲ့  စကားအပြောအဆိုတွေကလည်း ခပ်တန်းတန်းဖြစ်ကုန်တာ
ပေါ့ဗျာ။ မဖြစ်ခံနိုင်ရိုးလားဗျာ . . ကျနော်လုပ်ပုံကလည်း ခပ်ပြောင်ပြောင်
ကိုးဗျ။ ဆောင့်ကြီးအောင့်ကြီးလုပ်မလွှတ်တာကိုပဲ ကျေးဇူးတင်ရမလို . . ။
အဲဒီလိုနဲ့ နောက်ရက်တွေလည်း ကောင်မလေးတွေဆိုင်ပိတ်တာနဲ့ ကြုံရင်
အဘွားကြီးဆိုင်က ဝယ်တယ် . . . ကောင်မလေးတွေဆိုင်ဖွင့်ရင်တော့
သူတို့ ဆိုင်မှာပဲ စားတယ်ပေါ့လေ။ ခလေးမလေးတွေကလည်း ရောင်းကောင်းပုံ
ရပါတယ်ဆိုမှ ဆိုင်ကလည်း ခဏခဏပိတ်တယ် ။ ကိုယ်တွေကလည်း
တစ်ခါတစ်ခါ ခလေးမလေးတွေနဲ့  အာလာပ သလ္လာပ ပြောရင်းထမင်းလေး
သွားစားအုံးမဟဲ့ဆိုပြီး စိတ်ကူးလေးနဲ့ မြူးပြီးရောက်အလာ . . . မယ်မင်းကြီးမ
တို့ ဆိုင်ကပိတ်လို့  . . . စိတ်ထဲမှာဟတ်ကော့ကြီးနဲ့  အဘွားကြီးဆိုင်က
ဟင်းလေးဝယ်ပြီးပြန်ရတဲ့ အခေါက်တွေကလည်း မကြာခဏကြုံခဲ့ရပါတယ်။
နောက်ရက်တွေဆိုင်ဖွင့်လို့ မေးကြည့်တော့ ဘုရားဖူးသွားရတာတစ်မျိုး . . .
ခရီးသွားရတာ တစ်ဖုံပြောရှာပါတယ် ကောင်မလေးတွေက . .။ ညနေချိန်
ဆိုလည်း ရောင်းကောင်းလို့ ပဲ အကုန်မြန်သလားမသိ . . . ကိုယ်တွေ
ရောက်လာပြီဆိုရင် ဆိုင်ကပိတ်ပြီ။ထုံးစံအတိုင်း အဘွားကြီးဆိုင်ဘက်ပဲ
ခြေဦးလှည့်ရတော့တာပေါ့။
အဘွားကြီးဆိုင်ကတော့ ပုံမှန်အတိုင်း မိုးရွာရွာ နေပူပူ သူ့ ဆိုင်လေးကဖွင့်မြဲပါပဲ။
မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့ တစ်ခါလားပဲ ပိတ်တာတွေ့ ဖူးတယ်။ အဲဒီလိုနဲ့ 
အဘွားကြီးဆိုင်ဘက်ကလည်း ဆိုင်အပြင်အဆင်တွေ အရင်ထက်သပ်ရပ်
သန့် ရှင်းလာတယ် . . . ထမင်းအိုးဟင်းအိုးလေးတွေဆိုတာကလည်း
ဝင်းဝင်းပြောင်ပြောင်လေးတွေဖြစ်လာတာကို သတိပြုမိပါတယ်။ အဝေးကနေ
ကြည့်လိုက်ရင် မျက်စိထဲမှာရှုပ်မနေပဲ သေသေသပ်သပ်လေး ဖြစ်လာတယ်ပေါ့ဗျာ။
ဒီနေရာမှာ အဘွားကြီးရဲ့စိတ်ဓာတ်ကတော့ အမှတ်ထင်ထင်ပဲလို့ ပြောရမှာပါ။
ဘာစိတ်ဓာတ်လဲဆိုတော့ Pro ဆန်တဲ့စိတ်ဓာတ်ပဲဆိုပါတော့ . . Professional
ဆန်တဲ့ စိတ်ဓာတ်ပါ။ မိုးရွာရွာနေပူပူ လေပဲတိုက်တိုက် သူ့ ဆိုင်မှာ မနက် ၁၀ နာရီ
လောက်ဆို ဟင်းတွေစုံနေပြီ ။ ညနေဆိုလည်း ည ၈နာရီလောက်သွားစားမလား
ရသေးတယ် . . . ။ ထမင်းဆာလောင်နေတဲ့သူတွေအတွက် သူ့ ဆိုင်လေးက
အဆင်သင့် စောင့်ကြိုနေတတ်ပါတယ်။ သူ့ ရဲ့ဖောက်သည်တွေ လျော့သွားတဲ့
ကာလတွေမှာ အဘွားကြီးဟာ သေချာပေါက်အခက်အခဲတွေကြုံခဲ့ရမှာပါ။
ချက်ထားတဲ့ ထမင်းတွေဟင်းတွေ ရောင်းမကုန်တဲ့နေ့ တွေလည်း ရှိခဲ့မှာပါ။
ဒါပေမယ့်လည်း သူ့ ရဲ့ဖောက်သည်တွေအပေါ် အလေးထားတဲ့စိတ်ကတော့
