မိတ်ဆွေသစ်

in #myanmar6 years ago

Hollywood သရုပ်ဆောင် George Clooney တစ်ယောက် Max လို့ ခေါ်တဲ့
ဝဝကစ်ကစ် ဝက်ကလေးတစ်ကောင်ကို မွေးထားတာ ၁၈ နှစ်တောင်ရှိနေပါပြီ။
တစ်ခါတစ်လေ သူနဲ့ တောင်အတူတူအိပ်ပါသတဲ့ ။ Clooney ရဲ့ချစ်သူ
Kelly Preston က Max ကိုလက်ဆောင်ပေးခဲ့တာပါတဲ့ . . . . ။


photo source : https://steem.ly/zr

Wrecking Ball အဆိုတော် Miley Cyrus ကိုမိတ်ဆွေတို့ သိကြမယ်ထင်ပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ပြီး အဆိုပညာမှာ တစ်ဖက်ကမ်းခတ်သူလေးပါ။
သူရယ် Billy Ray Cyrus က featuring သီဆိုထားတဲ့ Butterfly fly away ဆိုတဲ့
သီချင်းလေးက တကယ်ကို ကြွေမိတဲ့ သီချင်းလေးပါဗျာ။ အဲ့ . . . . သူကလည်း
အားကျမခံ Bubba Sue ဆိုတဲ့ ဝက်မလေးတစ်ကောင်ကိုမွေးစားထားပြန်ပါတယ်။
သူ့ မှာတစ်ခြား အိမ်မွေးတိရစ္ဆာန်လေးတွေလည်း မြောက်များစွာရှိနေပါသေးတယ်။


photo source: https://steem.ly/zs

တကယ်ပြောချင်တာက ဝက်ကလေးတွေအကြောင်းမဟုတ်ပါဘူးဗျ။
အခုခောတ်မှာတော့ ငွေကြေးတတ်နိုင်သူများက တောရိုင်းတိရစ္ဆာန်တွေကိုတောင်
အချစ်တော် တိရစ္ဆာန်လေးတွေအဖြစ် အိမ်မှာမွေးထားကြတတ်ပါတယ်။
ခွေးတို့ ၊ ကြောင်တို့ ၊ မြင်းတို့ ဆိုတာ လူတွေရဲ့ မိတ်ဆွေအဖြစ် လွန်ခဲ့တဲ့
နှစ်ပေါင်းများစွာကတည်းက အတူနေလာခဲ့ကြတာပါ။ လူတွေနဲ့ အယဉ်ပါးဆုံး
တိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့ ကို ယှဉ်ပြိုင်မယ့်၊သူတို့ လိုပဲ
ညာဏ်ရည်ရှိတယ်လို့  သက်သေပြနိုင်တဲ့ တိရစ္ဆာန်တစ်မျိုးကို
သိပ္ပံပညာရှင်တစ်ချို့ က စမ်းသပ်ဖော်ထုတ်ခဲ့ကြပါတယ် . . . . . . ။

လေ့လာမှုအသစ်တစ်ရပ်အရ ဆိတ်တွေဟာ လူတွေရဲ့ ဒေါသဖြစ်နေတဲ့
မျက်နှာထက် ရွှင်ပြတဲ့ မျက်နှာကိုပို၍နှစ်သက်လိုလားတယ်လို့ ဆိုပါတယ်။
ဒီတွေ့ ရှိမှုကြောင့် တိရစ္ဆာန်လောကရဲ့ သိမြင်နားလည်နိုင်မှုစွမ်းရည်ဟာ
ယခင်တွေးထင်ထားတာထက် ပိုပြီးကျယ်ပြန့် လိမ့်မယ်လို့ ပြောဆိုမှုတွေ
ရှိနေပါတယ်။

