ကြက်ခြေခတ်များနှင့် ချစ်ခြင်း

in #myanmar7 years ago

blind_love_by_dreamsdeleted.jpg
Photo Credit : Google

ပုထုဇဉ် လူသားတစ်ယောက် အနေနဲ့ ဘဝမှာ ဒီလို အမှားမျိုးကို ရှောင်လွှဲဖို့မလွယ်ကူပါဘူး။ သင့်ကို အသဲခွဲခဲ့ဖူးတဲ့ လူတစ် ယောက်ဆီ သင်ပြန်သွားမိတာမျိုးက အကြီးမား ဆုံး ထောင်ချောက်ထဲကို သက်ဆင်းလိုက်ခြင်းပဲ
ဖြစ်ပါတယ်။ ဝမ်းနည်းတုန်လှုပ်မှုတွေနဲ့ ကျန်ရစ်ခဲ့တဲ့သင့်ကို အတိုင်းအတာ တစ်ခုအထိနာကျင်စေ ခဲ့တယ်။

အဲဒီတော့ သူ့ဆီပြန်သွားသင့်ရဲ့လား ?

သင်လိုအပ်နေတဲ့အချိန်မှာမှ သူက သင့်ကို စွန့်ခွာသွားတယ် ။အဲဒီလို ဖြစ်တာကိုလည်း ဖြစ် ချိန်တန်လို့ ဖြစ်လာတာဆိုပြီး သူက သဘော ထားတယ်။ သင့်အပေါ်လေးနက်မှု မရှိဘူး။
ဒါဆို သင့်ကိုနာကျင်စေခဲ့သူဆီ ဘာအကြောင်း ကြောင့်မှ ပြန်သွားစရာ အကြောင်းမရှိတော့ ဘူးပေါ့။

သူက သင့်အပေါ်မှာ ခံစားချက်တွေ မရှိတော့ ဘူးဆိုရင် - သူ့ရဲ့ ခံစားချက်တွေကို တစ်ခုခုနဲ့ အစားထိုးပစ်တာမျိုး လုပ်လို့ရတယ်ဆိုရင် သင့် အနေနဲ့လည်း အလားတူ လုပ်ရပ်မျိုး ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။
သင့်အပေါ် ဆိုးဆိုးရွားရွား နာကျင်စေခဲ့ပေမယ့် လည်းဘာ့ကြောင့်ရယ်မသိ သူနဲ့ပတ်သက်ခဲ့တဲ့
အကြောင်းတွေကိုပဲ တမ်းတမက်မောနေမိတယ်။
ဘာလို့များ အဲဒီလို ဖြစ်နေရသလဲဆိုရင် အရင်က
ရှိခဲ့ဖူးတဲ့ သံယောဇဉ် အပေါ်သာယာနေလို့ပါ။
ဒါပေမယ့်လည်း ထောက်ချောက်ထဲကို မသက်ဆင်းမိပါစေနဲ့ ။ သူ့ရဲ့ ယခင်အကျင့်
စရိုက်တွေ ပြန်ပေါ်လာပြီး သင့်ကို နောက်တစ် ကြိမ် အသဲခွဲအုံးမှာပါ။

သင့်ကို နောက်တစ်ဖန် နာကျင်စေအုံးမှာပါ။

သူ့နေနဲ့ တစ်ကြိမ်ပြုမူပြီးရင် နောက်အကြိမ် လည်း ကျူးလွန်ပါလိမ့်အုံးမယ် ။ သင့်လည်း ဘယ် တော့မှ ပျော်ရွှင်မှုရမှာ မဟုတ်ပါဘူး ။ ပတ်သက် နေစဉ် တစ်လျှောက်လုံး ဘယ်တော့မှ စိတ်အေးရမှာ မဟုတ်ပါဘူး။ မိမိကိုယ်ကိုစိတ် ချမ်းသာပျော်ရွှင်အောင် နေတတ်ဖို့ လိုပါတယ်။
သူစိတ်ပြန်လည်လာပြီး သင့်အပေါ် ကောင်းကောင်း မွန်မွန် ပြုမူဆက်ဆံဖို့ ကိုတော့
မမျှော်လင့်ပါနဲ့။ သင်တစ်ယောက်တည်း နေတတ် အောင်နေပါ ။

ပြောင်းလဲမှာမဟုတ်ပါဘူး ။

သင့်ရဲ့ အဆက်ဟောင်းက သင့်ဆီ ခခယယနဲ့
သူဘယ်လိုပြောင်းလဲနေပါပြီ ဆိုတဲ့ အကြောင်း
နှစ်ယောက်သား ဘဝလက်တွဲဖော်အဖြစ် လျှောက် လှမ်းဖို့ ဘယ်လိုယုံကြည်ချက်ရှိကြောင်း လာပြောကောင်း ပြောနိုင်ပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် လူ့အကျင့် ဆိုတာ
ပြောင်းလဲဖို့မလွယ်တဲ့ အမျိုးပါ။ ယခင်အတိုင်း
သူ့အပေါ် မယုံကြည်လိုက်ပါနဲ့ ။ အဲလိုမှမဟုတ် ရင်တော့ သင်တို့ရဲ့ relationship က နောက်တစ်ကြိမ် ပျက်စီးပါအုံးမယ်။

