အွန်လိုင်းခရီး (၉)

in #myanmar6 years ago (edited)

ယခင်အပတ်မှာ တင်ပြခဲ့သည့် အတိုင်း
Cryptocurrency mining လုပ်ဖို့ ကျနော့်
အနေနဲ့ လိုအပ်ချက်ပေါင်း များစွာရှိသေးတယ်
ဆိုတာ သိလာရပါတယ်။ အဓိက ငွေကြေး အရင်းအနှီးဆိုပါတော့ . . 6 GPU mining
လုပ်ဖို့ mining rig တစ်ခုဆင်မယ်ဆိုရင်
အနည်းဆုံး သိန်း (၃၀) ကျော်လောက်ကုန်ကျ
မှာပဲဖြစ်ပါတယ်။ CPU mining လုပ်ဖို့ကျ
တော့လည်း aliexpress လို shopping site
မျိုးမှာတွေ့ရတာက antminer လိုစက်မျိုးကို
$2500 ဝန်းကျင်လောက်ရှိပါတယ်။

antminer-s9-bitcoin-miner.png
Antminer ; photo source google

CPU နဲ့ GPU mining မှာဆိုရင် GPU mining ကို
လုပ်သင့်တယ်လို့ပြောကြပါတယ် . . GPU rig
အနေနဲ့က အပိုပစ္စည်း လွယ်ကူစွာရရှိနိုင်ပြီး
ပြင်ဆင်ရမယ်ဆိုရင်တောင် သိပ်မခက်ခဲဘူး
လို့လည်း သိရပါတယ်။ ပြောရမယ်ဆိုရင်
အဲဒီလောက်ပမာဏကို ရင်းနှီးလိုက်ဖို့ဆိုတာ
ကျနော့်အနေနဲ့ခက်ခဲလှပါတယ်. . . Cryptocurrency လောကမှာ ပြောစမှတ်ရှိ
တာက ရင်းနှီးမြုပ်နှံမှုတစ်ခုကို လုပ်တော့
မယ်ဆိုရင် မိမိအနေနဲ့ အဆုံးရှုံးခံနိုင်လောက်
တဲ့ပမာဏကိုသာရင်းနှီးပါလို့ ပြောကြပါတယ်။
ကျနော့်လို ဝန်ထမ်းတစ်ယောက်အနေနဲ့က
အဲဒီလောက် ပမာဏကိုတော့ အဆုံးမခံနိုင်
သေးဘူးဆိုပါတော့ဗျာ။ စိတ်ကူးထဲတော့ရှိ
ထားပါတယ် . . . ထီ ဆုကြီးကြီးများ ပေါက်
ခဲ့ရင်တော့ဆိုပြီး . . . :D :D ။ ဟုတ်တော့
လည်း ဟုတ်ပါတယ် Cryptocorrency တွေ
ဟာ decentralized ဖြစ်လို့လားတော့
မသိဘူး တည်ငြိမ်မှု အားနည်းပါတယ် . . .
2017 နှစ်လယ်ပိုင်းလောက်က စပြီး
ခုချိန်ထိ အတက်အကျ ကြမ်းကြမ်းတွေ
ပေါ်ပေါက်ခဲ့ပါတယ် ။ တည်ငြိမ်လှပါတယ်
ဆိုတဲ့ Monero တောင် BTC ပေါ်မူတည်ပြီး
တက်လိုက်ကျလိုက် ဖြစ်ခဲ့ပါတယ် ။
ဒါကလည်း ကျနော် သိရသလောက်ပါ။