Open Science ဂျာနယ်ရဲ့ ထုတ်ဖော်ချက်အရ ဒီလေ့လာစူးစမ်းမှုကို
British Royal Society မှ သိပ္ပံပညာရှင်များက ပြုလုပ်ခဲ့တာဖြစ်ပြီး
ဆိတ်သတ္တဝါတွေ အနေနဲ့  လူသားတွေရဲ့ အထာ(သဘောသဘာဝ)ကို
နားလည်နိုင်စွမ်း စမ်းသပ်မှုအတွက် ဆိတ် ၃၅ ကောင်ကိုအသုံးပြုခဲ့ကြပါတယ်။

ဒီစမ်းသပ်မှုမှာ ဆိတ်တွေကို လူတစ်ယောက်ရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ 
စိတ်တိုနေတဲ့ မျက်နှာဓာတ်ပုံတို့ ကို ပြသခဲ့ပါတယ်။အဲဒီအခါ ဆိတ်တွေရဲ့
တုံ့ ပြန်မှုက အပေါင်းလက္ခဏာဆောင်တဲ့ ပုံဘက်ကိုပဲ သိသိသာသာ
ဦးစားပေးခဲ့ကြပြီး စိတ်တိုနေတဲ့ ဓာတ်ပုံထက် ပျော်ရွှင်နေတဲ့ ဓာတ်ပုံနဲ့ ပဲ
အပြန်အလှန်ဆက်သွယ်ပြီး အချိန်ဖြုန်းချင်ကြတာကို တွေ့ ရပါတယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ဆိတ်တွေဟာ လူတစ်ယောက်တည်းရဲ့
ရွှင်ပြတဲ့မျက်နှာနဲ့  စိတ်တိုနေတဲ့မျက်နှာတို့ ကိုခွဲခြားနိုင်စွမ်းရှိပြီး
လူသားတွေရဲ့ မျက်နှာမှာပေါ်နေတဲ့  စိတ်ခံစားမှုတွေကို ပိုင်းခြားသိမြင်
နိုင်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ 
ခွေးနှင့် မြင်းတို့ ကဲ့သို့ သော တိရိစ္ဆာန်တွေဟာ လူတွေရဲ့ မျက်ရိပ်
မျက်ကဲကို နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။
အကြောင်းအရင်းက အဆိုပါတိရိစ္ဆာန် တွေဟာ လူတွေနဲ့ 
လက်ပွန်းတတီးနေထိုင်လာခဲ့ကြတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်နေလို့ ပါပဲ။


photo source : https://steem.ly/zt

ယခုလေ့လာမှုကတော့ အိမ်မွေးတိရိစ္ဆာန် မဟုတ်တဲ့  ဆိတ်တွေကဲ့သို့ သော
လွှတ်ကျောင်းရတဲ့  တိရိစ္ဆာန်တွေကို ပထမဆုံးလေ့လာခြင်းဖြစ်ပြီး
၎င်းတို့ အနေဖြင့် လူသားတွေရဲ့  မျက်နှာသွင်ပြင်ကို နားလည်နိင်တယ်ဆိုတာ
တွေ့ ရပါတယ်။ ဒီလိုတွေ့ ရှိမှုဟာ တိရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများအတွက်
ဂယက်ရိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့
မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူထားတဲ့  တိရိစ္ဆာန်တွေဟာလည်း
ယခင်က ထင်ထားတာထက်ပိုပြီး သိမြင်ခံစားနိုင်စွမ်းရှိနေနိုင်လို့ ပါပဲ . . . . . . ။

