Bull တော့မလား

in #myanmar6 years ago

လွန်ခဲ့တဲ့ လေးရက်လောက်ကစလို့  Crypto Market မှာ
အစိမ်းရောင်တွေ လွှမ်းမိုးလာပါပြီ . . . ဘာ့ကြောင့်
ဘယ်လိုဖြစ်တယ်ဆိုတာတော့ သေချာမသိ . . . သို့ 
ပေမယ့် Crypto လောကသားပီပီ ညဏ်မီသလောက်
စူးစမ်းလေ့လာကြည့်မိတဲ့အခါ Blockchain နည်းပညာ
ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Blockstream ဆိုတဲ့ ကုမ္ပဏီက
သူတို့ ရဲ့ ဂြိုလ်တု ဝန်ဆောင်မှုကို အာရှ - ပစိဖိတ် ဒေသ
အတွက်ပါ ဖြန့် ကျက်လိုက်တယ်လို့  ပြီးခဲ့တဲ့ တနင်္လာနေ့ 
က ကြေငြာခဲ့ပါတယ်။ အဲဒီဂြိုလ်တုဝန်ဆောင်မှုမှာ
Lightning Network Transaction ကို ထောက်ပံ့ပေး
ထားတယ်လို့ သိရပါတယ်။ Lightning Network
Transaction ဆိုတာကတော့ အကြမ်းဖျဉ်းအနေနဲ့ 
BTC တွေ Transaction လုပ်ကြတဲ့အခါ Block
Confirmation စောင့်ရပါတယ်။ ဒါပေမယ့် LNT
ကတော့ Confirm ဖြစ်အောင်စောင့်စရာမလိုပဲ
Off – Blockchain အနေနဲ့  ပမာဏ အကန့် အသတ်
မရှိ စက္ကန့် ပိုင်းအတွင်း လွှဲပြောင်းနိုင်တဲ့
နည်းပညာ ဖြစ်ပါတယ် ။ ကုမ္ပဏီအနေနဲ့  အဆိုပါ
ဂြိုလ်တုကို ၂၀၁၇ သြဂုတ် လက စတင်လွင့်တင်
ခဲ့တာဖြစ်ပြီး BTC users တွေ Coin လွှဲပြောင်း
ခြင်းအတွက် အသုံးပြုစေခဲ့ပါတယ်။ ကနဦး
တုန်းကတော့ အာဖရိက ၊ ဥရောပ နဲ့ 
အမေရိက ကလူတွေသာ အသုံးပြုနိုင်ခဲ့ပါတယ်။

img source:http://steem.link/2FScs

(လေ့လာရသလောက် IP Star လိုမျိုး
ဂြိုလ်တု စလောင်းအင်တာနက် အသုံးပြုရမည်လို့ 
ယူဆရပါတယ်။) အဲဒီ ဝန်ဆောင်မှုကို
အသုံးပြုခြင်းကြောင့် မိမိတို့ ရဲ့ Coin
Transaction ကို သက်ဆိုင်ရာ Internet
Service Provider တွေ တွေ့ မြင်တော့
မှာ မဟုတ်ပါဘူး။ တစ်ချို့ အစိုးရတွေရဲ့ 
Crypto Policy ကိုကျော်လွှားနိုင်လိမ့်မယ်
လို့  ယူဆရပါတယ်။

အထက်ပါ သုံးသပ်ချက်ကတော့ လတ်တလော
ဖြစ်ပေါ်နေတဲ့  BTC ဈေး $3100 ကျော်လောက်
ကနေ $4100 ကျော်အထိ ရက်ပိုင်းအတွင်း
တက်လာတဲ့ အပေါ်မူတည်ပြီး စဉ်းစားကြည့်တာ
ဖြစ်ပါတယ်။ ၄င်းဂြိုလ်တုရဲ့  ဝန်ဆောင်မှု
ထပ်မံဖြန့် ကျက်လိုက်ခြင်းဟာလည်း
BTC ဈေးတက်လာရခြင်းမှာ တစ်စိတ်
တစ်ဒေသ အဖြစ်ပါဝင်လိမ့်မယ်လို့ 
ထင်ပါတယ်။

BTC ဈေးတက်လာသလို
ကျနော်တို့ ရဲ့  Steem လည်း အနည်းငယ်
တက်လာပါတယ်။ Steem တန်ဖိုး အနိမ့်ဆုံး
0.21 $ လောက်ကနေ 0.28$ လောက်အထိ
တက်လာတာကို တွေ့ ရပါတယ်။ သို့ ပေမယ့်
Steem ဟာ BTC နဲ့  Trade တဲ့နေရာမှာ
တန်ဖိုး အတော်လေး လျော့ကျနေပါတယ်။

Steem – BTC exchange လုပ်တဲ့နေရာမှာ
အမြင့်ဆုံး 7200 satoshi လောက်ကနေ
6700 satoshi လောက်အထိ ကျနေတာကို
တွေ့ ရပါတယ်။ BTC ရဲ့ နှိပ်ကွပ်မှုကို
အလူးအလဲ ခံနေတဲ့  Steem ဟာ မကြာမီ
အချိန်မှာတော့ ပြန်လည်ရုန်းထလာဖွယ်
ရှိမယ်လို့  ထင်မြင်မိပါကြောင်း ရေးသား
တင်ပြလိုက်ရပါတယ်။
( ဒီစာရေးသူ ကျနော်အနေနဲ့  Crypto
Trader တစ်ယောက်မဟုတ်သလို
ကျွမ်းကျင်သူလည်း မဟုတ်ပါကြောင်း နှင့်
သာမန် Post တစ်ခုအဖြစ်သာ ရေးသား
တင်ဆက်ခြင်းဖြစ်ပါကြောင်း . . .)

Ref:( http://steem.link/FY44y)

@thettinaung
MSC - 105

Posted using Partiko Android

Sort:  

ဘယ်လို bull မှာလဲ😁

Posted using Partiko Android

Bull မှပဲ အသက်ရှင်နိုင်တော့မှာပါ။ ( Crypto တွေကို ပြောပါတယ် :D)

ကျွမ်းကျင်​ မကျွမ်းကျင်​ ​ရေးသာ​ရေး
ချမ်းသာနည်း​ရေးတဲ့စာ​ရေးဆရာ​တွေတ​ယောက်​မချမ်းသာပါဘူး

ချမ်းသာနည်းအကြောင်းရေးနေရရင်ကို စိတ်ချမ်းသာနေတာ 😁

Posted using Partiko Android

ကျေးဇူးပါဗျာ info ပေးတာကို

Posted using Partiko Android

ဖတ်ပေးတာ ကျေးဇူးပါဗျာ

Posted using Partiko Android

ကျေးဇူးပါbro။ အစ်ကို့ Postတွေက အသိတွေတိုးစေပါတယ်။

ဖတ်ပေးလို့ ကျေးဇူးပါဗျ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 64367.46
ETH 2522.70
USDT 1.00
SBD 2.65