monero-on-the-dash-times-com.jpg
photo source ; google

အဲဒီလိုနဲ့ CPU mining လုပ်ခြင်းကို
အတန်ငယ် တီးမိခေါက်မိပြီးချိန်မှာ
အောင်မြင်စွာ ဆုတ်ခွာလာခဲ့ရပြန်ပါတယ်။
ဒါပေမယ့်လည်း Online Earning ဆိုတာ
ကြီးကို စိတ်မပြတ်ပဲ ဟိုဟာလေး လုပ်ရင်
ကောင်းမလို ဒီဟာလေးလုပ်ရင် ကောင်းမလို
နဲ့ တစ်ဝဲလည်လည် . . . Currency ဈေးနှုန်း
လေးတွေလည်း မျက်ခြေမပြတ်အောင်
စောင့်ကြည့်ရင်း နေနေခဲ့ပါတယ်။BTC
ဈေးနှုန်ကို စပြီးသတိပြုမိခဲ့ပါတယ် . . .
BTC ဈေးကလည်း $ 2000 လောက်ရှိရာ
ကနေ နောက်တစ်ပတ်လောက်မှာ $ 3000
ကျော်ဖြစ်သွားခဲ့ပါတယ် . . . စိတ်ထဲမှာ
တော့ ပြန်ကျမယ့်ဟာကြီးပါလို့ တွေးနေခဲ့
တာပါ . . .တွေးရင်းတွေးရင်းနဲ့ ဘယ်အချိန်
ပြန်ကျမလဲ စောင့်ရင်း BTC ဈေး $ 8000
ကျော်သွားပါတော့တယ် ။ $ 2000 ဈေး
လောက်ကများ ဝယ်ထားလိုက်ရင် အခုချိန်
ဆိုရင်တော့ ဆိုတဲ့အတွေးက ကြိတ်မနိုင်
ခဲမရ ဖြစ်စေပါတယ်။ အဲဒီလိုနဲ့ BTC price
trend လေးတွေကို တတ်သလောက်မှတ်သ
လောက်ကြည့်ရင်း ဈေးထပ်တက်လိမ့်အုံး
မယ်ဆိုတဲ့ အာရုံမျိုးရမိပါတယ်။ အဲဒါကြောင့်
ကိုယ့်အတွေးနဲ့ကိုယ် ဆုံးဖြတ်ချက်ကြီး
တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလိုက်ပါတော့တယ်။
The-Case-for-Using-mBTC-Over-BTC-Denominations.png
photo source ; google

BTC မှာရင်းနှီးမြုပ်နှံတော့မယ်ဆိုပြီး . . .
ရင်းနှီးမြုပ်နှံတယ်ဆိုလို့ သိပ်တော့အထင်
ကြီးမသွားကြပါနဲ့ . . . မြန်မာငွေ ၅ သိန်း
လောက်ပါဗျာ :D . . . ။ CB mobile banking
ကနေ နန်းမိုခမ်းဆိုတဲ့ exchanger ဆီငွေလွှဲ
လိုက်တာ ကျနော့် BTC wallet ထဲ 350 $ ဖိုး
လောက် BTC လေးတွေရလာပါတယ်။
အဲဒါလေးရလာပြီးကတည်းက တစ်ရက်
တစ်ရက် Wallet ထဲဝင်ကြည့်ရတာအမော. .
ဈေးများတက်ရဲ့လား . . ကျများကျသွား
ပလားဆိုတာ ဝင်ဝင်ကြည့်ရပါတယ်။ နှလုံး
ရောဂါရှိတဲ့လူဆိုရင်တော့ Cryptocurrency
မလုပ်သင့်ဘူးလို့ ထင်ပါတယ် :D ကျနော့်
စိတ်ကလည်း အစိုးရိမ်လွန်တတ်တာလည်း
ပါမှာပါ။ ကံကောင်းသေးတယ်လို့ဆိုရမယ် . . .
ကျနော် BTC ဝယ်ပြီးနောက်ပိုင်း Price
trend က အတက်ဘက်ကိုပဲ တက်လိုက်
ကျလိုက်နဲ့ လှိုင်းပုံစံ ဆက်တက်နေခဲ့ပါတယ်။
Wallet ထဲက BTC လေးကလည်း တစ်ဖြည်း
ဖြည်း တန်ဖိုးလေးတွေတက်လာပါတယ် ။
$50 လောက်မြတ်ပြီဆိုရင် ထုတ်ရောင်းလိုက်
ပါတယ် . . . ကျနော်လုပ်ခဲ့တာက PM $ နဲ့
BTC ကိုဟိုဘက်ဒီဘက် Exchange လုပ်တာ
ပါ။ အဲဒါကိုတော့ ပြည်တွင်း exchanger
နဲ့မလုပ်တော့ပဲနဲ့ . . . ကျနော့်ရဲ့ PM Wallet
ရယ် BTC Wallet ရယ်ကြားထဲမှာ bestchange.com ကို ကြားခံပြီး လုပ်ခဲ့ပါ
တယ်။ bestchange.com အကြောင်းကို
မိတ်ဆွေတို့လည်း သိကြပြီးဖြစ်မှာပါဗျ . . .