တကယ်တမ်းပြောရမယ်ဆိုရင် ဝက်တို့ ၊ ဆိတ်တို့ ဆိုတာ လူတွေရဲ့
အစာအာဟာရအဖြစ် မွေးမြူကြတဲ့ မွေးမြူရေးတိရိစ္ဆာန်လေးတွေပဲ
ဖြစ်ပါတယ်။ ခွေးတို့ ၊ ကြောင်တို့ ဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း
၁၀၀၀၀ ကျော်လောက်ကတည်းက လူတွေရဲ့  အိမ်မွေးအချစ်တော်လေးတွေ
အဖြစ် ယဉ်ပါးလာခဲ့ကြတာပါ။ လန်ဒန်ရှိ Queen Mary University ရဲ့
သူတေသီတွေကလည်း ဆိတ်တွေဟာ ခွေးလေးတွေ ၊ ကြောင်လေးတွေလိုပဲ
လူတွေနဲ့ ယဉ်ပါးနေနိုင်ပြီး ယခင်ယူဆထားတာထက် ပိုမို လိမ္မာတယ်
ဆိုတာကို သက်သေပြဖို့  ကြိုးစားနေကြပါတယ်။


photo source : https://steem.ly/zv

သူတို့ ရဲ့ နောက်ဆုံးစမ်းသပ်မှုတစ်ခုအရ ဆိတ်လေးတွေဟာ တစ်စုံတစ်ရာကို
ပြုလုပ်ကြိုးပမ်းဖို့  မတတ်နိုင်တဲ့အခါ သူတို့ ရဲ့သခင်ကို အားကိုးတကြီး
စိုက်ကြည့်တတ်ကြပါတယ်တဲ့ . . . . ။ ဒီအချက်ဟာ ခွေးလေးတွေရဲ့
အမူအကျင့်တွေနဲ့  သွားတူနေပါတယ် ။ ခွေးလေးတွေဆိုတာကလည်း
လူတွေနဲ့  နှစ်ပေါင်းများစွာ လက်ပွန်းတတီး နေထိုင်လာခဲ့ကြတဲ့
တိရိစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ ဝံပုလွေလိုမျိုး လူသားတွေနဲ့ ရင်းနှီးမှုမရှိခဲ့တဲ့
တိရိစ္ဆာန်တွေနဲ့ မတူတဲ့ အမူအကျင့်တွေကို ဆိတ်တွေမှာ တွေ့ ရပါတယ်။

အဆိုပါ သုတေသီအဖွဲ့ ရဲ့ နောက်ထပ်စမ်းသပ်မှု တစ်ခုအဖြစ် ပိတ်ထားတဲ့
သေတ္တာတစ်လုံးကို ကုတ်အား(lever) အသုံးပြုပြီး ချိုးဖျက်စေတဲ့အခါမှာလည်း
ဆိတ်တွေဟာ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို ပုံစံ
စမ်းသပ်မှုက မျောက်ဝံ တွေရဲ့  ညာဏ်ရည် ညာဏ်သွေးကို တိုင်းတာတဲ့
အခါ အသုံးပြုတဲ့  နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ၄င်းစမ်းသပ်မှုနဲ့  ပတ်သက်ပြီး
ထပ်မံတွေ့ ရှိရတာကတော့ ဆိတ်တွေဟာ အထက်ပါ ကျွမ်းကျင်မှု (skill)
ကို နောက်ထပ်လေးနှစ်ထိကြာအောင် မှတ်မိနိုင်ကြတာပဲ ဖြစ်ပါတယ်။

အီတလီ ၊ ဂျာမဏီ အပါအဝင် တစ်ချို့ု နိုင်ငံတော်တော်များများမှာ
ဆိတ်တွေကို ညာဏ်ထိုင်းတဲ့ သတ္တဝါအဖြစ် ပြောဆိုလေ့ရှိကြပါတယ်။
ပြစ်တင်ပြောဆိုကြတဲ့အခါမှာလည်း “ဆိတ်ဦးနှောက်နဲ့ လူ” ဆိုတဲ့
စကားရပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ ဒါပေမဲ့
သုတေသီ အဖွဲ့ ဝင် Dr Alan McElligott ကတော့ “ဒါဟာ ဆိတ်လေးတွေ
အတွက် မတရားအပြောခံရတာပါ ။ ဆိတ်တွေဟာ သိုးတွေနဲ့ မတူပါဘူး။
သိုးတွေကို ကိုယ်ကိုယ်တိုင် ပြုလုပ်တတ်အောင် သင်ပေးလို့ မရပါဘူး။
လူတွေက ဆိတ်နဲ့ သိုးတွေရဲ့  အရည်အချင်းကို အတူတူလို့ ထင်နေကြတယ်။
ဆိတ်ရော သိုးရော မွေးဖူးတဲ့ လူဆိုရင်တော့ ပိုပြီးသိပါလိမ့်မယ်။”