လာတောင်းပန်တယ်ဆိုတာကတော့ ကျေနပ်စရာ ပါ။သင့် အနေနဲ့လည်း သူနဲ့ ဇာတ်လမ်းတွေ စဖို့
စိတ်ပါသလိုလို ဖြစ်ပါလိမ့်မယ်။ ဒါဟာ အခိုက် အတန့်အားဖြင့်သာ အဆင်ပြေလိမ့်မယ် ဆိုတာ တော့ သတိပြုပါ။ သင့်အနေနဲ့ အေးချမ်းစွာပဲ
နေထိုင်ချင်တော့တယ် ဆိုရင် ခွင့်လွှတ်ပေးလိုက် ပါ။ ဒါပေမယ့် ခွင့်လွှတ်လိုက်တယ် ဆိုတာ
ကိုယ့်ဘဝထဲ သူ့ကို ပြန်လာခိုင်းတာ မဟုတ်ဘူး
ဆိုတာတော့ မိမိကိုယ်ကို ကွဲပြားပါစေ။

သင်က ပိုမိုကောင်းမွန်တာတွေနဲ့ ထိုက်တန်တာပါ။

အချစ်ကို ဘယ်သောအခါမှ ကြုံရတော့မှာ မဟုတ်ဘူး ဆိုပြီး မချင့်မရဲမဖြစ်ပါနဲ့။ ဘဝမှာ သင့်အပေါ် ကြင်နာစွာဆက်ဆံတဲ့လူတွေ - လိုအပ် နေချိန်မှာ သင့်အတွက်ရှိနေတဲ့လူတွေနဲ့ပဲ သင်က ထိုက်တန်တာပါ။ သင့်စိတ်က အဆက်ဟောင်းဆီ ပဲ တစ်ဝဲလည်လည် ဖြစ်နေတယ်ဆိုရင်တော့
သင့်ထိုက်နဲ့ သင့်ကံပါပဲ ။တစ်ခုသိထားရမှာက
သင်ပြန်သွားလိုက်ခြင်းအားဖြင့် သူ့ရဲ့ စရိုက် တွေကို အားပေးအားမြှောက်ပြုလိုက်သလိုပါပဲ။

ဒီလိုစိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားဖို့ဆိုတာ
အချိန်အတိုင်းအတာ တစ်ခုတော့ လိုအပ်ပါတယ် ။ ခက်ခဲတဲ့ အချိန်တွေ လွန်မြောက်သွားပြီဆိုရင်
တော့ သင့်ဘဝထဲမှာ အခြားသူတွေအတွက် နေရာ ရှိလာအုံးမှာပါ။ သင်ဟာ သာလွန်ကောင်းမွန်မှု တွေနဲ့ထိုက်တန်တဲ့သူဆိုတာသိလာပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ အချစ်စစ်ကို ထပ်မံတွေ့ရှိပါ လိမ့်မယ်။
(အချစ်ရေးမှာ ကျရှုံးခဲ့သူများအတွက် Please Read :D)

@thettinaung
MSC - 105

Ref; ( http://steem.link/0n4Is )

Sort:  

Congratulations @thettinaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အချိန်က အကောင်းဆုံးဆေးပါ
အသဲကွဲရင်ပြောတာပါ :p

မှန်ပါတယ် Bro

အချိန်က အကောင်းဆုံးဆေးပါ
အသဲကွဲရင်ပြောတာပါ :p

အချိန်က အကောင်းဆုံးဆေးပါ
အသဲကွဲရင်ပြောတာပါ :p

ဝဋ်ကြွေးရှိတဲ့လူတေက အနွံနာ ခံပြီး ချစ်ကြတယ် ဆိုဘဲ

ဟုတ်မယ် Bro
ဝဋ်ကြွေး ပဲဆိုပါတော့ဗျာ ။

အချိန်ကကုစားသွားမှာပါ

ဟုတ် Bro

ဒဏ်ရာတွေများရင်ကုစားဖို့ အချိန်ကတကယ်လိုအပ်ပါတယ်။

အဲဒီအချိန်ကို ချုံ့လို့ရတဲ့နည်း လေးများမရှိဘူးလားဗျ :D

ကောင်းတယ် bro

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67275.57
ETH 3480.50
USDT 1.00
SBD 2.67