logo.jpg
photo source ; bestchange.com

Cryptocurrency တော်တော်များများနဲ့ Fiat
Currency တော်တော်များများကို exchange
လုပ်နိုင်ပါတယ် ။ Trusted ဖြစ်တဲ့ exchanger
websites တွေကို တစ်စုတစ်စည်းတည်း
စုဝေးထားတဲ့နေရာပါ။ မိမိစိတ်ကြိုက် exchanger ကိုရွေးပြီး exchange လုပ်လို့
ရပါတယ် ။ Trusted ဖြစ်တယ်လို့ Website
ထဲမှာ ထောက်ခံပေးထားပေမယ့် တစ်ချို့
exchanger တွေက တော်တော်လက်ပေါက်
ကပ်ပါတယ် ။ အဲဒီထဲမှာ သဘောအကျမိဆုံး
exchanger က Bit-Changer ဆိုတဲ့ဟာပါ။
မကြိုက်ဆုံးကတော့ Leoexchange ဆိုတဲ့
exchanger ပါ . . . တော်တော်လက်ပေါက်
ကပ်ပါတယ် ။ Bit-Changer ကတော့ မြန်တယ်
မှန်တယ် . . . ကျနော်သုံးဖူးသလောက်
စိတ်ချရပါတယ်။ နောက်တစ်ခုက PM Wallet
ကို verified ဖြစ်ထားမယ်ဆိုရင် exchange
fee အတော်လေးလျော့ပါတယ်။ PM သုံးမယ်
ဆိုရင် exchange fee ကအရမ်းစကားပြော
ပါတယ် ။ verified account အတွက် 0.5% နဲ့
unverified အတွက် 1.99% ပဲဖြစ်ပါတယ် ။
ဥပမာ - unverified account အတွက် 400$ လောက်လွှဲမယ်ဆိုရင် PM fee နဲ့တင် 8 $
လောက်ရှိပါတယ် ။ပြီးတော့ exchange rate
တို့ BTC network fee တို့ဖြတ်လိုက်ရင်
ကိုယ့်ရဲ့ BTC Wallet ထဲရောက်တဲ့အချိန်
15$ လောက်အနည်းဆုံးလျော့နေပါပြီ ။

ခုနကရေးခဲ့သလိုပဲ $ 50 လောက်မြတ်လိုက်
PM Change လိုက်နဲ့လုပ်နေရာက တစ်လ
အတွင်း မြန်မာငွေ ၂ သိန်းလောက်မြတ်ပြီး
ထုတ်သုံးလိုက်ရော ဆိုပါတော့ဗျာ ။ ဟိုဘက်
ဒီဘက် Change ရင်း BTC ပမာဏသာ
တဖြည်းဖြည်း လျော့လာတယ် တန်ဖိုးကတော့
အလျော့မခံခဲ့ပါဘူး ။ အနည်းဆုံး 380 $ တန်
ဖိုးလောက်မှာပဲထိန်းပြီး လုပ်နေခဲ့ပါတယ် ။
တစ်ခါကဆို 400$ ဖိုးလောက်ဝယ်ထားတဲ့
BTC ဟာ $600 ဝန်းကျင်လောက်ထိ
တက်သွားခဲ့ပါသေးတယ်။ လောဘလေးက
ပါလာတော့ ဆက်များတက်မလားစောင့်ရင်း
တစ်ခဏအတွင်း 450 $ လောက်ကျသွား
ပါတယ် ။ အမြတ်ကလေး ရသလောက်နဲ့
ပြန်ထုတ်လိုက်ရပါတယ် ။ BTC ရဲ့အကျင့်ပဲ
ဆိုပါတော့ဗျာ . . . နောက်ပိုင်းကျတော့
ကံတရားက နဲနဲအမြင်ကပ်လာတယ် ထင်ပါ
တယ် . . . BTC ရဲ့ ကျီစားမှုကို စခံရပါတော့
တယ်။ ခုနကလို ဆက်ပြီးတက်မလားလို့
စောင့်ရင်း ပြန်ကျသွားပါတယ် . . . ကိုယ်ကလဲ
အလျင်အမြန် PM ပြေး Change . . .
ကိုယ်လဲ Change ပြီးမကြာဘူး ပြန်တက် . . .
ပြန်ဝယ်ရအောင်လည်း စိတ်ကမရဲ . . . ဈေး
ပြန်အကျစောင့်နဲ့ လည်ထွက်နေတော့တာပဲ။
စိတ်ကလည်း ပင်ပန်းသေးတယ်ဗျ . . .
Exchanger နဲ့ PM ကိုလုပ်ကျွေးနေရသလို
ဖြစ်နေတော့တာ ။