ဆိတ်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ ကျော်လောက်ကတည်းက
ခြံမွေးတိရိစ္ဆာန် အဖြစ် လူတွေနဲ့ ယဉ်ပါးခဲ့ပြီး ဖြစ်ပါတယ် ။ အဆိုပါ
အချက်က သိုးတွေနဲ့ ယှဉ်လိုက်ရင် လူတွေနဲ့  ရင်းနှီးဖို့  ပိုပြီးအချိန်ရခဲ့ပါတယ်။
သိုးတွေကိုတော့ အဲဒီထက်နောက်ကျပြီးမှ လူတွေကမွေးမြူခဲ့ကြတယ်လို့ 
သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ် . . . . ။

Ref Link - 1 : https://steem.ly/zw
- 2 : https://steem.ly/zx
- 3 : https://steem.ly/zy

@thettinaung
MSC-105

Sort:  

ဝက်ကလေးက ၁၈ နှစ်ကြာရင် အကောင် ဘယ်လောက်ကြီးလေမလဲ

တော်တော်ကြီးလောက်ပြီ ဘရို

အဲလိုလူတွေကို အခြားသောနိုင်ငံမှာ အများအပြားရှိလာတာ ကြားနေ မြင်နေရပါတယ်ဗျ

တစ်ချို့ ကျတော့လည်း fancy တစ်ချို့ ကျတော့လည်း တကယ် မြတ်နိုးလို့ ပါ ဘရို

သတ္တဝါတိုင်းကို‌မေတ္တာထားနိုင်‌ရင်‌ အ‌ကောင်းဆုံးပါဘဲ။

အကောင်းဆုံးပါပဲဗျ

တစ်ချို့ကောင်လေးတွေ ဥာဏ်ကောင်းကြတယ်

ဟုတ်ပါတယ်ဗျာ

သတ္တဝါတွေကို မေတ္တာထားပေးကြပါလေ

ထားပါတယ်ဗျ

ဝက်တွေရဲ့သက်တန်းက ဘယ်လောက်အထိရှည်နိုင်မလဲ

ကောင်းကောင်း ပြုစုမွေးမြူ မယ်ဆိုရင် နှစ်၂၀ ကျော်အထိတဲ့ဗျ
https://animals.mom.me/average-long-pigs-live-6144.html

အထူးအဆန်းပါလားဗျ

ဖတ်ပေးလို့ ကျေးဇူးပါဗျ

Goodတယ်ဗျာ
ဖတ်ရတာ discoverထဲက စကားပြောနေသလားမှက်ရတယ်။ စိတ်ဝင်စားစရာ စမ်းသပ်မှုတွေပဲဗျ။တိရိစ္ဆာန်ချစ်သူတွေအတွက်တော့ ဗဟုသုတရမှာသေချာတယ်။

ကျေးဇူးပါ Broရေ ဖတ်ပေးလို့ 

ဝက်ကအဲ့လောက်အကြာကြီးနေရတယ်လို့တော့
မသိဘူး ခွေးသက်တမ်းကတော့(10)နှစ်အများဆုံး
ပဲ ကျွန်တော်တို့အိမ်ကခွေးတစ်ကောင်ဆို(10)နှစ်
အထိနေရဖူးတယ်

အနှစ် ၂၀ ကျော်အထိ နေလို့ ရတယ်တဲ့ ဗျ Bro

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63156.23
ETH 2560.33
USDT 1.00
SBD 2.83