မြင်သာပါတယ်။ ဆိုင်ကိုလာတဲ့သူ တစ်ယောက်ပဲရှိလို့ ရှိငြား အဲဒီတစ်ယောက်အတွက်
ဗိုက်ဆာနေတဲ့ အချိန်မှာ အဆင်သင့်ဖြစ်အောင် သူ့ ဆိုင်လေးက
ဖွင့်ပေးထားပါတယ်။ ဒါက ကျနော်လေးစားမိတဲ့ Professional စိတ်ဓာတ်ပါ။
သူ့ ရဲ့အဲဒီစိတ်ဓာတ်ကပဲ သူ့ ကိုအောင်မြင်စေခဲ့ပါတယ် . . .။ ရောင်းကောင်းပြီး
Promotion Idea မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပွဲထွက်လှခဲ့တဲ့ ကောင်မလေးတွေဆိုင်
ကတော့ ဆိုင်ကိုပိတ်လိုက်ဖွင့်လိုက်နဲ့  စားသုံးသူတွေရဲ့ မျှော်လင့်ချက်ကို
မချင့်မရဲ ဖြစ်စေခဲ့တယ်ပေါ့ဗျာ။ နောက်တော့လည်း အဘွားကြီးဆိုင်ဘက်ကို
ဖောက်သည်တွေ ခွဲပေးလိုက်ရပြီး မကြာခင်မှာ ကောင်မလေးတွေအနေနဲ့ 
ရပ်တည်နိုင်စွမ်းမရှိတော့ပဲ ဆိုင်နေရာကို အဘွားကြီးကို ထိုးအပ်လိုက်ရပါတော့တယ်။
အခုချိန်မှာ အဘွားကြီးဟာ ယခင်ထက်ပိုမိုကျယ်ဝန်းပြီး သပ်ရပ်သန့် ရှင်းတဲ့
အပြင်အဆင်တွေနဲ့  သွက်လက်ချက်ချာတဲ့ စားပွဲထိုးလေးတွေကို
ငှားပြီး ဒီနားတစ်ဝိုက်မှာတော့ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပါပြီ။
ဒီလို ဝန်ဆောင်မှုကိုရောင်းစားနေတဲ့ လုပ်ငန်းတစ်ခုမှာ မဆုတ်မနစ်တဲ့ဇွဲနဲ့ 
Professional ဆန်တဲ့ စိတ်ဓာတ်ဟာ အောင်မြင်မှုကို ဆောင်ကြဉ်းပေးနိုင်
ခဲ့ပါကြောင်း ညာဏ်မီသလောက်ရေးသားတင်ပြလိုက်ရပါတယ်။
@thettinaung
MSC-105
ဘာလုပ်လုပ် စနစ်တကျလေးဆို ခဏနဲ့အောင်မြင်ပါတယ်
ဟုတ်ပါတယ် Sis
သဘောတရားတွေ အတုယူသင့်ပါသည်
မှန်ပါတယ် ဘရို
Message ပေးပုံကိုကြိုက်တယ်ဗျာ။ အထူးသဖြင့် ချဉ်းကပ်ပုံကို။စာဖတ်သူကြိုမှန်းလို့ မရတဲ့ message ပေးသွားတာ။ရှယ်ဘဲ။
ဟုတ် ဘရို ဖတ်ပေးလို့ ကျေးဇူးပါဗျ
အမြင်သစ်ရပြီး ဗဟုသုတတိုးကား အရမ်းကြိုက်ပါတယ်
Thank you Bro
ကိုယ်တွေက pro တွေပဲလေ
မှန်ပါတယ်ဗျာ ။ လုံးဝ Professional ကျပါတယ်။ Feed ကိုဖွင့်လိုက်တိုင်း အကို့ ရဲ့ဆောင်းပါးတွေ အမြဲတွေ့ ရတယ်။
အဲဒါပြောထာမဟုတ်ပါဘူးလေ အားလုံး promotion တွေ တင်နေကြတာပါလို့
ဟုတ် ဘရို
ဟုတ်ပေတာပေါ့ဗျာ... စီးပွားရေးလုပ်တာ စနစ်ရှိဖို့ လိုတာပေါ့
စိတ်ဓာတ်မကျပဲ လုပ်စရာရှိတာ အကောင်းဆုံးလုပ်ဖို့ လည်းလိုသေးသဗျ
အမှန်တွေပဲProဆန်ဆန်အလုပ်လုပ်တဲ့လူတွေကအလုပ်ချိန်မှာအလုပ်နဲ့တူအောင်လုပ်ကြတယ်။
မှန်ပါတယ် ဗျာ။
အတုစရာပါ
ဟုတ်ကဲ့ပါဗျ
ကောင်မလေးတွေကရဲ့အတွေး စိတ်ဓါတ်နဲ့မတူလို့ပေါ့ဗျာ
စီးပွားရေးလုပ်တာချင်းတော့ တူပါတယ် ဘရို
proဖြစ်အောင်လုပ်ကြပါစို့
ဟုတ်ကဲ့ပါဗျ