i-iH95bm.jpg

အဲဒီအချိန်မှာ Steemit ကို အကောင့်ဖွင့်ပြီး
စသုံးနေပါပြီ . . . သုံးတယ်ဆိုပေမယ့်
အစဆိုတော့ ယောင်လည်လည် ဖြစ်နေတုန်း
ပါ ။ Steemit ပေါ်ရောက်လာဖြစ်ခဲ့တာက
လည်း FB ပေါ်မှာ Yan Naung ဆိုတဲ့
မိတ်ဆွေ တစ်ယောက်က တစ်ရက်မှာ Steemit
အကြောင်းလေးတင်ထားတာကို ဖတ်လိုက်ရပါ
တယ် ။ သူ့အနေနဲ့ စာမရေးနိုင်သေးလို့
curation reward တွေကိုပဲ လိုက်ယူ
နေရတဲ့အကြောင်းပါ ။ အဲဒါနဲ့ပဲ Steemit
ကို စိတ် ဝင်စားပြီး သွားမေးရာကနေ Steemit
အကောင့် စဖွင့်ဖြစ်သွားတယ်ဆိုပါတော့ဗျာ ။
စစချင်းတော့ SP တို့ VP တို့ Steem . SBD
ဆိုတာတွေ မသိသေးတော့ FB လိုပဲ တွေ့သမျှ
အကုန်လိုက် Vote ပေါ့ဗျာ ။အဲဒီနောက်တော့ MSC ထဲရောက်သွားပြီး Steemit Platform အကြောင်းကို တစ်ဖြည်းဖြည်းနဲ့ သိလာခဲ့ ရပါတယ် ။ Steem နဲ့ SBD တို့ကို BTC နဲ့
exchange လုပ်လို့ရတယ်ဆိုတာကိုလည်း
သိလာရပါတယ် ။ အဲဒီအချိန် ကျနော့်ရဲ့
လုပ်လက်စ BTC နဲ့ PM $ exchange လုပ်
တာကလဲ အလုပ်မဖြစ်တော့ပါဘူး ။
ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့အခေါက်
BTC Network အရမ်းကျပ်နေတယ်ဆိုပြီး
Network fee တွေ တော်တော်တက်သွား
ခဲ့ပါတယ်။ BTC နဲ့ PM ကတော့ ဘယ်လိုမှ
ကို အလုပ်မဖြစ်တော့တာပါ။ ဒီလောက်
တောင်ရှိတာ ဖြစ်ချင်ရာဖြစ်ဆိုပြီး . . . Wallet
ထဲက $ 350 ဖိုးလောက်ရှိတဲ့ BTC လေးကို
Blocktrades ကနေ steem ပြောင်းလိုက်
ပါတော့တယ် ။ BTC Network fee 50 $
လောက်အဖြတ်ခံလိုက်ရပါတယ်။ မှတ်မှတ်ရရ
Steem 160 လောက်ရပါတယ် ။ အဲဒီတုန်းက
Steem ဈေးက 2 $ လျော့လျော့ပဲရှိတာပါ။
BTC ဘက်ကိုတော့ ခုချိန်ထိ ခြေဦးမလှည့်
ဖြစ်တော့ပါဘူး ။အဲ့နောက်ပိုင်းမှာ ကံလေးထ
လာတယ်ဆိုရမလားပဲ . . . တစ်ရက်မှာ Steem
price chart လေးကို ကြည့်မိတော့ 5.8$/steem လောက်ဖြစ်နေတာကိုတွေ့
လိုက်ရပါတယ် ။ ကျနော့်မှာ ရှိတဲ့ Steem နဲ့  ပြန်မြှောက်ကြည့်လိုက်တော့ ရင်တစ်ချက်ခုန်
သွားပါတော့တယ်။ BTC ထုံးနှလုံးမူပြီး
ကျနော်လည်း အလျင်အမြန်ထုတ်ဖို့ ပြင်ရ
ပါတော့တယ်။ ဒီတစ်ခါတော့ LTC နဲ့ပဲ
Blocktrades ကနေထုတ်လိုက်ပါတယ်။

download.jpg
photo source ; google

ကျနော် ထုတ်ပြီးမှကို steem ဈေးက 7$ ကျော်
လောက်ထိ တက်သွားသေးတာဗျ။ ဒီကြားထဲ
LTC Wallet ကမသုံးတာကြာလို့ Wallet
အဝင်ကိုလက်ခံပြီး ပြည်တွင်း exchanger
အထွက်မှာ ၃ ရက်လောက် Pending
လုပ်ခံလိုက်ရပါသေးတယ် ။ ၃ ရက်လုံး
နေမထိထိုင်မသာ ဖြစ်နေခဲ့ရပါတယ်ဗျာ ။
တကယ်တမ်းကျတော့ Online Investment
ဆိုတာ ခန့်မှန်းရမလွယ်သလို Risk လည်း
အရမ်းများပါတယ်ဆိုတာကို တင်ပြရင်း
ကျနော့်ရဲ့ အွန်လိုင်းခရီးဆောင်းပါးများကို
ဤတွင်ရပ်နားလိုက်ရပါတယ်။ သည်းခံ၍
ဖတ်ရှု Vote ပေးခဲ့ကြသော မိတ်ဆွေ
ညီအစ်ကိုများအားလုံးကိုလည်း အထူးပင်
ကျေးဇူးတင်ရှိပါကြောင်းနှင့် အစစအရာရာ
အောင်မြင်ပြီး နှလုံးစိတ်ဝမ်းအေးချမ်းသာယာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ် . . . . ။

@thettinaung
MSC - 105

Sort:  

This big miner is too expensive

Coins mentioned in post:

CoinPrice (USD)📈 24h📈 7d
BTCBitcoin8713.750$-1.23%17.43%
LTCLitecoin159.443$-1.09%17.09%
SBDSteem Dollars4.994$6.97%69.59%
STEEMSteem4.133$0.06%20.09%
XMRMonero237.418$-4.49%20.44%

အ​ရေးအသားက​တော့goodတယ်​ဗျာအသိကြွယ်​​စေပါတယ်

ကျေးဇူးတင်ပါတယ် Bro

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly � Featured Posts are voted every 2.4hrs
Join the Curation Team Here | Vote Resteemable for Witness

bitcoin တူးတဲ့စက်အကြောင်းလေးလည်းသိချင်တာဘဒိုရေ
အဲ့လိုင်းကောလုပ်မလားလို့

BTC ဈေးကတော့ ဒီတစ်နှစ်လုံးတက်မယ်ထင်တယ်
broရေ

အဲ့လိုယုံကြည်ထားတာပဲဘဒိုရေ
ဝယ်ထားတာလေးဈေးတက်ရင်ပျော်ပြီ

Congratulations! This post has been upvoted from the communal account, @minnowsupport, by ..reg thettinaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဗဟုသုတရပါတယ်​အစ်​ကို

ကျေးဇူးပါဗျ

ခုမှလေ့လာနေတုန်းအစ်ကိုရေ
လိုက်တော့ကြိုးစားပြီးလေ့လာနေပါတယ်

ခွင်ကောင်းမယ့် coin လေးတွေ လက်တို့ဦးနော်

swiftdemand တော့ထင်ထားတယ် Bro ။ ဘယ်လို
လာမလဲတော့မသိဘူး

ရင်တစ်မမ ပါပဲ . . cryptocurrency တွေနဲ့ပတ်သတ်ပြီးလုပ်ရတာ . . . .တကယ်ပါ . . ဟိုး အရင် bitcoin ဈေးတွေ 300 $ လောက်ရှိတုန်းက 0.5 BTC ကို ပေါက်ဈေးနဲ့ရောင်းလိုက်ရတာလည်း ခုထိနှမျောလို့မဆုံးပါဘူး

ကျနော်လည်း အတူတူပါပဲ Bro ။
ရောင်းပြီးမကြာဘူး တက်လိုက်သမှဗျာ။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59149.53
ETH 2749.59
USDT 1.00
SBD 2.29